“တွယ်ညိခြင်းနှင့်ပန်းချီငိုသော သဘာဝအလှများ”   “တွယ်ငြိခြင်းနှင့် လိုက်မမှီသော သဘာဝစုတ်ချက်”   မနက်မနက်လမ်းလျျောက်ထွက်တဲ့အခါ လှပတဲ့မြင်ကွင်းတွေ တွေ့ရင် လက်ဆော့ မိပါတယ်။ တစ်ခါတစ်လေ ပကတိအမြင်မှာ မလှပေမယ့်  ကွန်ပြူတာမှာပြန်ကြည့်တော့ အတော်လှ။ အပြင်အမြင်မှာလှပေမယ့် ပုံထွက်လာရင်မူံဝါးဝါး အမျိုးမျုးိပါဘဲ။ အခုရက်မှာတော့ မိုးတိမ်ရော နှင်းထုပါရှိနေတော့ အာရုဏ်တင်မြင်ကွင်းကပိုလှပ ပါတယ်။ တစ်ရက် မနက်ရိုက်ချက်တွေထဲက ပြန်တင်ကြည့်မှ ပိုးမျှင်လေးတွေငြိနေတာကို တွေ့မိပါတယ်။ အဲတော့ သုံးလေးရက်လောက် ပိုးမျှင်ညိတာလေးတွေရှာပြီးတင်ဖြစ်ပါတယ်။ ပိုးမျင်ကို ရိုက်ရင်း သဘာဝ ရဲ့ လိုက်မမှီတဲ့စုတ်ချက်တွေကို ရလိုက်ပါတယ် ။ အဲတော့ ထုံးစံအတိုင်း…………………… ကိုပေါက်လက်ဆောင် စနက်ရှော့မဟုတ်တဲ့လက်ဆော့ (3-1-12)(3)                     […]


“ရှေးရှေးက ကျောင်းဟောင်းကြီး”   ကျနော်မြောက်ပြင်ဘက်ကို ကိစ္စရှိလို့သွားတယ်ဆိုရင် 86လမ်း 12လမ်းနဲ့13လမ်းကြားမှာရှိတဲ့ ကျောင်းအိုကြီးကို ဖြတ်ပြီးသွားကြည့်လေ့ရှိပါတယ်။ ဒါပေမယ်  ဖြတ်သွားဖြတ်လာဆိုတဲ့အတိုင်း ကျောင်းဝင်းထဲတောင်မရောက်ပါဘူး။ အခုရက်တော့ အဲဒီနားမှာရှိတဲ့ရုံးတစ်ခုကိုသွားတော့ ချိန်းထားတာ ဆယ်နာရီ။ တစ်ယောက်မှမရောက်သေးတော့ အဲဒီကျောင်းဝင်းထဲကို ဝင်လို့ ဓါတ်ပုံရိုက်မိပါတယ်။ ကျောင်းကြီးရယ်အိုဆိုတဲ့သီချင်းအတိုင်းပါဘဲ။ အတော်လေးကို အိုနေပါပြီ။ အထဲမှာတော့ နေသူရှိသေးတဲ့ပုံပါဘဲ၊+ ကျောင်းနဖူးစီးမှထိုးထားတဲ့ သက္ကရာဇ်သာမှန်လို့ကတော့ အတော်လေးကို ရှေးကျတယ်ပြောရမှာပါဘဲ။ ကျနော်ဓါတ်ပုံရိုက်တာမြင်တော့ ကျောင်းထဲမှာ ကွန်ကရစ် စည်ပိုင်းတွေ လုပ်နေသူက အသစ်ဆောက်တော့ မယ်ထင်တယ်လို့ မှတ်ချက်တွေပေးသံကြားလိုက်ရပါတယ်။ ကဲ ပုံလေးတော့ တင်ပေးလိုက်ပါပြီ။ ကျောင်းအိုကို ဖျက်မလား ရှေးလက်ရာမပျောက်ပျက်အောင်ထိန်းသိမ်မလားဆိုတာကတော့ ………………………………. ကိုပေါက်လက်ဆောင် အတွေးပါးပါးလေး (1-1-12)                 […]


    “မန္တလေး ရှေးရှေးက စားသောက်ဆိုင်”   “မလွမ်းစကောင်းလွမ်းစကောင်း”(ရှေးရှေးက မန်းလေး)ဆိုတဲ့နာမယ်နဲ့ မန်းလေးအကြောင်း ကို ရေးတဲ့အခါ  မန်းလေးက စားသောက်ဆိုင်များအကြောင်းလဲ ပါလာပါတယ်။ အဲဒီစားသောက်ဆိုင်လေးတွေအကြောင်းကို သီးသန့်ပြန်ရေးပေးပါလို့ သူကြီးက ပြောလာတဲ့အတွက် “တ တမ်းတမ်း တ တတ လွမ်းတသသ မန်းလေး”ဆိုတဲ့ နာမယ်နဲ့သူကြီးအတွက်ရေးပေးခဲ့ပါတယ်။ အဲဒီတုံးကတော့ လက်လှမ်းမီသလောက်ဓါတ်ပုံလေးတွေရိုက်တင်ပေးခဲ့ပါတယ်။ အခုတော့ အဲဒီဓါတ်ပုံတွေကို သူကြီးခွင့်ပြုချက်နဲ့ အဝေးရောက်မန်းလေးသားများ သွားခဲ့စားခဲ့ ကဲခဲ့တဲ့နေရာလေးကို ပြန်တင်ပေးလိုက်ပါတယ်။ အမှတ်ရနိုင်ပါစေ………….   ကိုပေါက်ရဲ့ စနက်ရှော့ မဟုတ်တဲ့လက်ဆော့ (2-1-12)      


“နံနက်ခင်းစိတ်ရွှင်(အပိုင်းခြောက်)” (ဆောင် မပီ့ တပီ နံနက်ခင်း) ဆောင်းဝင်စ ဒီဇင်ဘာလဆန်းရက်များမှာ နှင်းကကျချင်သလို မကျချင်သလို။ ကျနော်ငယ်စဉ်ဖြတ်သန်းခဲ့ရတဲ့မန္တလေးဆောင်းရက်များမှာတော့ နှင်းမူံတွေ ပိန်းပိတ်သော ဝိုးတဝါးရက်များစွာကို ကြုံတွေ့ခဲရသလို အေးချမ်းသောဆောင်းရက်များကို လဲ ဖြတ်သန်းခဲ့ရပါတယ်။ 2000ခုနှစ်နောက်ပိုင်းဆောင်းရက်များကတော့ ဆောင်းမပီသတဲ့ ဆောင်းတွေဘဲဖြစ်လို့နေခဲ့ပါတယ်။ နှင်းနည်းနည်းလေးကျမလိုုလို အရောင်ပြတဲ့တစ်ရက် တကယ်လဲဓါတ်ပုံတွေရိုက်မယ်လုပ်ရော နှင်းမကျဘဲ အလင်းရောင်လေးတွေလက်လာခဲ့ပါတယ်။ အဲဒီနေ့ကပုံတော်တော်များများကို စွယ်တော်လမ်းအမည်နဲ့တင်ခဲ့ဘူးပါတယ်။ နေ့တိုင်းလမ်းလျောက် ထွက်တဲ့အခါ ကင်မရာပါတဲ့ရက်တွေမှာ လက်ဆော့ဖြစ်ပါတယ်။ အဲတော့ နောက်ရက်တွေမှာ မြင်ရတဲ့နံနက်ခင်းတွေနဲ့ပေါင်းလို့ပြန်တင်ပေးလိုက်ပါတယ်။ မနက်အာရုံတက်ရောက်တိုင်း ဆရာမြို့မငြိမ်းရေးပြီး ဦးအံ့ကြီးသီဆိုခဲ့တဲ့  “လူချွန်လူကောင်း”သီချင်းထဲက မနက်ခင်းစိတ်ရွှင်ဆိုတဲ့စာသားလေးအတိုင်း နံနက်ခင်းပုံလေးတွေကို မြင်ရသူတို်င်းစိတ်ရွှင်ပါစေလို့ ရည်ရွယ်ပြီးကျက်သရေရှိသောပုံလေးများကို တင်ပေးလိုက်ပါတယ်။   ကိုပေါက်ရဲ့စနက်ရှော့ မဟုတ်တဲ့လက်ဆော့။ (31-12-2011)  


“လက်သီးပုန်းအနီ တူညီခြင်းအစိမ်းနှင့် ရွာသူရွာသားများ၏ကော်မင်းများ”   ကျနော်2009ခုနှစ် အခုလိုအချိန် ဒီဇင်ဘာလမှာ အင်တာနက်ကို ဝင်ပြီးစာစရေးပါတယ်။ စရေးရေးခြင်းကတော့ ကိုယ်ကဘာမှလဲမတတ်တော့ အသိတစ်ယောက်ကပေးလာတဲ့ မြန်မာသူငယ်ချင်းများနေ့ အဖွဲ့ထဲကိုစဝင်ဖြစ်ပါတယ်.။ အဲဒီအချိန်ကတော့ အင်တာနက်ကို တစ်ပါတ်တစ်ရက် အလုပ်ပိတ်တဲ့ဥပုဒ်ရက်မှာဘဲရောက်ပါတယ်။ စဝင်စက “ပျော်အောင်နေနိုင်ဘို့”လို့အမည်ရတဲ့ စာတိုလေးတစ်ခုရေးလိုက်ပါတယ်။ နောက်တစ်ပါတ်အင်တာနက်ဆိုင်ရောက်လို့ ဖွင့်ကြည့်လိုက်တော့ ကော်မင်းလေးတွေ တွေ့လိုက်တော့ စိတ်ကြီးဝင်သွားပါတယ်။ ကော်မင်းက လေးခုတောင်မှဗျာ။ အဲဒီမှာ အတော်လေးပျော်သွားပါတယ်။ င့ါကိုအားပေးသူတွေရှိတယ်ပေါ့။ ဒါနဲ့ဘဲစာတွေဆက်ရေးဖြစ်ပါတယ်။ စာတွေတင်လိုက်ကော်မင်းတွေရလိုက်နဲ့ပေါ့။ ကော်မင်းပေးတဲ့လူတွေက လဲ ဒီလူတွေဘဲဖြစ်နေတာ ကြာလာတော့ သိလာပါတယ်။ ကျနော် ပိန်းတာတော့မပြောပါနဲ့တော့ နောက်မှရိပ်မိတာ အဲဒီလူတွေက ဆိုက်ထဲက အက်ဒမင်လူကြီးမင်းများဖြစ်နေတာကိုပါ။ ရေးတဲ့လက်သင်ကို ရေးရဲအောင် အားပေးတာပါဘဲ။ တစ်ရက်မှာတော့ အင်တာနက်ဆိုင်ထဲမှာ ကလေးတွေဆူညံပြီး ချက်တင်ထိုင်တာတွေ့တော့ “ချက်တင်ချစ်သူ” ဆိုပြီး ပေါ့ပ် ကဗျာလေးရေးလိုက်တာ […]


1 ပိတ်ထားတဲ့ဓါတ်တော်တိုက် 2 ဓါတ်တော်တိုက်ပိတ်ထားတဲ့မြင်ကွင်းလေး 3 ဓါတ်တော်တိုက်က နံရံဆေးရေးပန်းချီ   4 အလင်းနဲ့အမှောင် 5 အလင်းနဲ့အမှောင် အရောင်နဲ့အရိပ် (2) 6 အလင်းအမှောင်လေး 6a အလင်းအမှောင်………. 7 ဘုုရား မုဒ်ဦးက လက်ရာ 7b အလ့င်းအမှောင် မှန်စီရွှေချ 8 ခေါင်းလောင်းစင်ကလေး 10 အဝေးကခေါင်းလောင်းလေး     “ မန်းလေးတောင်အဆင်းလမ်း………………………………”   တောင်ပေါ်ကိုတက်မယ်ဆိုရင်တော့ မျှော်လင့်ချက်နဲ့ အားအပြည့်မာန်အပြည့်။ တောင်ပေါ်ကဆင်းပြီဆိုရင်တော့ အားလျှော့ထားတော့ စိတ်ပျက်လက်ပျက်။ ဒါကတောင်တက်တုိုင်းကြုံရတဲ့ ခံစားမူ့လေးပါ။ မန်းလေးတောင်ကို ကျနော်အကြိမ်ပေါင်းများစွာ တက်ခဲ့ဘူးပါတယ်။ အရင်ကလေးဘဝကတော့ စောင်းတန်းမှာအပြေးအလွားမမောနို်င်မပန်းနိုင်။ နောက်ပိုင်းမှာတော့ ဆိုင်ကယ်နဲ့အကြိမ်ပေါင်းများစွာ။ ဟိုတစ်လောကတော့ လမ်းလျှောက်ပြီးတက်ချင်စိတ်ပေါ်လာတာနဲ့ ဆိုင်ကယ်ဖြတ်သန်းခတောင်းတဲ့နားအထိ တက်။ ပြီးခဲ့တဲ့ဥပုဒ်နေ့ကတော့ ဘိုးဘိုးကြီးနန်းဘက်ကနေလမ်းလျျောက်တက်။ […]


“မေ့ပျောက်ထား ၏……… မထား၏”(အာဇာနည်နေ့)   မန်းလေးမှာရှေးကတည်းက ရှိနေတဲ့ ရှေးဟောင်းအိမ်တွေ၊ပြိုပျက်နေတဲ့ရှေးဟောင်းကျောင်းတွေ လူအများနေ့စဉ်ဖြတ်သန်းသွားလာနေပေမယ့် ရင်ထဲမှာတော့ ပျောက်နေရှာတဲ့ နေရာလေးတွေ ကိုလက်ဆေ့ာထားတဲ့ကျနော်ဓါတ်ပုံတွေကို မြင်တဲ့မိတ်ဆွေတွေက “ကိုပေါက်ရေကနောင်မင်းသားကြီးအုတ်ဂူကိုရော မှတ်တမ်းတင်မိသေးလား”လို့မေးကြပါတယ်။ အခုရက် မန်းလေးတောင်ပေါ်ကိုရောက်တဲ့အခါ တောင်ခြေမှာရှိနေတဲ့စန္ဒာမုနိနဲ့ကုသိုလ်တော်ဘုရား တွေကို အပြင်ကသာ လှည့်ပါတ်ဖူးမျှော်ခဲ့ လက်ဆော့ခဲ့ပေမယ့် ဘုရားအတွင်းထဲကိုတော့ မရာက်ခဲ့ပါဘူး။ အဲတော့လဲ စန္ဒာမုနိ ဘုရားအတွင်းထဲမှာရှိတယ်ဆိုတဲ့ကနောင်မင်းသားရဲ့ အုဌ်ဂူကိုတော့ မှတ်တမ်းမတင် ရသေးဘူးဖြစ်နေပါတယ်။ တစ်ရက်မှာတော့ အောင်ပင်လယ်မှာ ကနောင်မင်းသားကြီး ရေမြုတ်ဗုံးစမ်းခဲ့တဲ့အောင်ပင်လယ်ကပုံကို တင်ပေးပါလို့ ဆိုလာသူကလဲရှိပြန်ပါတယ်။ ရှေးက ရှေ့ဆောင်ခဲ့ဦးဆောင်ခဲ့သူတွေကို မမေ့နိုင်စရာဖြစ်လို့လာပါတယ်။ မနေ့ကမုန်တိုင်းရှိတော့ ဆောင်းတွင်းကြီး တစိမ့်စိမ့်ရွာလို်က်တဲ့မိုးကဇူလိုင်လလို မိုးတွင်းကြီးမှာရွာတာနဲ့တူနေပါတယ်။ မိုးတွေရွာတော့ ဟိုစဉ်းစား ဒီစဉ်းစားနဲ့ကနောင်မင်းသားကြီးအကြောင်းတွေးမိပါတယ်။ တိုင်းပြည်ကို တိုးတက်ခေတ်မီစေလိုတဲ့စိတ်နဲ့ ကြံဆောင်နေဆဲ အလုပ်လုပ်လို့ကောင်းဆဲမှာအာဏာရူးသူရဲ့ လက်ချက်နဲ့ ကွယ်လွန်ခဲ့ရပါတယ်။ တကယ်လို့များ ကနောင်မင်းသားကြီးသား အခုလို […]


“ဘိုးဘိုးကြီးနန်းရှိတဲ့မန်းတောင်တော်”     “ မန္တလေးဘိုးဘိုးကြီးနန်းရှိတဲ့မန်းလေးတောင်အတက်လမ်းကလေး….က”   မန်းလေးမြို့သူမြို့သူမြို့သားနဲ့ မန်းလေးဘိုးဘိုးကြီးကခွဲခြားမရတဲ့ အရာတစ်ခုလည်းဖြစ်ပါတယ်။ ဆိုင်ကယ်လေးဝယ်ဝယ် ကားလေးဘဲရရ ဘိုးဘိုးကြီးပြလိုက်ရမှ စိတ်အေးပါတယ်။ ဆိုင်ကယ်မှန်ထောင်မှာ၊ကားမှာ ဘိုးဘိုးကြီးနန်းကစွန့်လိုက်တဲ့ အဝတ်စလေးချည်နှောင်ထားမှ အန္တရာယ်ကင်းတယ်ထင်ကြပါတယ်။ ဟောကလေးတွေရှင်ပြုပြီဆိုရင်လဲ မောင်ရင်လေးကိုပြလိုက်ရမှ ကိစ္စပြီးမြောက်တယ်လို့ ယုံကြည်ကြပါတယ်။ အရင်ကတော့ ကျနော်လဲ ဒီဘိုးဘိုးကြီးနန်းကိုဖြတ်သွားပေမယ့် အမှတ်တမဲ့။ ကျနော်တို့တောင်တက်တဲ့နေ့က ကျနော်အဖော်ကောင်းလေးကိုဘိုးဘိုးကြီးနန်းကလူတွေက နုတ်ဆက်တာမြင်တော့ ကျနော်လဲ လက်ဆော့လိုက်ပါတယ်။ ယုံတာမယုံတာအပထား ဗဟုသုတသဘောမြင်ဘူးစေလိုတဲ့သဘောပေါ့။   အဲဒီကနေတက်သွားရင်းလမ်းမှာ မြင်ရတဲ့မြင်ကွင်းလေးတွေက သာယာပါတယ်။ ဟိုအရင်နှစ်များဆီက မန်းလေးတောင်ကို မြင်ရရင်စိတ်မချမ်းသာပါဘူး။ ခြောက်သယောင်းပြီးတောင်ကတုံးလိုဖြစ်နေလို့ပါ။ အခုများမှာတော့ စိမ်းစိမ်းစိုစိုသာသာယာယာ အများမြင်သာအောင်လက်ဆော့ခဲ့သမျှကိုတင်ပြလိုက်ရပါတယ်။   ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့ (29-12-2011)          


“ မန်းလေးတောင်တော်အပေါ်ဆင့်ကမြင်ကွင်း”           “ မန်းလေးတောင်တော်အပေါ်ဆင့်ကမြင်ကွင်း” အခုနောက်ပိုင်းမှာ မန်းလေးတောင်ပေါ်ကို တက်တယ်ဆိုရင် ဆိုင်ကယ်နဲ့တက်တာများပါတယ်။ 2011 နှစ်ဆန်းပိုင်း ဇန်နဝါရီလထဲမှာ ခြင်္သေ့ကြီးနှစ်ကောင်ဘက်ကနေ တောင်ပေါ်ကိုခြေလျင်တက်ခဲ့ပါသေးတယ်။ ဒီစောင်းတန်းကတော့ လူအတက်များတဲ့စောင်းတန်းဗျာဒိတ်ပေးဘုရားကိုတန်းရောက်ပါတယ်။ သိပ်မကြာခင်ရက်များက ကျနော် စန္ဒာမုနိနဲ့ကုသိုလ်တော်ကို အပြင်ဘက်ကနေဓါတ်ပုံရိုက်ခဲ့ပါသေးတယ်။ အဲဒီမှာဘဲ ဒီစေတီတော်တွေနဲ့အရံစေတီတော်တွေကို အပေါ်စီးကနေ ဓါတ်ပုံရိုက်ချင်စိတ်တွေပေါ်လာပါတော့တယ်။ ဒါနဲ့ မန်းလေးတောင်ဘေးမှာနေတဲ့ ကောင်လေးတွေကိုမေးတော့ ဘိုးဘိုးကြီးနန်းက ခြေလျှင်တက်ရင် မြင်ကွင်းပို ကောင်းတယ်လို့ပြောတာနဲ့ စောင်းတန်းကနေ လမ်းလျောက်တက်ခဲ့ပါတယ်။ တစ်နေရာ ရောက်လိုက် ရပ်ကြည့်လိုက် လက်ဆော့လို်က်နဲ့ခရီးတော့ မတွင်ပါဘူး။ မြင်ရတဲ့မြင်ကွင်းတွေကတော ကျနော်စိတ်ကိုကျေနပ်စေပါတယ်။ ခက်တာက တောင်စောင်းမှာရှိတဲ့သစ်ပင်တွေက အတော်လေးသန်စွမ်းတော့ မြင်ကွင်းတွေကိုကွယ်နေပါတယ်။ အဲဒါနဲ့ဘဲ အဖော်ပါလာတဲ့ကောင်လေးပြတဲ့ ကျောက်တုံးကြားထဲက နေဝင်ရိုက်တော့ မှအဆင်ပြေပါတယ်။ ဒါပေမယ့် ချောင်ကြိုက်ကြတဲ့ […]


“စန္ဒာမုနိ……ကုသိုလ်တော်……..ဓါတ်တော်တိုုက်ပေါ်ကရူ့ခင်း”     “စန္ဒာမုနိ……ကုသိုလ်တော်……..ဓါတ်တော်တိုုက်ပေါ်ကရူ့ခင်း” မန်းလေးမြို့မှာတရုပ်ပြည်ကစွယ်တော်ရောက်နေတဲ့ရက်တွေက မန်းလေးတောင်ခြေမှာ လူစည်ကားပါတယ်။ မန်းလေးတောင်ခြေနဲ့မနီးမဝေးမှာရှိတဲ့ အတုမရှိကျောင်းမှာ စွယ်တော်ကိန်းဝပ်တာကြောင့်ပါ။ စွယ်တော်ပြန်မကြွခင်ဥပုဒ်တစ်ရက်မှာတော့ မန်းလေးကျုံးပါတ်ပါတ်လည်က မြင်ကွင်းနဲ့ ပြအိုးတွေပစ္စင်တွေကိုမှတ်တမ်းတင်ရင်း မန်းလေးတောင်ခြေကိုရောက်သွားပါတယ်။ မန်းလေးတောင်ခြေရောက်တော့ အဲဒီမှာ ကိုယ့်နဲ့အလုပ်အတူလုပ်နေတဲ့ကောင်လေး ကိုတွေ့ပါတယ်။ သူတို့ကမန်းလေးတောင်ခြေမှာစားသောက်ဆိုင်ဖွင့်ထားတာပါ။ သူကိုတွေ့တော့ မန်းလေးတောင်ပေါ်ကနေပြီး စန္ဒာမုနိတို့ ကုသိုလ်တော်တို့ကို အပေါ်စီးကနေဓါတ်ပုံရိုက်ချင်စိတ်ပေါ်လာပါတယ်။ သူကလဲမန်းလေေးတာင်နားမှာကြီးပြင်းသူဆိုတော့ ဘယ်နားကနေရိုက်ရင်ဘယ်လိုလှမယ်ဆိုတာကိုအတိအကျသိပါတယ်။ အဲဒါနဲ့သူဆိုင်မှာဖိနပ်တွေချွတ်။ မန်းလေးဘိုးဘိုးကြီးနန်းဘက်ကို ဖိနပ်မပါဘဲလမ်းလျှောက်ထွက်ခဲ့ကြပါတယ်။ စတက်တက်ခြင်းမှာတော့ စွယ်တော်တို်က် ဘုရားအဲဒီကနေဆက်တက်ရင်တော့ ဓါတ်တော်တိုက်ကိုရောက်ပါတယ်။ မန်းလေးတောင်ကို အဝေးကလှမ်းကြည့်တဲ့အခါ အရင်ဆုံးမြင်ရတာကတော့ ထူးခြားတဲ့ အပေါက်အကြီးကြီးတွေရှိနေတဲ့ အဆောက်အဦပါဘဲ။ မန်းလေးတောင်အလည်နားလောက်မှာရှိပါတယ်။ အဲဒီအဆောက်အဦကိုတော့ ဓါတ်တော်တိုက်လို့ခေါ်ပါတယ်။ တောင်ပေါ်တက်လိုက်တာ တော်တော်နဲ့အပေါ်မရောက်ပါဘူး။ အောက်ကြည့်လိုက် ကင်မရာလေးနဲ့လက်ဆော့လိုက် ငေးမောပြိး အလှအပတွေကိုခံစားလိုက်နဲ့မို့ပါ။ အပေါ်ရောက်လေလေ မြင်ကွင်းကလှလေလေ။ လူကဝတော့ ချွေးတွေအရမ်းထွက်ပါတယ်။ ဆောင်းဆိုတော့ ဂျာကင်အထူဝတ်လာတာမိတာလဲပါ […]


“ကြက်ညီနောင်ထဲက ရွှေကြက်ကျ”    4 အရှေ့ဘက်လှေကား အတက် ဒုတိယအဆင့်   “ကြက်ညီနောင်ထဲက ရွှေကြက်ယက်…………………..”   ရွှေကြက်ကျ နဲ့ရွှေကြက်ယက်ဆိုတာကတော့ ဧရာဝတီမြစ်အရှေ့ဘက်ကမ်းမှာထင်ရှားတဲ့ဘုရားနှစ်ဆူဖြစ်ပြီး မန်းလေးဘက်ကမ်းမှာရှိပါတယ်။ ရွှေကြက်ကျက မြောက်ဘက် ရွှေကြက်ယက်ကတောင်ဘက်မှာရှိပါတယ်။ ရွှေကြက်ကျကတော့ မြစ်ကမ်းနဖူးမှာရှိလို့ လူအလာများပြီး မြင်ကွင်းတွေကလဲလှပ ပါတယ်။ ရွှေကြက်ကျဘုရားကိုလမ်းတောင်ဘက်စောင်းတန်းကအတက်များပါတယ်။ လှေဆိပ်ရှိတဲ့အရှေ့မြောက်ဘက်ကတော့ ဘုရားဖူးတွေအတက်နည်းပါတယ်၊ ဒီဘုရားအမြင့်ဆုံးမှာစေတီတစ်ဆူ အဲဒီအောက်တစ်ဆင့်မှာစေတီ နှစ်ဆူပေါင်းသုံးဆူရှိပါတယ်။ ဒီစေတီသုံးဆူနဲ့အရံစေတီကို အဝေးကဖူးမြင်ရတာ ထူးခြားတဲ့ အနေအထားရှိပါတယ်။ စေတီကိုတက်ရာမှာလဲ အဆင့်ဆင့်တက်သွားရင်သုံးဆင့်ရှိပါတယ်။ တစ်ဆင့်ထက်တစ်ဆင့်မြစ်ပြင်ကိုမြင်ရတဲ့အလှက မတူပါဘူး။ ရေကြီးချိန်မှာဆိုရင် ဒီဘုရားအောက်တည့်တည့်က ဝဲ က အတော်လေးလှပါပေမယ့် အန္တရာယ်လဲများပါတယ်။ သင်္ကြန်မိုးရုပ်ရှင်ထဲမှာ အဓိကဇာတ်ဝင်ခန်းတစ်ခန်းကို ဒီဘုရားလှေခါးအဆင်းမှာရိုက်သွားတာဖြစ်ပါတယ်။ ကျနော်ကိုယ်တိုင်လဲ ဒီရွှေကြက်ယက် ရွှေကြက်ကျ ဘုရားနှစ်ဆူ အနားက အကြိ်မ်ပေါင်းများစွာ ဖြတ်သွားပေမယ့် ဘုရားပေါါ်ကိုတော့ အမြဲမရောက်ဖြစ်ပါ။ […]


ဧရာ………ရေပြာကမ်းရိပ်   “ဧရာ ကမ်းရိပ်ညို…………………..”   အခုရက်ကတော့ ရွှေကြက်ယက်ကို နှစ်ရက်ဆက်တိုက်ရောက်။ ရိုက်လာတဲ့ပုံတွေကလည်းအများသား။ လှတာမလှတာအပထား ကိုယ်တိုင်တောင်ရောက်ခဲတဲ့နေရာဖြစ်တော့ မျှဝေချင်စိတ်တွေက တားမရဆီးမရ။ ဒီတော့လဲတစ်ရက်နှစ်ပုဒ် ရွှေကြက်ယက်ပုံတွေဘဲတင်မိပါတယ်။ လှတာမလှတာ အပထား မှတ်တမ်းလို့သာ သဘောထားစေချင်ပါတယ်။ အခုရက်ကတော့ ရွှေကြက်ယက်ပုံတွေဘဲတင်ဖြစ်မယ်ထင်ပါတယ်။ ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့ (27-12-2011)


3ကျောင်းအဝင်ပေါက်အရှေ့ဘက် အရင်ကတော့ သစ်သားတံခါး အခုတော့သံတခါး     “ငယ်ငယ်တုန်း ခေါင်းလောင်းသ-7ံ” (ဂုဏ်ယူတတ်စေသော……….ဂုဏ်တင့်စေသော……………)   အဲဒီတုံးက ကျောင်းအုပ်ဆရာကြီးဦးလှ က အားကစား ကို အရမ်းအားပေးပါတယ်။ ကျနော်တို့ကျောင်းသားဘဝကဒီဇင်ဘာလဆိုရင်အမှတ်(9)ကျောင်းရဲ့ အားကစားပွဲတော်ပါဘဲံ။ တစ်လလုံးနီးပါးလောက်ပြိုင်ကြဘင်ခရာတီးဝိုင်းတွေလေ့ကျင့်ကြနဲ့ပျော်စရာကြီးပါ။ အားကစားမျိုးစုံမှာ ဝင်မပြိုင်တဲ့ ကျောင်းသားမရှိသလောက်ပါဘဲ။ မီတာတစ်ရာ ၊မီတာနှစ်ရာ၊မီတာရှစ်ရာ၊ တန်းကျော်ပြေးပွဲ၊ဘတ်စကက်ဘော၊ဘော်လီဘော၊ဘောလုံး၊ပင်ပေါင်၊ တင်းနစ်၊ကြက်တောင်၊အလျားခုန်၊သံလုံးပစ်အတော်လေးစုံပါတယ်။ ပြိုင်ပွဲမှာဝင်ပြိုင်တယ်ဆိုရင် စာသင်ခန်းဝင်စရာမလိုတော့ ဟုတ်ဟုတ် မဟုတ်ဟုတ်ဝင်ပြိုင်ကြပါတယ်။ ပြိုင်ပွဲဝင်မယ့်ဆိုရင်အရင်စာရင်းပေး။ စာရင်းပေးပြီးရင် အကြိုပြိုင်ပွဲတွေလူရွေးပွဲတွေထပ်လုပ်ပါတယ်။ ဆရာဒေးဗစ်လေသံနဲ့ပြောရရင် “ဟိ “ ယူတယ်ပေါ့။ နောက်ဆုံးကျန်တဲ့ဆယ်ယောက်( ဟိ ဝင်တဲ့သူပေါ့)ဘဲ နောက်ဆုံးနေ့မှာဝင်ပြိုင်ခွင့်ရပါတယ်။ တကယ့်ပွဲကြီးနေ့မှာဝင်ပြိုင်ရတဲ့လက်ရွေးစဉ်တွေမှသာပွဲနေ့အခမ်းအနားမှာ စီတန်းလမ်းလျောက်ခွင့်ရပါတယ်။ အဲတော့လဲ အားလုံးက တကယ့်ပွဲနေ့မှာပါဝင်ခွင့်ရအောင်ကြိုးစားကြပါတယ်။ တကယ့်ပွဲနေ့မတိုင်ခင် ကျောင်းဝင်းထဲက ဘောလုံးကွင်းထဲမှာ ဘင်ခရာအဖွဲ့ကလေ့ကျင့်ပါတယ်။ တကယ်ပြိုင်ပွဲရက်နီးတဲ့အခါမှာ ဖွင့်ပွဲပိတ်ပွဲအတွက် လက်ရွေးစဉ်တွေက လမ်းလျောက်လေ့ကျင့်ရပါတယ်။ ပိတ်ပွဲနေ့က […]