မန်းလေးက ကန်တော်ကြီးဘက်ကို လူတွေအလည်လာရင် ကရဝိက်ရှိတဲ့ ရေပြင်ကျယ်ဘက်ခြမ်းကိုဘဲရောက်တတ်ကြပါတယ်။ ကန်တော်ကြီးရဲ့မြောက်ဘက်ခြမ်းလမ်းကြမ်းကြမ်းလေးအတိုင်းသွားရင် ကန်တော်ကြီးရဲ့မြောက်ဘက်ခြမ်းကိုရောက်ပါတယ်။ အဲဒီမြောက်ဘက်ခြမ်းမှာက အိမ်အမြင့်တွေမရှိတော့ စစ်ကိုင်းတောင်ကိုထမ်းထားရတဲ့ မင်းဝံတောင်တန်းကြီးကို အလျားလိုက်ကြီးမြင်နေရတာကလည်းလွမ်းစရာပါ။ အဲဒီနေ့က မိုးတွေအုံ့နေပါတယ်။ မိုးအုံ့နေတာကြောင့် နွေနေ့လည်ခင်းမှာတောင် အမှောင်ကျနေတာရယ် စိမ်းမှောင်နေတဲ့ ကန်တော်ကြီးရေပြင်ရယ် ကောင်းကင်ထက်က တိမ်တောင်ထုရယ်မြင်ရတာ တကယ်ကို့လွမ်းဘို့ကောင်းလှပါတယ် တစ်နေရာထဲကနေရိုက်ထားတာဖြစ်ပေမယ့် ခံစားမူ့ကိုတော့ တစ်မျုးိစီပေးမယ်လို့ ယူဆပါတယ်။


(2-5-2011)နေ့လည်35လမ်းအတိုင်းလာနေရင်းက မိုးတိမ်တွေကိုတွေ့တော့ စိတ်ထဲမှာဓါတ်ပုံရိုက်ချင်စိတ်ပေါက်လာတာနဲ့ 35လမ်းကနေ အနောက်ဖက်ခြမ်းမှာရှိတဲ့ တိမ်ပုံတွေကို ရိုက်ရော။ 35လမ်းကုန်းကျော်ပေါ်ရောက်တော့ ခပ်တည်တည်နဲ့ ဆိုင်ကယ်ရပ်ပြီးခလုတ်နှိပ်ရော။ နောက်ကကားတွေက ဟွန်းတွေတီးတာပေါ့။ ဒါနဲ့ဘဲဆိုင်ကယ်ဆက်စီးရင် နည်းနည်းခြင်းစီလောက်ဘဲကွာတဲ့ပုံတွေကိုဆက်တိုက်ရိုက်မိပါတော့တယ် အဲဒီနေ့က မိုးတွေအုံ့နေတယ်လေ။ ကောင်းကင်တစ်ခြမ်းက ကြည်လင် တစ်ခြမ်းက မိုးတိ်မ်တွေနဲ့ဆိုတော့ ခပ်မှောင်မှောင် မလှပေမယ့် တင်ပေးလိုက်ပါတယ်။


ယကွင်းရယ် စည်တိုရယ် တုံးမောင်းရယ် ကြေးစီးရယ် ငါးထပ်ကြီးဘုရားထဲမှာ မြင်ခဲ့ရတာလေးကို တင်ပေးလိုက်ပါတယ်။


နံနက်ခင်းလေးနာရီလောက် အရုဏ်တက်မှာဆိုရင် ဘုန်းကြီးကျောင်းနဲ့နီးတဲ့အရပ်တွေမှာ တ တုံတုံ နဲ့ တုံးမောင်းခေါက်သံလေးကို ကြားရတာ ကြည်နူးစရာပါ။ အခုတိုက်တိုက်ဆိုင်ဆိုင်ရွှေဂူကြီး ဘုရားထဲကကျောင်းပျက်ကြီးနားမှာတွေ့တော့ မမြင်ဘူးတဲ့သူများမြင်ရအောင် ကင်မရာခလုပ်နှိပ်လို့ မှတ်တမ်းတင်ပေးလိုက်ပါတယ်။


(မန်းလေးကန်တော်ကြီးမှာရှိတဲ့ ဒီကရဝိက်ပုံတွေကိုအရင်တစ်ခါက တင်ဘူးပါတယ်။ အခုတော့ တစ်စုတည်းထဲတွေ့ရအောင်ပြန် တင်ပေးလိုက်ပါတယ်။ တင်ဘူးတဲ့ပုံလဲပါသလို မတင်ရသေးတဲ့ပုံလဲ ပါပါတယ်။) ဒါကတော့ နံနက်စောစောစောအာရုံတက်စအချိန် ရောင်နီပျိုးခါစလေးမှာ ရိုက်ထားတဲ့ပုံလေးပါ။ နှင်းတွေဝေနေတဲ့ဆောင်းတစ်ရက်(ရွာထဲကလူတစ်ယောက်ကတော့ နှင်းမဟုတ်ဘူး မြူပါတဲ့) မှာ မူံရီရီမသဲမကွဲ ဝိုးတဝါးပုံရိပ်လေးပါ။ ဒီကရဝိက်ကြီးက အရင်က မန်းလေးဆွမ်းဟော်တယ်ရှေ့က (26ဘီလမ်း-65-66လမ်းကြား) ကျုံးရေထဲမှာရှိတာပါ။ အခုမှ ကန်တော်ကြီး ထဲကိုရွှေ့ထားပေးတာလေ။အခုတော့လဲ ဒီနေရာလေးမှာ သူရပ်တည်နေတာ ကြာပါပြီ။ ဒီပုံလေးကလဲ နံနက်ခင်းအလင်းရောက်စမှာရိုက်ထားတဲ့ပုံဖြစ်ပြီး။ ရေထဲကျနေတဲ့အရိပ်ကလေးကြောင့် အသက်ဝင်နေသလိုပါဘဲ။ ဒီပုံကတော့ မှတ်မှတ်ရရ 2011 လွပ်လပ်ရေးနေ့ နံနက်ခင်းလေးမှာ ရိုက်ထားတဲ့ပုံလေးဖြစ်ပါတယ်။ ကန်တော်ကြီးရဲ့တောင်ဘက်ခြမ်းကနေရိုက်ထားတဲ့ပုံလေးပါ။ ဒီပုံလေးကတော့ နေမင်းက မရဲတရဲထွက်ခါစအချိန်လေးမှာ ကိုပေါက်ရဲ့အမြင်စောင်းစောင်းလေးနဲ့လက်ဆော့ထားတဲ့ပုံလေးပါ။ အရင်က မြင်ဘူးကြတာ မှန်ပေမယ့် တစ်စုတစ်စည်းထဲ ကြည့်ချင်သူများအတွက် ရည်ရွယ်ပါတယ်။


“မမှားစကောင်း မှားစကောင်း” သင်္ကြန်မတိုင်ခင်ရက်က မန်းလေးကန်တော်ကြီး(တက်သိ်မ်းအင်း)မှာရေအတော်လေးနည်းတာကိုတွေ့ရပါတယ်။ ရေနည်းနေလို့လည်း ဒီနှစ်သင်္ကြန် ကန်တော်ကြီးထဲမှာ ရေပက်မဏ္ဍပ်တွေမဆောက်ရပါဘူး။ မနှစ်တုံးကဒီလိုနွေရာသီမှာရေနည်းပေမယ့်အခုလိုအောက်ခံမြေသားပေါ်လောက်အောင်တော့လည်းမနည်းပါဘူး။ ဒီလိုရေနည်းသွားတော့ အခုမှအသစ်ဆောက်ထားတဲ့ သိန်းသုံးရာကျော်တန်ဖိုင်ဘာအပျော်စီးလှေကြီးခင်ဗျာလည်း တစ်ခါမှာတောင် မတစ်ခါရသေး အသုံးမပြုရသေးဘဲ ရေများတဲ့နေရာမှာဟိုနားရပ်လိုက် ဒီနားရပ်လိုက်နေဖြစ်နေပါတယ်။ နှစ်ယောက်စီးခြေနင်းလှေ ဘဲရုပ်လေးတွေကလည်း ကုန်းပေါ်ကိုတက်ပြီးအနားယူနေရပြန်ပါတယ်။ ဒီကန်တော်ကြီးက ဇောက်တိမ်တဲ့အတွက်ရေများများသွင်းလို့ရအောင် ကန်ကြမ်းပြင်ကိုနက်အောင်ပြန်တူးမယ် လို့တော့ သတင်းကြားရပါတယ်။ (ဒါကြောင့်လဲ ကန်တော်ကြီးထဲက မြေတွေကို လိုချင်ရင်လာသယ်နိုင်တယ်လို့ သတင်းပါလာတာပါ) ကန်ရေနည်းသွားတော့ ရေစပ်စပ်မှာဗျိုင်းလေးတွေ အစာကောက်နေတာကိုမြင်ရပြန်တော့ ဟိုအရင် ကန်ထဲမှာရေပြည့်နေစဉ်အချိန်တွေမှာ မနက်မိုးလင်းစောစော ငါးအကောက်ထွက်တဲ့လူတွေကို သတိရမိ ပြန်ပါတယ်။ အရင်ကဆိုရင် ကျွန်တော်လမ်းလျှောက်ထွက်တဲ့ မနက်(5း30)လောက်ဆိုရင် ငါးအရှာထွက်သူတွေကို တွေ့ရပါတယ်။ ကန်ထဲမှာမူးပြီးမကူးနိုင်တော့တဲ့ငါးတွေကို ရေထဲဆင်းအသာလေးဖမ်းလိုက်ရုံပါဘဲ။ တစ်ခါတစ်လေတော့ လဲ ကမ်းစပ်က ဗေဒါပင်အုပ်ကြီးဘေးက ရေပြင်ကို ဗြန်းခနဲ့ရိုက်လိုက်ရင် ဗေဒါပင်အောက်မှာ ပုန်းနေတဲ့ ငါးတွေက […]


“ ပညာ=ရွှေအိုး =စီးပွားတိုး” တစ်ခါက မိတ်ဆွေတစ်ယောက်အိမ်ကို ရောက်သွားတဲ့အချိန်မှာ သုံးတန်းကျောင်းသား မြေးလေးကို အဖိုးဖြစ်သူက ဆူနေတာနဲ့သွားဆုံပါတယ်။ ကျူရှင်တွေမှန်သမျှလဲထားပေးရဲ့သားနဲ့ အတန်းထဲမှာ အဆင့်(2)ဘဲရလို့ မကြိုးစားဘူးဆိုပြီးဆူတာပါတဲ့။ အဲလိုဆူနေတာကို ကြားမိတော့ ကိုယ်ကလဲ ဘုမသိဘမသိနဲ့ဝင်လျှာရှည်မိပါတယ်။ “အဆင့်(2)ဆိုတာလဲ မဆိုးပါဘူး ဗျာကျွန်တော်တို့တုံး က “ဝမ်းတူ တင်း” ဝင်ရင်တောင်ကျေနပ်နေရတာမဟုတ်ဘူးလား”လို့ လို့ဝင်ပြောရင်း”သူတို့အတန်းထဲကျောင်းသားက ဘယ်နှစ်ယောက်လဲ”လို့မေးတော့။ “ခြောက်ဆယ့် သုံးယောက်”လို့ပြန်ဖြေတဲ့အခါ ဒါဆိုလဲကလေးကိုမဆူပါနဲ့တော့ဗျာ”လို့ကျွန်တော်ကပြောလဲပြောလိုက်ရော “ကိုပေါက်ရေ သူတို့အတန်းထဲမှာ ပထမရတဲ့သူက လူခြောက်ဆယ်ရှိတယ်”လို့ ခတ်ဆတ်ဆတ်လေး ဖြေသံကို ကြားမိလိုက်မှ “ဂဃနဏ”မသိဘဲ ဝင်ရှည်မိတဲ့ကိုယ့် ပါးစပ်ကိုဘဲ ပြန်ပိတ်ရိုက်ချင်စိတ်ပေါက်သွားပါတယ်။ အခုခေတ်ကလေးများ တ စာထဲ စာနေကြရတာကိုလဲ အပြစ်မဆိုသာပါဘူး။ မိဘဘိုးဘွားများကလဲ ကိုယ့်ကလေးရော ကိုယ်ပါမျက်နှာမငယ်ရအောင် ကလေးတွေကို ဇွတ်တွန်းပြီးကြိုးစားခိုင်းတာကိုး။ ကလေးတွေကိုလဲ မိဘတွေက ကောင်းပေ့ဆိုတဲ့ကျုရှင်တွေထား မနားတမ်းတစ်ခုပြီးတစ်ခုတက် […]


“ကိုပေါက်(မန္တလေး)က ရေးဖော်များသို့ သံချောင်းခေါက်ခြင်း” ကျွန်တော် မန်းလေးသား ကိုပေါက် က 2009ခုနှစ် ဒီဇင်ဘာလ(16)ရက်နေ့ ကနေစပြီးတော့ “မြန်မာသူငယ်ချင်းများနေ့”ဆိုက်မှာ “ပျော်အောင်နေနိုင်ဘို့ “ဆိုတဲ့စာအတိုလေးကိုစရေးပြီး ဘလောဂ့်ဂါ တစ်ယောက်ဘဝကို စခဲ့ပါတယ်။ (ကျနော်ဘလောဂ့်ဂါတစ်ယောက်ဘယ်လိုဖြစ်လာတယ်ဆိုတာကိုလဲ “ကျနော်အင်တာနက်စာရေးဆရာ” ဆိုတဲ့နာမယ်နဲ့ရေးခဲ့ပါတယ်။ဒီစာမူလေးကလဲ (24-4-2011)နေ့ထုတ်မန်းလေးတိုင်းဂျာနယ်မှာ ပုံနှိပ်ဖော်ပြပြီးဖြစ်ပါတယ်။) အဲဒီကနေစရေးရင်း မြန်မာသူငယ်ချင်းများနေ့တွင်သာမကဘဲ (1) Poemscornor (2) ထာဝရသူငယ်ချင်းများ (3) အဖြူရောင်အချစ်များ (4) Future dream (5) မန်းလေးဂေဇက် (6) ချောကလက်မြို့တော် (7) အိမ်လွမ်းသူ (8) Netlog (9) ဓနုဖြူမြို့တော် (10) စင်္ကာပူရောက်မြန်မာများ (11) ရွှေကျွန်းသား (12) Five three (13) လဝန်းဖြူ အစရှိတဲ့ဆိုက်တော်တော်များများမှာဝင်ရေးဖြစ်ပါတယ်။ တစ်ချို့ဆိုက်တွေကလဲ အခုချိန်မှာအကြောင်းအမျုးိမျုးိကြောင့်မရှိကြတော့ပါဘူး။ စစခြင်းရေးတော့ […]


ဒီပုံလေးကတော့ ရွှေဂူကြီးဘုရားပုရဝုဏ်ထဲမဝင်ခင် အပြင်အုတ်တံတိုုင်းနားကနေ အရှေ့ဘက်ကိုကြည့်လိုက်ရင် တွေ့ရတဲ့ စေတီလေးတွေပါ။ ကားကြီးများရပ်ရန်လို့ ထုံးနဲ့ရေးထားတာက တော့ ကျောင်းအိုလေး သူ့အရှေ့ဘက်မှာက ရွှေရောင်ဝင်းနေတဲ့ဘုရားတစ်ဆူ သူ့ရဲ့အရှေ့ဘက် ထုံးဖြူဖြူတွေနဲ့ဘုရားကတော့ ပုထိုးတော်ကြီး …………………………..


ဒီဘုရားကတော့ ဟိုနေ့က ကျနော်တင်ပေးခဲ့တဲ့ ကျောင်းအို ကျောင်းပျက်ကြီးရှိတဲ့ဘုရားရဲ့မြောက်ဘက်မှာရှိတဲ့ ရွှေဂူကြီးလို့ နာမတော်ရတဲ့ဘုရားပါ။ ရွှေဂူကြီးဘုရားဝင်းအတွင်းကတော့ အတော်လေးကို သပ်သပ်ရပ်ရပ်ရှိပါတယ်။ ကျော်မော်ဘက်ထရီမိသားစုက လှူဒါန်းပြုပြင်ထားလို့ပါ။


ငယ်ငယ်တုံးက ကလေးချင်းကစားကြရင် တိုင်တစ်လုံးသုံးမတ် မဝယ်နိုင်နင့်ပါးငါ………………… လို့အော်လေ့ဟစ်လေ့ရှိပါတယ်။ တောင်သမန်အင်းက တံတားအောက်ရောက်တော့ တိုင်လုံးကြားကနေလှမ်းကြည့်မိတော့ စိမ်းမြတဲ့ လယ်ကွင်းကြားမှာ သစ်ခြောက်ပင်လေးနှစ်ပင်ကို တိုင်လုံးတွေကြားကမြင်ရတော့ ……………………………………………………


“ဘယ်သူနဲ့တူပါသလဲ …………………………………………..” ကျွန်တော်တို့ မိ်တ်ဆွေ “ကိုရဲ” က စားသောက်ဆိုင်လေးတစ်ခုဖွင့်ထားပါတယ်။ တရုတ်စာ ကုလားစာ မြန်မာစာ ဘိုစာ အစုံရတဲ့ဆိုင်လေးပါ။ သူ့ဆိုင်လေးက အရမ်းနာမယ်ကြီးတဲ့ထဲမှာ မပါပေမယ် သူ့ဖောက်သည်နဲ့သူမှန်မှန်လေး ရောင်းနေရတဲ့ဆိုင်လေးလဲ ဖြစ်ပါတယ်။ သူက သူ့စားသောက်ဆိုင် စဖွင့်တဲ့ရက်ရောက်တိုင်း “ဆိုင်လေးရဲ့မွေးနေ့”လို့သတ်မှတ်ပြီး မိတ်ဆွေတွေကို ဖိတ်ပြီး၊စားပွဲသောက်ပွဲလေးလုပ်လေ့ရှိပါတယ်။ အဲဒီနေ့ညနေရောက်ရင် မိတ်ဆွေတွေကိုရော သူ့ဆီကို အမြဲတမ်းလာစားတဲ့ဖောက်သယ်တွေကိုတော့ ဖိတ်စာနဲ့ဖိတ်ပါတယ်။ မွေးနေ့မှန်းမသိဘဲလာပြီး စားတဲ့ သူတွေကိုလည်းအဲဒီနေ့ ညနေစာအတွက် ပိုက်ဆံမယူဘဲ ကျွေးမွေးပါတယ်။ ဒီနှစ်တော့အဲဒီဆိုင်မွေးနေ့လေးကို ကိုစိန်မောင်ရယ် ကိုအောင်မောင်းရယ် ကျွန်တော်ရယ် သန်းလွင်ရယ်အတူသွားဖြစ်ကြပါတယ်။ ထုံးစံအတိုင်း “ဘူဖေး”ပုံစံခင်းကျင်းပေးထားပါတယ်။ ဟင်းပွဲကိုက အသားရော အသီးအနှံရော သုံးဆယ်ကျော်ကျော်လောက်ရှိမယ်ထင်ပါတယ်။ အကြော်အလှော်အချက် အပြုတ်အသုတ် စုံတကာစေ့နေတာပါဘဲ။ ဟင်းတွေကို အပူပေးထားတဲ့ စတီးအိုးကြီးတွေထဲမှာထည့်ပေးထားတာပါ။ အရက်ကတော့ ကောင်တာမှာ တင်ပေးထားပါတယ်။ […]


ရွှေဂူကြီးဘုရားဝင်းထဲက ကျောင်းပျက်ကြီးရဲ့ပုံတွေပါ။ ဒါကတော့ မြောက်ဘက်ခြမ်းကပုံလေးပေါ့။ ဒေါင့်ပေါင်းစုံနေရာပေါင်းစုံက မြင်ရတဲ့ပုံလေးတွေပါ။ ကျောင်းဟောင်း ကျောင်းအို ကျောင်းပြို ကျောင်းပျက် အဟောင်းကိုဖျက်လို့ အသစ်တည်ရင် သစ်တော့သစ်ပါရဲ့ အမွေအနှစ်ဆိုတာပျက်သွားမှာ တော့ ဧကန်…………………….