“မစားစကောင်း ………….စားစကောင်း” တစ်မနက်အလုပ်သွားနေတုန်းလမ်းမှာမဆုံတာလေးငါးလလောက်ကြာနေတဲ့”အီးကယ်ဂျန်”ကိုတွေ့တော့ ခဏရပ်ပြီး မာကြောင်းသာကြောင်းနှုတ်ဆက်ပါတယ်။ စကားပြောနေရင်းမှ သတိထားမိတာ သူအတော်လေးပိန်သွားတာကိုပါ။ သူလဲမအားကိုယ်လဲ မအားဆိုတော့ ခဏလေးနဲ့စကားဖြတ် ဆက်သွားမယ်လုပ်တော့ “ကိုပေါက် တော်တော်လေးဝနေပြီနော် အစားလျှော့စားအုံး ကျုပ်ကတော့ ညစာထမင်းမစားတာ သုံးလလောက်ရှိပြီ”လို့ပြောသွားတော့မှ ကိုယ့်ကိုကိုယ်ပြန်ကြည့်မိပါတယ်။ စိတ်ထဲမှာ သိပ်ဝတယ်တော့မထင်မိပါဘူး။ ဒါပေမယ့် အရင်ကအင်္ကျီတော်တော်များများကတော့ မတော် တော့တာလဲ အမှန်ပါဘဲ။ အဲလိုသူပြောလိုက်တော့ မှ အလုပ်ထဲရောက်တဲ့အခါ ကိုယ့်ဘေးနားပါတ်ဝန်းကျင်ကို သတိထားကြည့်မိပါတော့တယ်။ အင်္ဂျင်နီယာဌာနက “ဝမေမေ”ဆို ညစာ ထမင်းမစားတော့တာ အတော်ကြာပြီပြောပါတယ်။ ခေါက်ဆွဲပြုတ်နည်းနည်းနဲ့ အသီးအရွက်ဘဲစားတာပါတဲ့။ ဝသထက် ဝလာမှာစိုးလို့တဲ့ ။ (သူ့အရပ်က 5ပေ6လက်မလောက်ရှိပါတယ် အလေးချိန်ကတော့ ပေါင်တရာလျော့လျော့ ပိန်ပိန်ပါးပါး စကားပြောရင် “မေကလေ………. မေကလေ………” သူ့ကို ဝမေမေ လို့ နာမယ်ပြောင်ပေးထားကြတာပါ) ဟို အပေါ်ဆုံးထပ်က […]


“အချစ်နဲ့လိင်” ဆစ်ဂမန်ဖရိုက်ဆိုတဲ့ အတွေးမိုက်မိုက်နဲ့ စိတ်ပညာရှင် 1960ခုနှစ်လောက်ကထင်ပါရဲ့ “လိင်မတူတာမှန်ရင် ကြီးကြီးငယ်ငယ် သန့်စင်တယ်ဆိုတာလုံးဝမရှိ တဏှာဆိုတာနဲ့ ဘဲ တွယ်ညိတတ် ပါတယ်”လို့ ခပ်ရဲရဲဖွင့်ဆိုတော့ ဖတ်မိတဲ့ အနောက်ဆန်သူများက “ဟုတ်လိုက်လေ” “မှန်လိုက်လေ”ဆိုပြီးတော့ လက်ခုပ်တွေ အထပ်ထပ်တီးခဲ့ကြတာ လက်ဖဝါးတွေများတောင်နာလို့ပေ့ါကွယ်……. တစ်ချိုု့သော ဝါဒခပ်ကြမ်းကြမ်း လက်ခံသူများကတော့လည်း “ချစ်တယ်”ဆိုတဲ့စကားလုံးဟာ ဆန့်ကျင်ဘက်လိင်တွေကြား အိစက်ညက်ညောတဲ့ဖဲမွေ့ယာပေါ်အတူအိပ်စက် ချုစ်ဗျုဟာကျင်းခွင့်ရ ဘို့ အတွက် ဝေါဟာရလှလှသုံး အယဉ်ကျေးဆုံး မြူဆွယ်တာပါ လို့ မညှာမတာ ဆိုလာပြန်ပါတယ်။ မိန်းမသားများမတော့လဲ စုံမက်လို့ ချစ်ခင် မြတ်နိုးသက်ဝင်သူကို ချစ်တယ် ဆိုတဲ့စကားလုံးအတွက် တန်ဖိုးအထားဆုံးပန်းတပွင့် ပြန်လည်လို့ နှင်းအပ်ခြင်းပါတဲ့ (ဒါကတော့ အာရှမှာပါ) ဘယ်နိုင်ငံမှာနေသူဘဲဖြစ်ဖြစ် အလိုမတူ မကြည်ဖြူဘဲမပေးတာဇွတ်ယူမိလို့ကတော့ ! ! ! ! ! ! […]


“ စမ်းသပ်ချက်အမှတ်စဉ်-တစ်” ဟောဟိုမှာ တံခါးလေးခပ်ဟဟ ခဏတော့ဖွင့်ထားတယ်။ အထဲမှာ ဘာရှိလဲ မသိဘဲ အပြင်က ဆဲ နေမယ့်အစား လာပါကွာ ! ခဏလောက်တော့ဝင်ကြည့်ကြရအောင်။ အရင်တစ်ခါ ဝင်ကြည့်ဘူးတာနဲ့ အခုဝင်ကြည့်ရတာ တူချင်လဲတူမယ် တူချင်မှလဲတူမယ် ဝင်ကြည့်တယ်ဆိုမှ ဘာတွေကွာသလဲဆိုတာ လက်တွေ့သိမယ်။ မတူတာတွေတူအောင်ညှိလို့ရရင် ဖြစ်ချင်တာတွေဖြစ်ခွင့်ရရင် ရှေ့ဆက်လို့သွားဘို့အဆင်သင့်ပေါ့ကွာ။ မတူရင်ဖြစ်ဖြစ် ညှိမရရင်ဖြစ်ဖြစ် ဖြစ်ချင်တာဖြစ်ခွင့်မရရင်ဖြစ်ဖြစ် ဆက်မသွားဘဲနောက်လှည့် အသာလေးပဲပြန်ထွက်ကြတာပေါ့။ ပြန်ထွက်မရအောင်ပိတ်တော့လဲ မင်းတို့ငါတို့အားနဲ့ ကြိုးစားလို့ဖောက် ကြောက်စရာမရှိပါဘူး။ ကဲ! လာပါကွာ…………….. ဟောဟိုမှာ တံခါးလေးဟထားတယ်၊ အပြင်ကဆဲနေမယ့်အစား ဘာရှိသလဲသိရအောင် ခဏလောက်တော့ ဝင်ကြည့်ကြရအောင်။ ကိုပေါက်လက်ဆောင် အတွေးကန့်လန့်လေး (16-5-2011)


“မမွှေစကောင်း………… မွှေစကောင်း………..” မိတ်ဆွေတစ်ဦးရဲ့နာရေးမှာကိုဌေးအောင်နဲ့ ဆုံမိကြတော့ မတွေ့တာလဲကြာ ၊အရင်က ညီအကိုလိုနေလာခဲ့တဲ့သူလဲဖြစ်ပြန်တော့ ရှေးဟောင်းနှောင်းဖြစ်တွေပြောမကုန်နိုင်အောင်ပါဘဲ။ ဟိုးအရင်ငယ်စဉ်ဘဝကတည်းက တစ်ရပ်တည်းနေ လို့ ကျုံးရေကို အတူတူသောက် လာခဲ့ကြတဲ့ မိတ်ဟောင်းဆွေဟောင်းတွေအကြောင်း ကိုအပြန်အလှန်မေးဖြစ် ပြောဖြစ်ကြပါတယ်။ ၁၉၈၄ ဦးကျားကြီးဝင်းမတိုင်ခင်ကတော့ ၂၅လမ်း၈၀-၈၁လမ်းကြားကသူဌေးတန်းရပ် မှာအတူနေလာခဲ့တဲ့မိတ်ဆွေတွေ၊ဆွေမျိုးသားချင်းတွေက မီးလဲလောင်ရော မြို့သစ်ကိုအားလုံးလောက်နီးပါး အော်တိုမက်တစ်ရောက် သွားကြပါတယ်။ အဲတော့လဲတစ်ယောက်တစ်နေရာစီလိုဖြစ်သွားကြတဲ့ဆွေမျုးိမိတ်သင်္ဂဟတွေရဲ့အကြောင်းကို အခုလိုမိတ်ဆွေဟောင်းခြင်းတွေ့ကြမှာဘဲ မေးရမြန်းရပါတော့တယ်။ တွေ့ကြပြီဆိုတော့ ဘယ်သူကတော့ရှိသေးတယ် ဘယ်သူကတော့ မရှိတော့ဘူး၊ ဟိုလူကတော့သောင်သာတယ် ဒီလူကတော့ အဆင်မပြေဘူးဆိုတာတွေကို ကိုယ်သိသလောက်သတင်းပေး ကိုယ်မသိတာကိုလဲပြန်မေးနဲ့ စကားတွေဖောင်ဖွဲ့ခဲ့ကြပါတယ်။ ဒါနဲ့ဘဲအိမ်ပြန်ရောက်တော့ မှ ကိုဌေးအောင်ရဲ့အကြောင်းကို ပြန်စဉ်းစားမိတာနဲ့ “အမွေ”ဆိုတာကလည်းခေါင်းထဲကိုရောက်လာပြန်ပါတော့တယ်။ ကျွန်တော်တို့မြန်မာလူမျိုးတွေက မိမွေဘမွေဆိုတာကို တန်ဘိုးထားကြသလိုမက်လဲမက်မောကြပါတယ်။ နောက်ဒီအမွေတွေကြောင့်ဘဲ ပြဿနာတွေတက်ကြတော့ အမွေက နေ အမွှေဇယားတွေဖြစ်ကုန်ကြတာများပါတယ်။ ကျွန်တော်တို့မြန်မာ့ဓလေ့ထုံးစံမှာ အမွေနဲ့ပါတ်သက်တဲ့ ထုံးတမ်းစဉ်လာတွေလိုက်နာစရာတွေရှိပေမယ့် တိတိကျကျ […]


“ မင်္ဂလာအစ ………….. မင်္ဂလာအလယ်………မင်္ဂလာအဆုံး………….” လူတွေရဲ့စိတ်ကို ညွှတ်နူးစေတဲ့အထဲမှာ သီချင်းလေးတွေလဲပါ ပါတယ်။ အထူးသဖြင့် တိတ်ဆိတ်နေတဲ့ ညမျုးိ မှာ ဟိုးဝေးဝေးကနေခပ်သဲ့သဲ့လေးကြားနေရတဲ့သီချင်းသံလေးတွေက စိတ်ကို ပိုကြည်နူးစေ လွမ်းဆွတ်စေတတ်ပါတယ်။ နံနက်ခင်းများမှာဆိုရင်လဲ ကျက်သရေ မင်္ဂလာရှိတဲ့ စာသား သာယာနာပျော်ဘွယ်ကောင်းတဲ့သံစဉ်နဲ့ ဖွဲ့တည်ထားတဲ့ သီချင်းလေးများကို ကြားရတယ်ဆိုရင် စိတ်ထဲမှာ ပိုလို့ ကြည်လင်လာသလိုပါဘဲ။ ဟိုငယ်ငယ် ရေဒီယိုခေတ်ကတော့ နံနက်ခင်းတေးသံသာ ရေဒီယိုလာမှာဘဲကြားရတတ်ပါတယ်။ မြန့်မာအသံက စလွှင့်တဲ့အချိန်ကတော့ မနက် (7)နာရီပါဘဲ။ နောက်ပိုင်းဓါတ်စက်တွေ ရီကော်ဒါတွေ ပေါ်လာပေမယ့်လဲ အများစုသုံးနိုင်တဲ့ပစ္စည်းများမဟုတ်ပြန်ပါဘူး။ နောက်ပိုင်းမှာတော့ ကက်ဆက်ဆိုတာပေါ်လာတော့ အိမ်တော်တော်များများကနေ သီချင်းသံလေးတွေကြားလာရပြန်တယ်။ ဒါပေမယ့်လဲ 2000ခုနှစ်နောက်ပိုင်း VCD ခေတ်မှာတော့ တရုပ်ပြည်ဖြစ်စက်တွေက လူတိုင်းသုံးနိုင်လောက်တဲ့ ငွေပမာဏဆိုတော့ အိမ်တိုင်းစေ့လောက် ဝယ်နိုင်ကြပါတယ်။ ဒီတော့ လဲ နေ့နေ့ […]


မန်းလေးကန်တော်ကြိးလို့ခေါ်တဲ့(တက်သိမ်းအင်း)အနောက်ဘက်ကမ်းက ရေထဲမှာ ရှင်ဥပဂုတ္တကိုယ်တော်ကို ရည်စူးလို့ ကျောင်းဆောင်လေးတစ်ခုကို ဆောက်ထားကြပါတယ်။ အခုရက်ရေနည်းတော့ ကန်အောက်ခြေက အုတ်ခုံလေးတောင်မြင်နေရပါတယ်။ ဒါကတော့ အရင် ရေတွေပြည့်နေတုန်းက ဒီကျောင်းဆောင်လေးကို မြင်ရတဲ့ပုံလေးပေါ့။ နေ့လည်ခင်းလေးမှာ ရိုက်ထားပါ။ ။ ဒါလေးကလဲ နံနက်ခင်းလေးတစ်ခုမှာ ရေ မနည်း တနည်း အချိန်လေးမှာရုိုက်ထားတဲ့ပုံပေါ့။ ယှဉ်ကြည့်လို့ရအောင်တင်ပေးလိုက်ပါတယ်။


“အဝေးကွင်းကမြက်တွေ မစိမ်းတော့တဲ့နေ့………………. “ ပြီးခဲ့တဲ့ဥပုဒ်နေ့ကညနေပိုင်းအိမ်မှာဘောလုံးပွဲထိုင်ကြည့်နေတုန်း ကိုအောင်မောင်း အိမ်ကိုရောက်လာပါတယ်။ ”ကိုပေါက် ဘာပွဲလာနေလို့တုန်း” လို့သူကမေးတော့၊ “တိုက်ရိုက်လာတဲ့ပွဲမဟုတ်ပါဘူးဗျာ ထူးထူးခြားခြား သွင်းသွားတဲ့ဂိုးလေးတွေကိုစုထားတဲ့ခွေဖွင့်ကြည့်နေတာပါ” ကိုအောင်မောင်းလဲ ကျွန်တော်နဲ့အတူ ဘောလုံးပွဲကိုကြည့်နေရင်း သူ့ဘာတွေများတွေးမိတယ်မသိပါဘူး သူ့မျက်နှာကပြုံးဖြီးဖြီးကြီးဖြစ်လာပြီး “အဝေးကွင်းကမြက်တွေကမစိမ်းတော့ဘူးဗျ” လို့အဆက်အစပ်မရှိဘဲပြောလိုက်တော့ကျွန်တော်တောင် ကြောင်သွားပါတယ်။ အဲဒါနဲ့သူကို ဘာလဲလို့ မေးဆတ်ပြီး အသံတိတ်မေးလိုက်တော့ “နောက်နေ့ ဖိတ်စာတွေရောက်လာရင် ကိုပေါက် သဘောပေါက်သွားမယ်”လို့ပြောပြီး ထပြန်သွားပါတယ်။ လှေခါးရင်းနားရောက် မှ “တောင်ကြီးဘက်က ပြန်လာလို့ ထင်းရူးဆီတွေလာပို့တာ” လို့လှမ်းပြောရင်း အောက်ကိုဆင်းသွားပါတယ်။ နောက်လေးငါးရက်လောက်ကြာတော့ အလုပ်ကနေအိမ်ပြန်ရောက်တဲ့အချိန် မဒမ်ပေါက် မေးငေါ့ပြတဲ့ မင်္ဂလာဆောင်ဖိတ်စာလေးနှစ်စောင်ကို စာပွဲပေါ်မှာ တွေ့ရပါတယ်။ အဲဒါနဲ့ဖွင့်ဖတ်ကြည့်လိုက်တော့ ကိုအောင်မောင်းတို့ရုံးက ကလေးတွေရဲ့မင်္ဂလာဆောင်ဖြစ်နေပါတယ်။ နာမယ်တွေအလုပ်အကိုင်တွေကို သေချာပြန်ဖတ်ကြည့်လိုက်တော့ ပို့ထားတဲ့ဖိတ်စာနှစ်စောင်လုံးက ကုမ္ပဏီတစ်ခုထဲကဝန်ထမ်းအခြင်းခြင်း ဖူးစာဆုံကြတာဖြစ်နေပါတယ်။ အဲဒီတော့မှ ဟိုနေ့က ကိုအောင်မောင်းပြောသွားတဲ့ စကားကိုသဘောပေါက်ပါတော့တယ်။ […]


“ကျောင်းဖွင့်ချိန် စိန်ပန်းတွေလဲမြေမှာကြဲပြန့်နေ”ဆိုတဲ့တွံတေးသိန်းတန်သီချင်းကို တော့လူတိုင်းကြားဘူးမယ်ထင်ပါတယ်။ မန်းလေးတက္ကသို်လ်ရောက်တော့ ကျောင်းဝင်းထဲမှာစိန်ပန်းပင်တွေအများကြီး။ တွံတေးသိန်းတန်ရဲ့ ကျောင်းဖွင့်ချိန်စိန်ပန်းတွေလဲမြေမှာကျဲပြန့်နေ………..ဆိုတဲ့သီချင်းကြားရင် သိပ်လွမ်းဘို့ကောင်းတာဘဲ။ ပြင်ဦးလွင်ခေါ်တဲ့မေမြို့ ကိုရောက်တဲ့အခါ စိန်ပန်းပြာတွေ စိန်ပန်းနီတွေတွေ့ရင် ငယ်ငယ်တုန်း ကစားခဲ့ကြတာကို ပြန်သတိရမိပါတယ်။


စိန်ပန်းပွင့်တဲ့အချိန်ဆိုတော့ စိန်ပန်းပွင့်လေးတွေက နီနီရဲရဲလေး။ ထန်းညိုပင်ညီနောင်သုံးဖော်ကလဲ မတ်မတ်ရပ်။ န်းပင်က ညိုညို စိန်ပန်းက နီနီ နေအရောင်ကြောင့် ရေပြင်မှာအရိပ်ထင် အလွန်ပင်လှပါသည်။


ခါတိုင်းနှစ်ဒီလိုအချိန်ဆိုရင် မန်းလေးက ကန်တော်ကြီးလို့ အမည်ပေးတဲ့တက်သိမ်းအင်းမှာရေတွေဗောင်းလံလို့ ပြည့်လျှံနေပါတယ်။ ဒါကတော့ အရင်မနှစ်ဒီအချိန်လောက် က ရေပြည့်နေချိန်နေ့လည်ခင်းလေးက မြင်ကွင်းတွေပါ။ အခုအောက်ကပုံတွေကတော့ လက်ရှိ ကန်တော်ကြီးက ပုံလေးတွေပါ။ ကန်ကိုနက်အောင်တူးမယ်ဆိုလို့ ရေဆက်မသွင်းဘဲထားပါတယ်။ ရေကနည်းတာတော့ တော်တော်လေးကိုနည်းသွားပါတယ်။ ကန်ထဲမှာမြက်ပင်လေးတွေတောင်စိမ်းလို့နေပါတယ်။ဒီပုံလေးတွေက မနက်ခင်းလေးမှရိုက်ထားတာဖြစ်ပါတယ်။ ရေနည်းချိန်နဲ့ရေပြည့်ချိန်ကွာခြားပုံလေးကိုယှဉ်ကြည့်ရအောင်တင်မိပါသဗျာ


ကန်တော်ကြီးလမ်းလျှောက်ထွက်တဲ့မနက်မှာ ကန်တော်ကြီးအနောက်ဖျားရောက်တော့ လမ်းကလေးက တောင်ဘက်ကိုကွေ့သွားပါတယ်။ အဲဒီကန်တော်ကြီးရဲ့ရေပြင်ထဲမှာ ရှင်ဥပဂုတ်ကိုရည်ရွယ်လို့တည်ထားဟန်ရှိတဲ့ ကျောင်းဆောင်လေးကိုရေလည်မှာတွေရပါတယ်။ အခုရက်ရေနည်းချိန်မှာအောက်ခံအုတ်ရိုးလေးတောင်မြင်နေရပါတယ်။ ထွက်ပေါ်စ ဖြာကျလာတဲ့ မူံရီရီအရုဏ်ဦးအလင်းရောင်အောက်မှာ မြင်ရတဲ့မြင်ကွင်းက ခံစားမှု့တစ်မျုးိကိုပေးတယ်လို့ထင်မိပါတယ်။ ထူးခြားတဲ့ပုံလေးမို့ သီးသန့်ခံစားလို့ရအောင်တစ်ပုံထဲခံစားလို့ရအောင်တင်ပေးလိုက်ပါတယ်။


ဒီနေရာလေးက ဟိုးအရင် က ခြုံပုတ်တွေနဲ့ပြည့်နေတဲ့နေရာလေးပေါ့။ ဒီဘက်နှစ်တွေမှာ တောင်သမန်အင်းကို ပြုပြင်တော့ မြေနီလမ်းအသစ်ကလေးပေါ်လာမှ ဒီအုတ်ရိုးလေးကိုတွေ့တာ။ ကန်စပ်က အမှိုက်ပုံတွေနားမှာပေါ့။ ဘာအတွက်လဲ ဘာကြောင့်လဲ ဆိုတာကို မေးလဲ မမေးတော့ပါဘူး။ တစ်ခါတစ်လေ ဘာမှ မသိတာက ပိုခံစားလို့ကောင်းတယ်လို့ ထင်ရလို့ပါ။ ကဲဒီအတိုင်းသာကြည့်ကြပေတော့ဗျာ။


နေ့လည်ခင်းမှာတောင် တစ်နေရာကလင်းတစ်နေရကမှောင် နေရောင်က တိမ်ထုထဲရောက်သွားရင် အလင်းပျောက် အလင်းစက်နဲ့ထိတဲ့အချိန်တော့တိမ်ပြာပြာ အခုဘဲရွာချတော့မယောင်ဟန်တွေဆင်နေတဲ့ မိုးတိမ်ထုမြင်ရင်တာ လွမ်းလို့ ငိုတော့မယ်ဟန်ပြင်နေတဲ့ မိန်းကလေးလိုပါဘဲ။