ရေချိုးဆိပ်……………….(ရွှေကြက်ယက်ဆိပ်ကမ်း) “ရေချုးိဆိပ်………………….. ရွှေကြက်ယက်”   ဧရာဝတီဆိုတာ သူ့ကမ်းနံဘေးမှာနေသူတွေအတွက်တော့ မရှိမဖြစ်။ သယ်ယူပို့ဆောင်ရေး၊ စိုက်ပျိုးရေး၊ သုံးစွဲရေး ကဏ္ဍပေါင်းစုံဘက်ပေါင်းစုံကနေအသုံးဝင်ပါတယ်။ ဒီထက်မကဘဲ ကြည့်မဝရူ့မဝ စိတ်ချမ်းသာစေတဲ့မြင်ကွင်းတွေကိုလဲပေးစွမ်းနိုင်ပါသေးတယ်။   မြစ်နားမှာနေသူကတော့ ရေချုးိရင် အဝတ်လျှော်ရင် ဧရာဝတီရင်ခွင်ထဲပြေးဝင်လိုက်ကြတာပါဘဲ။ ကျနော်တို့လဲမြစ်နားမှာမနေပေမယ့် မြို့ထဲမှာရေရှားရင် ဖြစ်ဖြစ် အပျော်သဘောဖြစ်ဖြစ် ဧရာဝတီမြစ်ထဲသွားရေချုးိခဲ့ကြပါတယ်။   “ရေချိုးဆိပ်”ဆိုတဲ့ဝင်းဦး ဆိုခဲ့တဲ့သီချင်းလေးကတော့ အင်မတန်လှပသော စာသားများနဲ့ဖွဲစည်းထားတဲ့ဆရာမြို့မငြိမ်းရဲ့လက်ရာကောင်းလေးပါ။ “အိပွဲ့ အိပွဲ့ ငှက်သမ္မာန်ခတ်သွားတယ်……….. ကြည့်ကွဲ့ ကြည့်ကွဲ့ ညည်းလူဟာကြောင်လွန်းတယ်။ တစ်စုတစ်ဝေးလုံမငယ် ကျိတ်ပုန်းစားကြတယ်၊ ရေချိုးနေရင်းကွယ် လှောင်ပြုံးပြုံး ပြုံးကြတယ် ကုန်းပေါ်ကလူပျိုလေးရယ် ဘာကိုငေးလဲသိနိုင်တော့ဘူးကွယ်” တဲ့ မျက်စေ့ထဲမြင်လာအောင်ပုံဖော်ထားပါတယ်။ ရွှေကြက်ယက်ဆိပ်ကမ်းရောက်တော့ ဆရာငြိမ်းလိုပုံမဖော်တတ်တော့ လက်ဘဲဆော့လိုက်ပါတယ်။ မလှပေမယ့် အမှတ်တရပေါ့နော်။   ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့ (26-12-2011)  


“စစ်ကိုင်းနဲ့ဧရာ ရွှေကြက်ကျ ဘုရားအပေါ်က ရူ့မျှော်လိုက်ပါတဲ့မြင်ကွင်းလေးတွေ”       “စစ်ကိုင်းနဲ့ဧရာ ရွှေကြက်ကျ ဘုရားအပေါ်က ရူ့မျှော်လိုက်ပါတဲ့မြင်ကွင်းလေးတွေ”   ရွှေကြက်ယက်ဆိပ်ကမ်းကိုနေ့လည်ပိုင်းရောက်ရောက်ချင်းဘုရားပေါ်တက်လို့မရသေးပါဘူး။ အလုပ်အရင်လုပ်ရတာကိုး။ လေးနာရီထိုးခါနီးလောက်မှအလုပ်ပြိးပါတယ်။ အဲတော့ ဘုရားအောက်ခြေအရင်ရိုက်ရပါတယ်။ ဒီရွှေကြက်ယက်ကို အဝေးကဘဲလှမ်းဖူးနေရတာနှစ်အတော်ကြာပါပြီ။ လာရင်ဖြစ်ရင်လဲ တောင်ဘက်စောင်းတန်းကဘဲတက် ပြီးပြန်တာများပါတယ်။ အခုတစ်ခါတော့ မြောက်ဘက်လှေခါးကနေတက်ဖြစ်ပါတယ်။ အရင်မြေသာနေရာမှာအုတ်ဖိနပ်လုပ်ထားတော့ ရေတိုက်စားတာကိုခံနိုင်ပါတယ်။   ရွှေကြက်ယက်ဆိုတာကို မန်းလေးအနီးတဝိုက်ကလူ သိပေမယ့် အဝေးကလူကတော့ သိမယ်မထင်ပါဘူး။ မန်းလေးကန်ပါတ်လမ်းအတိုင်းလာရင် ရွှေကြက်ယက်ဘုရားကိုရောက်ပါတယ်။ ဧရာဝတီမြစ်အရှေ့ဘက်ကမ်းမှာပါ။ ရွှေကြက်ယက် ရွှေကြက်ကျက ညီနောင်ဘုရားပါ။ နန်းတော်ရှေ့ဆရာတင်ရေးတဲ့ “စစ်ကိုင်းတံတား”သီချင်းထဲမှာ (ရွှေကြက်ယက်ဘုရားဖူးပြီးတော့ စစ်ကိုင်းတံတားကူးတော့မည်)လို့ဆိုထားပါတယ်။ မြစ်ရူခင်းကို လှပစွာခံစားနိုင်သော နေရာလေးဖြစ်ပါတယ်။ အခုပုံတွေကတော့ ဘုရားပေါ်ကနေမြင်ရတဲ့ မြင်ကွင်းလေးတွေပါ။         ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့ (25-12-2011)  


ရွေကြက်ယက်ဆိပ်ကမ်းက…………….. “ဆောင်းနေ့လည်ခင်းက ရွှေကြက်ယက်”   ငယ်ကတည်းက နှစ်သက်ခဲ့ရတဲ့သီချင်းလေးက တော့ ဝင်းဦးရဲ့နာမည်ကြီးသီချင်းဖြစ်တဲ့ “ကြက်ညီနောင်”။ ရှေးကဗျာစာသားလေးဖြစ်တဲ့ “ကြက်ညီနောင်ရေဝယ်မျောစေ မြကြောရယ်တဲ့ရွှေမင်းဝံတောင် လွဲတော့မရှောင်” ဆိုတဲ့သစ္စာတိုင်သီချင်းလေးပါ။ အဲဒီထဲမှာပါတဲ့ကြက်ညီနောင်ဆိုတာ ဧရာဝတီမြစ်အရှေ့ဘက်ကမ်းက ရွှေကြက်ယက် ရွှေကြက်ကျ ဘုရားနှစ်ဆူကိုရည်ညွှန်းတာပါ။ အဲဒီဘုရားကနေအနောက်ဘက်ကိုကြည်ရင် ဧရာဝတီနဲ့စစ်ကိုင်းတောင်မြင်ကွင်းကိုတဝကြီး မြင်ရမှာပါ။ ပြီးခဲ့တဲ့ရက်ကတော့ ရွှေကြက်ယက်ဆိပ်ကမ်းကိုရောက်တဲ့အခါ ထုံးစံအတိုင်းလက်ဆော့လို့လာပါတယ်။ ကဲ ဘယ်လောက်လှသလဲဆိုတာ……………………..   ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့ (25-12-2011)  


  “{ဧရာဝတီ}={မြစ်ပြင်နဲ့တံတား}(ဆောင်းညနေခင်း)”   6 ဆည်းဆာရဲရဲ အရိပ်မဲမဲ့ ဖောင်လေးတွေက မသဲမကွဲ အလွမ်းကဲအောင် ……….     “{ဧရာဝတီ}={မြစ်ပြင်နဲ့တံတား}(ဆောင်းညနေခင်း)” ပထမနေ့ကတော့ပြန်လာတာ နည်းနည်းလေးစောပါတယ်။ အဲတော့ နေဝင်ချိန်မြင်ကွင်းကို မတွေ့ခဲ့ရပါဘူး။ နောက်နေ့မှာတော့ အလုပ်ကိစ္စတွေပြီးပြတ်သွားတဲ့အချိန်နေဝင်ချိန်ရောက်နေပါပြီ။။ ဓါတ်ပုံရိုက်ဘို့ကိုအတော်လေးနောက်ကျနေတော့ ဘုရားမြောက်ဘက် လှေခါးကနေအပြေးအလွှားတက်။ နေဝင်ချိန်ကိုအမိအရ လက်ဆော့ရပါတယ်။ ဒါတောင်နေဝင်ချိန်ကိုမှီရုံလေးပါ။   ကျနော်ဓါတ်ပုံရိုက်ရင် မတ်တပ်ရပ်ရိုက်တာများပါတယ်။ ဒီတစ်ခါတော့ ညီလေး ဂီဂီအကြံပေးတဲ့အတိုင်း အပေါ်စီးကနေရိုက်ကြည့်ချင်လာရော။ ဘုရားလက်ရန်းပေါ်တော့ မတက်ရဲပါဘူး။ ကြည့်လိုက်တော့ ဘုရားဘေးမှာခေါင်မိုးပြင်လေးတွေ့တာနဲ့အဲဒီပေါ်တက်ပြီးလက်ဆော့ တော့ အတော်လှတဲ့ပုံလေးကိုရလိုက်ပါတယ်။ ကွန်ပြူတာထဲမှာထည့်ကြည့်တော့ အပြင်မှာမြင်ရတာထက်တောင်ပိုလှတယ်လို့ထင်ပါတယ်၊   ဒီဇင်ဘာ ဒုတိယအပါတ်က တော့ ကျနော့်အတွက်စိတ်ချမ်းသာစရာတွေဘဲကြုံတွေ့ရပါတယ်။ မန်းလေး နန်းတော် မြို့ရိုးနဲ့ကျုံးပါတ်ပါတ်လည်ကို ဓါတ်ပုံရိုက်ဖြစ်။ မန်းလေးတောင် ဓါတ်တော်တိုက်ကို ခြေလျှင်တက်ပြီး အပေါ်စီးကနေပြီး စန္ဒာမုဏိ၊ကုသိုလ်တော်၊ကျုံးနဲ့ […]


“၁၃၀ဝ ပြည့်နှစ်က မန္တလေးက မြန်မာအာဇာနည်များခေါင်းချခဲ့တဲ့နေရာ” မနက်က လက်ဖက်ရည်ဆိုင်ထိုင်တော့ ဂျာနယ်တွေချထားပေးတော့ ကောက်ဖတ်မိပါတယ်။ အခုခေတ်ဂျာနယ်တွေ အတော်အသင့်လွတ်လပ်ခွင့်ရလာပြန်တော့ အရင်က မမြင်ဘူးတာတွေမြင်ရ ၊ မဖတ်ဘူးတဲ့စကားလုံးတွေဖတ်ရ၊ မကြားဘူးတာတွေကြားရတာတော့ အမှန်။ အဲဒီအထဲမှာ တစ်နိုင်ငံလုံးကချစ်တဲ့ ကမ္ဘာကအသိအမှတ်ပြုတဲ့ မြန်မာ့ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းအကြောင်းကို မှတ်တမ်းတင်ဂုဏ်ပြုတဲ့ရုပ်ရှင်ကားမှာ ဝင်ပြိးသရုပ်ဆောင်ချင်တဲ့ တိုက်တိုက်ဆိုင်ဆိုင် ဗိုလ်ချုပ်အောင်ဆန်းနဲ့မွေးနေ့ တူတဲ့ ဖေဖော်ဝါရီ13မှာမွေးတဲ့ကလေး ပုံကိုမြင်လိုက်ရပြန်ပါတယ်။ ထိုင်နေရင်းအတွေးဆက်သွားတာကတော့အင်မတန်အလုပ်လုပ်လို့ကောင်းတဲ့အရွယ်မှာ သူများလက်ချက်ကြောင့်ကွယ်လွန်ခဲ့လို့ အာဇာနည် အဖြစ်အခုထက်ထိတည်ရှိနေတာပါဘဲ။ အာဇာနည်ဆိုတော့ တိုင်းပြည်အတွက်အသက်ပေးလို့ကာကွယ်ခဲ့သူများကိုထိုက်တန်စွာ ပေးအပ်ထားတဲ့ နာမယ်ဖြစ်ပါတယ်။ မြန်မာပြည်ရဲ့ လွတ်လပ်ရေးသမိုင်းမှာ ကျဆုံးခဲ့တဲ့အာဇာနည်ပေါင်းများစွာရှိပါတယ်။ အထူးခြားဆုံးသော နှစ်ကတော့ မြန်မာတွေ နိုင်ငံအဝှမ်း နိုင်ငံရေးအသိစိတ်နိုးကြားခဲ့တဲ့ ၁၃၀ဝ ပြည့်နှစ်။ အဲဒီနှစ်မှာအရေးတော်ပုံတွေဖြစ်ခဲ့ နိုင်ငံရဲ့သားကောင်းတွေကျဆုံးကွယ်လွန်ခဲ့။ တကယ်မမေ့စကောင်းတဲ့အကြောင်းတွေဆိုတာအသေအချာပါဘဲ။ ဒီနှစ်မှာဘဲ မန်းလေးက အာဇာနည် (၁ရ)ဦးလဲ ကျဆုံးကွယ်လွန်ခဲ့တာကိုသတိရမိပါတယ်။ သတိရဆို […]


“မျော်ပြီကွဲ့ဝူး”(ခွေးအလွမ်းဇာတ်ကလေး) “မျှော်ပြီကွဲ့ဝူး” ကျနော်ရွှေကြက်ယက်ဆိပ်ကမ်း      ကိုရောက်တော့ ထုံးစံအတိုင်းလက်ဆော့ပါတယ်။ အသစ်ဆောက်ထားတဲ့ဧရာဝတီတံတားနဲ့မြစ်ပြင်ရူ့ခင်းကို ရိုက်နေပါတယ်။ အဲဒီမှာပုံတော်တော်များများကို လက်ဆော့ပြီးကွန်ပြူတာမှာပြန်ဖွင့်ကြည့်မှ စစ်ကိုင်းတံတားကိုအသားပေးပါမှ ရှေ့မှာခွေးလေးတစ်ကောင်ပုံပါနေပါတယ်။ အစကတော့ ဖျက်မလု့ိစဉ်းစားမိပေမယ့် သေချာကြည့်မိတော့ မှ အလွမ်းဇာတ်လမ်းလေးတပုဒ်ရလိုက်သလိုခံစားရပါတယ်။ ဟိုအရင် ရှေးရှေးက ခွေးအလွမ်းဇာတ်ကိုဖွဲ့ထားတဲ့ ကဗျာလေးကို သွားသတိရလိုက်မိလို့ပါ။ အဲဒီကဗျာကတော့ ဘကြီးတော်ဘုရားလက်ထက်မှာ ဖိုးသူတော်ဦးမင်းက ကျားမနဲ့ ဂမ္ဘီ ဆိုတဲ့ခွေးနှစ်ကောင် လူတွေက ဇွတ်အတင်းခွဲလို့ တစ်ကောင်နဲ့တစ်ကောင်ခွဲခွာနေရတာလေးကို ကဗျာဖွဲ့ထားတာပါ၊ “မျှော်ပြီကွဲ့…………ဝူး”           လို့အမည်ပေးထားပါတယ်။ ကျနော်တို့လူတွေလဲ ခွဲရရင်လွမ်းတာပါဘဲ။ လွမ်းရင်ကဗျာတွေစာတွေရေး သီချင်းတွေဆိုလို့အလွမ်းဖြေပါတယ်။ သူတို့လဲ လွမ်းတော့ ဝူး လို့အော်တာလေးကို နားထောင်မိတဲ့သူက ဘာသာပြန်ပေးထားတာပါ။ ပုံစာတွဲပြီးခံစားကြည့်လိုက်ပေါ့နော်။ ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး (24-12-2011)


“{ဧရာဝတီ}={မြစ်ပြင်နဲ့တံတား}(ဆောင်းနေ့လည်ခင်းမြင်ကွင်း)” “{ဧရာဝတီ}={မြစ်ပြင်နဲ့တံတား}(ဆောင်းနေ့လည်ခင်းမြင်ကွင်း)”   အခုရက်အလုပ်ကိစ္စနဲ့ ရွှေကြက်ယက်ဆိပ်ကမ်း ကိုရောက်ခဲ့ရပြန်ပါတယ်။ အရင်က ဒီရွှေကြက်ယက်ဘုရားကို အဝေးကသာလှမ်းမြင်ခဲ့ဓါတ်ပုံရိုက်ခဲ့ပေမယ့် ဒီဧရာဝတီတံတား အမည်တွင်မယ့်တံတားကြီးမပြီ်းခင်က ဆိုတော့ ဘုရားပေါ်ကို မတက်ဖြစ်တာ သုံးနှစ်လောက်တော့ ရှိပါပြီ။ အခုရက်တော့ ဒီဇင်ဘာဆောင်းနေ့လည်ခင်းမှာ ရွှေကြက်ယက်ဆိပ်ကမ်းကိုရောက်မိပါတယ်။ အဲတော့ ထုံးစံအတိုင်းလက်ဆော့မိပြန်ပါတယ်။ အင်မတန်မှ လှပတဲ့ပုံလေးတွေကိုရလိုက်တယ်လို့လဲထင်မိပါတယ်။ စစ်ကိုင်းကို အခါခါသွား ဒီဘုရားနားကဖြတ်သွား အပေါ်တက်ဘို့အချိန်မရနဲ့ မချင့်မရဲဖြစ်ခဲ့ရတာကလဲအခါခါ ဒီနေ့မှာတော့ ဒီဘုရားပေါ်ကနေ ဓါတ်ပုံရိုက်ချင်တဲ့ စိတ်အဆာလဲပြေသွားပါတယ်။ အခုပုံတွေက တံတားနဲ့ပါတ်သက်တဲ့ပုံတွေပါဘဲ။ နောက်ရက်မှာတော့ မြစ်ပြင်နဲ့စစ်ကိုင်းတောင်အလှတွေကိုတင်ပေးပါအုံးမယ်။ အခုနေ့လည်ခင်းဆိုတော့ ဆောင်းညနေရဲ့ မြင်ကွင်းတွေလဲတင်ပေးပါအုံးမယ်နော်။ ကြည့်ပြီးရင်စိတ်ကြည်နူးကြမယ်လို့ထင်မိပါတယ်။     ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့ (23-12-2011)    


“ပြီးစလွယ် သဘောဆောင်တဲ့ တကယ့် အန္တရာယ်ထောင်ချောက်”   မနေ့ညက အင်တာနက်ဆိုင်ရောက်နေတုံး အပြင်မှာ အုံးကနဲ့အသံကြားတော့ အားလုံးထွက်ကြည့်ကြပါတယ်။ ဆိုင်ကယ်တစ်စီး က လမ်းအလယ်ခေါင်က သဲအိတ်တွေကို ဝင်တို်က်ပြီးလဲသွားတာပါ။ လူလဲနာ မီးခွက်ကွဲ ဆိုင်ကယ်လဲကျိုးပဲ့ပေါ့။ မန်းလေးစစ်ကိုင်းလမ်းမ ကန်တော်ကြီးအဝင်လမ်းမရောက်ခင် မှာပါ။ ဒီစစ်ကိုင်းလမ်းကိုချဲ့ဘို့အတွက်အိမ်တွေကိုနောက်ဆုတ်။ လမ်းမြေကိုကျုးထားတယ်ဆိုတဲ့နေရာတွေကိုဖယ်ခိုင်းထားပါတယ်။ ဖြစ်ချင်တော့ ဒီလမ်းက အနိမ့် အရှေ့ဘက်က အိမ်တွေကအမြင့်။ လမ်းဖျက် မြေတူး လမ်းချဲ့ မြောင်းတူး တဲ့အလုပ်တွေလုပ်တာနှစ်ပေါက်အောင်ကြာပါတယ်။ ပြီးခဲ့တဲ့လပိုင်းကတော့ လမ်းခင်းပြီးသွားပါတယ်။ ဒါပေမယ့် နိမ့်ဆင်းနေတဲ့လမ်းကို အမြင့်မှာရှိနေတဲ့အိမ်တွေက ယာယီတံတားခင်းပြီး ဆင်းကြတက်ကြ အတော်လေးဒုက္ခရောက်ကြပါတယ်။ လမ်းပြီးသွားတော့ ရွှေတစ်ချောင်းနဲ့ဆက်နေတဲ့လမ်းလယ်က ရေမြောင်းကြီးကကြာနေပြန်ရော။ ရေမြောင်းကို အကြာကြီးပိတ်ထားရာကနေ ဘေးဘောင်တွေခင်းပြီးသွားပေမယ့် အခုဓါတ်ပုံထဲ ပါတဲ့မြောင်းပေါက်ကြီးက ဒီအတိုင်းကျန်နေပြန်ပါတယ်။ နဂိုရ်ကထဲက သစ်ပင်တွေအုပ်ဆိုင်းနေလို့ နေ့မှာတောင်မှောင်နေတဲ့လမ်း ညမှာဆို လမ်းမီးရောင်က […]


“သူကလဲတွေ့သမျှနေရာမှာလက်ဆော့ကျနော်ကလည်းမြင်သမျလက်ဆော့”       အကြောင်းကိစ္စအမျိုးမျိုးကြောင့် နေရာအတော်များများကို ကျနော်ရောက်လေ့ရှိပါတယ်။ အဲဒီအခါများမှာ စုံစမ်းစပ်စုသွေး ပါနေတော့ မြင်မြင်ရာနေရာမှာ ဟိုကြည့်ဒီကြည့်ပေါ့။ အဲတော့ နံရံ သစ်ပင် တန်းလျားတွေမှာလက်ဆော့ထားတာတွေကို မြင်မိတော့ ကျနော်ကလဲလက်ဆော့သပေါ့။ အဲတော့ ရွာသူရွာသားတွေမြင်ရအောင် တင်ပေးလိုက်မိတာပေါ့။   ဒီလိုပေါက်ကရရေးတာကလဲ ကောင်းတော့မကောင်းဘူး။ ညစ်ပတ်တယ် အမြင်ဆိုးတယ်  နိုင်ငံကြီးသား မပီသဘူးပေါ့။ နိုင်ငံတကာတော့ မရောက်ဘူးလို့ လက်မဆော့ရသေးပါဘူး။ အမေရိကန် ရုပ်ရှင်ကားတွေထဲမှာတော့ ကပ္ပလီတွေလက်ဆော့တာ မြင်ဘူးပါတယ်။   တကယ်ပြောရင် ဒီစာလေးတွေက ရောက်ကြောင်းသတင်းပို့တဲ့မှတ်တမ်းဆိုလဲဟုတ်။ ပေါက်တတ်ကရ ဟာသတွေလုပ်ထားတာဆိုရင်လဲဟုတ်၊ ရင်ထဲမှာ မခံစားနိုင်လို့ ပွင့်အံထွက်လာတဲ့ခံစားချက်လဲဟုတ်။ လူခြင်းမဆုံနိုင်ပေမယ့် အမှတ်တရနေရာဟောင်းဆီကိုများသူပြန်လာရင် တွေ့ပါစေလို့ ရည်ရွယ်ပြီးရေးသူထားတာဆိုလဲဟုတ်။ ဘယ်လိုပဲဖြစ်ဖြစ် ခံစားချက်တစ်ခုခုကတော့ ပျော်ဝင်နေတာအမှန်ပါဘဲ။   အခုလိုမညစ်ပတ်စေချင်ဘူးဆိုရင် ခံစားမူ့လေးတွေကို ရင်ဖွင့်လို့ရတဲ့နေရာလေးတွေ […]


  “ငယ်ငယ်တုန်း ခေါင်းလောင်းသံ အပိုင်းခြောက်” (တကျော့ပြန်နဲ့ ဘင်ခရာ…………….)   တကယ်ထွက်လာတဲ့သတင်းအတိုင်းနေပြည်တော်ကျောင်းက နန်းရှေ့ကိုပြောင်းရပါတယ်။ အဲတော့ ကျနော် နေပြည်တော်က ထွက်ပြီး နောက်ထပ်ကျောင်းတစ်ကျောင်းပြောင်းဘို့ စီစဉ်ရပါတယ်။ ပထမဆုံးကျနော်တို့အိမ်နဲ့ကပ်ရက်မှာရှိနေတဲ့ အမှတ်တစ်အထက်တန်းကျောင်း ကို သွားပါတယ်။ ကျောင်းတွေခဏခဏပြောင်းတဲ့သူမို့ထင်ပါတယ်။ လက်မခံလိုက်ပါ။ အဲဒီတုံးက ကျောင်းအုပ်ဆရာမကြီးကတော့ ဒေါ်ကျင်မြိုင် ပါ။ စာရေးဆရာကြီးမောင်သာရတို့နဲ့အမျုးိတော်ပါတယ်။ စည်းကမ်းအရမ်းကောင်းတယ်လို့ နာမယ်ကြီးတဲ့ဆရာမကြီးဖြစ်ပါတယ်။ ကျနော်နေခွင့်မကြုံခဲ့ပါဘူး။ အဲဒါနဲ့ နောက်ဆုံးတော့ ဦးလေးတွေကလည်း စိန်ပီတာမှာဘဲပြန်ထားချင်ကြပါတယ်။ ဒါနဲ့ဘဲ ငယ်ငယ်ကနေခဲ့တဲ့ကျောင်းကို တစ်ကျော့ပြန်ပြီးရောက်ရပြန်ပါတယ်။   ကြုံတုန်းလေးပွားလိုက်ရရင် အရင်က ကျောင်းသူကျောင်းသားတွေက ကိုယ့်ကျောင်းကို  ကိုယ်သိပ်ချစ်တတ်ဂုဏ်ယူတတ်ကြပါတယ်။ ကျနော်တို့ စိန်ပီတာကျောင်းထွက်တွေဆိုရင်လဲ “ပီတာရိုက်စ်”ခြင်းသာတွေ့လို့ကတော့ ကိုယ်ညီအကိုတွေပြန်တွေ့သလိုစိတ်ထဲမှာရင်းနှီးချစ်ခင်တတ်ကြပါတယ်။ အထူးသဖြင့်သူများမြု့ိရွာရောက်တယ်ဆိုပိုလို့သိသာပါတယ်။   ကျနော်ခြောက်တန်းနှစ် စိန်ပီတာမှာနောက်တစ်ခေါက်ပြန်ရောက်ချိန်မှာတော့ ကျောင်းအုပ်ဆရာကြီးက ဆရာကြီးဦးလှဖြစ်ပါတယ်။ အသားညိုညို အရပ်ရည်ရည် သဘောကောင်းလှပါတယ်။ […]


နံရံထက် ခုံတန်းလျားထက်မှလက်ဆော့စာ(ခံစားချက်များ)     ဒါကတော့ မန်းလေးတောင် ဘိုးဘိုးကြီးနန်းနားကလှေခါးကနေတက်လိုက်ရင်မြင်ရတာပါ။ တစ်လမ်းလုံးတွေ့သမျှလက်ဆော့ခဲ့တာ။ ထပ်တင်ဘို့ကျန်သေးတယ်။ ဒီနေ့ရွှေကြက်ယက်ရောက်တော့လဲ ထပ်ရိုက်လာသေးတယ် တင်ပေးအုံးမယ်နော်။ နက်ဖြန်မနက်စောင့်ကြည့်။   ကိုပေါက်ရဲ့ စနက်ရှော့မဟုတ်တဲ့လက်ဆော့ (20-12-2011)


“သစ်ပင် နံရံ ခုန်တန်းလျားမှားမှ ရင်ဖွင့်သံများ (တစ်)”   လူ့သမိုင်းကိုပြန်တွေးကြည့်တော့ လူတစ်ဦးနှင့်တစ်ဦး နားလည်သဘောပေါက်အောင် ဆက်သွယ်ဘို့အတွက် ပထမဦးဆုံးပေါ်ပေါက်လာတာကတော့ “အမူအရာ”၊ သူ့နောက်မှာ ထပ်တိုးလာတာကတော့ အသံထွက်ပြောရတဲ့စကားသံ။ စကားသံမှာတောင် နေုထိုင်ရာဒေသကွဲပြားကြတော့ မတူတဲ့ဘာသာစကားရှိလာပြန်ရော။ ဒီအသံထွက်ပြောတယ်ဆိုတာ နီးရင်အဆင်ပြေပေမယ့် ဝေးတော့လဲအဆင်မပြေပြန်ပါဘူး။ အဲတော့ အဝေးကို ပို့နိုင်ဘို့စဉ်းစားတော့ အက္ခရာစာလုံးလေးတွေဖြစ်လာပြန်ပါတယ်။ ဒါကနေ စာလုံးလေးတွေတစ်ခုနဲ့တစ်ခုစုပြီးရေးတော့စာပေဆိုတာဖြစ်လာပြန်ရော။ စာပေတွေလဲပေါ်လာရော ကျနော်တို့လူသားတွေ ရဲ့ခံစားချက်တွေကို ရင်ဖွင့်ပါတော့တယ်၊ ခံစားချက်တွေ က နှစ်ကြာတော့ နောင်လာနောက်သားများအတွက်မှတ်တမ်းဖြစ်လာပါတယ်။ ရှေးကတော့ ဂူနံရံပေါ်မှာ။ နောက်တော့ ကျောက်စာ ပေစာ။ ထပ်တိုးတက်လာတော့ စက္ကူ။ နောက်တော့ ကိုယ်ခဏရောက်ခဲ့တဲ့နေရာလေးမှာအမှတ်တရ။ ကျနော်လဲနေရာအနှံ့ရောက်တော့ ဒီလိုအမှတ်တရချန်ထားတဲ့စာလေးတွေကို သတိထားမိပါတယ်၊ အဲတော့ ထုံးစံအတိုင်းလက်ဆော့မိတာပေါ့။ ကျနော်မြင်ခဲ့သမျှထဲက လက်ဆော့မိတာလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်။ ရွာသူရွာသားများရော ဒီမှတ်တမ်းထဲမှာ ကို်ယ်များပါနေမလားလို့ […]


“ငယ်ငယ်တုန်း ခေါင်းလောင်းသံ အပိုင်းငါး” (တစ်နှစ်ထဲပါ…………….)   1968ခုနှစ် ကတော့ဘဝမှာအမှတ်တရ။ ကျနော့်ဘဝမှာကြီးမားသောအပြောင်းအလဲကြီးတစ်ခုပေါ်ပေါက်ခဲ့ပါတယ်။ အဲဒါကတော့ ကျနော်တို့အဖေနဲ့အမေကွာရှင်းပြတ်စဲကြတာပါဘဲ။ ရုပ်ရှင်ထဲကလို လဲငိုယိုပြီးတောင်းပန်တာတွေဘာတွေမလုပ်နိုင်ပါဘူး။ လေးတန်းကျောင်းသားတစ်ယောက်အနေနဲ့ဘာမှလဲရေရေရာရာ မသိလိုက်ပါဘူး။ အဖေနဲ့အမေစကား မများစဘူး တစ်ယောက်တစ်ခွန်းစကားများကြတာကိုတော့သိတယ်။ အဲဒီနေ့က အမေကျနော်တို့နဲ့အတူမအိပ်တာကိုသိတယ်။ အဲဒီရက်တွေက စပြီး  ကျနော်တို့မောင်နှမတစ်တွေခါတို်င်းလိုအိ်မ်မှာမနေခဲ့ရတော့ပါဘူး။ မနက်အဖေအလုပ်သွားရင်အဖေနဲ့အတူ 25လမ်းကျုံးဒေါင့်ကအိမ်ကိုလိုက်၊ ညနေဆိုရင်လဲ ညစာထမင်းစားပြီးမှ ပုလင်းဝင်းကအိမ်ကိုပြန်ပြီးအိပ်ကြပါတယ်။ ကျနော်တို့ငှားထားတဲ့အိမ်က နှစ်မစေ့သေးလိုဆက်နေတာပါတဲ့။ ကျောင်းမဖွင့်ခင် လပိုင်းအလိုမှာတော့ ကျနော်တို့ 25လမ်းအိမ်ကို အပြီးပြောင်းလာပါတော့တယ်။   ကျောင်းတွေဖွင့်တော့မယ်ဆိုတော့ အမေနဲ့နီးတဲ့ ဒိုင်အိုကျောင်းမှာ ကျောင်းဆက်မထားတော့ပါဘူး။ 25လမ်းအိမ်နဲ့နီးတဲ့ကျောင်းမှာထားမယ်ဆိုပြီးစီစဉ်ပါတော့တယ်။ ကျနော်တို့ 25လမ်းနားမှာ အမှတ်တစ်အထက်တန်းကျောင်းရယ် နေပြည်တော်ကျောင်းရယ်ရှိပါတယ်။ ကျောင်းတွေဖွင့်ခါနီးတော့ ဒိုင်အိုကျောင်းကထွက်ပြီး အိမ်နဲ့နီးတဲ့ “နေပြည်တော်ကျောင်း”လို့ အမည်တွင်တဲ့ အမှတ်(17)ကျောင်းကိုပြောင်းရတာပါဘဲ။ အဲဒီကျောင်းကတော့ 23နဲ့24လမ်းကြား လမ်း80ပေါ်မှာရှိပါတယ်။ ကျောင်းရဲ့တောင်ဘက်မှာတော့ နာမည်ကျော် […]