“ကဗျာချစ်သူများရဲ့ ကထိန်အလှူတော်”

ဆရာတော်တွေက သီလပေး

“ကဗျာချစ်သူများရဲ့ ကထိန်အလှူတော်”

20-11-2011 အမျိုးသားနေ့မှာ အမရပူရ မြို့ (မန်းလေးသားအခေါ်တောင်မြို့) တောင်သမန်အင်းစောင်းက
ဆရာတော်ဦးပညာသီတင်းသုံးနေတဲ့ တောင်လေးလုံးကျောင်းမှာ “ကဗျာချစ်သူများ”ကစုပေါင်းလို့ကထိန်ပွဲလေး
ကျင်းပခဲ့ပါတယ်။
ဒီကဗျာချစ်သူများက အဖွဲ့ဝင်များရဲ့ သာရေးနာရေး လူမူ့ရေးဆောင်ရွက်ဘို့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။
ထူးခြားချက်ကတော့ ဘယ်လိုပွဲလမ်းမျုးိဘဲကျင်းပကျင်းပ ဖိတ်စာတွေတကူးတက မပို့ဘဲ မြန့်မာကျေးလက်
က ရွာဆန်ဆန် ဗျို့ဟစ်ပြီးအကြောင်းကြားတဲ့အတွက် တစ်ယောက်စကားတစ်ယောက်နား ကြားသူတိုင်း
လာရောက်ခွင့်ရှိတဲ့ အစီအစဉ်လေးဖြစ်ပါတယ်။
အခုပုံလေးတွေကတော့ တောင်လေးလုံးကျင်းမှာ ဒီနေ့မနက် တွေ့မြင်ရတဲ့ပုံလေးတွေပါ။
ကထိန်အလှူတော်မှာ လာရောက်တဲ့မိ်တ်ဆွေများကို ရိုးရာမပျက်
ဝက်သားကသဲချက် ၊ခရမ်းချဉ်သီးချက်၊ပဲနှပ်၊ချဉ်ရေဟင်းတွေနဲ့ထမင်းကျွေးပါတယ်။
မြင်ကွင်းလေးတွေက ကြည်နူးစရာ။

ကဗျာချစ်သူများရဲ့ အလှူတော်

စေတီတော်နဲ့လှူဘွယ်ပစ္စည်းများ သာဓုခေါ်စရာ

ဆရာတော်ဦးပညာကိုဖူးမြင်ရတာ မောပန်းနွမ်းနယ်နေသလိုပါဘဲ။
အသက်အရွယ်အရမောပန်းနေတော်မူတဲ့ဆရာတော်ဦးပညာ(တောင်လေးလံ့း)

တရားနာပရိတ်သတ်ကလဲအဆင့်သင့်။
တရားနာနေတဲ့ပ
သီလယူနေတဲ့တရားနာပရိတ်သတ်

သီလပေးအပြီးမှာ ဆရာတော်က ဝမ်းသာအားရနဲ့ နောင်နှစ်တွေလဲ ဒီလိုလေးလာကျင်းပပေးဘို့မှာကြား။
ဆရာတော့ကျောင်းမှာ ပွဲမကျင်းပဖြစ်တာကြာပြီလို့သိရပါတယ်။
ဒကာတွေကိုမှာကြားနဲ့တဲ့ ဆရာတော် ဦးပညာ

ဆရာဥက္ကာကျော်က ဟံသာဝတီဦးဝင်းတင်က ပို့ပေးတဲ့သဝဏ်လွှာကိုဖတ်ကြားသွားပါတယ်။
သဝဏ်လွွှှာကိုဖတ်ကြားနေတဲ့ ဆရာ ဥက္ကာကျော်

ဆရာတော်ကို မှတ်တမ်းတင်။
ဆရာတော်ကို အနီးကပ်မှတ်တမ်းတင်

နေ့လည်ပိုင်းမှာတော့ မြေဝိုင်းသက်ကြီးအငြိမ့်နဲ့ဧည့်ခံမယ်
ညနေမှာတော့မယ်ဇယ်ရိပ်မှာ ကဗျာတွေဖတ်ပြီးခံစားမယ်။
ဆိုတဲ့အစီအစဉ်လေးတွေက အဆင့်သင့်ရှိပြီးသားပါ။့
ပွဲပြီးဆုံးတဲ့အထိမနေဖြစ်တော့ ကျနော်မြင်တွေ့ရတာလေးမျှဝေပေးလိုက်ပါတယ်။

အမျိုးသားနေ့
(20-11-2011)
ကဗျာချစ်သူများရဲ့ ကထိန်တော်။
တောင်လေးလုံးကျောင်း။
အမရပူရ(တောင်မြို့)

7 comments

  • ဒီနေ့မနက်ဆယ်နာရီလောက်မှာ ကျနော်ရောက်သွားချိန် မြင်ခဲ့ရတဲ့မြင်ကွင်းအချို့ပါ။

    Reply

  • windtalker

    November 20, 2011 at 1:17 pm

    ကိုပေါက်ရေ အခုမှ ကြားဖူးတာဘဲဗျို ့
    မြေဝိုင်းသက်ကြီး အငြိမ့်လေးပါ ကြည့်ခဲ့ရင် ပိုကောင်းမယ်ဗျို ့
    ကျုပ်တို ့လဲ ပြန်သိရအောင်

    Reply

  • zawmyothu

    November 20, 2011 at 1:23 pm

    ကျေးဇူးပါ လေးပေါက် ဒီပုံလေးတွေမြင်တော. ဒီကျောင်းမှာ အင်္ဂလိပ်စာ စာသင်ပေးတဲ.
    ကျွန်တော်.ဆရာတောင်လွမ်းလာပြီဗျာ။
    ကျွန်တော် အခုအသက် ၂ဝ ကျော်ထိ စာအုပ်အများကြီး (တစ်ဦးတစ်ယောက်)အနေနဲ.ထိမ်းသိမ်းထားတဲ.
    နေရာဆိုလို. ဆရာတော် ဦးပညာကျောင်းမှာ ပထမ ဦးဆုံးတွေ.ဘူးတာ…..
    ဆရာတော် အခုလို ကျန်းကျန်းမာမာ မြင်ရတာ ဝမ်းသာပါတယ်ဗျာ။

    Reply

  • Yin Nyine Nway

    November 20, 2011 at 2:16 pm

    ကမ္ဘာ့ကဗျာများနေ့က ဘယ်နေ့တုန်းဟင်
    ကဗျာကိုချစ်တယ်
    ကဗျာကိုမြတ်နိုးတယ်ဗျ

    Reply

  • blackchaw

    November 20, 2011 at 2:37 pm

    ပွဲကိုတက်ရောက်ခွင့်ရပါသော ကိုပေါက်အတွက် ဂုဏ်ယူပါတယ်ဗျာ။

    Reply

  • ပေါက်ဖော်

    November 20, 2011 at 3:03 pm

    ထူးခြားတဲ့..အလှူရှင့်ကထိန်ပါလားဗျို ့..

    Reply

  • ကိုချောရေ
    သူတို့ကအားလုံးကို ဖိတ်ပါတယ်။
    ကဗျာရေးမှ ရေးတတ်မှမဟုတ်ပါဘူး။
    ကဗျာချစ်သူတိုင်းကိုလက်ခံတာပါ။
    ရောက်ခွင့်ကြုံရတော့လည်းဝမ်းသာပါတယ်။

    Reply

Leave a Reply

Your email address will not be published.