“ကိုပေါက်လမ်းသလားနေသည် အပိုင်းတစ် (တောသားမြို့ သွားစီစဉ်ခန်း)” ကျနော်ရန်ကုန်ကို မရောက်တာ 1983ခုနှစ်ကတည်းကဆိုတော့ 29နှစ်။ ကျနော်သူငယ်ချင်းဟောင်းမှန်သမျှ နိုင်ငံခြားရောက်သူရောက် မြန်မာပြည်အနှံ့ရောက်သူရောက် ရန်ကုန်မှာဘယ်သူမှ မရှိတော့ဘူး။ အဲတော့ ရန်ကုန်ကိုလာဘို့စိတ်ကူးမရှိခဲ့ဘူး။ 2009ကစလို့ ဘာအခွင့်အလမ်းမှ မျော်လင့်စရာမရှိတဲ့ အင်တာနက်မှာ ဝါသနာအရ စာရေးလိုက် ဓါတ်ပုံတွေတင်လိုက်လုပ်ရာကနေ ကိုပေါက်(မန္တလေး)ဆိုတဲ့ နာမယ်လေးက လူသိလာပါတယ်။ လူသိတယ်ဆိုတာလဲ အများကြီးမသိပါဘူး စာတစ်ခါရေးမှ ကော်မင်းလေး ဆယ်ခုတောင်မရသေးတဲ့ စာပေဝါသနာအိုးပါ။ (ဒါပေမယ့် ကို်ယ့်စိ်တ်ထဲတော့ လူအတော်သိနေပြီဆိုပြီး တစ်ခါတစ်ခါ ဘဝင်တွေမြင့်တတ်ပါတယ်။ ပညာသည်လဲမဟုတ်တော့ အများကြီးလဲ မပြောတတ်ပါဘူး။) လောလောဆယ် ကျနော်ဝင်ပြီးတစ်ခါထဲရေးနေတဲ့ဆိုက်တွေကတော့ (1) မြန်မာသူငယ်ချင်းများနေ့ (2) poemscornor (3) အိမ်လွမ်းသူ (4)ချောကလက်မြို့တော် (5)ထာဝရသူငယ်ချင်းများ (6)ချစ်သူမြို့တော် အပါအဝင်ဆယ်ခုလောက်ရှိမယ်ထင်ပါတယ်။ အဲတော့ စာတွေရေးနေရင်းက အဲဒီဆိုက်က မိတ်ဆွေများလဲရှိလာပါတယ်။ […]


“အတိတ် သို့အလွမ်း” သက်ဆိုင်သူတွေလွမ်းကြပါတဲ့………………. မေ့ထားတာကို သတိတွေရအောင် လုပ်ရက်တဲ့သူ။ အတိတ်ဟောင်းရဲ့ အလွမ်းတွေကို ပြတ်ဆက်တဲ့ ကိုဖက်တီး ရေ……………….. ဝေးနေတာကြာတဲ့ တက္ကသိုလ်မြေက မှတ်တမ်းပုံတွေကို ကိုမြင်မိတော့……………………… အင်းလျား ရေတမာ ဦးချစ် သစ်ပုတ်ပင်နဲ့ ဂျဒ်ဆင် ဘွဲနှင်းသဘင်ခန်းမ အဓိပတိလမ်းမ တစ်ခါတစ်လေ မျက်စေ့လည်မှရောက်တတ် တဲ့စာသင်ခန်း ညည သီချင်းတွေသွားဆိုတဲ့ အဆောင်များ ချစ်သူနဲ့ ကြည်နူးဖွဲ့ဆင်ခဲ့တဲ့ခုံတန်းလျား အလွမ်းစကားတွေနဲ့ လမ်းခွဲစကားဆိုခဲ့တဲ့ မြေနီလမ်း မိုးရေစက်များ ရွက်ကြွေများ တောင်ပိန္နဲသီးအပိုင်းအစများ ရယ်မောသံများ ရှိုက်ငိုသံများ လက်ခုပ်သံများ တက်ခေါက်သံများ သီချင်းသံများ များ………များ……………များ ကြား………ကြား…………..ကြား ယောင်လာမိပေါ့ နားထဲမှာ။ ဟိုအရင် တက္ကသိုလ်ရက်များထဲကအသံတွေပေါ့။ အတိတ်ဆိုတာတော့ အတိတ်ပါဘဲ။ ပြန်ပြင်ဆင်လို့မရပေမယ့် သူ ရင်ထဲကို ခဏခဏ အလည်လာတယ်လေ………………… ကဲအခြေအနေမပေးလို့ […]


“တစ်ခါစား ……….အပိုစား နဲ့ အလျော့စား” တစ်ရက်လမ်းသွားရင်း ဆိုင်ကယ်ဘီးပေါက်ပါလေရော။ ဖြစ်ချင်တော့ နယူးစီပီလိုင်းလို လူနေအိမ်ခြေကျဲပါးတဲ့ ရပ်ကွက်ထဲမှာဆိုတော့ ဆိုင်ကယ်ဘီးဖာတဲ့ဆိုင်က အလွယ်တကူနဲ့ရှာမတွေ့ပြန်ပါဘူး။ အဲတော့လဲ ဆိုင်ကယ်က လူပြန်စီးသပေါ့။ လေးငါးပြလောက်တွန်းပြီးတဲ့အခါမှာ စက်ဘီးပြင်တဲ့ခုံလေးချထားတဲ့ဆိုင်လေးတွေ့တော့ အတော်ဝမ်းသာသွားပါတယ်။ အဲဒီဆိုင်လေးမှာလည်း “ဆိုင်ကယ်ဘီးဖာသည်”လို့မြေဖြူခဲနဲ့ရေးထားတဲ့ ဆိုင်းဘုတ်လေးတွေ့တော့ ပိုသေချာသွားတာပေါ့။ လှမ်းကြည့်လိုက်တော့ ဆံပင်စုတ်ဖွားနဲ့လူတစ်ယောက်ထဲ မြေကြီးပေါ်ဖင်ချထိုင်ပြိးဆေးပေါ့လိပ်ဖွာနေပါတယ်။ သူနဲ့မလှမ်းမကမ်းမှာတော့ သူလို့ဆိုင်လေးတစ်ဆိုင်တွေ့ပါတယ်။ အဲဒီဆိုင်ကချထားတဲ့ခုံတန်းလျားလေးမှာ ထိုင်နေတဲ့လူနှစ်ယောက်သုံးယောက်ရယ် ဆိုင်ကယ်နှစ်စီးရပ်ထားတာကိုတွေ့ရပါတယ်။ ကြည့်ရတာ ဆိုင်ကယ်ဘီးဖာမလို့စောင့်နေတဲ့ ကျနော်လိုလူတွေဘဲဖြစ်မယ်ထင်ပါတယ်။ ကျနော်ကလဲ မစောင့်ချင်တာရယ် မြန်မြန်ပြီးချင်တာရယ်ကြောင့် လူရှင်းတဲ့ဆိုင်ကို ဘဲ ဝင်လိုက်ပါတယ်။ ကျနော်ဆိုင်ရှေ့ရောက်တော့ မြေကြီးပေါ်ထိုင်နေတဲ့လူက “ဘီးဖာမှာလား “လို့မေးသံကြားတော့ နည်းနည်းတော့ စိတ်တိုသွားပါတယ်။ ဒါနဲ့ဘဲ “ဟုတ်တယ်”လို့ခပ်တိုတိုပြောပြီး အဲဒီနားက ခုံပေါ်ထိုင်ချလိုက်ပါတယ်။ အဲဒီကိုစုတ်ဖွားကတော့ ဆိုင်ကယ်ကို ဒေါက်ထောက်ပြီး ဘီးဖြုတ်ပါတော့တယ်။ လုပ်တာကိုင်တာကလဲ စိတ်မရှည်သလိုဟိုဆောင့်ချဒီဆောင့်ချနဲ့ပါ။ […]


အခုတလောမြန်မာပြည်မှာ အင်စတော်လေးရှင်းလို့ ဘိုလိုခေါ်တဲ့ထူးထူးဆန်းဆန်းပြကွက်လေးတွေကို အနုပညာမြောက်စွာတွေ့ရပါတယ်။ စစ်ကိုင်းတောင်ရောက်တော့ တကယ့်သဘာဝ အင်စတော်လေးရှင်းတွေကိုတွေ့လိုက်ရပါတယ်။ ရူ့စားတော်မူကြပါ. ဒါကတော့ ဆွမ်းဦးပုညရှင်(စစ်ကိုင်းတောင်ပေါ်)ကဘုရားရဲ့အရှေ့ဘက်မှာရှိတဲ့ တရုပ်စံကားပင်ရဲ့ သဘာဝ အင်စတော်လေးရှင်းအမှတ်တစ်ပါ။ ဒါကတော့ ဒုတိယမြောက်အင်စတော်လေးရှင်း။ ဒါကတော့ စစ်ကိုင်းတောင်အဆင်းလမ်း မှာတွေ့ရတဲ့ ဘုရားပုရဝုဏ်ထဲက တရုပ်စကားပင်တွေရဲ့သဘာဝအင်စတော်လေးရှင်းပါ။ ဒါလေးကတော့ နှစ်ပင်တွဲပေါ့။ ဒါကတော့သုံးယောက်ပေါင်းပြီးပြတာလေ။ ကဲသဘာဝ အင်စတော်လေးရှင်းလေးက မလှလားဗျာ.


ငယ်ငယ်တုန်းက မြက်ခင်းပေါ်လှဲအိပ်လို့ကျယ်ပြန့်တဲ့ကောင်းကင်ပြာကြီးကိုမော့ကြည့်ရင်း စိတ်တွေကိုလဲ လွင့်မျောနေတဲ့တိမ်တွေနဲ့အတူလိုက်ပါစေခဲ့ဘူးပါတယ်။ ငယ်တွေးလေးကတော့ တိမ်ပန်းချီကို ရေးဆွဲသူ ဘယ်သူပါလဲပေါ့။ အဲဒီကစလို့ တိမ်တွေကို လိုက်ကြည့်တာအကျင့်တစ်ခုလိုဖြစ်နေခဲ့ပါတယ်။ ဒါကတော့ နေ့လည်ခင်းတစ်ခု စစ်ကိုင်းဘက်သွားရင်းရွှေကြက်ယက်ဆိပ်ကမ်းမရောက်ခင် စစ်ကိုင်းတောင်နဲ့တံတားအသစ်ကြီးပေါ်မှာမြင်ရတဲ့တိမ်။ ဒီပုံလေးကတော့ အဲဒီနေ့တနေ့တည်းမှာဘဲ စစ်ကိုင်းမြို့ထဲကရောက်သွားတဲ့အချိန် မြင်ရတဲ့တိမ်တောင်ထုပေါ့။ ဒီတိမ်လေးကတော့ စစ်ကိုင်းတောင် ဆွမ်းဦးပုညရှင်ကနေ မန်းလေးဘက်ကမ်းမှာရှိနေတဲ့တိမ်ကို လှမ်းမြင်နေရတာပေါ့။ ဒါလေးတော့မန်းလေးကျုံးရေပြင်ရဲ့အထက်မှာရှိတဲ့တိမ်ထု။ ဒါလေးကတော့ တောင်ရဲ့အထက်မှာရှိနေတဲ့တိမ်။ ဒါကတော့ ပြင်ဦးလွင်ဘက်က အပြန် နားဋောင်းကျချောင်းနားအရောက် နေရောင်ခတော့ ငွေရောင်တွေနဲ့လက်လက်ထနေတဲ့တိမ်ပန်းဆိုင်းလေးပေါ့။ ဒါကတော့ 35လမ်းအနောက်ဖက်ကောင်းကင် နေရောင်အလက်မှငွေရောင်တွေကြောင့်လှနေတော့ တိမ်တောင်ထုပါ။ ဒါကတော့ လူသူအရောက်အပေါက်နည်းတဲ့နေရာကတိမ်တောင်လေးပါ။ မတူတဲ့နေရာက မတူတဲ့နေ့ရက်က တိမ်တွေကို တစ်စုတစ်စည်းထဲကြည့်မိတဲ့အခါ တူတဲ့အချက်ကတော့ သဘာဝကြီးက ဖန်ဆင်းပေးထားတာ တူတာရယ် အားလုံးသည်တမျိုးစီလှနေတယ်ဆိုတာပါဘဲ။ အဲတော့ မတူပေမယ့် တူနေတာကတော့ တိမ်ဆိုရင်မမှားလောက်ပါဘူးနော်။


ပြင်ဦးလွင်သွားတဲ့လမ်းမှာ ထုံးဘိုမရောက်ခင်လေး လမ်းဘေးကို လှမ်းကြည့်မိတော့ မြင်လိုက်ရတဲ့ မြင်ကွင်းက လူကို မှင်သက်မိသွားစေပါတယ်။ ဟိုအဝေးမှာလွင့်နေတဲ့ ဘော်ငွေရောင်တိမ်ဖြုလေးကတအုပ်။ သူ့ဘေးမှာနေရောင်ခလို့ ဖြူလွနေတဲ့ တိမ်တောင်က တခု။ အဖော်မဲ့နေရှာတဲ့ ထန်းပင်မြင့်မြင့်ကြီးကတပင်။ စိမ်းလန်းနေတဲ့ကောက်ပင်တွေက ယိမ်းကလို့ တစ်ဖွဲ။ နည်းနည်းလေးလယ်ကွင်းထဲကိုတိုးဝင်လိုက်တော့ ဟို့………အနောက်ဘက်ကောင်းကင်မှာ ချိတ်ဆွဲထားတဲ့ တိမ်ဖြူမွမွလေးတွေက မီးပန်းဆိုင်းကြီးဆွဲထားသလို။ သူ့အောက်မှာ့တော့ စိမ်းမြညိုမှောင်နေတဲ့ သစ်ပင်က တအုပ်။ ဟိုခပ်ဝေးဝေးမှာတော့ အစိမ်းရောင် အပင်အုပ်လေးက မျက်စေ့အေးစရာ။ ဘာအလုပ်မှသာ မရှိဘူးဆိုရင် ဒီနေရာလေးမှာ ဖျာကလေးခင်း ရေနွေးကြမ်းလေးက တအိုး လက်ဖက်သုတ်လေးက တပန်းကန် ဖတ်စရာစာအုပ်လေးက တအုပ် နဲ့သာဆိုရင် …………………………………………………….


“အရက်သမားကိုပေါက်နဲ့စာသမားကိုပေါက်” တကယ်တမ်းပြောရရင် ကျုပ်အသုံးမကျလို့ ဒီအဖြစ်ရောက်ကုန်တာပါဗျာ။ မယားတွေအများကြီး သားတွေအများကြီးရှိရဲ့သားနဲ့တကွဲမယားတကွဲ ဖြစ်နေပြီးကျုပ်တစ်ယောက်ထဲ တစ်ကောင်ကြွက်ပက်လက်မျောဆိုတဲ့ဘဝမျိုးကို အခုလိုရောက်နေရတာကိုပြောတာပါ။ ဇာတ်ကြောင်းလှန်ရမှာလဲအရှက်သားဗျ။ အခုလိုသူများကိုပြောပြနေတာ များကျုပ်သားတွေသိရင်ရှက်တာနဲ့သေကုန်မလားမသိပေါင်ဗျာ။ ဒီကောင်တွေကကျုပ်ကို အဖေလို့ခေါ်ရမှာတောင်အတော်ရှက်ကြတာဗျား။ ခင်ဗျားသူတို့နဲ့ကြုံရင်မေးကြည့်ပါ့လား။ ငပေါက်က မင်းတို့အဖေလားလို့ ၊ ငြင်းလိုက်ကြပါလိမ့်မယ် ခေါင်းခါခါလည်ခါခါနဲ့။ လူတွေ့တာနဲ့အဲဒီကောင်တွေအားလုံး အမေ့လူကြီးဘဲခေါ်ကြတာ။ အင်း-အချိန်ရလို့နားထောင်ချင်တယ်ဆိုတော့လဲပြောရသေးသပ။ ကျုပ်ဇာတိပြောရရင် မတ္တရာမြို့အနောက်ဘက် (အရင်ဈေးဟောင်းပေါ့)က ရွှေတချောင်းမြောင်းကိုကျော်ပြီးဝင်သွားရင်ခြံတွေထဲရောက်သွားသပေါ့။ အဲဒီကနေ အနောက်စူးစူးဆက်သွားရင် ကျုပ်တို့နေတဲ့ရွာစုစုလေးကို ဒုတ်ဒုတ်ထိ ရောက်သပေါ့။ ကျုပ်ငယ်ငယ်က မတ္တရာက အတန်းကျောင်းကို အိမ်ကစာလိုက်ခိုင်းပေးမယ့် ဉာဏ်ထိုင်းတော့ 2နှစ်မှ တစ်တန်း။ စာသင်ဘို့လဲကျုပ်က စိ်တ်မပါ။ ကျုပ်ကလဲ အားတာနဲ့ကျောင်းသွားတဲ့လမ်းမှာရှိတဲ့ ကားဝပ်ရှော့ဝင်ဝင်မော့နေတာရယ်။ တစ်ခါတစ်လေများ ကျောင်းတောင်မသွားဘူးထိုင်ကြည့်နေတာ။ တိုတိုပြောရင်တော့ ပိုင်ရှင်ဆရာကြီးက ကျုပ်ကို ခေါ်ပြီး ဝပ်ရှော့ပညာသင်ပေးသပေါ့။ အဲဒီရောက်တာနဲ့ကျုပ်က အိမ်လဲမပြန်တော့ဘူး အဲဒီမှာဘဲအပြီးနေတော့တာပေါ့။ အနေကြာတော့ […]


စစ်ကိုင်းဘက်က ပြန်လာတဲ့တစ်ရက် မန်းလေးကန်တော်ကြီးရဲ့တောင်ဘက်အဆုံးနားကို အရောက် ဆိုင်ကယ်စီးရတာပူတော့ အတော်လေးကို အုပ်ဆိုင်းအေးမြနေတဲ့ကုက္ကိုလ်ပင်ကြီးအောက်ကို ဝင်ပြီး အရိပ်ခိုလိုက်ပါတယ်။ အဲဒီအောက်လဲရောက်ရော နေပူလို့ပင်ပန်းသမျှ ခဏလေးနဲ့ပျောက်သွားပါတယ်။ သစ်ပင်အရိပ်ကအေးတာရယ် ကျယ်ပြန့်တဲ့ရေပြင်ကို ဖြတ်တိုက်လာတဲ့လေအေးအေးရယ်ကြောင့်ထင်ပါတယ်။ သစ်ပင်အောက်ကနေ အဝေးကို လှမ်းကြည့်လို်က်တော့…….. ဟိုးအဝေးမှာ တိမ်ဖြူဖြူလေးက တအုပ် ပြာလွင်နေတဲ့ကောင်းကင်ကြီးက တစ်ခု အေးမြပြီး တိမ်ရဲကအရောင်တွေဟပ်နေတဲ့အင်းရေပြင်ရယ် သူ့အပေါ်မှာကျနေတဲ့ သစ်ပင်ရိပ်ရယ်ဆိုတာ့ စိတ်ထဲမှာ အေးသထက်အေးပါဘဲ။


“အထင်ကရ ၈၄ခုမြောက်လမ်းမပေါ်က ဝိဉာဉ်” ဟိုမြောက်ဘက်ခြမ်းကစရင် ၂၂-စီဆိုတဲ့ အာဠဝီလမ်းက နေ တည့်တည့်ထွက် မြို့တောင်ဘက်ကိုဆက်သွား တဖြောင့်တည်းကနေ ကွေ့ကွေ့ကောက်။ ဘုရားကြီး အောက်ကျင်းမရောက်ခင်တဆစ်ချိုး အောက်ဖက်ကို်ဆင်းတဲ့ တစ်ယောက်ကတော့ စစ်ကိုင်းမန်းလေးလမ်းမ ဘဝပြောင်း နောက်တစ်ယောက်ကတော့တည်တည့်ခရီးဆက် တောင်မြို့အဝင်စ ဆင်ကျုံးဆိုတဲ့အရပ်ဘက်မှာ လမ်းဆုံးပေါ့။ 84ခုမြောက်လမ်းမဆိုတာ မန်လေးရဲ့လမ်းတကာလမ်းတွေမှာ အတိုဆုံးလို့ ဆိုရင်လဲ မမှားပြန်ပါဘူး။ ဒီလမ်းမကြီးပေါ်မှာ ဟိုးရှေးရှေးက ဓါတ်ရထားသွားတုံး သုံးခဲ့တဲ့ သံလမ်းကြီး သူ့ကျောကုန်းပေါ်မှာ နှစ်အတော်ကြာအောင် မနားတမ်း ထမ်းထားခဲ့ရပါသတဲ့။ တစထက်တစနစ်ဝင်သွားတဲ့သံလမ်း 84လမ်းရဲ့ရင်ကိုခွဲဝင်သွားတာကြာတော့ ရှိမှန်းတောင်မန်းလေးသားတွေမသိခဲ့ကြပါဘူးတဲ့။ ဟော…….များမကြာခင်ကတော့ 84လမ်းရဲ့ရင်ကိုတဖန်ခွဲ သံလမ်းတွဲတွေကို ပြန်ဆွဲထုတ်သွားပြန်ပါသတဲ့။ ဟိုအရင်ရှေးရှေး 84လမ်းပေါ်က 23လမ်းဒေါင့် ရေပေါ်မှာဆောက်ထားတဲ့ “မေမန်း”ဆိုတဲ့လက်ဖက်ရည်ဆိုင် ကျောင်းသားဘဝက ခဏခဏထိုင်ဖြစ်သပေါ့။ သူ့မျက်နှာခြင်းဆိုင်မှာတော့ ဒေသန္တရဆေးခန်း ဒါကျွန်တော်ကလေးဘဝက ရှိခဲ့တာတွေပါ။ ရှေ့ဆက်သွားရင် မန္တလေးရဲ့ကျက်သရေဆောင်မြို့မအသင်းရဲ့ […]


အောင်ပင်လယ်…………….. ရှေးကတော့ရေပြင်ကျယ် အခုတော့လယ်ကွင်း အဝေးကရှမ်းရိုးမ စိမ်းစိုမြလဲ့နေတဲ့ယာခင်းအလယ်မှာ တဲအိမ်လေးတစ်လုံး တဲလေးပါတ်ပါတ်လည်မှာကရေပြင် စိမ်းစိုတဲ့ကောက်ပင် မြင်ရတာအေးချမ်းဟိုအဝေးက တိမ်တွေကဘော်ငွေဖြူ ပန်းပုလက်ရာလိုလို တိမ်ပန်းချီလိုလို တောင်တွေကလဲ စိမ်းညို့ညို့ တဲအိမ်ကလေးကတော့အထဲဝင်နေချင်စရာ အောင်ပင်လယ်က အဝေးကလှမ်းမြင်ရတဲ့ တဲလေးကိုမြင်တော့ နေချင်စိတ်ပေါက်သွားတာကြောင့် စနက်ရှော့မဟုတ်တဲ့လက်ဆော့ကိုတင်ပေးလိုက်ပါတယ်။ ကြည့်ရင်းကြည်နူးမယ်ထင်ပါရဲ့။


အောင်ပင်လယ်ကန်ဘောင်ရိုးရောက်တိုင်း မိူင်းညို့နေတဲ့ ဟိုး………..ဝေးဝေးကရှမ်းရိုးမ။ စိမ်းမြနေတဲ့ စပါးခင်းက တပြန့်တပြော………..မြင်ရတဲ့အခါ ကြည်နူးမူ့ စိတ်ကြည်လင်မူ့ စိတ်လွတ်လပ်မူ့တို့ကို ခံစားရတဲ့အပြင် ရှမ်းရိုးမနဲ့လယ်ကွင်းပြင်ကြား အထီးတည်း ရှိနေတဲ့ ရန်ကင်းတောင် မြင်ရတာ အဖော်မဲ့နေသလို တကိုယ်တည်း အောင်ပင်လယ်က လယ်ကွင်းစိမ်းမြမြ ရန်ကင်းတောင်က ထုနဲ့ထည်နဲ့ မိူင်းညို့နေတဲ့ ရှမ်းရိုးမတောင်စဉ်တောင်တန်းတွေက မြင်ရုံနဲ့လွမ်းစရာ လမ်းဘေးမှာပေါက်နေတဲ့ အပင်က အဝါရောင့်အပွင့်လေးတွေပွင့် ဟိုအဝေးနောက်ခံက ပြာလွင်သောကောင်းကင် သူနဲတွဲနေတာကို ငွေရောင်တွေကို သိမ်းထားတဲ့ မိုးတိမ်တောင်ထု အားလုံးကွဲတွဲစပ်လို့ပေါင်းလိိုက်ရင် ရလာတဲ့ ခံစားမူ့ကတော့ ဘယ်ကို လွမ်းလို့ လွမ်းမှန်းမသိတဲ့ အလွမ်းလေးတစ်ခုပါဘဲ။


အလုပ်ကိစ္စနဲ့သွားရင်း ရတနာပုံဈေးနားက လေးထပ်အမြင့်ကတိုက်ခန်းတစ်ခုအရောက် အပြင်ထုတ်ထားတဲ့ ဝရံတာလေးကိုထွက်လို့ အပြင်ဘက်ကိုလှမ်းအကြည့်မှာ အရင်ကဆို ထင်းကနဲမြင်နေရတဲ့ ရှမ်းရိုးမက တိုက်တွေကြားမှာပုန်းနေသလို မိုးသာကြောင့် ခဲရောင်ထနေတဲ့တိမ်တွေကြားမှာ အပြာနုရောင်ဆေးစက်လိုင်းတွေနောက်ခံထားသလိုပါဘဲ။ ဟိုးအဝေးက ရှမ်းရိုးမကလဲ တိမ်ခိုးတွေအောက်မှာပျောက်တဲ့နေရာကပျောက်လို့ပေါ့ တနည်းပြောရရင် ကျနော့်အထပ်အမြင့်တွေကိုရောက်ရင်လဲ အလုံပိတ်အခန်းထဲထိုင်စကားပြောပြီးပြန်ရတာများပါတယ်။ ဒီတစ်ခါတော့ အပြင်ထွက်လိုက်မိတာ လွတ်လပ်ကျယ်ပြန့် သောမြင်ကွင်းရောင်စုံက ကျနော့်စိတ်ကို ဖမ်းစားထားလိုက်သလို ငယ်ငယ်ကြားဘူးတဲ့ သီချင်းလေးတောင်ညည်းမိပါရဲ့ ပြာလွင်လွင်ဝေဟင်ထဲ ဝဲလာတဲ့ငှက်ငယ်ရယ်…………………. ဝေဟင်မှာလေယာဉ်စီး ရီးလေးလေးခိုကာရယ်…………………………………


ကျနော့်ရဲညနေခင်းပေါင်းများစွာက အလုပ်ခန်းထဲမှာကုန်လွန်ခဲ့ရတာများပါတယ်။ ညနေပိုင်းဆိုတာအလုပ်ရှုပ်နေတာများတော့ ကိုယ်ကလဲ ညနေခင်းကို သတိမရတတ်ပါဘူး။ တစ်ရက်တော့ အလုပ်ပိတ်ရက် လမ်းလျှောက်ထွက်လာချိန်မှာ အလှကြျီးမဟုတ်ပေမယ့် ………………… ညနေခင်း ဝင်လုဆဲနေရောင်က လောကကိုနုတ်ဆက်ချိန် အရောင်ဖျော့ဖျော့လေးချန်ထားပြီးထွက်ပြေးခါစ မိုးသားနည်းနည်းလေးစွက်နေတိမ်ထုကလဲ နောက်ခံမှာဖြူတစ်ဝက် ညို့တစ်ဝက် ကြည့်နေရင်းဆဲမှာဘဲ ဖြူရောင်သန်းနေတဲ့တိမ်ထုက အမဲစွက် ရေပြင်ကလဲ မူံရီ ကမ်းစပ်ကမြက်ရိုင်းပင်တွေကလဲ ပိုမဲလာသလိုခံစားရပါတယ်။ တစ်ခါတစ်လေ သဘာဝရူ့ခင်းတွေက ရင်ဘတ်ထဲကို မထင်မှတ်ဘဲ ခံစားမူ့တွေပေးတတ်ပါတယ်။ အခုရက်စာရေးဘို့ ပျင်းတော့ ရို်က်ထားတဲ့ပုံလေးတွေ ကွန်ပြူတာထည်းမှာ ပျင်းနေမှာစိုးတော့ သူတို့ကို အပြင်လောကထဲ ထွက်လည်ခွင့်ပေးလို်က်ပါတယ်။ ဒါပေမယ့် စိတ်ရှည်ရသဗျာ။ အပြင်တော်တော်နဲ့မထွက်တော့ဇွတ်မောင်းထုတ်ရတယ်။