ပြန်ချင်ပေမယ့် ပြန်ခွင့်မရခဲ့သော………………………………


ငယ်ငယ်တုန်းက အိမ်ကလူကြီးတွေနဲ့ဘုရားကြီးကိုရောက်ပြီဆိုရင်
ဒီကြေးရုပ်ကြီးတွေဆီကိုလာပြီးဆုတောင်းရပါတယ်။
ခေါင်းကိုပွတ်လို့ ခေါင်းမကိုက်ပါစေနဲ့၊
မျက်စေ့ကို ပွတ်လို့မျက်စေ့မနာပါစေနဲ့၊
ဗိုက်ကိုပွတ်လို့ဗိုက်မနာပါစေနဲ့၊
ဆိုတာတွေကို ရွတ်လို့ဆိုတောင်းရပါတယ်။
ငယ်ငယ်ကတော့ ဒီကြေးရုပ်ကြီးတွေကိုကြောက်ပါတယ်။
ဒါပေမယ့်လဲ အဖွားခိုင်းတဲ့အတိုင်းလုပ်ပြီးရင်တော့ ငါရောဂါတွေမရနိုင်ဘူးလို့
ယုံကြည်ချက်တွေရှိလာတာလဲအမှန်ပါဘဲ။

ဟိုးရှေးကတည်းကကြားခဲ့တဲ့ပါးစပ်ပုံပြင်။
ရခိုင်ပြည်ကြီးကနေပင့်ဆောင်လာခဲ့
မဟာမုနိဘုရားကြီးနဲ့အတူ
ဒီအရုပ်ကြီးတွေလဲပါလာပါသတဲ့။
ညည ဆိုရင်နေရပ်ပြန်ချင်လို့ အော်ဟစ်တောင်းပန်သံတွေကြားရပါသတဲ့။

သူကတော့အတူပါလာခဲ့တဲ့ ဧရာဝဏ်ဆင်ကြီးပေါ့။
အခုတော့ သူလဲ တစ်ဝက်တစ်ပိုင်း။

ကိုယ်ခန္ဓာအပြည့်အစုံမရှိရှာတော့တဲ့ကြေးရုပ်ကြီးဘေးမှာကတော့
ခြင်္သေ့ရုပ်။
ရှေးဟောင်းလက်ရာ ဆိုတော့
သဘာဝကျတာ မကျတာ၊
ဟုတ်တာ မဟုတ်တာ
သမိုင်းအချက်အလက်မှန်တာ မမှန်တာအပထား
ယဉ်ကျေးမူ့ရဲ့အမွေတစ်ခုအဖြစ်ထိန်းသိမ်းထားသင့်ပါတယ်။
ကြေးရုပ်တွေတန်းစီထားတဲ့ပုံလေးပေါ့။ဒါကတော့ ဒီအရုပ်ကြီးတွေရဲ့သမိုင်းမှတ်တမ်းလေးပေါ့။ဟုတ်တာမဟုတ်တာအပထား။
အရင်ကနှစ်ဘယ်လောက်ကြာခဲ့ပြီဆိုတာမသိပေမယ့်
ကျနော်မမွေးခင်ကတည်းကရှိနေခဲ့တယ်ဆိုတာကတော့အသေအချာ
မမြင်ဘူးသူများအတွက်မျှဝေပေးလိုက်ပါတယ်။
ငယ်ငယ်ကကြားခဲ့ရတဲ့ပါးစပ်ပုံပြင်အရ ဒီကြေးရုပ်တွေကနေရပ်ပြန်ချင်ခဲ့ကြပါသတဲ့။
ဒါပေမယ့် တကယ့်လက်တွေ့မှာပြန်ခွင့်မရခဲ့ကြပါဘူး။
ကျနော်တို့ရဲ့တကယ့်ဘဝထဲမှာလဲ
ပြန်ချင်ပေမယ့် ပြန်ခွင့်မရခဲ့သူ
လူဘယ်လောက်များများရှိနေမယ်ဆိုတာကို
သိချင်စမ်းပါလှတယ်နော်။

10 comments

  • padonmar

    July 17, 2011 at 10:55 pm

    ပွတ်လွန်းလို့ ကြေးရုပ်ကြီးတွေလည်းပေါက်ကုန်ပြီနော်၊
    ဒီထဲမှာ ကိုယ်လည်းတရားခံပါခဲ့ရဲ့။

    Reply

  • တညင်သား

    July 17, 2011 at 10:58 pm

    ဘုရားကြီးကို ခဏခဏ ရောက်ဘူးပေမဲ့ ဒီကြေးရုပ်ထု တွေရှိတဲ့နေရာကိုမရောက်မိဘူး………ကျေးဇူးတင်ပါတယ် ကိုပေါက်
    ……” ငယ်ငယ်ကကြားခဲ့ရတဲ့ပါးစပ်ပုံပြင်အရ ဒီကြေးရုပ်တွေကနေရပ်ပြန်ချင်ခဲ့ကြပါသတဲ့။
    ဒါပေမယ့် တကယ့်လက်တွေ့မှာပြန်ခွင့်မရခဲ့ကြပါဘူး။
    ကျနော်တို့ရဲ့တကယ့်ဘဝထဲမှာလဲ
    ပြန်ချင်ပေမယ့် ပြန်ခွင့်မရခဲ့သူ
    လူဘယ်လောက်များများရှိနေမယ်ဆိုတာ ”…………
    ပျော်ရာမှာ မနေ တော်ရာမှာနေ ဆိုတဲ့ရှေးစကားရှိခဲ့တယ်ဆိုတော့.. .. လာခေါ်လှည့်ပါဗျို………..:)

    Reply

    • ကြောင်ကြီး

      July 18, 2011 at 1:43 am

      သိပ်မအော်နဲ့ တညင်သားရေ။ သေမင်းကြားသွားမယ်… 🙄

      Reply

  • naywoonni

    July 17, 2011 at 10:59 pm

    သူ့တို့ခမျာ ကိုယ်အင်္ဂါ တစ်ဝက်တစ်ပျက်ပါဆိုကာမှ ကိုယ်ချင်းလည်း မစာကြဘူး..။ ဟိုပွတ်ဒီပွတ်နဲ့ …။ စကားပြောတတ်ရင် လာပွတ်နေတုန်း ဘာများပြောလိုက်မယ်မသိဘူး…။

    Reply

    • ဆူး

      July 17, 2011 at 11:35 pm

      ယားတယ်ပြောမှာ မဟုတ်ဘူး ထင်တယ်.. တခြားနေရာ ပြောင်းပွတ် ဒါမှ အပြောင်ညီမှာတဲ့…

      Reply

  • ဆူး

    July 17, 2011 at 11:33 pm

    ကိုယ်တပိုင်း ဖြစ်နေပုံ ထောက်ရင် ငလျင်ကြောင့် မတ်လျက်ကနေ လဲကျပြီး ထက်ပိုင်းကျိုးကုန်တာ ထင်တယ်။

    Reply

  • pan pan

    July 18, 2011 at 9:16 am

    မဲနေတဲ့နေရာတွေက မပွတ်လို့နဲ့တူတယ်
    ကြည့်ရတာ ခေါင်းကိုက်၊ ဗိုက်နာ၊ လက်ကိုက်၊ ဒူးနာတဲ့လူတွေပဲများတယ်ထင်တယ်

    Reply

  • MaMa

    July 18, 2011 at 9:40 am

    ကြေးရုပ်ကြီးတွေဆိုတော့ ကြေးတန်ဖိုးရယ်၊ ရှေးဟောင်းလက်ရာတန်ဖိုးရယ်ပါ ပေါင်းလိုက်ရင် မနည်းဘူးထင်တယ်။ ဒါပေမယ့် ပျက်စီးနေတာတွေကြည့်ရတာတော့ စိတ်မကောင်းစရာပဲ။ တစ်ခါက ဘုရားတန်ဆောင်းတစ်ခုမှာ သစ်မွှေးနဲ့ထုထားတဲ့ ပျက်စီးနေတဲ့ ရှေးဟောင်းရုပ်ထုတွေကို အလှူ့ရှင်တစ်ဦးက အင်္ဂတေရုပ်ထု အသစ်တွေနဲ့လဲပြီး ယူသွားတယ်တဲ့။ ကြာမှ တန်ဖိုးကြီးတဲ့ သစ်မွှေးတွေကို အင်္ဂတေရုပ်ထုတွေနဲ့ ရိုက်စားသွားမှန်း သိကြတာ။
    🙁

    Reply

  • moethidasoe

    July 18, 2011 at 11:13 am

    မဟာဆွေက ဒို့တိုင်းဒို့ပြည် စာအုပ်မှာ ဘာရေးခဲ့သလဲ ဆိုတော့ ..

    “ပြတိုက် တခုမှာ ကြေးရုပ်တွေရှိတယ် အဲဒီ ကြေးရုပ်တွေက တိုင်းပြည်သစ္စာဖောက်တွေ .. အဲဒီအရုပ်ကို မကျေနပ်တဲ့လူတွေ မကျေနပ်တဲ့ နေရာကို လက်နဲ့ထိုးပြီး ဆန္ဒ ပြလို့ရတယ် ဆိုတော့ ဝိုင်းပြီး ဆန္ဒ ပြထားကြတာလို့ ဆိုတယ် .. ဒါကြောင့် ဗိုက်ဟောင်းလောင်း .. မျက်စိဟောက်ပက် .. လက်ကျိုး ခြေကျိုးတွေ ဖြစ်တယ် တဲ့”

    ဒီကြေးရုပ်တွေလို့ ပြောတာ မဟုတ်ဘူးနော် .. ဖတ်မိခဲ့တာနဲ့ တိုက်ဆိုင်လို့ ရေးမိတာပါ ..

    အခုကြေးရုပ်တွေကိုတော့ ရောဂါပျောက်ချင်တဲ့ ဆန္ဒနဲ့ ကိုင်လိုက် ပွတ်လိုက် မျက်စိဆို ထိုးနှိုက်လိုက်နဲ့ ရုပ် ပျက်သွားရတယ် ..

    Reply

  • နီလေး

    October 10, 2011 at 2:58 pm

    ဘုရားကြီးရဲ့ဘယ်နေရာလေးမှာရှိတာလဲ နောက်တစ်ခေါက်သွားရင် ကြည့်ချင်လို့ပါ

    Reply

Leave a Reply

Your email address will not be published.