“ကိုပေါက်(မန္တလေး)က ရေးဖော်များသို့ အကူအညီတောင်းခံခြင်း”

“ကိုပေါက်(မန္တလေး)က ရေးဖော်များသို့ သံချောင်းခေါက်ခြင်း”

ကျွန်တော် မန်းလေးသား ကိုပေါက် က 2009ခုနှစ် ဒီဇင်ဘာလ(16)ရက်နေ့ ကနေစပြီးတော့ “မြန်မာသူငယ်ချင်းများနေ့”ဆိုက်မှာ “ပျော်အောင်နေနိုင်ဘို့ “ဆိုတဲ့စာအတိုလေးကိုစရေးပြီး ဘလောဂ့်ဂါ တစ်ယောက်ဘဝကို စခဲ့ပါတယ်။
(ကျနော်ဘလောဂ့်ဂါတစ်ယောက်ဘယ်လိုဖြစ်လာတယ်ဆိုတာကိုလဲ “ကျနော်အင်တာနက်စာရေးဆရာ”
ဆိုတဲ့နာမယ်နဲ့ရေးခဲ့ပါတယ်။ဒီစာမူလေးကလဲ (24-4-2011)နေ့ထုတ်မန်းလေးတိုင်းဂျာနယ်မှာ ပုံနှိပ်ဖော်ပြပြီးဖြစ်ပါတယ်။)
အဲဒီကနေစရေးရင်း မြန်မာသူငယ်ချင်းများနေ့တွင်သာမကဘဲ
(1) Poemscornor
(2) ထာဝရသူငယ်ချင်းများ
(3) အဖြူရောင်အချစ်များ
(4) Future dream
(5) မန်းလေးဂေဇက်
(6) ချောကလက်မြို့တော်
(7) အိမ်လွမ်းသူ
(8) Netlog
(9) ဓနုဖြူမြို့တော်
(10) စင်္ကာပူရောက်မြန်မာများ
(11) ရွှေကျွန်းသား
(12) Five three
(13) လဝန်းဖြူ
အစရှိတဲ့ဆိုက်တော်တော်များများမှာဝင်ရေးဖြစ်ပါတယ်။
တစ်ချို့ဆိုက်တွေကလဲ အခုချိန်မှာအကြောင်းအမျုးိမျုးိကြောင့်မရှိကြတော့ပါဘူး။

စစခြင်းရေးတော့ ကိုပေါက်ဆိုတဲ့နာမယ်နဲ့ရေးသလို
“စံသရဖီ” ဆိုတဲ့နာမယ်နဲ့လဲရေးခဲ့ပါတယ်။
နောက်ပိုင်းမှာ ကိုပေါက်ဆိုတာ ရုပ်ရှင်ဒါရိုက်တာ ရှိတယ်ဆိုတာသိလာပေမယ့်
ကိုယ်နှစ်သက်တဲ့နာမယ်ကု ိမပြောင်းချင်တာနဲ့ဘဲ
ကိုပေါက်(မန္တလေး)ဆိုတဲ့နာမယ်ကို အတည်ယူလို့ရေးသားခဲ့ပါတယ်။
အဲဒါ အခုအချိန်ထိပါဘဲ။
ရေးသားရင်းနဲ့ …………..စကောင်း နာမယ်ယူလို့ ပို့စ်အတော်များများရေးသားခဲ့ပါတယ်။
ဥပမာ ပြရရင်
မရောက်စကောင်းေ ရာက်စကောင်း
မနှိုင်းစကောင်း နှိုင်းစကောင်း
မလဲစကောင်း လဲစကောင်း
မပြန်မကောင်း ပြန်မကောင်း
မညာစကောင်း ညာစကောင်း အစရှိသဖြင့်ပေါ့။
အဲဒီလိုဆိုက်တွေမှာရေးနေရင်းကနေ မန်းလေးအခြေစိုက် ဂျာနယ်များဖြစ်တဲ့
မန်းလေးတိုင်း ဂျာနယ်က “ဟိုမရောက်ဒီမရောက် ပေါက်တတ်ကရ”နဲ့
မန်းတောင်ရိပ်(Shade) “ချစ်ခြင်းရဲ့အဆုံးဟာအမုန်းလားကွယ်”ဆိုတဲ့
စာမူလေးတွေကို ပုံနှိပ်ပေးတာက အစပြုပြီး ပုံနှိပ်မီဒီယာထဲကိုရောက်ခဲ့ပါတယ်။
အခုလက်ရှိမှာလည်း ဒ ီဂျာနယ်နှစ်စောင်မှာ ကျနော်ရေးတာလေးတွေကို ပုံနှိပ်ဖော်ပြဆဲဖြစ်ပါတယ်။
2010ခုနှစ်ဒီဇင်ဘာလကုန်အထိ (ကဗျာ၊ဝတ္တု၊ဆောင်းပါး)အပါအဝင်စာမူစုစုပေါင်း(140)ကျော်ရေးဖြစ်ခဲ့ပါတယ်။
အဲဒီစာမူတွေထဲကမှ “နားစည်ကိုထွင်း နှလုံးသားအတွင်းဝင်သွေးကြောထဲလှည့်ပါတ်ဦးနှောက်အတွင်းရပ်တန့်နေသော”
ဆိုတဲ့ အပိုင်း(23)ပိုင်းပါစာမူကို အကျဉ်းချုံးပြီး (နှလုံးအတွင်းမှ စီးဆင်းလာသော ဂီတပန်းပွင့်များ)ဆိုတဲ့နာမယ်နဲ့ တပုဒ်၊
အပိုင်း(25)ပိုင်းပါဝင်တဲ့“မလွမ်းစကောင်း လွမ်းစကောင်း(ရှေးရှေးက မန္တလေး)”ဆိုတဲ့စာမူထဲက နေစားသောက်ဆိုင်နဲ့ပါတ်သက်တာတွေကို ခွဲထုတ်ပြီး
(တတမ်းတမ်း တ တတ လွမ်းတသသ မန္တလေး)ဆိုတဲ့နာမယ်နဲ့ကတပုဒ် စုစုပေါင်း (2)ပုဒ် မန်းလေးဂေဇက်သတင်းစာက နေ သူတို့ဆီမှာတင်ထားတဲ့ စာမူထဲကနေယူပြီးပုံနှိပ်ပေးခဲ့ဘူးပါတယ်။

2010ခုနှစ် ဩဂုတ်လထဲမှာတော့ မိတ်ဆွေတွေနဲ့လက်ဖက်ရည်ဆိုင်မှာ
စကားပြောကြရင်း ခုခေတ်မှာ ပစ္စည်းတွေ မသန့်တဲ့အကြောင်းစကားစပ်မိတော့
သူက ကိုပေါက် ဒီအကြောင်းလေး ရေးပါလားဆိုတာနဲ့ဘဲ
“ မသန့်စကောင်း သန့်စကောင်း“ဆိုတဲ့စာလေးကို ရေးဖြစ်ပြီး (23-8-2010)မှာ
ဆိုက်အားလုံးကိုရေးတင်ဖြစ်ပါတယ်။
ဒါပေမယ့် 24-4-2011 နေ့မှာတော့ ဦးကောက်(ukouk44)
လို့ အမည်ခံထားတဲ့သူက ကျနော်ရဲ့အဲဒီစာမူကို ဆိုက်တော်တော်များများမှာ“အလှအပကြိုက်လေသက်တမ်းတိုလေ” ဆိုတဲ့နာမယ်ပြောင်းကျွန်တော်ရေးထားတာကို ကော်ပီကူးပြီး သူရေးတယ်ဆိုတဲ့ပုံစံနဲ့ပို့စ်တင်လာတာကို ကျနော်ရဲ့မန်းလေးဂေဇက်က မိတ်ဆွေများက ကော်မင်းတွေပေးပြီးပြောမှ ကျွန်နော်သိရပါတယ်။
အများအားဖြင့်ကျန်းမာရေးနဲ့ပါတ်သက်တဲ့ဆိုက်တွေဖြစ်တဲ့ (Healthy တို့ ဓမ္မဒူတ တို့ဆိုတဲ့ဆိုက်တော်တော်များများမှာပါ)
(“အလှအပကြိုက်လေသက်တမ်းတိုလေ” ဆိုတဲ့ သူပြောင်းပေးထားတဲ့နာမယ် ကို ဂူးဂဲလ်ထဲမှာရိုက်ထဲ့ပြီးရှာလိုက်ရင်သူတင်ထားတဲ့ ဆိုက်နာမယ်တွေကျလာတာကိုတွေ့ရမှာပါ)
တကယ်ကို အရှက်တရားနည်းပါးတဲ့လူလို့ဘဲသတ်မှတ်ရမှာဘဲ။
ဒီလူက သူများဟာမှန်းသိပါရဲ့နဲ့ ကူူးတင်တာဖြစ်ပါတယ်။
တကယ်လို့များသူက ဝန်မခံဘဲငြင်းမယ်ဆိုရင်လို ပေါင်ချိန်စကားနဲ့ငှားပြောရရင်
ကျနော့်မှာ ပစ္စည်းသက်သေလူသက်သေတွေအပြည့်ရှိပါတယ်။
ဒီအရင်ကလဲ မစ်ကီလေးဆိုသူက ကျွန်တော်ရေးထားတဲ့ “သူ့ခေတ်နဲ့တော့ သူတွင်ကျယ်”ဆိုတာကိုဒီအတိုင်း ကော်ပီကူးပြီးတင်ဘူးပါတယ်။ကျွန်တော်အနေနဲ့ပြောရရင် ကျနော်ရေးတာတွေက ကောင်းတာမကောင်းတာ လူနှစ်သက်တာ မနှစ်သက်တာအပထား ကျနော့် ကြိုးစားအားထုတ်မူ့က ထွက်ပေါ်လာတဲ့အသီးအပွင့်လေးတွေပါ။ အသီးက ချိုချို မချို ချို အပင်ပိုင်ရှင်ဖြစ်သူကတော့ သူ့ရဲ့အသီးအပွင့်လေးတွေကို သူတန်ဘိုးထားတာအမှန်ပါဘဲ။
အခုလိုအကျယ်တဝင့်ပြောပြနေရခြင်းက ကျနော်စာရေးတတ်တာ ပုံနှိပ်ခံရတာတွေကို ကြွယ်ချင်လို့မဟုတ်ပါဘူး။မတော်လို့ များ ရေရေရာရာ မသိသူတစ်ယောက်က ကျနော့် ပုံနှိပ်ထားတာကို ဒါမဟုတ် ရေးနေကျဆိုက်ထဲမှာ တင်ထားကို ဖတ်မိရင် ဦးကောက်ရေးတာကို ကိုပေါက်က ခိုးယူတယ်လို့ အထင်ခံရမှာစိုးတဲ့အတွက်ဖြေရှင်းပေးရတာဖြစ်ပါတယ်။ ဒီမသန့်စကောင်း သန့်စကောင်းဆိုတဲ့စာမူကလဲ မကြာခင်ပုံနှိပ်တော့မှာဖြစ်ပါတယ်။ ထို့အတူဘဲ ကျနော်လို့ ဝါသနာပါလို့စာရေးနေတဲ့သူတွေရဲ့စာကို ဒီလူက နာမယ်ပြောင်းပြီး တင်နေမှာစိုးတာရယ်၊ ဒီ ဦးကောက်ဆိုတဲ့သူသည် သူများအပင်ပန်းခံရေးထားတဲ့စာတွေကိုခပ်တည်တည်ကူး နာမယ်ပြောင်းပြီးတင်နေတယ်ဆိုတာကိုကျနော့်ရေးဖော်ရေးဖက်များက ကျနော်မသိသော ကျနော်ဝင်မရေးဖြစ်သေးသောဆိုက်များမှမိတ်ဆွေများသိအောင် ကျနော်ကိုယ်စား ကူညီပြီး ဖြန့်ဝေပေးစေလိုတဲ့အတွက် သံချောင်းခေါက်လိုက်ရပါကြောင်း မိတ်ဆွေအပေါင်းတို့ခင်ဗျား………………………………………………….
ခင်သော
ကိုပေါက်(မန္တလေး)

19 comments

  • manawphyulay

    April 27, 2011 at 1:11 pm

    ဖြန့်ဝေပေးချင်ပါတယ်လေးပေါက်ရေ…….. မနော ခုလောလောဆယ် ကိုယ့်နာမည်နှစ်ခုနဲ့ တိုင်လာပတ်နေလို့ ဒီပိုစ့်တင်လိုက်တာလား…. 😛

    Reply

  • shwe ni

    April 27, 2011 at 1:26 pm

    သူကြီးတော့ အဲ posts တွေဘယ်ကတက်နေလဲ သိမှာပဲနော်. သူခိုးဘယ်နိုင်ငံကလဲတော့ သိသင့်တယ်နော် . သူကြီး ဝမ်နင်ပေးပြီးမှ posts တွေဆက်တိုက်တက်နေသေးတာ တွေ့တယ်
    ဦးကောက် ဆိုတာ ဦးပေါက်နဲ့ခပ်ဆင်ဆင်ရယ်နော် တော်ကြာ ကလောင်ခွဲထင်နေကြမယ် ။

    Reply

  • ဆူး

    April 27, 2011 at 1:31 pm

    ဦးပေါက် ရေ.. ဆူး လည်း ဖတ်ပြီးသား ပြန်တင်ထားတာ တွေ့ရင် ဦးပေါက် ဟာဆိုရင် စစ်ပေးပါတယ်။ ခင်တဲ့ မိတ်ဆွေ စာရေးဖော်ချင်းဖြစ်နေတာမို့ပါ။
    ပင်တိုင် ပရိတ်သတ်ကြီးပေါ့။

    Reply

  • computer

    April 27, 2011 at 1:49 pm

    ဦးပေါက်
    mandalaygazette မှာ ဖတ် အကောင်းဆုံး သောစာတွေကို ရေးနေသောသူတစ်ဦးဆိုရင် ဦးပေါက် ပါ ။
    ရေးလိုက်တဲ့ စာတိုင်း ဖတ်ကောင်းပြီး အဆင်ပြေနေပါတယ် ။
    ဆက်ပြီးအားပေးနေပါ့မယ်။

    Reply

  • padonmar

    April 27, 2011 at 2:30 pm

    ကိုပေါက်စာတွေကိုရော ဓာတ်ပုံတွေကိုပါ ရွာထဲရောက်စကတည်းက အားပေးနေတာပါ၊
    တခြားဆိုက်တွေတော့ ဝင်မကြည့်အားလို့ မသိပါဘူး၊MG မှာတော့ ကိုပေါက် စာတွေ အကောင်းဆုံးလို့ ထင်ပါတယ်၊ အမှန်အကန် ကိုပေါက်ကို ဘယ်တော့မှ ကူးချမယ့်သူလို့ မထင်ပါဘူး၊

    Reply

  • kopauk mandalay

    April 27, 2011 at 3:02 pm

    အခုလိုအားပေးကြတာ ကျေးဇူးတင်ပါတယ်။
    အဲဒီလုူကိုဖြေရှင်းခွင့်ပေးထားပါတယ်။
    ဒါပေမယ့်သူက မသိချင်ယောင်ဆောင်နေတဲ့အတွက် ကျနော်ရေးသမျှဆိုက်အားလုံးမှာ အခုရေးထားတဲ့အတိုင်းတင်ပေးလိုက်ပါတယ်။

    Reply

  • Foreign Resident

    April 27, 2011 at 8:59 pm

    Touching sentence !!!
    “အသီးက ချိုချို မချို ချို အပင်ပိုင်ရှင်ဖြစ်သူကတော့ သူ့ရဲ့အသီးအပွင့်လေးတွေကို သူတန်ဘိုးထားတာအမှန်ပါဘဲ”

    Reply

  • bigcat

    April 28, 2011 at 1:32 am

    ဟားဟားဟား.. ခင်ဗျားတို့က ကိုပေါက်(မန္တလေး)ကို တခြားလူထင်နေကြတယ်၊ တကယ်တော့ သူက ကျုပ်ရဲ့ကလောင်ခွဲတခုဗျ…..ဝိုင်းဝန်းချီးမွှမ်းသူ အပေါင်းကို ကျေးဇူးဥပကာရ တင်ရှိပါတယ်။ ကိုကျာ်ကတယောက်ထဲ ပရိတ်သတ်ကအများမိုလို့ နာမည်တပ်ပြီး တဦးချင်း မတုံ့ပြန်နိုင်တာ နားလည်ပေးပါ….အမှန်တိုင်းထပ်ပြောရရင် ကိုင်၊ ခိုုင်၊ kai လို့အများသိကြတဲ့ အယ်/ချုပ် သဂျီးဆိုတာလည်း ကျုပ်ပဲ။ ဘူး..ထွား…ထွား…ထွား…ထွား…

    Reply

    • nozomi

      April 28, 2011 at 3:49 am

      “ ညဏ်ရည် ညဏ်သွေးမြင့်တဲ့ သူတွေပဲ သူတစ်ပါးပြောတဲ့ဟာသ ကိုနားလည် သဘောပေါက်ပြီး ရီတတ်ကြတယ်တဲ့” ဆရာကအဲဒီလိုပြောပြီး ငါ အခုဟာသတစ်ခုပြောမယ်ဆိုတော့ ဆရာကဘာမှတောင် မပြောရသေးဘူး ကျောင်းသားတွေ အားလုံးက ဟား……..ဟား………….နဲ့ ဝိုင်းရီ(ရယ်) ကြတယ် ညဏ်ရည် နိမ့်တယ်ထင်မှာစိုးလို့ သေချာအောင်ကြိုရီထားကြတာ

      Reply

    • weiwei

      April 28, 2011 at 5:16 am

      ဟားဟားဟား … အရင်ကြိုရီလိုက်တာ .. ဉာဏ်ရည်နိမ့်တယ်ထင်မှာစိုးလို့ ….. 😛 😛

      Reply

  • manawphyulay

    April 28, 2011 at 3:24 am

    လေးပေါက်ရဲ့ကလောင်က ငှက်ကြီးဖြစ်သင့်လို့လား မဖြစ်နိုင်ဘူးထင်တယ်နော်။ သူ့မှာ ကိုပေါက်မန်းလေးဆိုတဲ့ကလောင်ရှိနေတာ ငှက်ကြီးနာမည်နဲ့ဝင်မလား ဦးနှောက်ရှိတဲ့သူတွေ စဉ်းစားတတ်မယ်ထင်ပါတယ်။ လေးပေါက်ရေ ဘာတွေဖစ်ကုန်ပြီလဲ ရှင်းပြပါဦး

    Reply

    • bigbird

      April 28, 2011 at 2:39 pm

      ငှက်ကြီးနဲ့ဘာဆိုင်လို့လဲ…မနောရေ.. မဆိုင်သူမဆွဲထည့်ကြေးနော်…

      Reply

  • PaukPhaw

    April 28, 2011 at 4:51 am

    အတော်ဆိုးတဲ့လူတွေ
    ကူးရင် ကူးတယ်ဒဲ့ပြောပေါ့..ဘာရှက်စရာလိုလို ့လဲ..
    ရေလည်ပဲ.ချီးပေတယ်..

    ကိုယ်တောင် ဘုမသိဘမသိတောင် ဝင်မန်းမိလိုက်သေးတယ်….
    တော်တော်ဆိုးတဲ့ ukouk44
    ဟွင့်..လူဂျိုး..

    Reply

  • moethidasoe

    April 28, 2011 at 5:46 am

    အေးလေ .. အချုပ်ထဲ ရောက်တာတောင်မှ ခိုးတယ်လို့ ချက်ခြင်းဝန်ခံတဲ့လူ ရှိလို့လား .. (သူလဲ ၈ဝ ကို တစ်ခါတည်း လိုချင်လို့ ဖြစ်မှာပေါ့)

    Reply

  • kopauk mandalay

    April 28, 2011 at 11:10 am

    ကျနော့် အကြွေးရှင်များခဗျား
    ယနေ့မှစ၍ ကျွန်နော်ပေးရန်ရှိသော လက်ဖက်ရည်ကြွေးများနှင့် အင်တာနက်ဘိုးများအားလုံးကို
    ကြောင်ကြီးထံတွင်သာတောင်းယူကြပါရန် အသိပေးအပ်ပါသည်။

    Reply

  • manawphyulay

    April 28, 2011 at 2:55 pm

    ဟီး ဟုတ်တယ် မွှားတွားလို့ ဦးငှက်၊ ဦးကြောင်ကို ကျောတာ နာမည်က ဆင်တူဆိုတော့ မွှားတွားလို့ တောင်းပန်တယ်နော်……………..ဆောတီးနော် လေးလေးငှက်

    Reply

  • paukpauk

    April 28, 2011 at 3:09 pm

    ပေါက်တိုင်းတော့ ကိုယ့်ဟာချည်းပဲမထင်နဲ့နော်
    🙁

    Reply

  • kopauk mandalay

    April 28, 2011 at 3:11 pm

    ဟုတ်တယ် ပေါက်ပေါက်က ကိုပေါက်တဲ့ ပေါက်တစ်လုံးပိုပါသဗျာ။
    သေချာမှပြောတာပါဗျာ။

    Reply

  • windtalker

    December 31, 2011 at 1:56 pm

    ကိုပေါက် ဆီမှ ခိုးသွားသော ဘက်ကီးကောင်ပါကလား
    ဒါနဲ ့စကားမစပ် ဟို အခိုးခံလိုက်ရတဲ့ ကလေးမ လေးကြတော့
    ဘာဆက်ဖြစ်တယ် တဲ့ လဲ ဟင်

    Reply

Leave a Reply

Your email address will not be published.