“ဘယ်သူ့ကြောင့်လို့ပြောချင်ပါသလဲ” ကျနော်ဒီနေ့မနက်အလုပ်လာတော့ 85လမ်းဘက်နေလာဖြစ်ပါတယ်။ အဲဒီမှာ85လမ်းနဲ့36လမ်းဒေါင့်ရောက်တော့ လမ်းအနောက်ဘက် က ဘုန်းကြီးကျောင်းနံဘေးမှာ အမိူက်ပုံလေးကို မြင်လိုက်ရပါတယ်။ အမိူက်ပုံအနောက်မှာတော့ “အမိူက်မပြစ်ံရ”ဆိုတဲ့စာတန်းကြီးကပြူးပြဲလို့။ လူတစ်ယောက်က ဘုန်းကြီးကျောင်းအုတ်တံတိုင်းကို သာယာစိုပြေရေးတွေဖန်တီးလို့။   အမိူက်မပစ်ရလို့ ရေးထားတဲ့စာကလဲထင်းလို့။ အမိူက်တွေကလဲပုံလို့။ အဲဒီမှာဆက်စဉ်းစားစရာလေးတွေပေါ်လာပါတယ်။   (1) ဒီရေးထားတဲ့ဆိုင်းဘုတ်ကို မမြင်လို့လား (2) ဘာတွေရေးထားထား အရေးစိုက်စရာမလိုဘူး ဆိုင်းဘုတ်ထောင်တာ သူ့အလုပ် အမိူက်ပစ်တာ ငါ့အလုပ်လို့ သတ်မှတ်လို့လား။ (3)ထိရောက်စွာအရေးယူမည်ဆိုပေမယ့် ဘယ်တော့မှအရေးမယူလို့လား (4)မန်းလေး စည်ပင်သာယာကဘဲ အမိူက်ပစ်စရာနေရာ သတ်မှတ်ပေးမထားလို့လား (5) စာလုံးပေါင်းမှားများနေလို့ ဘဲလား (6) တချို့လူတွေပြောသလို ဆန့်ကျင့်တာဘဲလား ဆိုပြီးအတွေးတွေပွားမိပါတယ်။ ဒီလိုအတွေးပွားမိတော့ နောက်ဆုံးတော့ ပိန္နဲပင်ကြီးဘဲ ခဲနဲ့အထုခံရတော့မှာကိုမြင်နေမိပါသေးသဗျာ။     ကိုပေါက်ရဲ့ စနက်ရှော့ မဟုတ်တဲ့လက်ဆော့ နဲ့ အတွေးပါးပါးလေး […]


“နေရာပေး၏ မပေး၏” မနေ့ကအလုပ်ကပြန်ရောက်တော့ ဖိတ်စာလေးတစ်စောင်ခုံပေါ်မှာတွေ့ရပါတယ်။ ကောက်ဖတ်ကြည့်လိုက်တော့ နှစ်ပေါင်းများစွာ အဆက်အသွယ်ပြတ်သွားကြတဲ့ ဆွေမျုးိအိမ်က အလှူဖိတ်စာလေးဖြစ်နေတာကိုတွေ့ရပါတယ်။ နောက်စာတိုလေးတစ်ကြောင်း။ “အကိုလေးရေ.. လူကြီးတွေလက်ထက်ကဖြစ်ခဲ့တာ ကျနော်တို့လက်ထက်မှာသင်ပုန်းချေလိုက်ရအောင်နော်” လို့ဝိုင်းစက်လှပတဲ့လက်ရေးလေးကိုဖတ်လိုက်ရပါတယ်။ ရေးတဲ့သူကတော့ကျနော့်ညီမဝမ်းကွဲ “အေးအေးမြင့်” အိမ်နောက်ဖေးကထွက်လာတဲ့ မဒမ်ပေါက်က နေ့လည်က” မိအေးကိုယ်တိုင်လာပေးသွားတာ လာမယ့်ဥပုဒ်နေ့ အကိုလေးလာဖြစ်အောင်လာပါလို့လဲ ပြောသွားသေးတယ်”လို့ သတင်းပေးပါတယ်။ ကျနော်လဲ အိမ်ထဲဝင် အဝတ်အစားလဲပြီး  ပက်လက်ကုလားထိုင်ပေါ်မှာထို်င်မိမှ မိအေးရေးသွားတဲ့စာလေးကနေအစပြုပြီး အရင်ဖြစ်ခဲ့တဲ့အကြောင်းတွေကို ပြန်စဉ်းစားမိပါတယ်။ @@@@@@@@@@@  @@@@@@@@@@@@@@ @@@@@@@@@@@@@@@@@@@@   အတိတ်ဆိုတာ အကောင်အထည်မပြနိုင်ပေမယ့် မေ့ပျောက်လို့ မေ့ဖျောက်လို့မရစကောင်းတာလဲအမှန်။ လွန်ခဲ့သောနှစ်ပေါင်းလေးဆယ်လောက်ကဘဲဆိုပါစို့။ မိအေးတို့ အဖွား နဲ့ ကျနော့် အဖွားက အထက်အောက်ညီအမ။ အဖွားက အကြီး မိအေးတို့အဖွားက အငယ်။ မိအေးနဲ့ကျနော်ကျပြန်တော့လဲ ကျနော်က 2နှစ်ကြီးတယ်။ သူ့အကိုက ကျနော်ထက် […]


“ အဝေးကလူ အနီးကလူ ……………….အားလုုံးစုံသော ရွှေတိဂုံ”(အပိုင်းနှစ်)   အဲဒီနေ့က ရွှေတိဂုံဘုရားရောက်တော့ ရင်ပြင်တော်ပေါ်မှာ လူအပြည့်။ အဝေးကလူ အနီးကလူ လေ့လာသူ ကြည်ညိုသူ အေးချမ်းမူ့ရှာသူ အပျော်ရှာသူ မှတ်တမ်းတင်သူ လက်ဆော့သူ အလင်းဆီမီးထွန်းညှိသူ ဘဝအမောတွေကို ဘုရားရိပ်မှာလာရောက်လို့ဖြေလျော့သူ ရောက်တုန်းရောက်ခိုက် မြင်မြင်သမျှကို မလွတ်တမ်းမှတ်တမ်းတင်သူ အစရှိတဲ့လူပေါင်းစုံ အမြင်ပေါင်းစုံ အကြောင်းပေါင်းစုံနဲ့သူတွေက တိုင်ပင်ထားခြင်းမရှိဘဲ ဒီတစ်နေရာထဲမှာအလိုုလိုလာရောက်စုဝေးတာကတော့ အသေအချာ တွေးကြည့်ရင်  ထူးခြားသော အဖြစ်အပျက်လို့ မှတ်ယူနိုင်ပါတယ်။ ဘာပြောပြော ကျနော်ကတော့ စိတ်တိုင်းကျတဲ့ပုံလေးတွေတင်ပေးလိုက်ပါတယ်။ မှတ်တမ်းတင်တဲ့နေ့ကတော့ (7-1-2012) ညနေ ငါးနာရီနဲ့ 7နာရီကြားမှာပါဘဲ။           ကိုပေါက်ရဲ့ စနက်ရှော့ မဟုတ်တဲ့လက်ဆော့။ (19-1-2012)    


“ အဝေးကလူ အနီးကလူ ……………….အားလုုံးစုံသော ရွှေတိဂုံ”   ရွှေတိဂုံဘုရားပေါ်ရောက်ချိန် ဆောင်းနဲ့မတူသောနံနက်ခင်းပူပူလောလောထဲမှာကို ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်သူရော မယုံကြည်သူရော အနီးကလူရော အဝေးက လူပါ ဘုရားဖူးလာကြတာမြင်တွေ့ရပါတယ်။ အင်မတန်မှများပြားလှစွာသော သဘာဝ သရုပ်ဆောင်မြင်ကွင်းများကို လက်ဆော့ရင်းတင်သွင်းလိုက်ပါတယ်။       ကိုပေါက်ရဲ့ စနက်ရှော့ မဟုတ်တဲ့လက်ဆော့။ (19-1-2012)      


“ညအဆင်း လမင်းရဲ့ ရွှေတိဂုံ “   တွေ့ဆုံပွဲကအပြန် မောင်လုလင်နဲ့ ရွှေတိဂုံကို ခရီးဆက်ဖြစ်ပါတယ်။ အရင်က ကျနော် ညအလင်းမှာ မရိုက်ဘူးသလို ရိုက်လဲမရို်က်တတ်ပါဘူး။ မောင်လုလင်က ကျနော့်ကင်မရာပေါက်စနလေးကို ယူပြီးဆက်တင်ချိန်း။ ပြီးတော့ အလင်းအမှောင်အယူအဆတွေပြောပြ။ ကျနော်က လက်တွေ့စမ်းသပ်လို့ရိုက်။ ဟိုနားပြေးလိုက်ဒီနားပြေးလိုက်။ တစ်ခါမှ မရဘူးတဲ့ညပုံလှလှလေးတွေ ရတော့သဘောကျ။ လုလင်ကိုပြတော့ ဆက်လုပ်ဆိုအားပေး။ အဲတာနဲ့ဘဲသူနဲ့ကျနော် ငါးနာရီကျော်ကျော်က ဘုရားပေါ်တက်လို့လက်ဆော့လိုက်တာ 7နုာရီကျော်မှပြန်ဘို့သတိရ။ သူနဲ့ကျနော် ဆရာနဲ့တပည့် ခဏလေးမှာကို ငယ်ပေါင်းကြီးဖော်လိုရင်းနှီးသွားပါတယ်။ ကဲ ရွာထဲမှာတော့ ရွှေတိဂုံညခင်းပုံ တင်ပြီးသားတော့ရှိနေပါတယ်။ ဒါပေမယ့်ကျနော်ကလဲ ရို်က်ပြီးတင်ဘို့စဉ်ပြီးဆိုတော့ တင်လိုက်ပါတယ်။ တူနေရင်တော့ တောင်းပန်ပါတယ်။     ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့ (18-1-12)              


      “နေ့အလင်းနဲ့ ငွေရောင်လက်နေတဲ့ရွှေတိဂုံ “ အပိုင်းနှစ်   တစ်ရက် မိတ်ဆွေတွေနဲ့ချိန်းထားတာ နေ့လည်11နာရီခွဲ။ အဲဒါအိမ်ကထွက်လာတာစောနေတော့ မဒမ်ပေါက်နဲ့ရွှေတိဂုံဘုရားကို တက်ခဲ့ကြပါတယ်။ ဘုရားပေါ်ရောက်တော့ မဒမ်ပေါက်က ဘုရားကန့်တော့နေချိန်ကျနော်က လျောက်ကြည့်ရင်း လက်ဆော့ပါတယ်။ ကောင်းကင်ပြာပြာနောက်ခံထားလို့ ဓါတ်ပုံတွေလိုက်ရိုက်ပါတယ်။ အဲဒီနေ့က ဆောင်းဆိုပေမယ့် နေအလင်းရောင်က အတော်လေးပြင်းပါတယ်။ ဓါတ်ပုံကို တော်တော်များများရိုက်ပြီး ချိန်းထားတဲ့အချိန်နီးမှ ဘုရားပေါ်ကဆင်းလာခဲ့ပါတယ်။ အဲဒီဓါတ်ပုံတွေကို အင်တာနက်ဆိုင်ရောက်လို့ပြန်ဖွင့်ကြည့်မှ အချို့သောပုံတွေက ငွေရောင်ပြောင်းနေတာကိုတွေ့ရပါတယ်။ မန်းလေးဂေဇက်မှာ တင်ပေမယ့် တစ်ပုံဘဲတင်လို့ရပါတယ်။ အခုမန်းလေးပြန်ရောက်မှ အားလုံးပြန်တင်ပေးလိုက်ပါတယ်။     ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့ (17-1-12)                


        “နံနက်ခင်းအရုဏ် ကြည်နူးဘွယ်စုံသော…………………..ရွွှှေတိဂုံစေတီရင်ပြင်မှ”   ရန်ကုန်ကိုရောက်ရောက်ခြင်း ရွှေတိဂုံဘုရားနားက မိတ်ဆွေကိုအရင်သွားတွေ့မိပါတယ်။ သူနဲ့ထိုင်စကားပြောနေရင်း အရုဏ်တက် ရွှေတိဂုံဘုရားကို ဓါတ်ပုံရိုက်ဘူးလားမေးတော့ “ဟင့်အင်းပေါ့” အဲဒါနဲ့သူက ရိုက်သင့်တယ်နော်လို့ပြောတာနဲ့နောက်နေ့မနက်စောစောရိုက်မယ်လို့ပြောလိုက်ပါတယ်။ ဖြစ်ချင်တော့ အဲဒီနေ့ကဘတ်စ်ကားစီးလာတာ ဆူးလေထိပါသွားပါတယ်။ အဲဒါနဲ့ဆူးလေက နေကားပြန်စီးပြီး ရွှေတိဂုံကိုပြန်လာပါတယ်။ အဲဒါနဲ့ဘဲလမ်းကြားထဲကနေဖြတ်ပြီးအလာမှာ ရွှေရောင်တွေဝင်းလက်နေတဲ့ စေတီတော်ကိုဖူးမျှော်ရပါတယ်။ ဒါနဲ့ဘဲရင်ပြင်တော်ပေါ်ကို လမ်းလျှောက်ပြီးတက်လာခဲ့ပါတယ်။ ရင်ပြင်တော်ပေါ်ရောက်တဲ့အခါ အေးငြိမ်းခြင်းရဲ့ ရသ ကို အပြည့်အဝခံစားရပါတယ်။ နောက်တော့လဲ မြင်သမျှ ကို လက်ဆော့ရင်း လှတယ်ထင်တာလေးတွေကို မျှဝေပေးလိုက်ပါတယ်။     ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့ (17-1-12)                


“အာရုဏ်ဦးနေခြည် ကန်ရေပြင် စိမ်းညို့ ကြာပန်း”(အပိုင်းသုံး)     ကျနော့်အိတ်ထဲက ဖုန်းလေး က အသံမြည်လာတော့ ကျနော်နဲ့ချိန်းထားတဲ့သူကသူလာတော့မယ်ဆိုတာကို လှမ်းအကြောင်းကြားတာပါ။ အဲဒါနဲ့ အခု ကရိဝိက်ထပ်ဖြားမှာရောက်နေတယ် လက်စသပ်ပြီးထွက်ခဲ့မယ်လို့ပြောလိုက်ပါတယ်။ ဒါနဲ့ဘဲ ကန်တော်ကြီးအရှေ့ဘက်ကနေ အနောက်ဘက်ကို ပြန်လှည့်လာခဲ့ပါတယ်။ ကန်အလည်မှာတော့ ကြာဖက်တွေက ရေလည်မှာ ဖြန့်ခင်း။ သူ့အပေါ်မှာတော့ ရေစက်ရေပေါက်တွေ ကို ထမ်းထား။ နီစွေးစွေးကြာပန်းလေးတွေကလဲ အရိုးထောင်ထောင်နဲ့လှပ။ ရန်ကုန်ကန်တော်ကြီးကတော့ ကန်လည်မှာတံတားလေးတွေခင်းထားတော့ လမ်းလျှောက်ရတာ အဆင်ပြေပါတယ်။ မန်းလေးကန်တော်ကြီးကတော့ ကန်ပါတ်လမ်းကဘဲလျှောက်လို့ရပါတယ်။ ရန်ကုန်မှာတော့ ကန်ရေပြင်မှာ ရွှေတိဂုံဘုရားအရိပ်ထင်နေတာသပ္ပါယ်။ မန်းလေးကန်တော်ကြီးကတော့ အဝေးမှာလှမ်းဖူးမျှော်စရာ မဟာမုနိ။ ရန်ကုန် ကန်တော်ကြီးကတော့ ကရိဝိက်ကတော့ နှစ်ကောင်တွဲခန့်ခန့်ထည် အရှေ့ဖက်ခြမ်းမှာ။ မန်းလေး ကရိဝိက် (ပြည်ကြီးမွန်) က တော့ အနောက်ဖက်ခြမ်း မမြလေးဘုရားနားမှာ။ ရန်ကုန်ကန်တော်ကြီးက […]


“မျိုးကြီး မသွားချင်ဘူးဆိုတဲ့နေရာ အမှတ်တစ် “ (သစ်ပင် ကြာပန်း နဲ့ရေပြင် တင်ကျန်တဲ့အရိပ်)   အသံချိုချိုလေးနဲ့ ဆိုတတ်တဲ့ရောခ်အဆိုတော်မျိုးကြီးရဲ့သီချင်းစာသားလေးထဲမှာ “ကန်တော်ကြီးအင်းလျားလဲမသွားချင် မနေတတ်လို့………………………” ဆိုတဲ့စာသားလေးက ကျနော်ရင်ကို အမြဲလိုလို လာလို့ထိရှပါတယ်။ ကိုယ်နဲ့ဆိုင်လဲမဆိုင်ဘဲနဲ့ပေါ့။ အဲဒါနဲ့တစ်မနက်ခင်း ကန်တော်ကြီးကို စောစောသွားဘို့ စိတ်ကူးပါတယ်။ မနက်ငါးနာရီအိပ်ယာထ ဘတ်စ်ကားဂိတ်ကိုပြေးပေါ့။ အစပိုင်းရွှေတိဂုံကိုဝင်နောက်မှ ကန်တော်ကြီးပေါ့။ မနက်စောစောဆိုတော့ ကားကလဲ တဝေါဝေါနဲ့မောင်းတာပေါ့ တကယ့်ကိုမြန်မှ မြန်ပါဘဲ။ ငေးရင်းမောရင်းနဲ့ပါသွားလိုက်တာ ကုန်းကျော်တံတားကိုမြင်မှ ဆူးလေကိုရောက်နေတာသိလိုက်ရပါတယ်။ အဲတော့လဲဘယ်အညံ့ခံမလဲ ဗျာ။ ဆူးလေမှာဆင်းဓါတ်ပုံတွေရိုက်ပေါ့။ မြို့တော်ခန်းမလဲရိုက်ပေါ့။ ပြီးတာနဲ့ကားဂိတ်ပြန်ပြေး။ ရွှေတိဂုံအပြေးအလွှားသွားလို့ ဓါတ်ပုံတွေရိုက်လုပ်ရပါတယ်။ ပြီးမှ ဆင်းလာပြီး ကြားသာကြားဘူး ရုပ်ရှင်ထဲမှာမြင်သာမြင်ဘူးင်္ပြီး မရောက်ဘူးသေးတဲ့ကန်တော်ကြီးကို ဘယ်လိုသွားရလဲဆိုတာမေးရပါတယ်။ ခပ်တည်တည်နဲ့ဝင်သွားလို်က်တာ နောက်ကလိုက်ခေါ်မှ ဝင်ကြေးပေးရကောင်းမှန်းသိပါတယ်။ တစ်ခါဝင်300 ကျပ် လပြန် ကျန်းမာရေးလုပ်လိုသူများ တစ်လ2500။ […]


“ယောမင်းကြီး ရဲ့ ကျောင်းအိုအို”   ကြာနီကန်ုကို နာရေးသွားပို့တိုင်း ရွှေကျင်ဘက်ကို သွားတိုင်း မတ္တရာဘက်ကိုသွားတိုင်း မန်းလေးတောင်ရဲ့အနောက်ဘက်လမ်းကနေ အမြဲဖြတ်သွားရပါတယ်။ မန်းလေးတောင်မှာလည်း ဘိုးဘွားရိပ်သာရှိပါတယ်။ ဒါပေမယ့် အမြဲသာဖြတ်သွားနေတယ် ဘိုးဘွားရိ်ပ်သာရဲ့မြောက်ဘက်မှာရှိတဲ့ အဆောက်အဦ ဝါဝါကြီးကို အမှတ်တမဲ့ပါဘဲ။ ထုကြီးထည်ကြီးနဲ့ ကျောင်းကြီးမှန်းသိပေမယ့် တစ်ခါမှဝင်ကြည့်ဘို့သတိမရခဲ့မိတာလဲအမှန်။ တစ်ရက် 85လမ်း 12လမ်းကကျောင်းအိုကြီးကိုလဲ တင်လိုက်ရော ရန်ကုန်ရောက်ညီငယ်တစ်ဦးက ယောမင်းကြီးကျောင်းကိုလဲတင်သင့်တယ်လို့ ပြောလာပါတယ်။ ဒီယောမင်းကြီးကျောင်းကတော့ သမိုင်းသုတေသနဌာနက စောင့်ရှောက်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့်လဲအပျက်အစီးနည်းနည်းဘဲရှိတာကိုတွေ့ရပါတယ်။ အဲဒီထဲမှာ ရေကန်ကြီးတစ်ကန်ကိုတွေ့ရပါတယ်။ ဗန္တုလဦးဆိုင် ကောင်းမူ့ဆိုပြီး စာတန်းကြီးထိုးထားပါတယ်။ မန်းလေးမြို့ရဲ့ ဘုရားကျောင်းကန်တွေမှာ ဦးဆိုင်ရဲ့ လှူဒါန်းထားတာတွေကို နေရာတော်တော်များများမှာတွေ့ရပါတယ်။ ဘာဘဲပြောပြော ဒီလိုသမိုင်းဝင်ရှေးက ကျောင်းအိုများကို ကမ္ဘာလှည့်ခရီးသည်တွေကို ပြသင့်တဲ့နေရာ လူအများသွားရောက်လေ့လာသင့်တဲ့နေရာထင်လို့ တင်ပေးလိုက်ပါတယ်။     ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့ (15-1-12) […]


“လမင်း ညအခင်းနဲ့ အင်းလျား……………….” “လမင်း ညအခင်းနဲ့ ပန်းတွေပွင့်နေတဲ့အင်းလျား……………….”အမှတ်(6) အင်းလျားရဲ့ ညနေခင်းအလှလေးတွေကိုရိုက်နေရင်းက နေဝင်လုလုအချိန်ကိုရောက်သွားပါတယ်။ အနောက်ဘက်နေဝင်ချိန်ကိုဘဲ မဲတင်းပြီးရိုက်နေတာ။ အညောင်းဆန့်ရင်းနဲ့ အရှေ့ဘက်ကောင်းကင်ကို ကြည့်မိတော့ လမင်းက ထိပ်ဖျားမှာ ဝိုင်းဝိုင်းစက်စက်။ အဲတော့လဲ လမင်းပုံတွေ ကို ရိုက်မိပြန်ပါတယ်။ အပွင့်လင်းဆုံးပြောရရင် မန်းလေးမှာတုံးက ဒီလိုလှပင်တဲ့လမင်းပုံမရဘူးပါဘူး။ အခုဒီတစ်ခေါက်အင်းလျားရဲ့ညနေခင်းမှာမှ ကျနော်လိုချင်လှတဲ့ ငွေလမင်းပုံကို ရလိုက်ပါတယ်။ ငွေလမင်းပုံလေးတွေအများကြီးလက်ဆော့ထားပါတယ်။ ဒီရန်ကုန်ကမှတ်တမ်းလေးတွေပြီးရင် မန်းလေးက မှတ်တမ်းတစ်လှည့်တင်ပေးပါမယ်။ အခုအင်းလျားပုံလေးကိုတော့ ကျနော်ကိုယ်တိုင်လဲ နှစ်သက်ပါတယ်။ ပန်းကလေးတွေနဲ့လမင်း လို်က်ဖက်လွန်းလှပါတယ်။ ဒီပုံတွေကိုရိုက်နေရင်း ချိုပြုံးရဲ့ “တက္ကသိုလ်က ငွေလမင်း “သီချင်းထဲက “ရေလှိုင်းခပ်သံ………သစ်ရွက်ကြွေသံ……….အော် ကျေးငှက်မြည်သံ ကြားပြန်တော့လဲ………မောင့်ကိုဘဲသတိရနေ”ဆိုတဲ့စာသားလေး ကိုသတိရလိုက်မိပါသေးတယ်။ ကဲ အင်းလျားနဲ့ငွေလမင်းကို ခံစားကြည့်ပါအုံးနော်…………..     ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့ (15-1-12)     […]


“ညနေခင်း……….အင်းလျား………ပန်းနုဆည်းဆာ”(5)   6-1-12 နေ့ညနေခင်းရောက်တော့ လူက အဝေးတစ်နေရာရောက်နေပါတယ်။ အဲတော့ အင်းလျားညနေခင်းကို မှီအောင် အပြေးအလွှားလာခဲ့ရပါတယ်။ ဘတ်စ်ကားမှတ်တိုင်ကို မလွန်အောင် ခေါင်းထွက်ထွက်ကြည့်ရပါတယ်။ ကုက္ကိုင်းမှတ်တိုင်လဲရောက်ရော မြန်မြန်လေးဆင်းပြီး အင်းလျားပေါ်တက်လာတော့ ကြည်နူးဖွဲ့ဆင်နေကြတဲ့စုံတွဲလေးကို မြင်ရတော့ အဆိုတော်ကြီးမာမာအေးရဲ့ “အင်းလျားမှာဆုံစို့မောင်ရယ် ……လှညနေအေးအေးဝယ်” ဆိုတဲ့သီချင်းတစ်ပိုင်းတစ်စက ခေါင်းထဲရောက်လာပါတယ်။ အင်းလျားကန်ညနေခင်းကတော့ လှပပါတယ်။ ဒါတောင် ကျနော်ရောက်တဲ့နေ့ က တိမ်အခင်းက သိပ်မလှပါဘူး။ ညနေရင့်လေ တိမ်အရောင်တွေက ညို့မိူင်းလို့လာလေ ပိုပိုလှလေပါဘဲ။ ခဏလေးရောက်ခဲ့ရတဲ့ အင်းလျားရဲ့လှပတဲ့ညနေခင်းကတော့ ကျနော့်အတွက် မမေ့နိုင်စရာ……………..     ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့ (14-1-12)