24လမ်း 82လမ်းမကြီးရဲ့လမ်းဦးတိုက်အလည်ခေါင်တည့်တည့်မှာရှိနေတဲ့ဘုရားကတော့ မင်းရှင်စောတည်ထားခဲ့တဲ့ ရွှေကျီးမြင် ဘုရား (ပြည်ကြိးကျက်သရေအရှေ့ နဲ့ပြည်ကြီးကျက်သရေအနောက်)ရပ်ကွက်ကြီးနှစ်ခုလုံးနဲ့ဆိုင်တဲ့ဘုရားဖြစ်ပါတယ်။ အားလုံးအခေါ်ကတော့ ရွှေကျီးမြင့် လို့ ဘဲ အသံထွက်တာတွေ့ရပါတယ်။ ဒုတိယကမ္ဘာစစ်တုံးက လေယာဉ်ပျံပေါ်ကနေကြဲံချလိုက်တဲ့ဗုံးတစ်လုံးကဒီရွှေကျီးမြင်စေတီတော်ရဲ့အောက်မှာရှိတဲ့အာရုံခံတန်ဆောင်းပေါ်ကို ကျလာပေမယ့် မပေါက်ကွဲခဲ့ပါဘူးတဲ့။ အားလုံးက ဒီအဖြစ်အပျက်ကို ဘုရားတန်ခိုးတော်လို့ယုံကြည်ကြပါတယ်။ အပေါ်ကပုံကတော့ ဗုံးကျခဲ့တယ်ဆိုတဲ့အာရုံခံတန်ဆောင်းပေါ့။ အတွင်းထဲ့ ဆင်းတုတော်များရှိရာဌာန။ ဒီအထဲမှာတော့ ရွှေကျီးမြင်ဘုရားရဲ့အထင်ကရ စိန်ဘုရား မြဘုရားရှိပါတယ်။ မြန်မာနှစ်ဆန်းတစ်ရက်နေရယ်၊ဝါဆိုလပြည့်၊သီတင်းကျွတ်လပြည့်နှင့်ဘုရားပွဲတော်အချိန်များမှာသာ အပြင်ကို ထုတ်ပေးပြီးအပူဇော်ခံတော်မူပါတယ်။ ဟောဒီနေရာလေးကတော့ဘုရားထဲမှာရှိတဲ့အောင်မြေ။ ငယ်ငယ်တုံးမှာတော့ စာမေးပွဲဖြေခါနီးတို်င်းအဖွားက သွားလို့အဲဒီမြေကိုအနင်းခို်င်းပါတယ်။ ရှေးတုန်းကတော့မြေကျင်းလေးပေါ့။ အခုတော့သပ်သပ်ရပ်ရပ်။ ငယ်ငယ်တုံးန်ကအိပ်ယာဝင်ပုံပြင်ထဲကတစ်ခုဖြစ်တဲ့ ကောင်းမူ့တော်နဲ့ခပ်ဆင်ဆင်စေတီလေးပါ။ ညအခါလူခြေတိတ်ချိန်မှာ အသက်အောင့်ပြီး ဒီစေတီကို (7)ပါတ်ပါတ်ရင် လူနီထွက်လာပါသတဲ့။ လူနီနဲံဖို်က်တင်ချ နိုင်လို့သူ့ဦးထုပ်ကိုရရင်လိုရာဆုတောင်းနို်င်ပါသတဲ့။ ကျနော်တို့အရပ်ထဲမှာ အဲဒီလူနီနဲ့ဖိုက်ခဲ့ဘူးသူရှိပါသတဲ့။ လူနီဦးထုပ်တော့မရဘူး တစ်ယောက်ထဲပက်လက်လှန်လဲရင်းဝူးဝူးဝါးဝါးအော် ဆေးအတော်ကုယူရပါသတဲ့။ ဒီညောင်ပင်ကတော့ကျနော်ထက်အသက်ကြီးတာလုံးဝသေချာပါတယ်။ ဒါကတော့ ဘုရားအတွင်းကရွှေချထားတဲ့တိုင်လုံးတွေ၊ ငြမ်းဆင်လို့ပြင်လဲပြင်နေပါတယ်။ ဒါကတော့ရှေးကတည်းက […]


မန္တလေး ကျောက်ဆည်လမ်းမကြီးအတိုင်းသွားတဲ့အခါ မန်းလေးဘက်ကနေသွားမယ်ဆိုရင် ကျောက်ဆည်မြို့မှကြိုဆိုပါ၏ဆိုတဲ့ဆိုင်းဘုတ်လေးနဲ့မလှမ်းမကမ်းမှာ အနေ ာက်ဘက်ကိုကွေ့ဝင်တဲ့လမ်းကလေးကိုတွေ့ရပါမယ်။ အဲဒီအဝင်ဝမှာ ဆိုင်းဘုတ်လေးတစ်ခုထောင်ထားပါတယ်။ “တမုတ်ရှင်ပင် ရွှေဂူကြီးသို့ ခြောက်မိုင်”ဆိုတာလေးပါ။ အဲဒီကျောက်လမ်းလေးအတိုင်းလိုက်သွားမယ်ဆိုရင် ပေါ်တော်မူ ရေဂူကြီးဘုရားကိုရောက်သွားမှာအသေအချာပါဘဲ။ ဒီပုံလေးကတော့အရှေ့ဘက်ဝင်ဝင်ခြင်းမှာတွေ့ရတဲ့ဆင်းတုတော်ပါ။ ဒီပုံတွေကတော့အတွင်းထဲမှာရှိနေတဲ့စေတီလေးတွေ။ ဝင်ပေါက်ကို မျက်နှာပြုထားတဲ့ဆင်းတုတော်ရဲ့အရှေ့ ဘေးတစ်ဖက်တစ်ချက်ကနံရံတွေမှာအရွယ်တူဆင်းတုလေးတွေကို မျက်နှာခြင်းဆိုင်လို့ ထားပေးပါတယ်။ အုတ်ခွက်ထဲမှာ ပူဇော်ထားတဲ့ဘုရားနဲ့ ကနုန်ပန်းတွေနဲ့အလှဆင်ထားတဲ့တံခါး။ ဂူထဲကလျောင်းတော်မူ။ စေတီတော်အပြင်ဘက်က ဘုရားသုံးဆူ။ 2009ခုနှစ်မတိုင်မီကတော့ အပေါ်မှာစေတီတစ်ဆူရှိတဲ့ တောင်ကမူ။ နောက်တော့ ပြိုကျပျက်စီးတော့ ပေါ်တော်မူစေတီ။ ဆက်လက်တူးဖော်တော့ရှေးဟောင်းစေတီဆိုတာတွေ့ရ။ တစ်တစ်နဲ့လူသိများ။ ထူးဆန်းသောပုတော်တွေလဲတွေ့။ ဒါကတော့နံရံမှချိတ်ထားတဲ့ ဒီစေတီရဲ့ပြောင်းလဲလာပုံမှတ်တမ်း။ ဒါကတော့ တူးဖော်တွေ့လို့ရတာတွေကိုပြတိုက်ထဲမှာတွေ့ခဲ့ရတာ။ ဒါကတော့ အပြင်မှာတွေ့ရတဲ့ တူးဖော်လို့ရထားတဲ့အိုးတွေပါ ဒါကတော့ဘုရားရဲ့ပြင်လက်စနေရာတွေ ဒါကတော့ရေတွင်းလေးပါ။ အထက်ကပုံတွေကတော့ အုဌ်အင်္ဂတေထောင်းတဲ့ဆုံပါတဲ့ ဒါကတော့တူးထားတဲ့ကျောက်စာ ဒါကတော့လမ်းပြမြေပုံလေးပါ။ ဒါဆိုရင်လုံလောက်ပြီထင်ပါရဲ့။


ကျောက်ဆယ်မြို့ အနောက်မြောက်ဘက် 6မိုင်အကွာမှာရှိတဲ့ တမုတ်အင်ပင်ရွှေဂူကြီးဘုရားမှာရှိတဲ့ ရှေးလက်ရာတွေပါ။ နံရံတွေပေါ်မှာ ရှိနေသောရှေးလက်ရာမွန်တွေပေါ့ ပုံစာအရ ပင်းယ ခေတ်က လက်ရာ အားရ ပါးရ ………………………


ကျောက်ဆည်မြိုကို မန်းလေးဘက်ကနေသွားရင် မြို့ထဲမဝင်ခင် လမ်းအနောက်ဘက်ခြမ်းမှာအနောက်ဘက်ကိုဆင်းသွားတဲ့လမ်းလေးတွေု့နိင်ပါတယ်။ တမုတ်ရှင်ပင်ရွှေကူကြီးသို့ 6မိုင်ဆိုတဲ့ဆိုင်းဘုတ်လေးတွေ့ရပါမယ်။ အရင်ကအုဌ်ပုံကြီးအပေါ်မှာစေတီတစ်ဆူရှိနေရကနေ 2009မှာတော့ အခုမြင်ရတဲ့စေတီကို တွေ့ခဲ့ကြရပါတယ်။ အရှေ့ဘက်က နေစေတီတော်ကြီးထဲသို့အဝင်ဝ အောက်ခြေက ပြိုပျက်နေတော့ အင်္ဂတေလျှောက်လမ်းတွေနဲ့အစားထိုးထားပါတယ်။ တောင်ဘက်ခြမ်းက စင်္ကြန် အထက်ပစ္စယံ ငြမ်းတွေဆင်ထားပါတယ် ပြင်ဆင်ဘို့။ အပေါ်စီးကမြင်ရတဲ့အောက်မြင်ကွင်း အထက်အဆင့်ကိုတက်လို့ရတဲ့နေရာလေးပါ။ မြောက်ဘက်က ပြင်ထားတဲ့အဝင်လမ်း


ထူးဆန်းတယ်လို့ပြောနိုင်တာကတော့ ကျနော့်တစ်သက်တွေ့ဘူးသမျှဆင်းတုတော်တွေထဲမှာ ဒီလိုပုံသဏ္ဍန်နဲ့ဆင်းတုမျုးိတစ်ခါမှမတွေ့ဘူးလို့ပါဘဲ။ ဒါလေးတော့ အပေါ်စီးကနေရိုက်ထားတဲ့ပုံပါ။ ပထမအပေါ်ဆုံးက ဆင်းတုတော်တစ်ဆူရှိပါတယ်။ အပေါ်ကဆင်းတုတော်ရဲ့လက်တော်အောက်မှာတော့ နောက်တစ်ဆူ။ ဒုတိယဆင်းတုတော်ရဲ့ဝမ်းဗိုက်ထဲမှာနောက်ဆင်းတုတော်တစ်ဆူ။ ပုံလေးတွေက ဆင်တူတယ်ဆိုပေမယ့် နည်းနည်းခြင်းစီတော့ကွာသွားပါတယ်။ တူသလိုလိုပေမယ့် အသေးစိတ်ရိုက်ပြထားပါတယ်။ ကျောက်ဆည်မြို့ အနောက်မြောက်ဘက် 6မိုင်အကွာမှာရှိသော တမုတ်ရှင်ပင်ရွှေဂူကြီးဘုရားမှာသီတင်းသုံးနေတဲ့ဆင်းတုတော်ပါ။ သုံးဆင့်ဘုရားလို့အမည်တွင်ပါတယ်။ အားရပါးရဖူးရအောင်အများကြီးတင်ပေးထားပါတယ်။ ဒိဘုရားတည်နေရာနဲ့ ဘုရားအကြောင်းသိသလောက်တင်ပေးပါအုံးမယ်။


ကိုပေါက်လမ်းသလားနေသည် အပိုင်း-၆ “ဟတ်ထိတယ်………… ဟတ်ထိတယ် ဟေ့ ………………” http://myanmargazette.net/55327/travel/photography-pictures-galleries-wallpapers-photo-tips#comments http://myanmargazette.net/54973/travel/photography-pictures-galleries-wallpapers-photo-tips#comments http://myanmargazette.net/55182/travel/photography-pictures-galleries-wallpapers-photo-tips#comments http://myanmargazette.net/55287/travel/photography-pictures-galleries-wallpapers-photo-tips#comments (ဒါလေးတွေကတော့ ဒီပို့စ်နဲ့သက်ဆိုင်တဲ့လင့်လေးတွေပါ) ကျနော်ရန်ကုန်ကိုလာမယ်လို့မိတ်ဆွေတွေကိုလှမ်းသတင်းပေးတဲ့အခါ တညင်ကိုလိုက်ပို့ပေးမယ်ဆိုပြီး မိတ်ဆွေတစ်ယောက်ကစီစဉ်ပေးပါတယ်။ သွားမယ့်ရက်ကတော့(2-7-2011)နေ့ပေါ့။ ခရီးစဉ်အသေးစိတ်ရယ် ဘယ်လိုသွားကြမယ် ဘယ်သူတွေလိုက်မယ် ဆိုတာကို အတိအကျ မသိပေမယ့် သူတို့အိမ်က ကားနဲ့ဘဲသွားမယ်ဆိုတော့ လူသိပ်မများဘူးလို့ တွေးမိပါတယ်။ ကျနော်တို့ကတော့ မဒမ်ပေါက်နဲ့ကျနော် နှစ်ယောက်ပေါ့။ တကယ်တမ်းပြောရရင် အတူသွားကြမယ်ဆိုသူတွေကလဲ ချက်တင်က စာလုံးလေးတွေ၊ တယ်လီဖုန်းကအသံလေးတွေနဲ့သာ ခင်မင်ထားကြတဲ့ မမြင်ဘူးသောမိတ်ဆွေတွေဖြစ်ကြပါတယ်။ အဲဒီရက်မတိုင်ခင် တရက်အလိုမှာ ဘယ်မှာဆုံကြမယ်ဆိုတာကို အဓိကထားလို့တိုင်ပင် ကြပါတယ်။ သွားမယ့်နေ့မှာ မှတစ်ယောက်တစ်နေရာစီ လိုက်ခေါ်နေရမယ်ဆိုရင်လဲ အချိန်လင့်မှာစိုးရပါတယ်။ ကျနော်ကလဲ ရန်ကုန်သိပ်မကျွမ်းတဲ့သူ။ အဲတော့ အိမ်ကိုလိုက်ရှာနေရမယ်ဆို ရင်ခက်မှာစိုးတော့ ကျနော်တစ်ခါရောက်ဘူးတဲ့ လမ်းလဲသင့်မယ်ထင်တဲ့ ကော်ဖီဆိုင်လေးကိုချိန်းလိုက်ပါတယ်။ ချိန်းတဲ့အချိန်ကတော့ မနက် […]


ငယ်ငယ်တုန်းက အိမ်ကလူကြီးတွေနဲ့ဘုရားကြီးကိုရောက်ပြီဆိုရင် ဒီကြေးရုပ်ကြီးတွေဆီကိုလာပြီးဆုတောင်းရပါတယ်။ ခေါင်းကိုပွတ်လို့ ခေါင်းမကိုက်ပါစေနဲ့၊ မျက်စေ့ကို ပွတ်လို့မျက်စေ့မနာပါစေနဲ့၊ ဗိုက်ကိုပွတ်လို့ဗိုက်မနာပါစေနဲ့၊ ဆိုတာတွေကို ရွတ်လို့ဆိုတောင်းရပါတယ်။ ငယ်ငယ်ကတော့ ဒီကြေးရုပ်ကြီးတွေကိုကြောက်ပါတယ်။ ဒါပေမယ့်လဲ အဖွားခိုင်းတဲ့အတိုင်းလုပ်ပြီးရင်တော့ ငါရောဂါတွေမရနိုင်ဘူးလို့ ယုံကြည်ချက်တွေရှိလာတာလဲအမှန်ပါဘဲ။ ဟိုးရှေးကတည်းကကြားခဲ့တဲ့ပါးစပ်ပုံပြင်။ ရခိုင်ပြည်ကြီးကနေပင့်ဆောင်လာခဲ့ မဟာမုနိဘုရားကြီးနဲ့အတူ ဒီအရုပ်ကြီးတွေလဲပါလာပါသတဲ့။ ညည ဆိုရင်နေရပ်ပြန်ချင်လို့ အော်ဟစ်တောင်းပန်သံတွေကြားရပါသတဲ့။ သူကတော့အတူပါလာခဲ့တဲ့ ဧရာဝဏ်ဆင်ကြီးပေါ့။ အခုတော့ သူလဲ တစ်ဝက်တစ်ပိုင်း။ ကိုယ်ခန္ဓာအပြည့်အစုံမရှိရှာတော့တဲ့ကြေးရုပ်ကြီးဘေးမှာကတော့ ခြင်္သေ့ရုပ်။ ရှေးဟောင်းလက်ရာ ဆိုတော့ သဘာဝကျတာ မကျတာ၊ ဟုတ်တာ မဟုတ်တာ သမိုင်းအချက်အလက်မှန်တာ မမှန်တာအပထား ယဉ်ကျေးမူ့ရဲ့အမွေတစ်ခုအဖြစ်ထိန်းသိမ်းထားသင့်ပါတယ်။ ကြေးရုပ်တွေတန်းစီထားတဲ့ပုံလေးပေါ့။ဒါကတော့ ဒီအရုပ်ကြီးတွေရဲ့သမိုင်းမှတ်တမ်းလေးပေါ့။ဟုတ်တာမဟုတ်တာအပထား။ အရင်ကနှစ်ဘယ်လောက်ကြာခဲ့ပြီဆိုတာမသိပေမယ့် ကျနော်မမွေးခင်ကတည်းကရှိနေခဲ့တယ်ဆိုတာကတော့အသေအချာ မမြင်ဘူးသူများအတွက်မျှဝေပေးလိုက်ပါတယ်။ ငယ်ငယ်ကကြားခဲ့ရတဲ့ပါးစပ်ပုံပြင်အရ ဒီကြေးရုပ်တွေကနေရပ်ပြန်ချင်ခဲ့ကြပါသတဲ့။ ဒါပေမယ့် တကယ့်လက်တွေ့မှာပြန်ခွင့်မရခဲ့ကြပါဘူး။ ကျနော်တို့ရဲ့တကယ့်ဘဝထဲမှာလဲ ပြန်ချင်ပေမယ့် ပြန်ခွင့်မရခဲ့သူ လူဘယ်လောက်များများရှိနေမယ်ဆိုတာကို သိချင်စမ်းပါလှတယ်နော်။


ရခိုင်ပြည်ကနေပင့်ဆောင်လာတဲ့ မဟာမြတ်မုနိရုပ်ရှင်တော် (အရပ်အခေါ်ဘုရားကြီး)ရှိတဲ့ အာရုံခံစေတီတော်ပေါ့။ အင်မတန်မှသပ္ပါယ်တော်မူလှသော မန္တလေးမြို့ရဲ့ ရတနာ မဟာမုနိကိုယ်တော်ကြီး ြြ ကြည်ညိုဘွယ်ရာ မဟာမုနိ လူတွေတော့ ပါနေတယ် ဒါမှ သဘာဝကျတာလေ။ ကြည်ညိုသဒ္ဓါတရားအပြည့်နဲ့ရွှေသင်္ကန်းကပ်လှူနေပုံဖြစ်ပါတယ်။


ရတနာပူရ(ခ)ရတနာပုမ်(ခ)မန္တလေးမြိုကို တည်ထောင်ခဲ့သူ မင်းတုန်းမင်းတရားရဲ့ ပုံတူပန်းချီကားပါ။ ဒီဆင်းတုတော်ပုံအရင်ကတော့ တင်ဘူးတယ် မမြင်ဘူးသူများအတွက်ပြန်တင်ပေးပါမယ်။ ဒါကတော့ စေတီတော်ရဲ့ ပုံတော်ပါ။ ဒီပစ္စည်းလေးတွေက ဘယ်လောက်ကြာပြီဆိုတာမသိပေမယ့် ကျနော်အတွက်တော့ ရှေးဟောင်းအမွေအနှစ်လို့ ယူဆပါတယ်။ ဒီသပိတ်ကြီးကတော့ ဘုရားပွဲဆိုရင် ဆွမ်းထဲ့လောင်းခဲ့တဲ့ ကျောက်သပိတ်ဖြူဖြူကြီးပေါ့။ ဒီထဲက ဓါတ်ပုံလေးကတော့ ရှေးတုန်းက ဒီကျောက်သပိ်တ်ကို ထားခဲ့တဲ့နေရာလေးရဲ့ မှတ်တမ်းပုံပါ။ ရွှေကျင်ဘက်မှာတွေ့ရှိတဲ့ စကျင် ကျောက်တုံးကြိးတစ်တုံးထဲကနေထုထားတဲ့အတွက်ကျောက်တော်ကြိးဘုရားလို့အရပ်ကခေါ်ပါတယ်။ မန်းလေးတောင်ခြေရင်း တောင်ဘက်ခြမ်းမှာရှိပါတယ်။ ဒီဘုရားအနီးမှာတော့ မန္တလေးဘိုးဘိုးကြီးနန်း၊နဲ့ စန္ဒာမုနိဘုရားတို့ရှိပါတယ်။ အရှေ့ကျုံးလမ်းနဲ့တည့်တည့်မှာတည်ရှိတဲ့ ဘုရားဖြစ်ပါတယ်။


ကမ္ဘအေးစေတီတော် ကိုဖူးမြင်ခဲ့ရပေမယ့် လှိုဏ်ဂူတော်ဘက်ကိုတော့မရောက်ခဲ့ပါဘူး၊ ရင်ပြင်တော် ပေါ်က ဂြိုဟ်တိုင်လေးဘေးက နေမြင်ရတဲ့ စေတီ။ ဒါကတော့ ကျနော့်ထုံးစံအတိုင်းစောင်းစောင်းလေးပေါ့။ ဒါကတော့ သံလျင်သွားတုန်းက ဖားအောက်တောရကအထွက် မှာတွေ့ရတဲ့စေတီလေး။ ကျနော်ညံ့တာကို ဒီစေတီလေးရဲ့ဘွဲ့အမည်ကို မမှတ်လို်က်ရဘူး။ သိသူကပြောပေးစေလိုပါတယ်။ ဒီစေတီကတော့ရေလည်ကျောက်တန်းအနီးက မြတ်စောညီနောင် ဒီပုံလေးကတော့ ရေလည်ကျောက်တန်းဘက်အကူး သမင်လည်ပြန်မြင်ရတဲ့ မြတ်စောညိနောင် ရေလည်ဘုရားပေါ်ကနေ ဖူးတွေ့ရတဲ့ မြတ်စောညီနောင်……… ရေလည်ဘုရား တိုင်လုံးများကြားကနေဖူးမြင်ရတဲ့ ရွှေစေတီမြတ်စောညီနောင်…………. ပို့သူရှိလို့သာ ကိုပေါက်တစ်ယောက် ကံကောင်းစွာ ရောက်ခဲ့တဲ့ နေရာလေးများအမှတ်တရ။


2011 ဇူလိုင်မိုးရေစက်များနဲ့လုံးထွေးနေတဲ့တစ်နေ့ မှာ လမ်းပြသူနဲ့ပို့ဆောင်သူ အတွဲမိသွားချိန်မှာ အဖော်အပေါင်းများကလဲ အတူသွားဘို့အဆင်သင့်ဆိုတော့ ရောက်ခဲတဲ့ ဧည့်သည်တစ်ယောက်အဖြစ် သံလျှင်(တညင်)ကိုရောက်ခဲ့ပါတယ်။ ပထမဆုံးအကြီမ် သိပ်မကြာသေးပါဘူး 1967မှာ ကျနော်မိဘများနဲ့ တစ်ကြိမ်ရောက်ပြီးကတည်းက ရောက်ခွင့်မကြုံခဲ့တဲ့နေရာလေးကတော့ ပုံမှာမြင်ရတဲ့ နာမည်ကျော်ရေလည်ကျောက်တန်းဘုရားပါဘဲ။ ကျနော်ငယ်ငယ်ကရောက်တုန်းက နှင်းတွေကျနေတဲ့ဒီဇင်ဘာလမှာပါ။ အခုရေတွေပြည့်နေတဲ့ကမ်းစပ်နားမှာက ရွှံညွံပြင်ကြီး။ အဲဒီအပေါ်မှာ ငါးပျံအသေးလေးတွေ ဖလပ်ဖလပ်နဲ့ခုန်။ ညီအကိုမောင်နှမတစ်တွေ လက်ညိုးတထိုးထိုးနဲ့ အမြင်တွေဆန်းလို့ အဆန်းတွေမြင်ခဲ့ကြရတာပေါ့။ လှမ်းကြည့်လို့မြင်နေရတဲ့ရေလည်ဘုရား ရေပြင်ကျယ်ထဲကို လှေငယ်ငယ်လေးနဲ့ကူးရတာလဲ တမျိုးပျော်စရာ။ ဒါလေးက ဘုရားဘက်ကို အကူးလှေပေါ်ကမြင်ရတဲ့မြင်ကွင်း။ လှေအဆင်းမြင်းအတက် ခက်တယ်ဆိုတာ ဒီတစ်ခေါက်မှ လက်တွေ့ကြုံရပါတယ်။ လူက ခပ်ဝဝဆိုတော့ ရေလှိုင်းပုတ်လို့လှုပ်ပဲ့ပဲ့ လှေပေါ်ကိုရောက်အောင်တက်ရတာလဲခက် ဆင်းရတာလဲခက်။ မိုးကလဲ မသဲပေမယ့်ခပ်ဖွဲဖွဲလေး ရွာလိုက်တိတ်လိုက်။ ဒါနဲ့ဘဲ ဘုရားပေါ်ကို အောင်မြင်စွာရောက်ခဲ့ပါတယ်။ ထူးထူးခြားခြားစေတီတော်အနားမှာ ကောက်ကွေးကွေးအုန်းပင်က သုံးပင်။ အုံ့မိူင်းနေတဲ့မိုးတွေကြောင့် […]


လောကမှာတစ်ခါတစ်ရံ အများကောင်းကျုးိကို သယ်ပိုးလိုစိတ်ရှိသူ(စိတ်ထားမြင့်မြတ်သူပေါ့)တွေပေါ်ထွန်းလာတတ်ပါတယ်။ သူတို့တစ်တွေက လည်းတူရာလူတွေစုလို့ အများအကျိုးကို စွမ်းစွမ်းတမံဆောင်ရွက်တတ်ကြပါတယ်။ အပေါ်ကပုံလေးတွေက သံလျင်မြို့ က ကုသိုလ်ဖြစ်ဆေးခန်းလေးနဲ့ နာရေးအသင်းတိုက် အများအကျုးိကို တဖက်တစ်လမ်းက သယ်ပိုးပေးနေသူတွေစုဝေးရာ နေရာလေးပေါ့။ ဒီတောရကျောင်းလေးကို လာရောက်တရားထိုင်သူများ သွားလာရေးအဆင်ပြေဘို့အတွက် ဆောက်လုပ်ပေးထားတဲ့မိုးလုံလေလုံ စင်္ကြန်လေးပါ။ ဒီလိုစင်္ကြန်လေးတွေက ယောဂီကျောင်းအသီးသီးကနေ ဖြာထွက်လာလိုက်တာ သံဃာတော်များအတွက်ဆွမ်းစားဆောင်၊ယောဂီများအတွက်တော့ ထမင်းစားတဲ့ခန်းမတွေ တရားထိုင်ရတဲ့ခန်းမတွေကို ဆက်သွယ်ပေးထားပါတယ။် မိုးများတဲ့ဒေသဖြစ်တဲ့အတွက် မိုးလုံလေလုံစင်္ကြန်လေးရှိတဲ့အခါ အဆင်ပြေပါတယ်။ နောက်ဒီစင်္ကြပေါ်မှာလျောက်သူအားလုံးဖိနပ်မစီးရပါဘူး။ ဒီတော့ စင်္ကြန်က သန့်ရှင်းလို့နေပါတယ်။ နောက်လမ်း ညာဘက်ကပ်လျှောက်ပါလို့ သတိပေးစာတန်းလေးတွေရေးထားပါတယ်။ ဒိပုံလေးတွေက ယောဂီများ စိတ်အနှောင့်အယှက်ကင်းစွာ တရားထိုင်နိုင်ဘို့အတွက် လေဝင်လေထွက်ကောင်းတဲ့ကျယ်ပြန့်တဲ့အခန်းကြီးထဲမှာ မှက် ခြင် ယင် ဘေးက နေဝေးအောင် ခြင်ထောင်အသေးလေးတွေနဲ့စနစ်တကျ ။ အပေါ်ကပုံအားလုံးကတော့ နိုင်ငံအဝှမ်းမှာရှိနေတဲ့ဖားအောက်တောရ တရားစခန်းတွေထဲက တစ်ခုဖြစ်တဲ့ သံလျျင်(အရပ်အခေါ်တညင်)မြိုမှာရှိတဲ့ […]


“ကိုပေါက်လမ်းသလားနေသည်- အပိုင်းငါး(ဆွေမျိုးတွေဆုံတဲ့ ရန်ကုန်ကမင်္ဂလာပွဲကလေး) (29-6-2011) မင်္ဂလာဆောင်ကျင်းပမယ့်ရက်မှာ မနက်လေးနာရီလောက်ကတည်းက တအိမ်လုံးလှုပ်လှုပ်ရွရွ။ ဒီတော့အိပ်ရေးမဝပေမယ့်လဲ အိမ်ယာကထရပါတော့တယ်။ 5နာရီကျော်ကျော်လောက်မှာတော့ အလှပြင်မယ့်သူတွေထက်အရင် ရေအမြန်ချိုး ရပါတယ်။ မင်္ဂလာဆောင်ကို ဘယ်အချိန်သွားမလဲဆိုတာမေးတော့ ကိုးနာရီအိမ်ကထွက်မယ်ပြောပါတယ်။ ဒါနဲ့ဘဲ မဒမ်ပေါက်ကို 8း30ခွဲအရောက်ပြန်လာမယ်ပြောပြီး ကင်မရာကိုင်လို့လမ်းလျှောက်ထွက်ခဲ့ပါတယ်။ ညက အတော်သဲသဲမဲမဲရွာတဲ့မိုးကြောင့် မနက်မိုးလွတ်ပါ့မလားလို့စိတ်တွေပူခဲ့ရပေမယ့် မနက်ခင်းရဲ့ကောင်းကင်ကြီးကတော့ ကြည်ကြည်လင်လင်ဆိုတော့ အတော်လေးကို အပြောင်းအလဲမြန်တဲ့ ရန်ကုန်မိုးလို့ဘဲ သတ်မှတ်လိုက်ပါတယ်။ ဒါနဲ့ဘဲ ကုန်းတံတားအောက်ကနေဖြတ် သံလမ်းလေးကို ကျော် မနက်စောစော ဆိုင်ဖွင့်ဘို့ပြင်နေကြ တဲ့မီးခိုးတစ်အူအူနဲ့ ထမင်းကြော်ဆိုင်လေးတွေ၊အကြော်ဆိုင်လေးတွေ ၊လက်ဖက်ရည်ဆိုင်လေးတွေကို ငေးရင်း မီးသတ်ဌာနချုပ်နံဘေးကဖြတ်လို့ ကြီးမားခန့်ထည်တဲ့ စွယ်တော် မုဒ်ဦးကြီးအောက်ကနေလမ်းလျှောက်လို့လာခဲ့ပါတယ်။ ဟို………….ခပ်ဝေးဝေးမှာတော့ ရွှေရောင်အဆင်းနဲ့တင့်တယ် မနက်ခင်းမှာ သပ္ပါယ် တော်မူလှတဲ့စွယ်တော်စေတီကို ဖူးမျှော်ရပါတယ်။ တောင်ဘက်မုဒ်ဦးကနေစွယ်တော်ကိုသွားရာလမ်းရဲ့ညာဘက်ခြမ်းမှာစွယ်တော်ပင်တွေကို တန်းစီလို့စိုက်ထားတာကတော့ အမြင်အေးလှပါတယ်။ နှစ်လွှာပေါင်းမှာ တစ်ရွက်လို့ ကဗျာဆန်ဆန်တင်စားခံရတဲ့ […]