မနက်ခင်းတစ်ရက် မှာ နေရောင်ခြည်တန်းတစ်ခုက နေရာတစ်ခုထဲမှာ ကွက်ကွက်လေး ဖြာကျနေတာကို တွေ့လိုက်ရပါတယ်။ ဟိုအဝေးမှာရှိနေတဲ့ ပြည်ကြီးမွန်ဖောင်တော်(မသွားဘဲကျောက်ချပြီးရပ်ထားတာနော်)ရယ်၊ ကုက္ကုိုကျွန်းထမင်းဆိုင်က နံရံလေးရယ်မှာ မီးဆလိုက်ထုးိထားသလို ရွှေရောင်တွေလက်နေပါတယ်။ ပုံထဲမှာ ဟိုးအဝေးမှာ ရွှေကွန်အုပ်စေတီရယ် ဒေါ်သီသနပ်ခါးကတည်ထားတဲ့ဘုရားရယ် ဟိုအဝေးက စေတီဖြူဖြူလေးရယ် နောက်နာမယ်ကျော် စာဆိုရှင်လှိုင်ထိပ်ခေါင်တင်ရဲ့မယ်တော် မမြလေးတည်ထားတဲ့ ရေလယ် ကုသိနာရုံဘုရား(ကရိဝိက်ဖောင်ရဲ့ဘေးမှာ) နောက်ကောင်းကင်က ညို့မိူင်းရီရီ ရေနည်းနေတုန်းက ပေါက်နေတဲ့မြက်ပင်တွေနားမှာ အပျော်စီးခြေနင်းဘဲရုပ်ကလေးတွေရယ်၊ နောက်သီးသန့်ဆောက်ထားတဲ့ လှေကလေးရယ် ကြည့်ရတာ မျက်စေ့ ပသာဒ ရှိလှပါတယ်။ ဒါကြောင့်လက်ဆော့ လိုက်ပါတယ်။


“ငယ်ငယ်တုံးက ဝါဆိုပန်းကပ်…………………………” တစ်ရက်အလုပ်လုပ်နေတုန်း ကျွန်တော့်အတွက်ဖုန်းလာနေတယ်ဆိုတာနဲ့ထနားထောင်လို်က်တော့ ကျောင်းပြီးကတည်းက တစ်ခါမှ လူချင်းပြန်မဆုံတော့တဲ့ ကျောက်မဲက ကိုစိုင်းဆိုတဲ့ သူငယ်ချင်းတစ်ယောက်ဖြစ်နေပါတယ်။ သူ့မန်းလေးကိုရောက်နေတယ်ဆိုတာ သိရတော့ အတော်လေးဝမ်းသာသွားပါတယ်။ မတွေ့ရတာလဲကြာမှကြာကိုး။ “ငါ့ ဖုန်းနံပါတ်ဘယ်ကရလဲ”လို့ မေးတော့ မနေ့ညနေက ကိုမျိုးနဲ့ထမင်းဆိုင်မှာတွေ့တာနဲ့ သူ့ဆီကဖုန်းနံပါတ်ရလို့ ဆက်သွယ်တာလို့ပြောပါတယ်။ ဒါနဲ့ဘဲညနေတည်းတဲ့အိမ်ကစောင့်နေ လာခေါ်မယ်ဆိုပြီးချိန်းထားလိုက်ပါတယ်။ ညနေအလုပ်ကပြန်တော့ ဖုန်းနံပါတ်ပေးလိုက်တဲ့ ကိုမျုးိ ကိုအရင်ဝင်ခေါ်ပြီးမှ သူ့တည်းအိမ်ကိုသွား ကန်တော်ကြီးစောင်းနားက 12ပန်းနားဆိုတဲ့ ဆိုင်လေးမှာအစား နည်းနည်းစားပြီးရောက်တတ်ရာရာ ငယ်ဘဝလေးတွေကို များများပြောဖြစ်ကြပါတယ်။ သူ့ကိုဘာကိစ္စနဲ့မန်းလေးလာသလဲလို့မေးတော့ သူ့တူတစ်ယောက်မင်္ဂလာဆောင်ကို လာတာပါလို့ဖြေတော့ မအောင့်နှိုင် မစောင့်နိုင် ဝါမဝင်ခင် လေးမှာအလျှင်အမြန်ချက်ခြင်း ဇွတ်ကိုမင်္ဂလာဆောင်ကြတဲ့အကြောင်းကိုပြောရင်းနဲ့ကိုမျိုးက “ငစိုင်း မင်းမြို့တော်ခန်းမက မင်္ဂလာဆောင်တွေခပ်တည်တည်တက်တက်စားတာမှတ်မိသေးလား” လို့မေးပါတယ်။ မန်းလေးတက္ကသိုလ်တက်နေတုန်းက ကိုစိုင်းက ဝါတွင်းဆိုရင်စိတ်ညစ်ပါတယ်။ မင်္ဂလာဆောင်မရှိလို့ပါတဲ့။ ကျန်တဲ့အချိန်သူ ပိုက်ဆံပြတ်ရင်ဈေးချိုနားက မင်္ဂလာဆောင်တွေလုပ်တတ်တဲ့ မြို့တော်ခန်းမ ကိုသွား။ […]


နေရာတူညီပေမယ့် မတူညီတဲ့ အနေအထားကြောင့်ပြောင်းလဲသွားတဲ့ ပုံလေးတွေပါ။ အင်းဝတံတားလို့လဲခေါ် စစ်ကိုင်းတံတားလို့လဲ့ခေါ်တဲ့ ရှေးပဝေသဏီက တံတားလေးပါ။ ပြီးခဲ့တဲ့နှစ်က မိုးတွေအုံ့ပြီး မူံရီမိူင်းနေတဲ့ အချိန်ကောင်းကင်ကလဲ သပြေသီးရောင်ညိုမှောင်မှောင် ……………… ဒီပုံလေးကတော့ သာယာကြည်လင် ပြာလွင်နေတဲ့ တစ်ရက်ပေါ့…………………….. ဒီပုံလေးကတော့ ဧပရယ်လ ဧရာဝတီမြစ်ရေနည်းနေတော့ သောင်တွေတောင်ထွန်းနေတဲ့ရက်ကလေးမှာ…………………… ဒါကတော့ မကြာသေးခင်တစ်ရက်စစ်ကိုင်းဘက်အသွား ရေတိုးလို့မြစ်တပြင်လုံးရေအနီတွေနဲ့ပြည့်နေချိန်………………….. စစ်ကိုင်းတံတား(ခ)အင်းဝတံတားပုံလေးတွေက တော့ တစ်ခါတင်ပြီးသားပါ။ ဒါပေမယ့် မတူညီတဲ့ အချိန်မှာမြင်ရတဲ့ ကွဲပြားတဲ့အလှလေးတွေကို တစ်စုတစ်စည်းထဲ ခံစားလို့ရအောင်ပါ။


ပြီးခဲ့တဲ့ 9-6-2011နေ့က မနက်ဆယ်နာရီလောက်ပေါ့ စစ်ကိုင်းဘက်အသွား၊ မိူင်းအုံ့သလိုလိုရှိနေတဲ့ကောင်ကင်အောက်က ဗျိုင်းတောင်လို့ ဖြူဖြူဖွေးဖွေးစေတီလေးတွေကို မင်းဝံတောင်ရိုးမှာမြင်လိုက်ရပါတယ်။ ရေတွေတိုးလာတဲ့ နီညိုညို အုတ်ခဲရောင်လွှမ်းနေတဲ့ မြစ်မင်းဧရာရဲ့ရင်ခွင်ထဲမှာတော့ သစ်ဖောင် ဝါးဖောင်လေးတွေကို ကမ်းစပ်မှာခေတ္တရပ်နားထားတာတွေ့ရပါတယ်။ ဒီပုံလေးကို မတင်ခင်လေးမှာ ရွာထဲက ကိုကိုဖက်က မြစ်ကမ်းနံဘေးက ဖောင်တွေပုံတင်ပေးပါလို့ပြောလာပါတယ်။ ဖြစ်ချင်တော့ ဒီနေ့(13-6-2011)နေ့အလုပ်ကိစ္စနဲ့စစ်ကိုင်းအသွားနေ့လည် 2နာရီလောက်မှာဟိုတစ်နေ့ကဓါတ်ပုံရိုက်ခဲ့တဲ့နေရာလေးရောက်တော့……………. ဟိုတစ်နေ့ကနဲ့မတူတဲ့ ပြာလွင်တဲ့ကောင်းကင် လွင့်နေတဲ့တိမ်တန်းလေးတွေ စိမ်းစိုလက်နေတဲ့တောင်တန်း တငြိမ့်ငြိမ့်စီးနေတဲ့မြစ်မင်းပေါ်မှာရှိနေတဲ့ဖောင်လေးတွေ……….. ဟိုနေ့ကမြင်ရတာက မိူင်းမူံမူံ ဒီနေ့တွေ့ရတာ ပြာပြာလွင် လှချင်တိုင်းလှနေတယ်လို့ထင်ပါတယ်။ ဒီနေရာ ဒီနေရာဘဲဖြစ်နေပေမယ့် မတူတဲ့ရာသီဥတုကြောင့်လှပုံလဲမတူတာလေးကို သတိတရနဲ့ တင်ပေးလိုက်ပါတယ်။ တည်နေရာတူ


“ဗျိုင်းနား၍ကိုင်းသောပေါက်ပင်နှင့် အစရှာမရသောစက်ဝိုင်း”(အပိုင်းနှစ်) (ကြီးကြီးလာ သေးသေးလာ သေးသေးလေးလဲလာ ) တစ်ယောက်နဲ့တစ်ယောက်အပြန်အလှန်အပေးအယူလုပ်ကြတာကနေစလို့ လာဘ်စားတယ်ဆိုတဲ့ စရိုက်ဆိုးကြီးပေါ်လာတယ်လို့ကျွန်တော်ကတော့ထင်ပါတယ်။ ပေးသူရှိလို့ ယူသူရှိသလို ယူသူရှိလို့လဲပေးသူရှိလာတာကြောင့် “ဘယ်သူ့ကြောင့်လဲကွယ်”လို့အဖြေရှာလို့တော့ ရနိုင်မယ်မထင်ပါဘူး။ ဒီလိုကိစ္စမျုးိက ချမ်းသာတဲ့နိုင်ငံများမှာတော့ စီးပွားရေးအရ အသာစီးယူချင်တာအကျုးိအမြတ်ရချင်တာတွေအတွက် အာဏာရှိသူ၊ဆောင်ရွက်ပေးနိုင်သူ၊အဆုံးအဖြတ်ပေးနိုင်သူတွေကို တစ်လုံးတစ်ခဲထဲပေးကြတာများပါတယ်။ ကိုယ်ပေးလိုက်ရတာထက် အများကြီးပိုသော အကျိုးအမြတ်ရနိုင်ဘို့အတွက် ကြိုုတင်လို့ ရင်းလိုက်တာပါဘဲ။ မြန်မာစကားပုံတွေထက လိုပြောရရင်တော့ “ထောင်မြင်လို့ရာစွန့် ၊အကျိုးလိုလို့ညောင်ရေလောင်း” ဆိုတာနဲ့တစ်ထပ်ထည်းပါဘဲ။ ဖွံ့ဖြိုးတိုးတက်မှု့နည်းတဲ့နိုင်ငံ၊ဆင်းရဲတဲ့နိုင်ငံ၊စည်းကမ်းဥပဒေသတွေများတဲ့နိုင်ငံ အထိန်းအချုပ်တွေများတဲ့ နိုင်ငံတွေမှာတော့ ဒီလိုလာဘ်စားတယ်ဆိုတာကတော့ နေရာအနှံ့ ပွစာကျဲလို့ နေတတ်ပါတယ်။ ဆင်းရဲတော့ ရှားပါး၊စည်းကမ်းတင်းကျပ်တော့ ခက်ခဲ အဲဒါတွေကိုပြေလည်ဘို့ အတွက် “ဖန်စီရင်”နိုင်သူကို အပူကပ်ရပါတော့ တယ်။ ဖန်စီရင်သူကို အပူကပ်နိုင်ဘို့ကလဲ အဆက်အသွယ ်သို့မဟုတ်ပွဲစားဆိုတာက အလိုလိုပါဝင်လာပါတော့တယ်။ မပြည့်စုံသောနိုင်ငံက နိုင်ငံသူနိုင်ငံသားများမှာ လိုအပ်ချက်ကလည်းများပြားလှပါတယ်။ အထူးသဖြင့် ခွဲတမ်းစနစ်ကျင့်သုံးတဲ့နိုင်ငံများမှာနေရာတကာမှာ […]


ဆွမ်းဦးပုညရှင်စေတီရဲ့အနောက်ဘက်ခြမ်းကနေကြည့်ရင် ကျယ်ပြန့်လွတ်လပ်သော တပြန့်တပြောကြီးရှိနေသောမြင်ကွင်းကိုတွေ့ရပါတယ်။ အစိမ်းရောင်သစ်ပင်အုပ် ကွေ့ဝိုက်ပြီးစီးဆင်းနေတဲ့ဧရာဝတီမြစ်မင်း ကြည်နူးဘွယ်ရာစေတီများကတော့ရူ့မဝနိုင်အောင်ပါဘဲ။ အစကတော့ အမှတ်တမဲ့ပါဘဲ။ ဒါပေမယ့် သေချာကြည့်လိုက်မိမှ စကားပင်တွေကြားကနေမြင်လိုက်ရတာကတော့ မြစ်မင်းဧရာကို ဖြတ်ကျော်ထားတဲ့ စစ်ကိုင်းတံတားအသစ်ရင် အဟောင်းရယ်ကို ယှဉ်တွဲပြီးမြင်လိုက်ရတာကိုပါ။


စစ်ကိုင်းတောင်ပေါ်က ဆွမ်းဥိးပုညရှင်ဘုရားကိုရောက်တဲ့အခိုက် ဘုရားအနောက်ဘက်ခြမ်းကို မျှော်ကြည့်လိုက်တော့ ရဲရဲနီနေတဲ့စိန်ပန်း အစိမ်းရောင်တောထနေတဲ့တောအုပ် ခန့်ညားပြီး ရွှေအဆင်းနဲ့လှပနေတဲ့ စေတီတော်(ရှင်ဉာဏိဿရရဲ့ သီတဂူကျောင်းတော်) ဟိုအဝေးမှာတော့ ပြာလွင်နေတဲ့ကောင်းကင် မြင်ရတာ ကြည်နူး စရာ……………… ခံစားမူ့ထွေပြားမှာစိုးလို့ တစ်ပုံထဲတင်ပေးလိုက်ပါတယ်။


တစ်ညနေ အလုပ်ကအပြန်လမ်းမှာ မိုးကရွာမလိုလို မူံရီမိူင်းမူင်းကောင်းကင်က ပြာညို့ရီရီ ဆိုင်းဆိုင်း အဲဒီမြင်ကွင်းလေးမြင်ရတော့မပီဝိုးတဝါးပေမယ့် မျှဝေပေးချင်စိတ်ကပေါ်လာပါတယ်။ ညနေစောင်းအလင်းရောင်ပျောက်လုဆဲဆဲအချိန်ဖြစ်တဲ့အတွက် ပုံလေးက ဝေရီဝေဝါးဖြစ်နေပါတယ်။ ဒါပေမယ့်စိတ်ထဲမှာကြည့်ရတာ ရသတမျိုးခံစားရပါတယ်။ ဒါကြောင့်လဲ ဝင်ခါနီးနေရောင်က တိမ်ကိုအရောင်ဟပ်နေတဲ့အချိန်အပြာဘက်သန်းတာတင်မက အမှောင်ဘက်ကိုပါလုနေတဲ့ မြင်ကွင်းလေးက မပီမသနဲ့ ကြည့်ရတာ တမျုးိထူးလို့ တင်ပေးလိုက်ပါတယ်။ နေရာကတော့ ကန်တော်ကြီး တစ်ဘက်ကမ်း ဟိုဘက်မှာ တောအုပ်လိုသစ်ပင်လေး. အဝေးမှာက မီးရောက်လက်လက်က လဲ မပီမသဆိုတော့………………………..


“ဗျိုင်းနား၍ကိုင်းသောပေါက်ပင်နှင့် အစရှာမရသောစက်ဝိုင်း”(အပိုင်းတစ်) (လက်ဆောင်ပဏ္ဏာ) ဒီနေ့ညနေထမင်းစားပြီး အိမ်အနီးအနားမှာလမ်းလျှောက်ထွက်လာတဲ့အချိန်လမ်းမပေါ်မှာဈေးလည်ရောင်းနေတဲ့ အချဉ်ပေါင်းသည်တွေဖွင့်ထားတဲ့သီချင်းသံလေးက နားထဲကို တိုးဝှေ့လို့်ဝင်လာပါတယ်။ ခပ်ဝေးဝေး ကြားစကတော့ မသဲမကွဲ အနီးရောက်လာလေသီချင်းသံက ပီသလေပါဘဲ။ “နိုင်ငံအကျိုးများကိုသာ အားလုံးရွက်ဆောင်ပါမယ်ခင်ဗျာ…….. ပြုပြင်ရေးလုပ်တဲ့ရွာ အမျုးိသားအတွက်ဆို မငြိုငြင်ပါ………………………” နန်းတော်ရှေ့ဆရာတင်ရေးပြီး သုမောင်သီဆိုထားတဲ့ “ကျေးရွာဝါဒ” သီချင်းထဲကစာသားလေးပါဘဲ။ အခုဒီသီချင်းစာသားလေးကို နားထောင်လိုက်ရတော့လည်းကျွန်တော်တို့ နိုင်ငံရဲ့ လက်ရှိအခြေအနေကိုပြန်လည်လို့သုံးသပ်မိပါတယ်။ ပြုပြင်ပြောင်းလဲရေးတွေလုပ်မယ်ဆိုတဲ့ ပုံစံအသစ်နဲ့တက်လာတဲ့ အစိုးရအသစ်လက်ထက်မှာ အခုလောလောဆယ် အကျယ်လောင်ဆုံး အားလုံးစိတ်အဝင်စားဆုံးလို့ပြောနိုင်တာ တစ်ခုကတော့ “လာဘ်စားမှု့လျော့နည်းပပျောက်ရေး” ဆိုတဲ့အသံတွေပါဘဲ။ “လာဘ်လာဘ “ဆိုတဲ့စကားရဲ့မူလအနက်အဓိပ္ပါယ်ကတော့ ကောင်းပါရဲ့။ ဒါပေမယ့်လည်း ” စားတယ်”ဆိုတာနဲ့လဲတွဲလိုက်ရော စက်ဆုပ်စရာစကားလုံးအဖြစ်အော်တိုမက်တစ်ပြောင်းသွားပါတော့တယ်။ အဲတော့ လာဘ်စားတယ်ဆိုတဲ့အကြောင်းကိုပြန်စဉ်းစားကြည့်မိတော့ ဘယ်အချိန်ကတည်းက စခဲ့တယ်ဆိုတာကို အတိအကျ မသိရပေမယ့် ကိုယ်ငယ်စဉ်ကလေးဘဝက ကြားခဲ့ရတဲ့ “တံခါးမှူး ဒတ္တ” ဆိုတဲ့ဇာတ်လမ်းမှာတောင် လာဘ်စားတဲ့ အကြောင်းကို […]


ညကမိုးတွေရွာထားပါတယ်။ မနက်အိပ်ယာထတော့ မူံမဲမဲသစ်ပင်ကြားမှာ ဝင်းလဲ့နေတဲ့ တိမ်တွေကိုတွေ့ရပါတော့တယ်။ သစ်ပင်တွေဘက်မှာအလင်းရောင်မရတော့ မှောင်မှောင်မဲ၊ အရှေ့ဘက်ကောင်းကင်းကတော့ တိမ်တွေကြားကထွက်လာတဲ့နေရောင်ကြောင့် အရောင်တွေကစိုစိုလက်။ နေနည်းနည်းလေးပိုမြင့်လာတော့ အလင်းအားကောင်းတဲ့ကောင်းကင်မှာတိမ်အပြာရောင်လေးတွေက ဟိုတကွက်ဒီတကွက် ရက်ယှယ်ထားပါတယ်။ နေမြင့်လာတော့ အပြာရောင်လွမ်းခြုံတဲ့ကောင်းကင်က ပိုပြီး လှသထက်လှလာပါတယ်။ မန်းလေးကန်တော်ကြီးနားက အမြဲရောက်တော့ အဲဒီနားကပုံတွေတင်ထားတာ ထပ်နေရင်တော့ခွင့်လွှတ်ပါ။ ကျနော်ကတော့ လှတာလေးတွေမျှပေးချင်တဲ့ ဆန္ဒလေးနဲ့ပါ။


မန်းလေးကျုံးရေပြင်အောက်မှာမှော်တွေကြောင့် စိမ်းစိုနေသလို နန်းမြို့ရိုး နီညိုညိုရဲ့နောက်မှာရှိနေ့တဲ့ ထန်းပင်စုစုလေးကလဲ ခပ်ညိုညို အသက်ကလေးရဲ့ ရှည်စေလို မန်းတောင်ရိပ်ခို ဆိုတဲ့စကားအတိုင်းပါဘဲ။ မြင်ရတာ စိတ်ထဲမှာ ကြည်နူးရပါတယ်။


“မပြစကောင်း…………. ပြစကောင်း…………” မနေ့က စိန်မောင်ရယ် အောင်မောင်းနဲ့သူတပည့်ကောင်လေးရယ်ကျွန်တော်ရယ် သူအလုပ်လာတဲ့လမ်းမှာနေ့စဉ်လိုလိုမြင်နေရတာလေးကိုပြန်ဖောက်သယ်ချပါတယ်။ မနက်မနက်ဆိုသူက 7း00နာရီလောက်မှာ ဘုရားကြီး စာတိုက်ကွေ့နားကိိုရောက်ပါတယ်တဲ့။ အဲဒီလိုသူလာတဲ့အချိန်ဆိုရင် ဧရာဝတီမြစ်ကို ကူးပြီးမှ မန္တလေးကိုရောက်ရတဲ့ မြို့တွေဖြစ်တဲ့ စစ်ကိုင်း ရွှေဘို မုံရွာ ကလေးတမူး ဘက်ကလာတဲ့လူစီးကားတွေ ကုန်တင်ကားတွေနဲ့ ဘုရားကြီးအောက်ကျင်းက ကုန်းအတက်မှာဆုံလေ့ရှိပါသတဲ့။ အဲဒီကုန်းအတက်မှာဆိုရင် လူအပြည့် ကုန်အပြည့်တင်လာတဲ့ကားတွေက မနဲဟဲပြီးတက်လာရပါသတဲ့။ အဲဒီ ကားတွေကို ကြည့်ရတာလဲ တကယ့်ကိုသနားစရာပါတဲ့။ ရွှေဘိုဘက်စစ်ကိုင်းဘက်ကလာတဲ့ ဒိုင်နာကားတွေကလဲ လိုက်ချင်ပါတယ်ဆိုတဲ့သူအကုန်လုံးကိုခေါ်ချင်တယ်ဆိုတော့ ခေါင်မိုးပေါ်မှာလူအပြည့်တင၊် ဘေးတန်းက ရနိုင်သလောက်တွယ် ၊ နောက်မြီးမှာ ပြုံခဲနေအောင်တင်ပြီးလာတတ်သလို၊ ကလေးတမူးဘက်ကနေဆင်းလာတဲ့ ကုန်သည်တွေက ပါးလိုက်တဲ့ ပစ္စည်းတွေကို ချန်ထားခဲ့ရမှာကိုအားနာလွန်းလို့ ကားခေါင်မိုးပေါ်မှာ မဆန့်မပြဲတင်လာပါသတဲ့။ သူတို့သယ်လာတဲ့ကုန်တွေက ဘယ်လောက်အမြင့်ထိတင်လာသလဲဆိုရင် ဟိုဘက်လမ်းနဲ့ ဒီဘက်လမ်းကူးလို့ လေထဲမှာတန်းလန်းဆွဲထားတဲ့ လျှပ်စစ်ဓါတ်ကြုးိတို့ တယ်လီဖုန်းကြိုး တို့ […]


မြစ်ငယ်ကနေစစ်ကိုင်းသွားတဲ့ဖြတ်လမ်းမှာ တပြန့်တပြောကြီးရှိနေတဲ့ကွင်းပြင်ကြီးထဲမှာ သက်ကယ်မိုးထားတဲ့ တဲအိမ်စုစုလေးတွေကို ချစ်စဖွယ်တွေ့ရပါတယ်။ မြို့ထဲမှာ အိမ်နေရာလေး တစ်ပေနှစ်ပေအတွက် စိတ်လေနေရချိန်မှာ မြက်ခင်းတွေ သစ်ပင်တွေကြားထဲမှာရှိနေတဲ့ တဲလေးတွေကြည့်ရတာ စိတ်ထဲမှာလွတ်လပ်သွားသလိုပါဘဲ။ ကဲဒီလိုနေရာမျုးိ ကို သွားနေမကြည့်ချင်ဘူးလားဗျာ။ မြေအပိုင်လား ဂရမ်ပေါက်ပြီးသားလား လယ်မြေလားတော့ လာမမေးနဲ့ မသိဘူးနော်။ တဲလေးတွေကတော့ ရှိနေတာအမှန်ပါဘဲ။