တညင်ကိုရောက်တဲ့အခါ ရုပ်ရှင်အဖွဲ့သားတွေ လာပြီး အမြဲရုပ်ရှင်ရိုက်တယ်ဆိုတဲ့ ကျိုက်ဒေးဝ ဘုရားကို မိတ်ဆွေကလမ်းပြလို့ ခေါ်ဆောင်သွားပါတယ်။ ဒီစေတီလေးက အင်မတန်အေးချမ်းတဲ့တောလမ်းလေးထဲကို လမ်းမကြီးကနေဖဲ့ဝင် သာမန်လာလည်တဲ့ဧည့်သည်ဆိုရင် တကယ်ရောက်ဘို့မလွယ်ပါဘူး။ သစ်ပင်တွေကြားထဲကနေ လမ်းအကွေ့ထဲကနေ ဘုရားပရဝုဏ်ထဲလဲဆင်းလိုက်ရော ရှေ့မှာမြင်လိုက်ရတဲ့မြင်ကွင်းက ကျနော့်ကို မှင်သက်မိသွားစေပါတယ်။ ကားပေါ်က ဆင်းဆင်းခြင်း ထုတည်ကြီးမားပြီး အနီရောင်မှိန်ဖျော့လို့ပန်းရောင်အသွေးကိုပြောင်းရေညှိတွေတစ်ဝက်တစ်ပျက်ဖုံးနေတဲ့ရှေးဟောင်းအဆောက်အဦတစ်ခုကိုဘွားကနဲတွေ့လိုက်ရပါတယ်။. နဖူးစည်းမှာရေးထားတာ 1909 ဒီကျောင်းဆောင်လေးရဲ့ ထိပ်မှာ 1909ခုလို့ အုဌ်နဲ့စာလုံးထွင်းထားတာ မြင်ရပါတယ်။ မေးကြည့်တော့ ရှေးက တရားကျင့်တဲ့ ဂူလေးတွေဆိုတာကလွဲလို့ပိုမသိခဲ့ရပါဘူး။ ဒါကတော့ ဘေးဘက်က မြင်ကွင်း…………. ဝင်ဝင်ခြင်းမြင်ရတဲ့ဂူလေးရဲ့နောက် က ခြုံနွယ်ပိတ်ပေါင်းတွေနဲ့ဖုံးလွှမ်းနေတဲ့ မုဒ်ဦးနဲ့လှေခါးလေးပါ။ ပိုနီးနီးလေးကနေမြင်ရတဲ့ပုံလေးပါ။ စစခြင်းမြင်ရတဲ့ဂူလေးနဲ့မျက်နှာခြင်းဆိုင်မှာ တွေ့ရတဲ့ဂူလေးပါဘဲ။ ပုံလေးတွေက ခပ်ဆင်ဆင် ဒါပေမယ့်ဒေါင့်ပေါင်းစုံက ရိုက်ခဲ့တာမို့ချန်မထားချင်တာကြောင့်…………… 1975ခုနှစ်ပုဂံငလျင်မှာ စေတီတော်တော်များများပြိုပျက်သွားခဲ့ပါတယ်။ အဲဒီအချိန်ကျနော်ပုဂံကိုမရောက်ဘူးသေးပါဘူး။ 1978 ကျနော်ပထမဆုံးပုဂံကိုရောက်ပါတယ်။ ဘယ်နေရာကြည့်ကြည့်ဖုံထူထူမြေလမ်းကလေးနံဘေးမှာ ချုံဖုတ်လိုအပင်လေးတွေနဲ့။ […]


တညင်ဘက်ကို မိတ်ဆွေများက ပို့ပေးလို့အရောက် နှစ်ထပ်ကျောင်းဆောင်တစ်ခုပေါ်ကနေ အဝေးကိုလှမ်းကြည့်လိုက်တဲ့အခါ လမ်းမပေါ်ကနေ ဟိုးအဝေးကိုမျှော်ကြည့်လို်က်တော့ နာမယ်ကျော် ကျိုက်ခေါက်စေတီတော် …………… ဟိုးအဝေးကြီးကို လှမ်းကြည့်တဲ့အခါ မြင်ရတဲ့ မြင်ကွင်းကျယ်ကြီးက တပြန့်တပြော………………. မိုးတွေကရွာလိုက် ခဏလေးတိတ်လိုက်နဲ့ ကောင်းကင်တစ်ခုလုံးအုံ့မိူင်းရီမှောင်လို့နေပါတယ်။ မိုးလေး ခဏတိတ်တုံး အပြင်မှာမြင်ရတဲ့ မြင်ကွင်းက………….တကယ့်ကိုလွမ်းစရာ…………. အနီးမြင်ကွင်းမှာတော့ မိုးစက်တွေကို အဝသောက်ထားလို့ စိမ်းညို့မှောင်နေတဲ့သစ်တောအုပ်။ ကိုယ့်ရှေ့မှာတော့ မိူင်းရီရီ မူံဝေဝေ တိမ်လိပ်တွေနဲ့ မပီပြင်တဲ့ အဝေးမြင်ကွင်း………. တကယ့်ကို စိမ်းမြနေတဲ့သစ်ပင်တွေကို လွန်မြောက်ပြီးကြည့်လိုက်တဲ့အခါမှာတော့ မပီမသ မြစ်ပြင် ကို မြင်ရပါတယ်။ အပေါ်စီးကနေလှမ်းကြည့်ရင် ကွန်ကရစ်နဲ့လုပ်ထားတဲ့လမ်းကလေး ……. သူ့အဆုံးမှာတာ့ အစားစားနေတဲ့နွားကလေးတွေနဲ့မြက်ခင်းစိမ်းစိမ်း… သူ့ထက်ပိုဝေးတဲ့နေရာမှာတော့ မြစိမ်းရောင်တောအုပ်ကလေး နားထဲမှာချိုးကူသံလေးတောင်ကြားမိသလိုလိုပါဘဲ။ အရှေ့ဘက်ကို နည်းနည်းလေးရွေ့ကြည့်လိုက်တော့ သစ်ပင်တွေကြားမှာတွေ့ရတဲ့စေတီ အစိမ်းထဲက အဝါ ဆန့်ကျင်စွာလှပလို့နေပါတော့တယ်. သဘာဝအတိုင်းရှိနေတဲ့အနားသတ်ထားသလိုဖြစ်နေတဲ့ သစ်ပင်ရဲ့ […]


ဒါကတော့ရွှေတိဂုံဘုရား ဓါတ်လှေကားပေါ်ကနေမြင်ရတဲ့ မြင်ကွင်းလေးပေါ့။ ဒီပုံလေးကတော့ ရွှေတိဂုံဘုရားခြေရင်းကပုံလေးပါ။ မိုးထဲလေထဲမှာ ရောက်ခဲ့ရတဲ့ဗိုလ်တစ်ထောင်ဘုရား။ အုန်းပင်တွေမြင်တော့ မဆီမဆိုင် အောင်ပုကို သတိရလိုက်တာနဲ့။ ဒါကတော့ နာမယ်ကျော်ရဲ့နာမယ်ကျော်ဘုရား အသိနဲ့သတိ။ ကဲအသံထွက်ဆိုကြည့်မယ်ဆိုရင် ဒီဘုရားရဲ့ဘွဲ့တော်ကို အလိုလိုနေရင်းဆိုမိမှာပါ။


“ကိုပေါက်လမ်းသလားနေသည်- အပိုင်းလေး (ယောင်လည်လည်တစ်ယောက်ထဲ) ဒီပုံလေးကတော့ ရန်ကုန်မြို့ရဲ့ မီးပွိုင့်နံဘေးမှာ ကလေးပြပြီးတောင်းနေတဲ့သူပါ။ ကိုယ့်အားကိုယ်ကိုးပြီးရန်ကုန်မြို့ကြီးထဲကို ချီတက်ရတော့မယ်ဆိုတာသေချာသွားပြီဆိုတော့ ပထမဆုံးလုပ်ရတာကတော့ တရားဝင်မတော်ရသေးတဲ့ တူတော်မောင်ကို စုံစမ်းစပ်စု လုပ်ရပါတော့တယ်။ ဒီကနေဆူးလေသွားရင် အငှားကားစီးရင်ဘယ်လောက်အများဆုံးပေးရသလဲတို့၊ ဒီနားကနေဘတ်စ်ကားစီးမယ်ဆိုရင် ဘယ်ကားနံပါတ်ကို စီးရသလဲတို့၊ ဘယ်အရပ်ကအခုနေတာရဲ့ ဘယ်ဘက်မှာ ရှိသလဲတို့။ ကြည့်မြင်တိုင်က ဘက်ဘက်မှာလဲတို့ ရွှေပြည်သာစက်မူ့ဇုံဘယ်ကသွားလဲတို့၊ ဆင်မလိုက်သင်္ဘောကျင်းကိုသွားရင် ဘယ်နားက ကားစီးရင် ရသလဲတို့ ။ အာရှတော်ဝင်က ဘယ်နားမှာလဲတို့ မြေနီကုန်းစီးတီးမတ်ဆိုရင် ငါတို့အိမ်ကနဲ့ ဘယ်လောက်ဝေးလဲတက္ကစီငှားရင်ဘယ်လောက်ပေးရမလဲ ဆိုတာတွေကို စုံတကာစေ့နေအောင် မေးရပါတော့တယ်။ ကျနော်တကယ်သိတာကတော့ ဆူးလေဘုရားပါဘဲ။ ကျောင်းသားဘဝ သူငယ်ချင်းတွေဆီအလည်သွားရင်း ပျော်ခဲ့ရတဲ့ လှည်းတန်းနဲ့ရန်ကုန်တက္ကသိုလ်ဧရိယာတွေသိတယ်၊ ဦးချစ်ဆိုင်သိတယ် ဂျဒ်ဆင်သိတယ် သစ်ပုတ်ပင်သိတယ်။ အင်းလျားကိုသိတယ်။ စက်မူ့တက္ကသိုလ်ဘက် ဆေးဝါးစက်ရုံနား က ဈေးသက်သာတဲ့ ထမင်းဆိုင်တွေကို သိတယ်။ ကျောင်းထဲက […]


ဗုဒ္ဓဘာသာဝင်မှန်သမျှ မန်းလေးရောက်ရင် မဟာမုနိရုပ်ရှင်တော်(မဟာမြတ်မုနိဘုရားကြီး) ရန်ကုန်ရောက်ဆယ်ဆိုရင် လေးဆူး ဓါတ်ပုံမြတ်ရွှေတိဂုံကို မှ မဖူးဖြစ်ရင် အဲဒီမြို့ကိုမရောက်ဘူးလို့အပြောခံရတတ်ပါတယ်. ရောက်အောင်လဲသွားကြပါတယ်။ အဲတော့ ကျနော်ကိုပေါက်လဲ ရန်ကုန်ကို ရောက်တဲ့အခိုက် ကျနော်ရောက်သွားတဲ့(30-6-2011)နေ့ နေ့လည်ခင်းလေးပေါ့။ ရွှေတောင်ပေါ်ကို နေရောင်အခမှာမြင်ရတဲ့ပသာဒလေးပါ။ ရင်ပြင်တော်ပေါ်မှာရှိနေတုန်း ရုတ်တရက်မိုးအုံ့လာချိန်မှာ မှတ်တမ်းတင်ထားလိုက်တော့ မြင်ကွင်းလေးပါ။ မူန်ရီမိူင်းနေတဲ့ကောင်းကင်ကိုနောက်ခံထားပြီး မြင်ရတဲ့လွမ်းမောစရာမြင်ကွင်းလေးပါ။ ဒီပုံလေးကတော့ အင်မတန်မှခန့်ညားတဲ့ တိုင်လုံးကြီးတွေကြားထဲကနေ ပြီး ဓါတ်ပုံဆရာတွေရိုက်သလို စမ်းရိုက်ကြည့်မိတာပါ။ မိုးတိမ်ကမှောင်မဲနေပေမယ့် စေတီတော်ကတော့ရွှေရောင်နဲ့ဝင်းလဲ့လို့သပ္ပါယ်လှပါတယ်။ ဘုရားတစ်ဖက်မှာ ရှိတယ် ထန်းပင်လေးနဲ့အရံစေတီ မိုးတိမ်ရဲ့အရောင်က အားလုံးကို လွှမ်းခြုံပေးထားသလို …………. ကျနော်နှစ်သက်တဲ့ပုံလေးတွေမို့ အများဖူးမျှော်စရာ ပူဇော်ရင်းတင်ပေးတာပါ။ ဒါလေးကတော့ အရံစေတီတော်… ကဲအားလုံးနှစ်သက်မယ်လို့ထင်ပါတယ်။ ရန်ကုန်ရောက်တုံးရောက်ခိုက်မိတ်ဆွေများအတွက် အမှတ်တရလက်ဆောင်ပေးတယ်လို့ သဘောထားရင်ကျေနပ်ပါပြီ။


ဟို ရှေးသီချင်းလေးတပုဒ်ပေါ့။ ဝင်းဦးဆိုထား တယ် ဆရာမြို့မငြိမ်းရေးပေါ့။ မပြီးသေးသော ပန်းချီကားတဲ့။ အဲဒီထဲကစာသားလေးက ကြည့်ရင်းကြည့်ရင်း အဓိ္ဓပါယ်ပေါ်လွင်တဲ့။ ဒီအရိုးစုလေးကို သေသေချာချာကြည့်ရင် စိတ်ထဲမယ် ဘယ်လိုခံစားရပါသလဲ ? ဒီအရိုးစုလေးက အလဟဿထားတာမဟုတ်ဘူးရယ် လူတွေကို တရားရအောင်တဲ့၊ ဘယ်နေရာမှာရှိနေတဲ့အရိုးစုလေးလို့ထင်ပါသလဲ? ဒီအရိုးစုလေးကိုမြင်တော့ ကြောက်စိတ်တွေဝင်မိပါသလား? တစ်ပုံနဲ့ တစ်ပုံတူသလိုလိုရှိနေပေမယ့် တကယ်ကြည့်ရင်တော့ မတူပါဘူး။ ဒီပုံလေးရဲ့ ရာဇဝင်ကတော့ …………………………..


ကျနော်ရန်ကုန်ရောက်တုန်းတည်းအိမ်က ဒီတံတားလေးနား။ ကုန်းတံတားအောက်ကနေ့စဉ်ဖြတ်လျှောက်။ ကုန်းရဲ့အနောက်ဖက်ကလက်ဖက်ရည်ဆိုင်ကိုသွား။ နေ့စဉ်နဲ့အမျှ အနည်းဆုံးတစ်ရက်နှစ်ခေါက် ဖြတ်လျှောက်ခဲ့ရတဲ့ တံတားလေးပါ။ ရန်ကုန်ရောက်နေတဲ့ရက် မနက်6နာရီဆိုအိပ်ယာထ ဒီလမ်းကလေးအတိုင်းနေ့တိုင်းလျျောက်သွားတဲ့အခါ……………. ဒီစွယ်တော်ဘုရားလေးကိုရောက်ပါတယ်.။ မိုးသဲသဲမဲမဲ့ရွာချတဲ့ရက်လွဲရင်ပေါ့။ တစ်ရက်တော့ ကုန်းကျော်ပေါ်ကနေသွားချင်စိတ်ပေါ်လာလို့ကုန်းကျော်ပေါ်အတက် ဟိုမြောက်ဘက်မှာ ရွှေရောင်တွေဝင်းပနေတဲ့ စွယ်တော်စေတီကို ကျက်သရေရှိစွာဖူးအပြီး အောက်ဖက်ကို ကြည့်လိုက်တဲ့အခါ လှပတဲ့ပန်းပင်လေးတွေကိုမြင်လိုက်ရတော့ ဘယ်ဘက်ခြမ်းကိုကြည့်လိုက်တော့ ကျနော်ခဏတည်းနေတဲ့အိမ်လေးကို မြင်နေရတယ်လေ တကယ်ပြောရရင် ထူးလဲမထူး လှလဲမလှ ဒါပေမယ့်ယာယီကွန်းခိုဖြတ်သန်းခဲ့ရတဲ့နေရာလေးမို့ ရင်ထဲမှာ ဘယ်လောက်ကြာကြာ သတိရနေမယ်မသိဘူးနော်.


“ကိုပေါက်လမ်းသလားနေသည်( အပိုင်းသုံး) (ရွှေပြည်ကြီးသို့အဝင်)” ဒါနဲ့ဘဲ(27-6-2011)နေ့ညနေ7နာရီလောက်မှာ ကျနော့်အလုပ်ထဲက ကလေးတွေနဲ့အတူ ကျွဲဆည်ကန်ကားကြီးဝင်းကို သွားကြပါတယ်။ ခုံနံပါတ်ရှာ သယ်လာသမျှ ဗြုတ်စဗျဉ်းတောင်း ပစ္စည်းတွေကို ကားပေါ်တင်ပြီးတာနဲ့ကလေးတွေကို မိန့်ခွန်းတွေချွေ ငါးမိနစ်အလိုကားပေါ်တက်ဘု့ိနှိုးဆော်မှ ကားပေါ်အပြေးအလွားတက်၊ ကားကလဲအချိန်တိတိကျကျ ည8နာရီတိတိမှာထွက်ပါတယ်။ ကားပေါ်ရောက်တဲ့အခါ (ခရီးတစ်ခုသွားမယ်ဆိုရင် အိပ်ပြီးလိုက်သွားသွား ဟိုကြည့်ဒီကြည့်နဲ့မှတ်မှတ်သားသားဘဲသွားသွား အချိန်တန်ရင်တော့ လိုရာခရီးကိုရောက်သွားမှာပါဘဲတဲ့။ ဒါပေမယ့် အိပ်သွားသူနဲ့မှတ်မှတ်သားသားသွားသူ အရေးအကြောင်းဆိုရင်တော့ သိသိသာသာကွာသွားပါသတဲ့။ အဲလိုဘဲလူ့လောကကြီးမှာလဲ ဘဝကို အိပ်ပြီးဖြတ်သန်းခဲ့သူနဲ့သတိတရားနဲ့သွားသူရေရှည်မှာကွာသွားတတ်ပါသတဲ့။ အဲတော့ ခရီးသွားရင် အိပ်မလိုက်နဲ့ မြင်မြင်သမျှကြည့်သွား။ ဘဝကိုဖြတ်သန်းရာမှာလည်း မှတ်မှတ်သားသား နဲ့ဖြတ်သန်းကြပါတဲ့။) ဆိုတဲ့စကားလေးမှာ နားထဲမှာကြားနေပါတယ်။ ဒီစကားစုလေးကတော့ ကျနော်လုပ်ငန်းခွင်ထဲစတင်ရောက်ချိန် ငယ်ဆရာတစ်ဦးက သင်ပေးခဲ့၊ ကိုယ်ကလဲ ဒီအတွေးလေးကို နှစ်သက်လို့ သဘောကျလွန်းတော့လိုက်နာခဲ့တာတင်မကဘဲ ကိုယ်နဲ့သက်ဆိုင်သမျှ သူတွေကိုလည်းပြန်လည်လို့မျှဝေခဲ့ပါတယ်။ ကားလေးက အရှိန်ဖြည်းဖြည်းနဲ့ထွက်စ မျက်စေ့ကလဲ ဟိုငေးဒီငေး ၊ […]


ဟိုအရင်က ဆူးလေစေတီတော်ရဲ့ပုံတော်ကတော့ ကျနော်ရိုက်ထားတာမရှိပါဘူး။ ဆူးလေစေတီကို ကျနော်တို့က ကပ်ကျော်ဘုရားလို့လဲအမည်တပ်ပါတယ်။ ဘာလို့လဲဆိုတော့ ဆူူးလေဘုရားနားသာဖြတ်သွားတယ် တက်မဖူးဖြစ်တာများလို့ပါ။ အရင်ကဆိုရင်ဆူးလေဘုရားက လမ်းအလည်ခေါင်မှာ ထီးထီးကြီး မြင့်မြင့်မားမား အခုတစ်ခေါက်ရောက်တော့ ဘုရားနဲ့အပြိုင်အဆောက်အဦးအပြာကြီးကိုမြင်လိုက်တော့ စိတ်ထဲမှာဘာလိုလိုကြီးဖြစ်သွားပါတယ်။ </a ရန်ကုန်ရောက်တုန်းဆူးလေးကို ဖူးမြင်ရတော့မှတ်တမ်းတင်လိုက်မိပါတယ်။ ဟိုအရင် ရန်ကုန်ရောက်စက ကျနော်ဘယ်သွားသွား ဆူးလေကို လာပြီးမှသွားတာလေးကိုလဲပြန်သတိရမိပါတယ်။ အရင်ကနဲ့မတူ ထူးနေတဲ့ဆူးလေလို့စိတ်ထဲမှာထင်မိပါတယ်၊ ဒါကြောင့်လဲ……………………………………………..


“ကိုပေါက်လမ်းသလားနေသည်( အပိုင်းနှစ်) (မြို့ကိုသွားရန်အကြောင်းဖန်)” ပြီးခဲ့တဲ့ခြောက်လပိုင်း လလယ်လောက်မှာ ရန်ကုန်မှာနေတဲ့ တူမလေးတစ်ယောက်ကိုအိမ်ထောင်ချပေးတော့မယ်လို့ သူ့အမေက သတင်းပေးလာပါတယ်။ တူမလေးကလဲ သူမင်္ဂလာဆောင်တော့မယ်ဆိုတဲ့အကြောင်း သူ့အမေကလဲသဘောတူပြီဆိုတဲ့အကြောင်းကို အီးမေးလ်ကနေစာပို့လိုက်ပါတယ်။ သူ က မြန်မာပြည်ရဲ့ ပြင်ပက နိုင်ငံတစ်ခုမှာအလုပ်လုပ်နေရာကနေ ဝါမဝင်ခင်ပြန်လာ မင်္ဂလာဆောင် ပြီးတာနဲ့လင်မယား နှစ်ယောက်အတူပြန်ထွက်ကြမှာပါ။ (လွမ်းစရာကောင်းအောင်ပြောရရင် အစက ကြောင်ကြီးအတွက်လို့ စဉ်းစားထားတဲ့တူမလေးပါ။ ကျနော်မသိလိုက်တာက အခုလက်ထပ်တဲ့ကောင်လေးနဲ့ကြိုက်နေတာ 5နှစ်တောင်ရှိပြီဆိုပါတယ်။ အားနာလိုက်တာ ကြောင်ကြီးရယ်) ကျနော်တို့နဲ့သူ တို့မိသားစု မန္တလေးမှာ အတူနေခဲ့ကြတာပါ။ သူ ငယ်ကတည်းက ထိန်းကျောင်းချီပိုးလာတော့ အတော်လေးလဲ သံယောဇဉ်ရှိတဲ့ကလေးဖြစ်နေတော့ လက်ဖွဲ့လေးလှမ်းပေးရုံလောက်နဲ့ မကျေနပ်နိုင်ဘဲ မင်္ဂလာပွဲကိုကိုယ်တိုင်သွားချင်ပါတယ်။ နောက်တစ်ချက်ကတော့ ကျနော်ကလဲ ရန်ကုန်ကိုမရောက်တာကြာတော့ “ကိုပေါက် “ ဘဝရောက်မှသိလာရတဲ့မိတ်ဆွေများကိုလဲတွေ့ချင်တာလဲပါ ပါတယ်။ ဒါနဲ့ဘဲ သွားမယ်လို့ဆုံးဖြတ်ပြီးတော့ အလုပ်တွေလွှဲဘို့စီစဉ်ရပါတော့တယ်။ နောက်မန္တလေးဇာတိဖြစ်ပေမယ့်ရန်ကုန်မှာရောက်နေတဲ့အမျုးိတွေကလဲများပါတယ်။ အဲတော့ […]


ရန်ကုန်ကစွယ်တော်စေတီကိုသွားတဲ့လမ်းတစ်လျောက်မှာ မန်းလေးမှာကျနော်မမြင်ဘူးတဲ့စွယ်တော်ပန်းအဖြူတွေကိုတွေ့ရပါတယ်။ ဒီပုံလေးကတော် စွယ်တော်ပွင့် တစ်ပွင့်ထဲပုံလေးပါ။ စြွယ်တော်ဘုရားနဲ့စွယ်တော်လမ်း အင်မတန်မှလိုက်ဖက်လှပါတယ်။ ရန်ကုန်စွယ်တော်မြတ်စေတီသွားရာလမ်းမှာတွေ့ခဲ့ရတဲ့ စွယ်တော်ပန်းအဖြုနဲ့ လမ်းတစ်လျောက်က စွယ်တော်ပင်ကိုတင်ပေးလိုက်ပါတယ်။


ဒါကတော့ ရန်ကုန်မှာရှိတဲ့ရွှေပုစွန်ကို မိတ်ဆွေတွေနဲ့မုန့်သွားစားကြတော့ ဘုရားမှာထန်းပင်ရှိနေတာကို မချင့်မရဲဖြစ်နေတဲ့ ကိုကိုပုကို သတိရလို့ပေါ့။ ထန်းပင်မှာ ထန်းရေးအိုးလေးတွေ တန်းလန်းချထားတာ သွားရည်ကျချင်စရာဗျာ။ ကဲကိုကိုပုနဲ့ ရွာသားများအတွက်ပြီးသွားတော့ ရွာသူလေးများအတွက် ပန်းတွေလာပါမယ်။ ဒါကတော့ ရွာသူလေးများအတွက်သစ်ခွပန်းလေးပါ။ ဒါကတော့ရွှေငးါလေးတွေပါ ကန်ထဲမှာအလှမွေးထားတာ ပုံလေးတွေကတော့ မထူးဆန်းပါဘူး။ ဒါပေမယ် လှတယ်ထင်လို့ ရွာထဲက မိတ်ဆွေများအတွက်လက်ဆောင် ဒါကတော့ အိမ်ရှမင်မများအတွက် ချက်စားဘု့ိမိူပွင့်လေးပါ။


တရုပ်ပြည်က စွယ်တော် မြန်မာပြည်ကို ဒေသစာရီကြွချီတော်မူလာတဲ့အချိန်ကစလို့ မြန်မာပြည်မှာ စွယ်တော်စေတီတွေတည်ထားကိုးကွယ်ခဲ့ကြပါတယ်။ ဒါကတော့ မန်းလေးက စွယ်တော်ပုံ(1) ဒါကလဲ မန်းလေးက စွယ်တော်စေတီပုံလေးပါဘဲ မြင်တဲ့ဒေါင့်တော့ မတူဘူးပေါ့။ ဒါကလဲရတနာပုံမန်းလေးက စွယ်တော်ပါဘဲ။ အောက်ကပုံကတော့ ဘုရားပေါ်မှာငှက်ကလေးတွေဝဲနေပါတယ်။ အောက်ကပုံတွေကတော့ ရန်ကုန်က စွယ်တော်စေတီပါ။ ဒါပုံတော်ကတော့ရန်ကုန်က စွယ်တော်စေတီပုံ(1) ဒါကတော့ရန်ကုန်ကစေတီပေါ် ရွှေကျီးလေးနားနေတဲ့ပုံ ဒါကလဲ မတူသလိုတူသလိုအမြင်နဲ့ ရန်ကုန်ကစွယ်တော်စေတီပါ။ မတူညီတဲ့ စွယ်တော်ပုံလေးတွေကတော့ အများကြီးပါ။ ကဲအားပါးတရဖူးကြပါတော့နော်။ ရန်ကုန်စွယ်တော်ပုံတွေက ထပ်တင်အုံးမှာနော်။ ရန်ကုန်လာတုန်း ဆူးလေ ရွှေတိဂုံ ဗိုလ်တစ်ထောင် နဲ့ ရေလည်ကျောက်တန်းဘက်က ပုံတွေအများကြီးတင်ဘို့ကျန်ပါသေးတယ်။ တစ်ရက်နှစ်ပုဒ်နုန်းဆိုတဲ့ ပေးထားတဲ့ အမိန့်ကို လေးစားစွာလိုက်နာပါတယ်။ ဘာလို့လဲဆိုတော့ ကျနော်က မြန်မာစာတတ်တယ်လေ။။ မြန်မာလိုရေးထားတာကို မြန်မာလို မဖတ်တတ်သူများကတော့ တစ်ရက်ထဲ အများကြီးတင်တာကိုတွေ့လို့ လျှာရှည်ကြည့်တာပါ။ ဘာသံများထွက်မလဲလို့။