အဟောင်းတန်ဖိုး=?

တညင်ကိုရောက်တဲ့အခါ ရုပ်ရှင်အဖွဲ့သားတွေ လာပြီး အမြဲရုပ်ရှင်ရိုက်တယ်ဆိုတဲ့ ကျိုက်ဒေးဝ ဘုရားကို မိတ်ဆွေကလမ်းပြလို့ ခေါ်ဆောင်သွားပါတယ်။
ဒီစေတီလေးက အင်မတန်အေးချမ်းတဲ့တောလမ်းလေးထဲကို လမ်းမကြီးကနေဖဲ့ဝင် သာမန်လာလည်တဲ့ဧည့်သည်ဆိုရင် တကယ်ရောက်ဘို့မလွယ်ပါဘူး။
သစ်ပင်တွေကြားထဲကနေ လမ်းအကွေ့ထဲကနေ ဘုရားပရဝုဏ်ထဲလဲဆင်းလိုက်ရော ရှေ့မှာမြင်လိုက်ရတဲ့မြင်ကွင်းက ကျနော့်ကို မှင်သက်မိသွားစေပါတယ်။
ကားပေါ်က ဆင်းဆင်းခြင်း ထုတည်ကြီးမားပြီး အနီရောင်မှိန်ဖျော့လို့ပန်းရောင်အသွေးကိုပြောင်းရေညှိတွေတစ်ဝက်တစ်ပျက်ဖုံးနေတဲ့ရှေးဟောင်းအဆောက်အဦတစ်ခုကိုဘွားကနဲတွေ့လိုက်ရပါတယ်။.
နဖူးစည်းမှာရေးထားတာ 1909
ဒီကျောင်းဆောင်လေးရဲ့ ထိပ်မှာ 1909ခုလို့ အုဌ်နဲ့စာလုံးထွင်းထားတာ မြင်ရပါတယ်။
မေးကြည့်တော့ ရှေးက တရားကျင့်တဲ့ ဂူလေးတွေဆိုတာကလွဲလို့ပိုမသိခဲ့ရပါဘူး။
ဒါကတော့ ဘေးဘက်က မြင်ကွင်း………….
ဝင်ဝင်ခြင်းမြင်ရတဲ့ဂူလေးရဲ့နောက် က ခြုံနွယ်ပိတ်ပေါင်းတွေနဲ့ဖုံးလွှမ်းနေတဲ့ မုဒ်ဦးနဲ့လှေခါးလေးပါ။
ပိုနီးနီးလေးကနေမြင်ရတဲ့ပုံလေးပါ။
စစခြင်းမြင်ရတဲ့ဂူလေးနဲ့မျက်နှာခြင်းဆိုင်မှာ တွေ့ရတဲ့ဂူလေးပါဘဲ။
ပုံလေးတွေက ခပ်ဆင်ဆင် ဒါပေမယ့်ဒေါင့်ပေါင်းစုံက ရိုက်ခဲ့တာမို့ချန်မထားချင်တာကြောင့်……………
1975ခုနှစ်ပုဂံငလျင်မှာ စေတီတော်တော်များများပြိုပျက်သွားခဲ့ပါတယ်။
အဲဒီအချိန်ကျနော်ပုဂံကိုမရောက်ဘူးသေးပါဘူး။
1978 ကျနော်ပထမဆုံးပုဂံကိုရောက်ပါတယ်။
ဘယ်နေရာကြည့်ကြည့်ဖုံထူထူမြေလမ်းကလေးနံဘေးမှာ ချုံဖုတ်လိုအပင်လေးတွေနဲ့။
ဘယ်နေရာကိုကြည့်ကြည့် အုဌ်နီစွေးစွေးနဲ့ဘုရားအပြိုအပျက်တွေမြင်ရတဲ့အခါ။
ရင်ထဲမှာဖော်မပြနိုင်တဲ့ခံစားမူ့တွေနဲ့ပေါ့။
2003 ကျနော်ပုဂံကိုနောက်တစ်ခေါက်ရောက်ပါတယ်။
နေရာတိုင်းမှာသန့်ရှင့်းသပ်ရပ်။
ကျောက်လမ်းမကြီးဖြူးဖြောင့်။
ပြုပြင်ထားသော စေတီပုထိုးများကလဲ သစ်သစ်လွင်လွင်။
ရင်ထဲမှာ တစုံတရာပျောက်ဆုံးသွားသလိုခံစားခဲ့ရပါတယ်။
ရှေးလူကြီးများရဲ့ အတတ်ပညာ၊စေတနာတွေနဲု့တည်ဆောက်ထားခဲ့တဲ့
ရှေးဟောင်းပစ္စည်းများရဲ့တန်ဘိုးကို တန်ဘိုးဖြတ်မယ်ဆိုရင်တော့
အတော်လေးကို ခက်မယ်လို့ ခံစားရပါတယ်။
ကျနော်ကတော့ အစားထို်းမရတဲ့ရှေးဟောင်းပစ္စည်းများကို တန်ဘိုးထားပါတယ်။
ဒါကြောင့် အစားမထိုးသင့်ဘူးလို့ ယုံကြည်ပါတယ်နော်။

14 comments

  • ဆူး

    July 12, 2011 at 10:19 pm

    ကိုကို ဒါလင်ပေါက်.. ရေညှိတွေနဲ့ ချော်လဲမယ်နော် ရှင် သတိလည်း ထားအုန်း.. မဒမ်ပေါက် ရဲ့ အသံလေး ကြားယောင်မိတယ်။

    Reply

  • weiwei

    July 12, 2011 at 10:22 pm

    ကျိုက်ဒေးဝဘုရားက ကျိုက်ခေါက်ဘုရားလိုပဲ ဆံတော်အစစ်နဲ့ တည်ထားကိုးကွယ်ခဲ့တဲ့ ဘုရားဖြစ်ပါတယ် ….
    ဘုရားပတ်ဝန်းကျင်မှာ သစ်ပင်တွေပေါပြီး တောကြီးတစ်ခုလိုဖြစ်နေတော့ ရုပ်ရှင်ရိုက်တဲ့သူတွေ ကြိုက်ကြတယ် …
    ဓါတ်ပုံတွေကြည့်ရတာ လွမ်းသလိုလိုဖြစ်လာတယ် … ဘာကိုလွမ်းလို့လွမ်းမှန်းတော့မသိဘူး … 😛

    Reply

  • naywoonni

    July 12, 2011 at 10:44 pm

    လွမ်းတာလည်း ကြည့်လွမ်းနော်..။ လွမ်းတိုင်းကောင်းတာမဟုတ်ဘူးဗျ……. 😛

    Reply

  • unclegyi1974

    July 12, 2011 at 11:13 pm

    ကိုပေါက်ရဲ့ရှေးဟောင်းကခေတ်မှီတဲ့ရှေးဟောင်း
    စလောင်းတွေဘာတွေနဲ့

    Reply

  • ရွှေ မင်း သား

    July 13, 2011 at 6:08 am

    ဟုတ်တယ်ဗျို့
    ပုဂံမှာ ဘုရားဒကာများရဲ့ အစွမ်းနဲ့ ဘုရားတွေလဲ ခေတ်မှီနေပြီ ဗျို့။

    Reply

  • ဟုတ်တယ် အန်ကျယ်ဂျီးရေ
    စလောင်းက အဓိက မဟုတ်ဘူး။
    အဟောင်းဆိုရင် ဖြိုချပြီး ကမ္ဗည်းထိုးချင်တဲ့သူပေါ်လာမှာစိုးလို့ပါ။

    Reply

  • pan pan

    July 13, 2011 at 9:31 am

    နှစ်ပေါင်း၁၀ဝကျော်တော်ကြာခဲ့တာပဲ
    တော်တော်ခိုင်ခံ့တာပဲနော်
    ရန်ကုန်က ကန်ထရိုက်တိုက်နဲ့များ ကွာပါ့
    တိုက်ဟောင်းဆိုရင် တိုက်ခန်းဈေးသိပ်မရချင်ဘူး

    Reply

  • ရွှေဘိုသား

    July 13, 2011 at 9:47 am

    ဘာပဲဖြစ်ဖြစ် ဖူးမျှော်ခွင်.ရလို. ကျေးဇူးတင်ပါတယ်
    ဟိုတိုင်းဆို ဘယ်နားမှာတောင်မသိဘူး

    Reply

  • စုံ စုံ

    July 13, 2011 at 10:08 am

    လေးပေါက်တင်မှဘဲဒီဘုရားကိုဖူးရတော့တယ်
    တညင်မှာကျောင်း၃နှစ်သာတက်ခဲ့တယ်
    တခါမှမရောက်ခဲ့ဘူးဘူး
    ဘယ်နားမှာရှိမှန်းတောင်မသိခဲ့ဘူး

    Reply

  • good

    July 13, 2011 at 10:49 am

    အဆောက်ဦ သေးသေး လေး မှာ မြန်မှု ပန်းရံ လက် ရာ စုံ ပါဝင်ရုံ မကဘူး အတော် လေး သပ်ရပ် တိကျတယ် နော်။
    သဘာဝ ဘေး ကြောင့် ပျက်စီး ရတာ မဟုတ်ပဲ ထိမ်းသိမ်း မှု အားနည်း လို့ ခု လို ပုံ ဖြစ်နေ တာတော့ စိတ် မကောင်း ဖြစ်မိတယ်။

    Reply

  • pooch

    July 13, 2011 at 3:11 pm

    အခုမှပဲ တညင်ဘက်မှာ ဒီလိုလေးတွေ ရှိမှန်းသိတော့တယ် . ကိုယ့်ဘာသာကိုယ်ဆို ရောက်ဖို့မလွယ်ဘူး

    Reply

  • etone

    July 13, 2011 at 3:48 pm

    မိုးရွာပြီးချိန်ဆို ကျွတ်တွေ ၊ တီကောင်တွေ လန်းလန်း လန်းလန်း သွားနေမှာပဲ 🙁 🙁

    Reply

  • padonmar

    July 13, 2011 at 6:39 pm

    ရှေးဟောင်းပစ္စည်းလို့ သတ်မှတ်ပြီဆိုရင်တော့ ရှေးမူမပျက် တာရှည်ခံရုံကလွဲရင် သစ်လွင်တောက်ပသွားတာနဲ့ တန်ဖိုးကျသွားတာပါဘဲ။
    ဒါကိုနားမလည်ဘဲ ဘုရားဟောင်းပြင်ကုသိုလ်ရတယ်ဆိုပြီးပြင်ထည့်လိုက်လို့ကတော့…………….

    Reply

  • ဒီနေရာတွေရောက်ခဲ့ရတာ ကိုပေါက်အစွမ်းကြောင့်မဟုတ်ပါဘူး။
    ဒီနေရာတွေကို လမ်းပြပေးသူရယ် ရောက်အောင်ပို့ပေးသူတွေ ရဲ့ကျေးဇူးကြောင့်သာ ရောက်ပြီး
    အခုလို မိတ်ဆွေတွေကိုပြန်လည်မျှဝေပေးနိုင်တာပါဗျာ။

    Reply

Leave a Reply

Your email address will not be published.