တညင်ကိုရောက်တဲ့အခါ ရုပ်ရှင်အဖွဲ့သားတွေ လာပြီး အမြဲရုပ်ရှင်ရိုက်တယ်ဆိုတဲ့ ကျိုက်ဒေးဝ ဘုရားကို မိတ်ဆွေကလမ်းပြလို့ ခေါ်ဆောင်သွားပါတယ်။ ဒီစေတီလေးက အင်မတန်အေးချမ်းတဲ့တောလမ်းလေးထဲကို လမ်းမကြီးကနေဖဲ့ဝင် သာမန်လာလည်တဲ့ဧည့်သည်ဆိုရင် တကယ်ရောက်ဘို့မလွယ်ပါဘူး။ သစ်ပင်တွေကြားထဲကနေ လမ်းအကွေ့ထဲကနေ ဘုရားပရဝုဏ်ထဲလဲဆင်းလိုက်ရော ရှေ့မှာမြင်လိုက်ရတဲ့မြင်ကွင်းက ကျနော့်ကို မှင်သက်မိသွားစေပါတယ်။ ကားပေါ်က ဆင်းဆင်းခြင်း ထုတည်ကြီးမားပြီး အနီရောင်မှိန်ဖျော့လို့ပန်းရောင်အသွေးကိုပြောင်းရေညှိတွေတစ်ဝက်တစ်ပျက်ဖုံးနေတဲ့ရှေးဟောင်းအဆောက်အဦတစ်ခုကိုဘွားကနဲတွေ့လိုက်ရပါတယ်။. နဖူးစည်းမှာရေးထားတာ 1909 ဒီကျောင်းဆောင်လေးရဲ့ ထိပ်မှာ 1909ခုလို့ အုဌ်နဲ့စာလုံးထွင်းထားတာ မြင်ရပါတယ်။ မေးကြည့်တော့ ရှေးက တရားကျင့်တဲ့ ဂူလေးတွေဆိုတာကလွဲလို့ပိုမသိခဲ့ရပါဘူး။ ဒါကတော့ ဘေးဘက်က မြင်ကွင်း…………. ဝင်ဝင်ခြင်းမြင်ရတဲ့ဂူလေးရဲ့နောက် က ခြုံနွယ်ပိတ်ပေါင်းတွေနဲ့ဖုံးလွှမ်းနေတဲ့ မုဒ်ဦးနဲ့လှေခါးလေးပါ။ ပိုနီးနီးလေးကနေမြင်ရတဲ့ပုံလေးပါ။ စစခြင်းမြင်ရတဲ့ဂူလေးနဲ့မျက်နှာခြင်းဆိုင်မှာ တွေ့ရတဲ့ဂူလေးပါဘဲ။ ပုံလေးတွေက ခပ်ဆင်ဆင် ဒါပေမယ့်ဒေါင့်ပေါင်းစုံက ရိုက်ခဲ့တာမို့ချန်မထားချင်တာကြောင့်…………… 1975ခုနှစ်ပုဂံငလျင်မှာ စေတီတော်တော်များများပြိုပျက်သွားခဲ့ပါတယ်။ အဲဒီအချိန်ကျနော်ပုဂံကိုမရောက်ဘူးသေးပါဘူး။ 1978 ကျနော်ပထမဆုံးပုဂံကိုရောက်ပါတယ်။ ဘယ်နေရာကြည့်ကြည့်ဖုံထူထူမြေလမ်းကလေးနံဘေးမှာ ချုံဖုတ်လိုအပင်လေးတွေနဲ့။ […]
