ပြီးခဲ့တဲ့ဥပုသ်နေ့က မြစ်ငယ်ဘက်နေ စစ်ကိုင်းကို သွားတဲ့ဖြတ်လမ်းကိုသွားတော့ လမ်းဘေးက စိမ်းစိမ်းစိုစို သစ်ပင်တွေနဲ့ သာယာတဲ့ရူ့ခင်းတွေကို တွေ့ရပါတယ်။ တစ်နေရာရောက်တော့ ထန်းပင်ပုလေးတွေတန်းစီနေတာကို တွေ့ရပါတယ်။ အဝေးက မြင်ကွင်းက စိမ်းစိုစို ထန်းပင်လေးတွေက ညိုညို တွေ့ရတဲ့ပုံစံလေးကထန်းပင်ပုပုလေးတွေ ပေါက်နေပုံက ကဗျာဆန်ဆန် စုစုစည်းစည်း ဒီတော့လဲ ထုံးစံအတိုင်းကိုယ့်စိတ်ထဲမှာလှနေတော့ မျှပေးလိုက်ပါတယ်နော်…………….


“ကစ်ပလင်မမြင်ဘူးခဲ့တဲ့မန္တလေးလမ်း” မန်းလေးလမ်းက ကျဉ်းကျဉ်း အဲကွန်းဘတ်စ် ကြီးကြီး ဆိုင်ကယ်စက်ဘီးတစ်စီးနဲ့တစ်စီးကျပ်ညှပ် မန်းလေးလမ်းမများ ယာဉ်စီးလို့သွားတဲ့အခါ မနူဟာဘုရားဖူးရသလို ကျဉ်းကျဉ်းကျပ်ကျပ်။ စစ်ကိုင်းနဲ့မန်းလေး စက်မူ့နဲ့ဈေးချိုု ခရီးတိုတို ဈေးချိုချိုနဲ့ပြေးတဲ့ မန်းလေးက အိပ်စ်ပရက်ချီတက်လာတဲ့အခါ စပယ်ယာက ကားအပြင်ထွက် လက်ကလေးကတရမ်းရမ်း သရမ်းတဲ့ပါးစပ်က ဘေးကို ……ဘေးကို ……..ဘေးကို ထီမထင်တဲ့ယဉ်မောင်း ငဲ့စောင်းလို့ဘေးမကြည့် ဟွန်းတအွမ်အွမ် အသံစုံပေးလို့နောက်ကလိုက် ဖယ်များမဖယ်ရင် တိုက်သတ်မဲ့ပုံ။ လေတိုက်လို့သစ်ပင်လှုပ် လှုပ် လမ်းဘေးမှာ အရုပ်ဘဲချထားထား ရိပ်ခနဲမြင်လိုက်တာနဲ့ လမ်းမအလယ်ခေါင်ဘရိတ်စုံဆွဲလို့ရပ် လမ်းမပေါ်ကားရပ်တာ သူတို့အခွင့်အရေး တမင်များ ပေးထားသလို “ဘာကြောင့်ချချလမ်းဘေးချရပ်” ကားဦးခန်းမှာ ကပ်ထားတဲ့ ပညာပေးစတစ်ကာ ရှက်ရှာလို့ မျက်လွှာချနေပါတယ်။ စပယ်ယာကတော့ဇွတ်ဆင်း အတင်းကြိးဘဲအထုပ်တွေဆွဲ လက်တွဲပြီးနင်းကန်ခေါ် လိုက်တော်မမူရင် ပွစိပွစိ “ဆွဲဆရာ အာပလာတွေ………………………”ပါတဲ့။ “အလိုက်သိသူများ”ညှိနှိုင်းတတ်သူများ” မှတ်တမ်းထားမယ်ဆိုရင် မန်းလေးသူ […]


ကောင်းကင်က ပြာပြာ ကြည်လင်တဲ့မနက်ခင်းလေးပေါ့။ ထန်းပင်ကလဲ ထန်းသီးတွေတွဲလွဲခိုလို ညိုညိုစိမ်းစိမ်းနဲ့တမျုးိလှ။ ထန်းပင်ဘေးက စေတီလေးတွေကတော့ ကြည်ညိုစရာ စိတ်ကိုကြည်လင်စေလို့ပေါ့။ ဒါတော့ ပဟေဠိမဖွက်တော့ ဘူး မဟာလောက မာရဇိန်ဘုရားရဲ့ အရှေ့ဘက် အုတ်ရိုးနားပေါ့နော်။ မဟာလောက မာရဇိန် ဘုရားကိုတော့ မသိရင် သိတဲ့လူမေးကြည့်လိုက်ပေတော့ ဘယ်ဘုရားလဲဆိုတာကို…………………..


ဆူးမမရဲ့ “ဘဝမှတ်တိုင်”ကို ဖတ်လိုက်မိတဲ့အခါ ဆရာဝန်ဆုံးဖြတ်ချက်မှားတာကြောင့် ရောဂါနာမယ်အတပ်မှား။ ရောဂါမှားတော့ ဆေးမှား။ မှားမှန်းသိတဲ့အခါမှာ နောက်ကျသွားတော့ အသက်ဆုံးရှုံး။ တစ်ချို့လဲ ဒုက္ခိတဘဝရောက်လို့ဘဝဆုံး၊ တစ်ချိုကြပြန်တော့လဲ မလိုအပ်ဘဲ ဝေဒနာခံစားလိုက်ရ၊ တစ်ချို့ကြပြန်တော့လဲ လွယ်လွယ်လေးပြီးရမှာကို ခက်ခက်ခဲခဲကုသရ၊ တစ်ချို့ကြပြန်တော့ လဲ ရောဂါအမှန်သာသိရင် အသက်မသေနိုင်၊ တစ်ချို့ကြပြန်တော့လဲ သေသာသွားတယ်ရောဂါမည်မှန်ကို သိမသွားရ၊ ဆိုတဲ့ ကိုယ်တိုင် ရော ကိုယ့်ပါတ်ကျင်မှာရော ကြုံတွေ့ခဲ့ရတာလေးတွေကို ပြန်သတိရမိပါတယ်။ နှစ်အတော်ကြာက တောင် ကာယကံရှင်တွေမှာ မေ့မရတဲ့ နိုင်တဲ့အကြောင်းကစရင် “ရီရီ”ဆိုတဲ့အဖေ့ညီမအပျိုကြီးကို အရင်ဆုံးပြေးသတိရမိပါတယ်။ သူက အဲဒီခေတ်က သက်သာဆိုင် ဝန်ထမ်းပေါ့။ သူအလုပ်လုပ်တဲ့ရုံးကို စက်ဘီးကိုယ်တိုင်စီးလို့ သွားတတ်ပါတယ်။ တစ်ရက် သူ့ကို ကားတစ်စီးက ဝင်ချိတ်သွားတဲ့အခါ ညာဘက်ခြေထောက်ခိုင်းမိသွားတော့ဆေးရုံပေါ်ရောက်သွားပါတယ်။ ဓါတ်မှန်တွေရိုက် ဘာတွေရိုက်လုပ်ပေမယ့် အရိုးကျုးိတဲ့လက္ခဏာမတွေ့ပါဘူး။ ဒါပေမယ့် လူနာက […]


ရှေးလူကြီးများချန်ထားကြတဲ့စကားလေးတွေထဲမှာ နွေထနောင်းဆောင်းမန်ကျီးလို့ ဆိုတာလေးရှိပါတယ်.။ နွေခါမှာဆိုရင် ထနောင်းပင်ရဲ့အရိပ်က အေးမြတယ်လို့ဆိုလိုတာပါ။ ထနောင်းပင်ကတော့ အပင်က သနပ်ခါးလို အဝါစိုစို အရွက်အရောင်က အစိမ်းစိုစို။ ထနောင်းဆူးကတော့ ကြီးပြီး စူးမိရင်မသက်သာပါဘူး။ ထူးခြားတာကတော့ထနောင်းပင်တွေရဲ့ ပင်စည်ဖွဲ့တည်ပုံပါဘဲ။ အခက်အလက်တွေဖြာနေတာက ကဗျာဆန်လှပါတယ်။ က နေသလားအောင်မေ့ရလောက်အောင်လှတယ်လို့ စိတ်ထဲထင်မိပါတယ်။ ပုံစံအမျိုးမျုးိနဲ့ခက်ဖြာထွက်နေပုံက အရမ်းလှပါတယ်။


ခါတိုင်းမှာတော့ ကျွန်တော်က ဓါတ်ပုံလေးတစ်ပုံတင်ပြီးရင် ဘယ်နေရာက ဘာပုံလေးဆိုတာပြောပြလေ့ရှိပါတယ်။ ဒီပုံလေးကတော့ ဘုရားကိုရောက်တဲ့အခါ ခါတိုင်းသွားနေကျနေရာမဟုတ်ဘဲ ဘုရားပုရဝုဏ်ရဲ့အတွင်းထဲလျှောက်ကြည့်ရင်း ဒီမြင်ကွင်းလေးကိုတွေ့တော့ သဘောကျသွားတာနဲ့ လက်ဆော့ထားလိုက်ပါတယ်။ လူတော်တော်များများ အထူးသဖြင့်မန်းလေးကလူများ ရောက်နေကြနေရာက ဘုရားဖြစ်ပါတယ်။ ကဲ မှန်းကြည့်လိုက်ကြရအောင်နော်။ ကဲမှန်အောင်ဖြေနိုင်သူကို မန္တလေးဒေသထွက် နာမယ်ကြီး မုန့်ကို အဝကျွေးမယ်နော်။ အတည် နော် အတည်……………………………..


တစ်ည မိုးတွေသဲသဲမဲမဲရွာချ နိုးထတဲ့နံနက် လမ်းလျှောက်ထွက်တဲ့ငါ့မှာ၊ ဝိရိယကောင်းတဲ့ အတွဲများတွေ့ရင် မှတ်တမ်းဘို့လက်မှာက ကင်မရာ၊ ဒါပေမယ့် တွေ့လိုက်ရတာ နိုးထဆဲနေမင်းနဲ့ တိမ်တွေပါ။ မိုးသားများထဲကနေအားယူလို့ထိုးထွက်နေတဲ့နေမင်းကို ညိုပုတ်ပုတ် တိမ်အုပ်က ဖုံးထားတော့ လှပသောရောင်စင်တန်းတွေကိုလက်ခနဲ့တွေ့လိုက်ရပါတယ်။ တိမ်ပုံလေးတွေ ကတူသယောင်ရှိပေမယ် နည်းနည်းစီကွဲပြားလို့တော့ နေပါတယ်။ ကျနော်ကတော့ ဒီတိမ်လေးတွေကိုငေးမောမိရင်း အတွေးတွေက စီးမျောလို့သွားပါတယ်။ လူ့ဘဝကြီးလိုပေါ့ ……………….. မှောင်ရီဝိုးတဝါးဖုံးကွယ်ထားတဲ့ကြားက ဇွတ်ရုန်းထွက်ရသလိုပေါ့နော်။


ညမှာ မိုးတွေသဲသဲရွာချထားတဲ့ နောက်တစ်နေ့မနက်ပေါ့။ တဲလေးရယ် အုန်းပင်ရယ် ကုက္ကိုပင်လေးရယ် ကြည့်ရတာ ယိမ်းက နေတဲ့အတိုင်း ညီညီညာညာ အရိပ်ကလေးတွေကလဲ သူတို့ရှေ့က ရေထဲမှာရေသောက်ဆင်းလို့။ တံတားနားလေးရောက် တော့ ညကမိုးရွာတာ လေပြင်းပါ ပါတော့ ပန်းအိုးလေးတွေကလဲ နေရော တံတားလေးရဲ့အဆုံးက သစ်ပင်လေးကတော့ ခုဘဲ ဟပ်ထိုးလဲတော့ မလိုကွေးကွေးကောက်ကောက် နဲ့ ယိမ်းနွဲ့လို့ ။ နောက်တစ်နေရာမှာတော့ အပျော်စီးလှေကလေးတွေ ရေပြင်မှာ စုဝေးလို့ နားခိုနေကြတာကိုတွေ့ရပါတယ်။ ဒီပုံလေးတွေကိုအခုလို တစ်စုတစ်စည်းမြင်ရတော့ ခံစားမူ့တမျိုးတိုးဝှေ့လာပါတယ်။ လောကကြီးမှာလဲ လူတွေအားလုံး ညီညာစွာ ယိမ်းကလိုက် ပြိုလဲလိုက် ယိမ်းနွဲ့လို့ရှောင်လိုက် စုဝေးလို့ခိုနားလိုက်ပေါ့နော်။


“မအမ်းစကောင်း ………အမ်းစကောင်း………………” အလုပ်ပိတ်တဲ့တစ်ရက် နေပူတော့ အပြင်လဲမထွက်ချင် မီးပျက်တော့ ရုပ်ရှင်လဲကြည့်မရ စာကလဲမဖတ်ချင်၊အိမ်မှာကလဲစကားပြောဖော်ကမရှိ ၊ ပျင်းပျင်းရှိတာနဲ့ အိမ်က ဘီရိုကို ရှင်းဘို့ အတွေးရလာတာနဲ့ ချက်ခြင်းအကောင်အထည်ဖော်ပါတော့တယ်။ ဘီရိုထဲက ပစ္စည်းတွေအပြင်ထုတ်အောက်ခံစက္ကူတွေ အသစ်ပြန်ခင်း ပရုပ်လုံးတွေထပ်ထည့် ၊ မဝတ်တော့တဲ့ အကျီင်္တွေ အပြင်ထုတ်လို့ အလုပ်မဟုတ်တာကို အလုပ်လိုသဘောထားလုပ်လို်က်တာ အပြင်ထုတ်ထားတဲ့ပစ္စည်းတွေဘီရိုထဲ အကုန်ပြန်ထည့်ပြီးတော့ မှ နာရီကို ပြန်ကြည့်မိတဲ့အခါ ပျင်းစရာကောင်းတဲ့အချိန်တစ်နာရီလောက်တော့ အလိုလိုကုန်သွားပါတယ်။ ဘာများအပြင်မှာကျန်သေးလဲ လို့ ပြန်ကြည့်မိတော့ ခပ်လှမ်းလှမ်း နို့မူန့်ပုံးတစ်ပုံးကျန်နေတာကိုတွေ့လိုက်ရပါတယ်။ အဲဒီနုို့မူန့်ပုံးကို ထိုင်ရက်ကနေလှမ်းပြီးယူတာပါမလာပါဘူး။ မပါဆို အတော်လေး လေးနေလို့ပါ။ အဲဒီပုံးနားကို သွားပြီးဖွင့်ကြည့်လိုက်တော့ အကြွေစေ့တွေဖြစ်နေတာကိုတွေ့ရပါတယ်။ အဲဒီဘူးကို ဖင်ကမတဲ့ပြီး ဖျာပေါ်သွန်ချလိုက်တော့ မကြားရတာ ကြာနေပြီးဖြစ်တဲ့ အနုတ်သံတချွမ်ချွမ်ကြားရပါတော့ တယ်။ ဖျာပေါ်မှာ ပြန့်ကျဲနေတဲ့ အနုတ်တွေကို […]


အင်းဝခေတ်လောက်မှာ ” နဝဒေး” ဆိုတဲ့စာဆိုစစ်သည်နောက် ပေါ်ပေါက်ခဲ့ပြီးတဲနောက်မှာ ရတုဘုရင်ရယ်လို့ အလွန်တရာမှ နာမည်ကျော်ခဲ့တဲ့စာဆိုကတော့ တောင်ငူဘုရင် “နတ်ရှင်နောင်”ပါဘဲ။ သူ့ကို အနုပညာနယ်ပယ်က” ရတုဘုရင်”လို့လဲ အမည်ပေးထားကြပါတယ်။ သူရေးဖွဲ့ ခဲ့တဲ့ ရတုပေါင်းမြောက်မြားစွာကတော့ အလွမ်းဘက်နွယ်ပါတယ်။ အဲဒီအချိန်က အမြဲလိုလို နယ်မြေလုပွဲစစ်ပွဲတွေကို ဆင်နွဲနေကြရတော့ သူတို့ရေးဖွဲ့တဲ့ စာတွေကလဲ စစ်အရိပ်အငွေ့တွေနဲ့ ရက်ယှယ်ထားတဲ့ အလွမ်း တွေနဲ့ဝေနေပါတယ်။ နတ်ရှင်နောင် ကတော့ စာပေကဗျာဘက်မှာ နာမည်ကောင်းနဲ့ကျော်ကြားပေမယ့် သူ့ရဲ့လူမူ့ရေးဘဝမှာတော့ သေရည်သေရက်နွံမှာနစ်ခဲ့သူဖြစ်တဲ့အတွက် နာမည်ပျက်နဲ့ကျော်ကြားရသူလည်းဖြစ်ပါတယ်။ ပေါ်တီဂီလူမျုးိ ဒီဘရစ်တို(ခ)ငဇင်ကာနဲ့ပေါင်းဖက်မိတဲ့အတွက် သမိုင်းစာမျက်နှာထက်မှာ နာမည်ပျက်ခဲ့ရပါတယ်။ ဒါက တော့ သူ့ရဲ့လူမူ့ဘဝပါ။ အနုပညာစံနဲ့တိုင်းတာရင်တော့ အလွန်တရာမှလှပသော စာလုံးများ နဲ့ရေးဖွဲ့ထားပြီ ရွတ်ဆို၍ကောင်းသော အသံသာသော ရတုများရဲ့ မွေးသဖခင်အဖြစ် စံထားစရာ အမွေအနှစ်တွေလေးစားစရာအဖြစ်ချန်ထားရစ်သူပါ။ ကျွန်တော် အနီးမှာရှိတဲ့ ဆရာမြကေတု […]


တစ်ရက် စစ်ကိုင်းမြို့ထဲကို ရောက်သွားတဲ့အခါ ပန်းရောင်အသွေးတွေနဲ့စိုကြွနေတဲ့ လမ်းဘေးနားက အပင်လေးတွေကို မြင်မိတဲ့အခါ…………. အဲဒီပန်းလေးတွေကို ငုနဲ့ ချယ်ရီစပ်ထားတဲ့ အပင်လေးတွေပါ။ ချယ်ရီပန်းအရောင် အပွင့်ကတော့ ချယ်ရီပန်းထက် နည်းနည်းကြီးတယ်။ အဆုပ်လိုက်ပွင့်တော့ အတော်လေးကိုလှပါတယ်။ နောက်တစ်ပင်ကတော့ ပန်းရောင်ခပ်ဖျော့ ဖျော့ အဖြူဘက်သန်းတယ် ဒါပေမယ့် တစ်မျုးိလှပါတယ။် ဘယ်လိုပြောပြော မြန်မာပြည်ရဲ့ဘယ်နေရာမှာဘဲဖြစ်ဖြစ် စိန်းလန်းတယ် အပွင့်တွေ အခက်တွေနဲ့ဝေနေတဲ့ သစ်ပင်တွေကို မြင်တွေ့နေရတာ စိတ်ချမ်းသာစရာပါ။ နောင်လဲ လှပသော ရုူ့ခင်းပုံလေးတွေမြင်ရင် မျျဝေခံစားပါအုံးမယ်နော်။


ညနေခင်းတစ်ခု စားသောက်ဆိုင်တစ်ခုရဲ့အပေါ်ထပ်ရောက်တော့ အဝေးကိုလှမ်းကြည့်မိတဲ့အခါ တစ်ပုံကတော့ အဝေးမှာ မြင်နေရတဲ့ မန်းလေးကန်တော်ကြီးထဲမှာရပ်နေတဲ့ မီးရောင်စုံနဲ့လှနေတဲ့ ကရိဝိက်ကြီးပေါ့ ။ ခံစားလိုက်ပါအုံး…………………


ဒီစကားပန်းဖြူဖြူလေးတွေက ပွင့်ဖတ်လေးတွေ က အဖျားမှာဖြူဖြူ၊ အလယ်မှာတော့အဝါရောင်သန်း ရနံ့လေးကလဲ မအီအောင်ခပ်သင်းသင်းလေးပါ။ စကားပန်းလေးတွေကတော့ငယ်စဉ်ကတည်းက နှစ်သက်ခဲ့ရ တဲ့ပန်းလေးတွေဖြစ်ပါတယ်။ အရွက်စိမ်းစိမ်းဖားဖား ပင်စည်က အရောင်ရင့်ရင့် ကွေးကောက်ကောက် ကြည့်ရတာ အတော်လေးကို အနုပညာဆန်ပါတယ်။ အထူးသဖြင့်ဒီပန်းလေးတွေကပွင့်ရင် အဆုပ်လိုက်အခဲလိုက်။ အဝေးကကြည့်ရင်ဖွေးဖွေးလွှလွှ မြင်ရသူရင်ကို ကြည်နူးစိတ်ကိုဖြစ်စေပါတယ်။ မန်းလေးတောင် ပေါ်ကိုတက်တဲ့လမ်းမှာ စစ်ကိုင်းတောင်ပေါ်မှာတက်တဲ့လမ်းတစ်လျှောက်မှာ စကားပန်းပင်လေးတွေ အများကြီးကိုမြင်နိုင်ပါတယ်။ ငယ်ငယ်ကဆိုရင်တောင်ပေါ်တက်ရင်း စကားပန်းတွေကောက် ပန်းကုံးကြီးတွေဖြစ်အောင်သီ၊ ကို်ယ်အီနေတဲ့ကောင်မလေးကိုလိုက်ပေး ပျော်စရာလဲကောင်းခဲ့ပါရဲ့။ စကားဖြူပန်းပင်တွေကတော့ သိပ်အမြင့်ကြီးရယ်လို့မရှိပါဘူး။ အခုပန်းပွင့်လေးတွေကတော့ အပင်ပုပုလေးမှာ ပွင့်နေတဲ့ ပန်းခိုင်လေးတွေ မြင်တော့ လှတာနဲ့ တင်ပေးလိုက်တာပါ။ နှစ်သက်ကြမယ်လို့ထင်ပါတယ်။