“ကိုပေါက်လမ်းသလားနေသည် အပိုင်းတစ် (တောသားမြို့ သွားစီစဉ်ခန်း)” ကျနော်ရန်ကုန်ကို မရောက်တာ 1983ခုနှစ်ကတည်းကဆိုတော့ 29နှစ်။ ကျနော်သူငယ်ချင်းဟောင်းမှန်သမျှ နိုင်ငံခြားရောက်သူရောက် မြန်မာပြည်အနှံ့ရောက်သူရောက် ရန်ကုန်မှာဘယ်သူမှ မရှိတော့ဘူး။ အဲတော့ ရန်ကုန်ကိုလာဘို့စိတ်ကူးမရှိခဲ့ဘူး။ 2009ကစလို့ ဘာအခွင့်အလမ်းမှ မျော်လင့်စရာမရှိတဲ့ အင်တာနက်မှာ ဝါသနာအရ စာရေးလိုက် ဓါတ်ပုံတွေတင်လိုက်လုပ်ရာကနေ ကိုပေါက်(မန္တလေး)ဆိုတဲ့ နာမယ်လေးက လူသိလာပါတယ်။ လူသိတယ်ဆိုတာလဲ အများကြီးမသိပါဘူး စာတစ်ခါရေးမှ ကော်မင်းလေး ဆယ်ခုတောင်မရသေးတဲ့ စာပေဝါသနာအိုးပါ။ (ဒါပေမယ့် ကို်ယ့်စိ်တ်ထဲတော့ လူအတော်သိနေပြီဆိုပြီး တစ်ခါတစ်ခါ ဘဝင်တွေမြင့်တတ်ပါတယ်။ ပညာသည်လဲမဟုတ်တော့ အများကြီးလဲ မပြောတတ်ပါဘူး။) လောလောဆယ် ကျနော်ဝင်ပြီးတစ်ခါထဲရေးနေတဲ့ဆိုက်တွေကတော့ (1) မြန်မာသူငယ်ချင်းများနေ့ (2) poemscornor (3) အိမ်လွမ်းသူ (4)ချောကလက်မြို့တော် (5)ထာဝရသူငယ်ချင်းများ (6)ချစ်သူမြို့တော် အပါအဝင်ဆယ်ခုလောက်ရှိမယ်ထင်ပါတယ်။ အဲတော့ စာတွေရေးနေရင်းက အဲဒီဆိုက်က မိတ်ဆွေများလဲရှိလာပါတယ်။ […]
