“အင်းလျားက အပြန်လမ်း…………………………”(4)   အင်းလျားကန်ဘောင်က တကယ်ပြောရရင်အလျားတိုပါတယ်။ အဲတော့ ဒီကန်ပေါင်ပေါ်မှာ ခေါက်တုန့်ခေါက်ပြန်လျှောက်သူလဲရှိပါတယ်။ ကျန်းမာရေးအတွက်လမ်းလျှောက်သူရှိသလို အပျော်လာသူလဲရှိ အညှော်လာသူလဲရှိပါတယ်။ ကျနော်အင်းလျားကို လက်ဆော့လို့ဝတော့ မြောက်ဘက်ခြမ်းကနေလမ်းလျှောက်ပြီးပြန်လာပါတယ်။ စောနေသေးတာရယ် လူသူကင်းရှင်းပြီး တိတ်ဆိတ်နေတဲ့လမ်းမကြီးပေါ်ကိုလျှောက်သွားချင်လို့ပါ။ နောက်သွားနေရင်းက အုန်းပင်တန်းလေးနဲ့အင်းလျားကန်မြောက်ဘက်ခြမ်းကို ရောက်လာပါတယ်။ တကယ်တော့ ကျနော်သွားသာ သွားနေတာ ကျနော်နေတဲ့ မြောက်ဥက္ကလာဘက်ကို ဘယ်လိုပြန်ရတယ် ဆိုတာ အတိအကျတော့ မသိပါဘူး။ ဆက်လျောက်လာရင်းနဲ့ လမ်းဆုံလမ်းခွရောက်တော့ ရှေ့မှာ ကုန်းကျော်တံတားကြီးကိုတွေ့ရပါတယ်။ ဘေးနားကဆိုင်းဘုတ်ကို ဖတ်ကြည့်တော့ ပါရမီတဲ့။ အဲဒါနဲ့အရှေ့ဖက်ချိုးပြီးလမ်းလျောက်လာလိုက်တာ။ လမ်းတစ်ဝက်လောက်ရောက်တော့ မလျောက်ချင်တော့ဘူး။ အဲဒါနဲ့အငှားကားမေးတော့ 1500တဲ့။ ဒါနဲ့ဘဲ ပိုက်ဆံအကုန်မခံချင်တော့ ဆက်လျောက်လာပါတယ်။ အတော်လေးလျောက်မိတော့ လမ်းက လူတစ်ယောက်ကိုသွားချင်တဲ့နေရာမေးတော့ ဒီလမ်းက ဘတ်စကားမလာဘူး။ ဆက်လျောက်လမ်းဆုံရောက်ရင် ချော်တွင်းကုန်းရောက်မယ်။ အဲဒီရောက်ရင် မြောက်ဘက်သွားတဲ့ 43 စီးရင်ရောက်တယ်လို့ပြောတော့ […]


  “နံနက်ခင်းအင်းလျားအလှက………….. အစုံစုံသော”(ကိုချောနောက်ကလိုက်ကြည့်ခြင်း)   အင်းလျားကန်ဘောင်ပေါ်ရောက်တဲ့အခါ တောင်ဘက်ခြမ်းက ပုံတွေကိုအရင်ရို်က်ပါတယ်။ အဲဒါကို အမှတ်တစ်အဖြစ်တင်ပေးလိုက်ပါတယ်။ ကိုချောရိုက်ဘူးတဲ့နေရာလေးတွေကိုလိုက်ရို်က်ပါတယ်။ လမ်းလျောက်သူ လေ့ကျင့်သူ အပျော်လာသူအစုံပါဘဲ။ နောက်အင်းလျားဆိုတာ  လူပေါင်းများစွာရဲ့ပျော်စရာ ကြေကွဲစရာဇာတ်လမ်းတွေကို သိမ်းဆည်းထား ရာနေရာအဖြစ်လဲ စိတ်ထဲမှာ မှတ်သားမိပါတယ်။ အဲဒါတွေကို နေရာပေါင်းစုံကရိုက်ပြီးတော့ အမှတ်နှစ်အဖြစ်တင်ပေးလိုက်ပါတယ်။ အခုအင်းလျားမြောက်ဘက်ခြမ်းရောက်တော့ လဲ မနက်ခင်း အလှက အတော်လေးကိုလှပလို့ အသက်ဝင်ပါတယ်။ တကယ်ကိုစုံလင်သောအလှတွေနဲ့ပြည့်စုံနေတဲ့အင်းလျားပါဘဲ။ ဓါတ်ပုံရိုက်လို့ဝတော့ မနက်ခြောက်နာရီကျော်နေပြီ၊ ဒါပေမယ့် လူအသွားအလာနည်းတော့ အင်းလျားကန်မြောက်ဘက်ကိုသွားပြီး ဓါတ်ပုံရိုက်ချင်စိတ်ပေါ်လာတော့ ကားမစီးဘဲလမ်းလျောက်ပြန်ဘို့ဆုံးဖြတ်လိုက်တဲ့အခါ ………………………………….   ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့ (13-1-12)              


  “ဇာတ်လမ်းကောင်းတွေကို သိမ်းထားတဲ့အင်းလျား………..” (အပိုင်းနှစ်) ဒီတစ်ခေါက်ရန်ကုန်ရောက်တော့ အင်းလျားကို ပိုသွားချင်ပါတယ်။ ခရစ်စမတ်နေ့က ကိုချောတင်ပေးတဲ့ပုံတွေကို ကြည့်မိတော့ ရောဂါက ပိုရင့်လာသလိုပါဘဲ။ အဲဒါနဲ့မနက်ငါးနာရီလောက်အိပ်ယာထ။ ဘတ်စကားမှတ်တိုင်ပြေး။ အင်းလျားကိုသွားချင်ရင်ဘယ်နားမှာဆင်းရလဲမေးတော့ ကုက္ကုိုင်းမှာဆင်းလို့ပြောပါတယ်။ ကျနော်က မြောက်ဥက္ကလာဘက်က လမ်းဝမှတ်တိုင်က တက်လာတာကိုးဗျ။ ညကမေးထားတာက ကားခက ငါးဆယ်ဘဲပေးရတယ်လို့ပြောထားတော့ ရာတန်ထုတ်ပေးလိုက်တာ ကားဆရာက လူကိုကြည့်ပြီး အထူးကား 200 လို့ပြောပါတယ်။ နောက်ကျော်သွားမှာစိုးလို့ ကုက္ကိုင်းရောက်ရင်ပြောနော်လို့မှာတော့ ဘယ်ရွာကလာလဲမသိဘူးလို့ပြောလိုက်သံကြားလိုက်ရသလို။ အဲဒါနဲ့ကုက္ကိုင်းရောက်တော့ဆင်းလိုက်ပါတယ်။ အခုရောက်နေတာအင်းလျားကန်အရှေ့ဖက်ဆိုတော့ အနောက်ဆင်းတဲ့လမ်းအတို်င်း ခပ်သွက်သွက်လေးလျောက်လို်က်ပါတယ်။ သွက်ဆိုလမ်းမပေါ်မှာ ကျနော်တစ်ယောက်ထည်းရယ်ဗျာ။ နောက်မှသိတာ ကျနော်သွားနေတာ တက္ကသိုလ်ရိ်ပ်သာလမ်း။ ဘယ်ရမလဲ လမ်းမှာတွေ့သမျခလုပ်နှိပ်သွားတော့ ရောက်တတ်ရာရာဆိုတဲ့ပုံးလေတွေရသပေါ့။ ဒါနဲ့လမ်းကွေ့ရမယ့်နေရာလဲရောက်ရော လမ်းလျောက်နေသူတွေကိုမေးရတာပေါ့ အင်းလျားကန် ကိုသွားမှာဆိုတော့ သူတို့ သွားတဲ့မြောက်ဘက်ကိုချိုးလိုက်လို့ပြောတာနဲ့ နေအထွက်အမှီကိုရောက်အောင် အမြန်ပြေးရပါတယ်။ တော်ပါသေးရဲ့ နေအထွက်ကိုမှီလိုက်ပါတယ်။ ရောက်တာနဲ့ […]


“ဂန္ထဝင်……..အင်းလျား………ရဲ့နံနက်ခင်းအလှ” “ဂန္တဝင်အင်းလျား……………………”(အနောက်တောင်ဘက်ခြမ်း)   ခံစားတတ်စ အရွယ်ကတည်းက  မမြင်ဘူးမရောက်ဘူးသေးပေမယ့် အကြားနဲ့လွမ်းခဲ့ရတဲ့အင်းလျားပါ။ သီချင်းထဲမှာ ဝတ္တုထဲမှာ အင်းလျားပါရင် ရင်ခုန်ခဲ့ရတဲ့ နေရာကို ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာ တစ်ခါရောက်ပါတယ်။ ညနေခင်း လေးမှာ။ မိုးတွေအုံးမိူင်းရီလို့နေပါတယ်။ အခုတစ်ခေါက် မနက်ခင်းအာရုဏ်တက်ပုံတွေဘဲ စိတ်ထဲမှာ ရိုက်ချင်မိပါတယ်။ အဲတော့ ……………………….. အခုမြင်ရတဲ့ ပုံလေးတွေရလာတာပေါ့နော်။     ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့ (12-1-12)              


    “ဖျပ်ကနဲ့ရန်ကုန် အပိုင်းငါး( ရောက်တတ်ရာရာ)   ရန်ကုန်ရောက်တော့ အချိန်ရတဲ့ခဏလေးမှာ ရောက်သလောက်လျောက်သွားမိပါတယ်။ သွားလေရာရာမှာ စိတ်ဝင်စားစရာလေးတွေမှတ်တမ်းတင်မိပါတယ်။ တင်မိတော့လည်း ပြန်မျှဝေချင်စိတ်လေးပေါ်လာပါတယ်။ နေရာအစုံက အဖြစ်အပျက်အစုံ ကြည်နူးစရာပျော်စရာလေးတွေကို လက်ဆော့ ထားတာပါ။ ကြည့်မိသူတွေ နည်းနည်းလေးပြုံးမိ နည်းနည်းလေးများ ဆက်ပြီး အတွေးတွေပွားမိတယ်ဆိုရင်ကို ကျေနပ်တယ်ဗျာ။   ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့။ (12-1-12)  


ဖျပ်ကနဲ့ရန်ကုန်-အပိုင်းလေး(အငြိမ်နဲ့အလှုပ်) “ဖျပ်ကနဲ့ရန်ကုန် အပိုင်းလေး -အငြိမ်နဲ့အလှုပ်”   ဒီတစ်ခေါက်ရန်ကုန်အသွားနေရာတော်တော်များများကိုရောက်ခဲ့ပါတယ်။ အင်းလျား-ကန်တော်ကြီး အစရှိတဲ့လူအများစည်ကားတဲ့နေရာတွေရော။ ဆူးလေ ရွှေတိဂုံ ဗိုလ်တစ်ထောင် စွယ်တော်ဘုရားတွေရောပေါ့။ အဲဒီမှာ တရားကျင့်ကြံလို့ စိတ်အေးချမ်းမူ့ကို ရှာနေသူ။ တရားရိပ်မှ ခဏခိုလို့ အပူတွေလျော့နေသူ။ နံနက်စောစော အကြောလျော့လို့ လေ့ကျင့်ခန်းယူနေသူ။ အစုံပါဘဲ။ ဒီအထဲမှာ အပူပင်မဲ့တဲ့ကလေးလေးတွေရဲ့ သဘာဝလေးကလဲချစ်စရာ။ သေချာပြန်ကြည့်တော့ လောက မှာ လှူပ်ယှားတာနဲ့တည်ငြိမ်တာ တလှည့်စီဆိုတာကိုပါဘဲ။   လောကကြီးကတော့ အမြဲတမ်းလှုပ်ယှား။ ဒါကိုတည်ငြိမ်အောင်ကျနော်တို့ကြိုးစားကြပါတယ်။ တစ်ခါတစ်ရံငြိ်မ်သက်ပြန်တော့ လှုပ်ယှားအောင်လုပ်ရ။ ဆန့်ကျင့်ဘက်လို့ထင်ရတာလေးတွေကို တင်ပေးလိုက်ပါတယ်။   ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့။ (11-1-2012)  


ဖျပ်ကနဲ့ရန်ကုန် အပိုင်းသုုံး(ဝမ်းတစ်ထွာအရေး) ရန်ကုန်မှာရောက်ခဲ့သမျှနေရာလေးတွေက အမှတ်တရပေါ့ ။ ထိခို်က်နစ်နာလိုစိတ်မရှိပါ။ မြင်မြင်သမျှ တွေ့သမျှလေးတွေကို စာနာမူ့နဲ့ယှဉ်လို့တင်ပေးလိုက်ပါတယ် ကိုပေါက်ရဲ့စနက်ရှော့ မဟုတ်တဲ့လက်ဆော့ (10-1-2011)      


ဖျပ်ကနဲ့ ရန်ကုန် အပိုင်းနှစ်(ပရိယေသန) ရန်ကုန်ရောက်တဲ့အခါမှာ အလုပ်ကိစ္စနဲ့သွားရင်းလာရင်းမြင်ခဲ့ရတာလေးတွေကို ကားပေါ်ကနေဖြစ်ဖြစ် လမ်းလျောက်ရင်းဖြစ်ဖြစ် လက်ဆော့မိပါတယ်။ အဲဒီမှာဘာကိုသွားတွေ့လိုက်လဲဆိုတော့ လူဦးရေနည်းပါးတဲ့နယ်မြို့လေးတွေနဲ့ လူဦးရေထူထပ်တဲ့မြို့ကြီးတွေ ကလူတွေရဲ့ ကွာခြားပုံကိုပါ။ ဒီမှာတော့ ထမင်းတစ်လုပ်အတွက် ရတဲ့နည်းလမ်းနဲ့အလုအယက်။ ပိုပြီးပင်ပန်းလှပါတယ်။ အဲလို ဖြစ်တဲ့နည်းနဲ့ရှာရတဲ့အခါမှာ ထုတ်ပြန်ထားတဲ့ စည်ပင်သာယာ ဥပဒေများနဲ့လွတ်ကင်းတာ မကင်းတာ၊ သူများကို ထိခိုက်တာ မထိခိုက်တာ၊ အသက်အန္တရာယ်ရှိတာ မရှိတာ တွေကိုသိပ်ခေါင်းထဲမထည့်နိုင်တော့ပါဘူး။ မိမိလက်ထဲမှာရှိတာလေးတွေရောင်းကုန်မှ အမြတ်အစွန်းလေးထွက်လာမှ ဝမ်းတစ်ထွာအရေး နေ့ပြန်တိုးမှန်မှန်ပေးနိုင်ဘို့အရေး ပြေလည်မှာကတော့ အမှန်ပါဘဲ။ ဒီတော့လဲကျီးလန့်စာစား ဘဲပြောပြော အလုအယက်ဘဲပြောပြော မောနေအောင်ရှာရတာပါဘဲ။ ဘာတွေဘယ်လိုပြောနေနေ အခုမြင်နေတဲ့ပုံလေးတွေကတော့ တကယ့်လက်တွေ့ ဘဝ စစ်စစ်တွေပါဘဲ။ ကိုယ်ချင်းစာမိပါတယ်။ ဒါပေမယ့်  ငါလဲမင်းတို့လိုပါဘဲလို့ ပြောနိင်ရုံကလွဲလို့………………….   ကိုပေါက်ရဲ့ စနက်ရှော့ မဟုတ်တဲ့လက်ဆော့ (10-1-2012)     […]


1-ပူဇော်ကန်တော့ “ဖျပ်ကနဲ ရန်ကုန် အပိုင်းတစ်” (ပူူဇော်ကန့်တော့) ကျနော်ရန်ကုန်ကိုဒီတစ်ခေါက်အရောက်မှာ မနက်ပိုင်း (5)နာရီလောက်မှာအိပ်ယာထလို့ လက်ဆော့ဘို့ထွက်ပါတယ်။ ဒီတစ်ခါ ထူးထူးခြားခြား ရွှေတိဂုံဘုရားကို သွားချင်စိတ်ပေါ်မိပါတယ်။ ဒါနဲ့ နေ့လည်ဘက်မှာ တစ်ရက် နံနက်ခင်းတစ်ရက် ညဘက်တစ်ရက် သုံးကြိမ်ရောက်မိတဲ့အခါ တကယ့်ကို ရင်ထဲက ဆန္ဒနဲ့ ဦးခိုက်ပူဇော်ကန့်တော့ နေတဲ့သူတွေကို မြင်တွေ့ရတဲ့အခါ လေးစားကြည်ညိုစိတ်နဲ့ ဒီပုံလေးတွေကို တင်ပေးလိုက်ပါတယ်။     ကိုပေါက်ရဲ့ စနက်ရှော့ မဟုတ်တဲ့လက်ဆော့ (9-1-2012)  


                                 “အနီးအဝေး တွေကို ခါချလိုက်တဲ့………………………” (ရန်ကုန်ရောက်ကိုပေါက်(မန်း)နဲ့ အဝေးကမွေးနေ့ရှင် ဂီဂီ) ဆောင်းဆိုပေမယ့် ဆောင်းမပီသ ဖောက်လွှဲဖောက်ပြန်လုပ်နေပြန်တဲ့ ရန်ကုန်ဆောင်းရဲ့နွေနဲ့တူသောနေ့တစ်ရက် အတိအကျတွက်ရင်………… (7-1-2012)။ ဟိုမနီးမဝေး မန်းလေးကလူတစ်ယောက် ရန်ကုန်ကိုရောက်အလာ။ ရွာထဲကမိတ်ဆွေတွေ တွေ့ချင်ပြန်တော့ ဆုံနိုင်ဘို့စီစဉ် ခင်မင်သူတွေကို အကူအညီတောင်း တတ်နိုင်သလောက်မောင်းခတ် (7-1-2012) ဆိုတဲ့နေ့လည်(2)နာရီ ကြည့်မြင့်တိုင်နားက ကော်ဖီဘားမှာ ဆုံတွေဘို့နေရာလေးသတ်မှတ် တွေ့ကြမယ်လို့ အကြောင်းကြား။ ကြားကြားသမျှအားလပ်ရင်လာခဲ့ပါပေါ့။ တကယ်ဆုံတွေ့တဲ့နေ့ ပျော်စရာလဲကောင်းခဲ့ပါတယ်။ မမြင်ဘူးသူနဲ့မြင်ဘူးသူ သိသူနဲ့မသိသူ ကိုယ့်ကိုယ်မိတ်ဆက် ဆက်သွယ်စရာတွေအပြန်အလှန်ပေး အော်တိုအော်ရှည်တွေရေးလိုရေး နွေးထွေးစွာနုတ်ခွန်းဆက်                                                                                                                                           အပျော်တွေစွက်လို့ရယ်ပွဲ့ဖွဲ့ တကယ့်ကို လှပတဲ့ပွဲလေးပါ။ ရွာသူလေး အိတုန် စခုန်လိုက်တဲ့ခြေလှမ်း ကောင်းမှု့တစ်ခုပြုနိုင်ဘို့အတွက်  အလှူငွေတွေစုပြီး လှူမယ်ဆို ဆော်ဩ အားလုံးကလဲသဘောတူကြပါတယ်။ ဒီပွဲလေးကို […]


“ကျုံးတောင်ဘက်လမ်းက မြို့ရိုးနဲ့ ပြအိုးပစ္စင်”(အမှတ်တစ်)   ရန်ကုန်ရောက်တုန်းခဏ ပုံတင်ချင်စိတ်က တားမရ ဆီးမရ။ အနီးအနားက အင်တာနက်ဆိုင်ပြေး မန်းလေးသားတွေအတွက်အမှတ်တရ အလွမ်းများကို ပေးချင်။ ဟိုအရင်ရက်တွေက ကျုံးတစ်ပါတ် ပတ် မှတ်တမ်းတင်ထားတဲ့ မြု့ိရိုး ပြအိုးနဲ့ပစ္စင် ကျုံးရေပြန်ကြည်သန့်သန့်။ 26ဘီလမ်း မင်္ဂလာတံတားတောင်ဘက် ရှေးကတည်းက ရှိတဲ့ မက်သဒစ်ချပ်ချ် သူ့တည့်တည့်က မြိုရိုး ပြအိုးနဲ့ပစ္စင် မွေးမြေကခွာတုန်းခဏ အလွမ်းပြေအောင်တင်မိ ကော်နက်ရှင်ရှိသလောက် မဖြစ်စလောက်လေးများတင်မိရင် ခွင့်လွှတ်နော်………………….. ကိုပေါက်လက်ဆောင် စနက်ရှော့ မဟုတ်တဲ့လက်ဆော့ (4-1-2012) လွတ်လပ်ရေးနေ့ ရန်ကုန်ခေတ္တ                    


“ငြိမ်သက်ခြင်းမှ လွင့်ပျံ့လာသောအသံများ” “”ငြိမ်သက်ခြင်းမှ လွင့်ပျံ့လာသောအသံများ”   နံနက်ခင်းတိုင်းကတော့ အမြဲ ငြိမ်းချမ်းပါတယ်။ မန်းလေးကန်တော်ကြီးမှာလမ်းလျောက်တဲ့အခါတို်င်း လှပသောမြင်ကွင်းများနဲ့အတူ တိတ်ဆိတ်ခြင်းကိုပါ ပူးတွဲခံစားရတတ်ပါတယ်။ အထူးသဖြင့် မိုးတိမ်ထု က ကောင်းကင်မှာ ခင်းကျင်းပြသတဲ့နေ့များမှာဆိုရင် နေထွက်လာစအချိ်န်မှာ အရုဏ်ဦးနေမင်းက ကောင်းကင်ကို အရောင်တွေခြယ်ပါတော့တယ်။ ဒီအချိန်မျိုးမှာ သဘာဝရဲ့ တင်ဆက်ခြင်းကတော့ လှပသောဂီတသံကို နားထဲမှာအလိုလိုကြား လာရပါတယ်။ ဟုတ်မဟုတ်သိရအောင်………………………………………..   ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့ (3-1-2012)