မှတ်တမ်းရုံး …….အမရပူရခေတ်ကပါဘဲ

တောင်မြို့က ငွေတိုက်ရဲ့ တောင်ဘက်ဘေးမှာလဲ တစ်ထပ်တိုက် ဝါဝါကြိးတစ်ခုတွေ့ရပါတယ်။
ရှေးမှတ်တမ်းများအရတော့ မှတ်တမ်းရုံးဖြစ်ပါတယ်။
မြောက်ဘက်ကနေ မြင်ရတဲ့ မှတ်တမ်းတိုက်

(ငွေတိုက်ရဲ့တောင်ဘက်မှာတော့ တစ်ထပ်အဆောက်အဦက မှတ်တမ်းတိုက်ဖြစ်ပါတယ်)

မှတ်တမ်းတိုက်ကို ဓါတ်ပုံရိုက်ချင်တော့ အမိူက်ပုံပေါ်ကတက်ရိုက်ရပါတယ်။
(သမိုင်းဝင် ရှေးဟောင်းအဆောက်အဦက အမိူက်သရိုက်ပုံကြားထဲမှာ)

အနောက်ဘက်ခြမ်းကမြင်ရတဲ့ပုံလေးဖြစ်ပါတယ်။
အဝေးကနေမြင်တာ အတော်လေးကို လွမ်းစရာကောင်းနေသလိုပါဘဲ

အဝေးကမြင်ရတဲ့ပုံလေးပါ

ခန့်ထည်တဲ့ မှတ်တမ်းတိုက်
(အဆောက်အဦးကအဝါရောင်ဆေးသုတ်ထားပေမယ့် ဆေးတွေကတော့ပျယ်နေပါပြီ)

လမ်းရဲ့အနောက်မြောက်ဘက် ခပ်လှမ်းလှမ်းကနေလှမ်းကြည့်တော့
(မြောက်ဘက်ခြမ်း သစ်ပင်တွေကြား ကနေ မြင်ရတဲ့ပုံလေးပေါ့)

ဒါကတော့စာအုပ်ထဲကနေကူးထားတဲ့ရှေးကမူရင်းအဆောက်အဦပုံ
စာအုပ်ထဲက ကူးရိုက်ထားတာပါ

ဒီနေရာလေးကို စာအုပ်ထဲမှာဖတ်ဘူးတော့ တစ်ခေါက်ရောက်ခဲ့ပါတယ်။
ဓါတ်ပုံရိုက်ချင်ပေ့မယ့် အကြောင်းကြောင်းတွေကြောင့်မရိုက်ဖြစ်ခဲ့ပါဘူး။
ကျနော်ဒီပုံကို တင်ပေးရတဲ့ရည်ရွယ်ချက်က အဟောင်းတွေကို မက်တဲ့ နိုင်ငံခြားသားတွေကို ဆွဲဆောင်နိုင်စရာနေရာလေးတစ်ခုဖြစ်နိုင်ပါလျက်နဲ့
ခြုံနွယ်ပိတ်ပေါင်းကြားမှာ တိမ်မြုတ်နေတဲ့ သမိုင်းဝင်နေရာလေးတွေကို သက်ဆိုင်သူများ ပြုပြင်ပေးနိုင်စွမ်းသူများ မြင်စေချင် တာရယ် မသိသူများသွားလေ့လာနိုင်အောင်ရယ်ပါ။

11 comments

  • ကိုပေါက်(မန္တလေး)

    September 17, 2011 at 10:33 pm

    အမှန်ကတော့ငွေတိုက်နဲ့မှတ်တမ်းရုံးကို ပိုစ်တစ်ခုထဲမှာတင်ချင်တာပါ။
    ဒါပေမယ့်ကော်နက်ရှင်မကောင်းတော့ခွဲတင်ရတာပါ။
    အဲတော့ သူကြီးငိုအောင် ပွိုင့်ပိုရသပေါ့နော်……………..

    Reply

  • မီးမီး သော်

    September 17, 2011 at 10:45 pm

    ကိုပေါက်ရေ ရာဇဝင်ထဲက အတိတ်ပန်းချီတွေ အရမ်းလှခဲ့ပေမယ့် ဇရာကို ဘယ်သူမှမလွန်ဆန်နိုင်ဘူးဆို တဲ့ သံဝေဂ
    လေးရသွားပါတယ်။ကျေးဇူးပါနော် ကိုပေါက်။

    Reply

  • ကိုပေါက်(မန္တလေး)

    September 17, 2011 at 10:48 pm

    နောက်ရက်အားရင် အင်းဝကိုသွားအုံးမယ် ။
    အဲဒီမှာက ဒီထက်ပို သံဝေဂရ ရစရာ မယ်နုအုဌ်ကျောင်းရှိတယ်။
    ကင်မရာ မရှိခင်က စိတ်ကူးနဲ့ရိုက်ထားတဲ့ဓါတ်ပုံတွေကို အကောင်အထည်ဖော်ရမယ်လေ။

    Reply

  • windtalker

    September 18, 2011 at 12:06 pm

    ယနေ ့လက်ရှိမှာပေါ့ နော်
    အဲဒီ တိုက်ကြီး ထဲ မှာ
    ဘယ်သူတွေ များ နေထိုင်ပါသလဲ
    ထိန်းသိမ်းစောင့်ရှောက်မှု ကော ရှိပါသလား..ပေါ့နော်..
    အဲဒါလေးပါ ရေးပေးပါဦး လေးပေါက်

    Reply

  • ၄င်းတိုက်ကြီးအား လောလောဆယ်လက်ရှိအနေအထားတွင်
    ခြုံပုတ်အပါအဝင် အလေ့ကျပေါက်တဲ့အပင်များက စောင့်ရှောက်နေပါတယ်။
    အဲဒီထဲမှာ ထာဝရ နေထိုင်သူများကတော့ မြွေ ကင်းလိပ်ချော ပုရွက်ဆိတ် နဲ့ကြွက်များနေထိုင်ပါတယ်။
    ရံဖန်ရံခါမတော့ သက်ရှိလူသား စုံတွဲများက ၄င်းတိုက်အတွင်းရှိသဘာဝပေါက်ပင်များနှင့် သက်ရှိအင်းဆက်ပိုးတို့၏ သဘာဝအတိုင်းအသက်ရှင်နေထိုင်မှု့ကိုလာရောက်၍ကွင်းဆင်း
    လေ့လာတတ်ကြသည်ဟု မခိုင်လုံသော သတင်းရပ်ကွက်မှ သတင်းများကြားသိရပါသည်။

    Reply

  • ရင်နင့်

    September 19, 2011 at 12:34 am

    ရှေးဟောင်းအမွေအနှစ်ကို တော်တော်လေး ဂရုစိုက်ပုံရပါတယ် ဝေးဝေးမကြည့်နဲ့
    အမှိုက်ပုံကြီးမြင်ရင်သိတယ် 😛

    Reply

  • kai

    September 19, 2011 at 12:42 am

    “ခေတ်သစ်အမှိုက်ပုံနဲ့.. ရှေးဟောင်းမှတ်တမ်းရုံး”
    မြန်မာတွေစရိုက်..ပြန်ပြောပြနေတဲ့ ဓါတ်ပုံပဲ..။
    အင်မတန် … အတွေးများစေတဲ့ပုံပါ..။

    Reply

  • ကိုခိုင်ရေ
    ဟုတ်ပါတယ်။
    ဒီအတွေးကိုရစေချင်လို့ အမိူက်ပုံထဲ့ရိုက်တာပါ။
    ဖိုတိုရှော့သုံးပြီးဖယ်ရင်လဲ အလွယ်တကူဖယ်နိုင်ပါတယ်။
    ကျနော်ပေးချင်တာက ပကတိအတိုင်းရှိနေတာကို မြင်စေချင် ပြင်စေချင်ပါတယ်။
    ပြင်ဘို့အလုပ်ကတော့ အားလုံးမှာတာဝန်ရှိပါတယ်။
    မသိလိုက်မသိဘာသာနေရင်း ပိုပိုပျက်ပျက်သွားတတ်တာကိုးဗျ။

    Reply

  • pan pan

    September 19, 2011 at 8:43 am

    အဲဒီလိုနေရာမှာ အမှိုက်ပုံကြီးတွေ့ရတော့ ရင်ထဲတစ်မျိုးကြီးပဲလေးပေါက်ရယ်
    ဒီလိုအဆောက်အဦမျိုးက တန်ဖိုးရှိတာကို ပစ်စလက်ခက်ကြီးထားတာ နှမြောစရာကြီး
    ရှေးဟောင်းပစ္စည်း တန်ဖိုးကြီးတဲ့ဟာ အမှိုက်ထဲပစ်ထားရတယ်လို့ 🙁

    Reply

  • တညင်သား

    September 19, 2011 at 10:39 am

    နှမြောစရာကြီးဗျာ… မြေလွတ်မြေရိုင်းတွေ :(…………စိုက်ပျိုးကွတ်တွေ ဖော်ထုတ်ပေးနိင်ရင် ကောင်းမှာပဲ

    Reply

Leave a Reply

Your email address will not be published.