“ကစ်ပလင်မမြင်ဘူးခဲ့တဲ့မန္တလေးလမ်း”

“ကစ်ပလင်မမြင်ဘူးခဲ့တဲ့မန္တလေးလမ်း”

မန်းလေးလမ်းက ကျဉ်းကျဉ်း
အဲကွန်းဘတ်စ် ကြီးကြီး
ဆိုင်ကယ်စက်ဘီးတစ်စီးနဲ့တစ်စီးကျပ်ညှပ်
မန်းလေးလမ်းမများ ယာဉ်စီးလို့သွားတဲ့အခါ
မနူဟာဘုရားဖူးရသလို
ကျဉ်းကျဉ်းကျပ်ကျပ်။

စစ်ကိုင်းနဲ့မန်းလေး
စက်မူ့နဲ့ဈေးချိုု
ခရီးတိုတို ဈေးချိုချိုနဲ့ပြေးတဲ့
မန်းလေးက အိပ်စ်ပရက်ချီတက်လာတဲ့အခါ

စပယ်ယာက ကားအပြင်ထွက်
လက်ကလေးကတရမ်းရမ်း
သရမ်းတဲ့ပါးစပ်က ဘေးကို ……ဘေးကို ……..ဘေးကို
ထီမထင်တဲ့ယဉ်မောင်း
ငဲ့စောင်းလို့ဘေးမကြည့်
ဟွန်းတအွမ်အွမ် အသံစုံပေးလို့နောက်ကလိုက်
ဖယ်များမဖယ်ရင် တိုက်သတ်မဲ့ပုံ။

လေတိုက်လို့သစ်ပင်လှုပ် လှုပ်
လမ်းဘေးမှာ အရုပ်ဘဲချထားထား
ရိပ်ခနဲမြင်လိုက်တာနဲ့
လမ်းမအလယ်ခေါင်ဘရိတ်စုံဆွဲလို့ရပ်
လမ်းမပေါ်ကားရပ်တာ သူတို့အခွင့်အရေး
တမင်များ ပေးထားသလို
“ဘာကြောင့်ချချလမ်းဘေးချရပ်”
ကားဦးခန်းမှာ ကပ်ထားတဲ့
ပညာပေးစတစ်ကာ
ရှက်ရှာလို့ မျက်လွှာချနေပါတယ်။

စပယ်ယာကတော့ဇွတ်ဆင်း
အတင်းကြိးဘဲအထုပ်တွေဆွဲ
လက်တွဲပြီးနင်းကန်ခေါ်
လိုက်တော်မမူရင် ပွစိပွစိ
“ဆွဲဆရာ အာပလာတွေ………………………”ပါတဲ့။

“အလိုက်သိသူများ”ညှိနှိုင်းတတ်သူများ”
မှတ်တမ်းထားမယ်ဆိုရင်
မန်းလေးသူ မန်လေးသား ထိပ်ဆုံးကပါမယ်ထင်ပါရဲ့။
မီးပွိုင့်ပျက်အချက်မပြ၊
ယာဉ်ထိန်းလဲလက်မပြဘူးဆိုရင်
ကို်ယ်အထာ သူသိ
သူ့အထာကိုယ်သိ
အလို်က်တသိကြည့်ရှောင်
တိုက်မိတယ်ဆိုတာ မရှိပေါင်ဗျာ။
တစ်ခါတစ်လေ ယာဉ်ထိန်းရဲကအပျင်းပြေလက်ပြ
မီးစိမ်းနဲ့ မီးနီ မီးလာလို့များမြင်မိရင်
ယောင်တောင်တောင်ဖြစ်ချင်သေးရဲ့။

စက်ဘီးများ ဘေးမကပ်
လေပေါရင်းယှဉ်နင်း
မလျော်ချင်ဘူးဆိုရင် ကြည့်ရှောင်ပါ။
တဗြူးဗြူးတဗြဲဗြဲ
လီဗာအသားကုန်ဖြဲလို့
မိုင်ကုန်ဟဲတဲ့ဆိုင်ကယ်
အသံကြားရင်ဘေးဖယ်
မသေချင်သေးဘူးဆိုရင်ပေါ့။

တအုံအုံ တဂွမ်ဂွမ်
တဘော်ဘော်တဘူဘူ
အသံဆူဆူပေးတဲ့ ဟွန်းသံကြား
နားမကား ချင်ရင်ကြည့်ရှောင်
လမ်းလယ်ခေါင်ရပ်ချင်ရပ်မယ်
လူတင်ချင်ရင်လဲတင်မယ်
နောက်က နေဇွတ်ကပ်လိုက်
တိုက်မိရင်တာဝန်မယူ။
ခန္တှီစ ဆိုတဲ့စိတ်ရှည်ခြင်း
လေ့ကျင်ချင်တယ်ဆိုရင်မန္တလေးလာ
ဆိုင်ကယ်နောက်ကထိုင်ရင်းကျင့်
တရားရချင်မြန်မြန်ရ
ဒါမှမရဘူးဆိုရင်တော့……………………………………….
နောင်ဘဝမှာမှ ဆုံကြပါစို့ကွယ်ဖြစ်သွားမနော်…………………………..

ကိုပေါက်လက်ဆောင် အတွေးကန့်လန့်လေး
(31-5-2011)

မိုက်ကယ်ရူးမေကာ အလွန် မန်းတလေး အဲကွန်းဘက်စ်ဒရိုက်ဘာများ
Posted by windtalker on May 30, 2011
ကို မန္တလေး ဂေဇက်မှာဖတ်မိတဲ့အခါ ဒီကဗျာလေးရလာပါတယ်။

11 comments

  • pooch

    May 31, 2011 at 5:01 pm

    မန္တလေး ဆေးရုံကြီးရဲ့ ဦးနှောက် နဲ့ အာရုံကြောဌာန မှာဆိုရင် တနေ့တနေ့ ရောက်လာလိုက်တဲ့ လူနာအားလုံးထဲ မှာ အများစုက ဆိုင်ကယ် မဆင်မခြင်မောင်းပြီး ဦးထုပ်မဆောင်းကြ လို့ပါ။ လိုင်းကားတွေ လည်း အတော် ကြောက်စရာကောင်းပါတယ်။ ဦးပေါက်ပြောသ လိုပဲ အထာမသိလို့ ကတော့ သေပြီဆရာ လို့
    အော်ရမှာပါ။

    Reply

  • hmee

    May 31, 2011 at 5:28 pm

    မန္တလေးကို အလည်သွားစဉ်က အတော်ကို ကသိကအောက် ဖြစ်ခဲ့ရတယ်။ ကားတစ်စီးလုံးလာနေတာ မြင်နေရဲ့နဲ့ စက်ဘီးသမားတွေ မဖယ်ပေးဘူး။ လမ်းတွေမှာလည်း မောင်းချင်သလိုမောင်းနေတာ အကြောင်းမသိသူဆို မလွယ်ဘူး။ ဒါပေမဲ့ ဘက်စ်ကားကို တခါမှကို မမြင်ခဲ့ဘူး။ တလကျော်ကျော် နေခဲ့တာတောင်မှ စက်ဘီး ၊ ဆိုင်ကယ်တွေပဲ တွေ့တယ်။

    Reply

  • manawphyulay

    June 1, 2011 at 3:53 am

    အဲဒီမှာက လိုင်းကားကော များများရှိရဲ့လား။ မနော တစ်ခါ လာဖူးတုန်းကတော့ တစ်စီးလာဖို့ အတော်စောင့်ရတယ်။ လာတော့လည်း မနည်းတက်ရတယ်။ ခုတော့ မရောက်တာ အတော်ကြာပါပြီလေ…. ထပ်မံလာချင်ပါသေးတယ်။

    Reply

  • မန်းလေးကလူတွေက ဘတ်စကားသိ်ပ်အားမကိုးဘူး။
    မော်တော်ကား ဆိုင်ကယ် စက်ဘီး
    အဲဒါတွေမှ အဆင်မပြောရင ်
    ကိုးခြောက်ကိုးသုံးဘဲ

    Reply

  • manawphyulay

    June 1, 2011 at 10:05 am

    သူဌေးတွေများတော့လည်း ဘတ်စကားမရှိတာ မဆန်းပါဘူးလေးပေါက်ရယ် ဟုတ်တယ်မလား… စက်ဘီးတွေ ဆိုင်ကယ်တွေတော့ မနည်းလွတ်အောင် ရှောင်ရတယ်… 🙂

    Reply

  • mihninlay

    June 1, 2011 at 10:41 am

    ကျွန်တော်တို ့ဆိုဘယ်သွားသွားစက်ဘီးနဲ ့ပဲ…ထုံးဘို.တောင်သမန်အင်း.ဂေါဝိန်ဆိပ်.မန္တလေးတောင် ဘယ်သွားသွားစက်ဘီးနဲ ့ပဲ တောင်သမန်အင်းသွားတဲ့အခါဆိုကန်ပတ်လမ်းကနေစီးသွား….ခုတောင်ပြောရင်းနဲ ့သတိရလာပြီသူငယ်ချင်းတွေကို

    Reply

  • king

    June 1, 2011 at 11:53 am

    နာလည်း သူတို့လို ပြောချင်လို့
    မန္တလေးကို သွားအုန်းမှပဲ
    လာရင် ကြိုပြောထားမယ် အားလုံးရှောင်နေလို့ရအောင်
    😛 😛

    Reply

  • ခပ်ကင်းကင်းနေချင်တဲ့မောင်ကင်း
    မန်းလေးကိုလာလို့တော့ ကင်းလို့ရမယ်မထင်နဲ့
    မယ်သီလရင် မယ်ကင်းနဲ့တွေ့ပေးလိုက်မယ်နော်………………………..
    မနောရေ
    ကိုးခြောက်ကိုသုံးဆိုတာ ကိုယ်ခြေထောက်ကိုယ်သုံးပြီးလမ်းလျှောက်တာကို ပြောတာနော်………………

    Reply

  • unclegyi1974

    June 1, 2011 at 4:20 pm

    စက်ဘီး နဲ့ဆိုင်ကယ် ကားတွေကိုထီမထင်
    ဘာကြောင့်လို့မေး
    ကိုယ်ကမှားမှား သူကမှားမှား
    တိုက်မိရင်အလျှော်ရတယ်
    ယာဉ်ကြီးယာဉ်ငယ်တဲ့လေ

    လိုင်းကားတွေစီးကမ်းမဲ့
    ဘာကြောင့်လို့မေး
    ရပ်ချင်သလိုရပ်တယ်
    ယာဉ်ထိမ်းကမဖမ်းဖူးကွယ့်
    ဘာဖြစ်လို့မဖမ်းတယ်
    ကိုပေါက်ကိုမေး

    Reply

  • ကိုပေါက် အန်ကယ်ကြိးပြောတဲ့အကြောင်းရေးနေပါတယ်။
    ဒီတစ်ခါတော့ သုံးရက်စောင့်။။။။

    Reply

  • hsu hsu

    June 2, 2011 at 2:46 am

    ဟုတ်တယ်..မန်းလေးနဲ့ ကွက်တိပဲ

    Reply

Leave a Reply

Your email address will not be published.