“အဟောင်းတွေကိုပြန်သစ်စေတဲ့ မန်းလေးက…………….”   တစ်ရက်မိတ်ဆွေတစ်ယောက် မန်းလေးစက်မူ့မြို့သစ်ထဲက ဘုန်းကြီးကျောင်းမှာလုပ်ပါတယ်။ သူပြောတဲ့ကျောင်းနာမယ်က “ဘုံပျံတောရ”။ ကိုယ်ကလဲ စက်မူ့သွားနေကျ ဒီကျောင်းအမည်ကိုလဲသိနေတော့ အေးလာခဲ့မယ်ပေါ့။ တကယ်သွားလဲသွားရော “ဘုံပျံတောရ”ဆိုတာက ကျောင်းကြီးတစ်ခုလုံးနာမည်ဖြစ်နေပါတယ်။ အဲဒီထဲကမှ ကျောင်းတိုက်ခွဲလေးတွေအများကြီး။ ဒါနဲ့သူ့ကိုဖုန်းဆက်မေးတော့ မှသူက နာမည်ပြော။ ကိုယ်အမှားပါ ဖိတ်စာကို အဆုံးထိ မဖတ်ခဲ့မိတာလေ။ သူပြောတော့ အဟုတ်တစ်ကယ်ရှာပြန်တော့ ကျောင်းမတွေ့။ လမ်းမှာတွေ့သူကိုမေးပြီးသူပြောတဲ့အတိုင်းသွားတော့ လမ်းပိတ်ကြီးဖြစ်နေပါတယ်။ နောက်ဟိုဝင်ဒီထွက်နဲ့လမ်းတွေမှားသွားရင်းကနေ မန်းလေးမြို့က အမိူက်အဟောင်းအစုတ်တွေထဲက နေအကောင်းဖြစ်စေတဲ့ ပစ္စည်းများဖြစ်အောင်ဆောင်ရွက်ပေးနေတဲ့ အဖွဲ့ကြီးကို ဘွားကနဲတွေ့လိုက်ရပါတယ်။. လမ်းဘေးမှာ ပုံထားတဲ့ပစ္စည်းကြည့်ရုံနဲ့တင်လုပ်ငန်းကြီးတယ်ဆိုတာသိနိုင်ပါတယ်။ အလားကားလွင့်ပစ်ရတာကို လူသုံးကုန်ပစ္စည်းဖြစ်အောင်ဖန်တီးတာကိုတော့ လုံးဝကို လေးစားမိပါတယ်။ တကယ်လို့သာ ဒီလိုအဟောင်းကိုပြန်သစ်တဲ့လုပ်ငန်းကိုအခုလိုလမ်းဘေးမှာ ဖြစ်သလိုလုပ်နေတာကနေ စက်ရုံအလုပ်ရုံလုပ်ငန်းလို စနစ်တစ်ကျလုပ်နိုင်မယ် ဆိုရင်ပိုကောင်းမယ်လို့တွေ့းမိပါတယ်။     ကိုပေါက်ရဲ့ စနက်ရှော့ မဟုတ်တဲ့လက်ဆော့ (2-2-2012)


  “ရန်ကင်းတောင်တော်အတွင်းက ငရံ့မင်းသုံးဆူ………………….. အပိုင်းနှစ်” ရန်ကင်းတောင်အတက်က မတ်စောက်သလို အဆင်းကလဲမတ်စောက်ပါတယ်။ တောင်ဘက်ကလှေခါးထစ်ကပိုကျယ်ပြီး မြောက်ဘက်လှေကားထစ်က ပိုပြီးမတ်စောက် သလိုကျဥ်းလဲကျဥ်းမြောင်းပါတယ်.။ သဘာကျောက်ဆောင်ရဲ့လှိုဏ်ဂူထဲမှာဖြစ်တာကြောင့်အတွင်းထဲမှာအေးမြငြိမ်းချမ်းပါတယ်။. အထဲက ကျောက်တောင်တွေထဲမှာ ငရံ့မင်းကသုံးဆူ ရွှေရောင်တွေဝင်းလက်လို့။ နံဘေးမှာက မတ်တတ်ရပ်ကိုယ်တော်က တစ်ဆူ။ အတွင်းထဲမှာဆင်းတုလေးက နှစ်ဆူ။ ရွှေမောင်းကတစ်လုံး။ သံဃာတော်နှစ်ပါးက အလှူငွေထည့်ချင်သူများအတွက် အဆင့်သင့်။ လှိူဏ်ထဲကို နေခတော့ အမွှေးတိုင် ဖယောင်းတိုင်တွေကထွက်လာတဲ့ မီးခိုးတန်းများကလှပ။ ကဲ…………………ခံစားသာကြည့်လိုက်ပါတော့နော်   ကိုပေါက်ရဲ့ စနက်ရှော့ မဟုတ်တဲ့လက်ဆော့ (31-1-2012)


“ရွှပ်ကနဲ နေပြည်တော်ဲ” အလုပ်ကိစ္စပေါ်လာတာနဲ့ မနက် 7နာရီကားနဲ့နေပြည်တော်ကိုသွားဘို့စီစဉ်ရပါတယ်။ မနက်ခြောက်နာရီလောက် အိမ်ထွက် မုန့်စား။ ခြောက်ခွဲလောက် ကားဂိ်တ်ရောက်ပါတယ်။ အားနေတော့ ကျွဲဆည်ကန်ကားဝင်းထဲက ဈေးသည်လေးတွေကို လိုက်ဓါတ်ပုံရိုက်တာပေါ့။ မနက်7နာရီအတိမှာကားထွက်ပါတယ်။ အခုခေတ်ခရီးသွားရတာ အမြန်လမ်းတွေပေါ်လာတော့ အတော်လေးအဆင်ပြေပါတယ်။ မြို့တွေထဲက နေဖြတ်မသွားတဲ့အတွက်အချိန်မကုန်ဘူး။ ဒါပေမယ့် ဒေသန္တရ ဗဟုသုုတတော့ မရတော့ဘူးပေါ့။ အမြန်လမ်းဆိုတာက ဘာမှ မရှိတဲ့လွင်တီးခေါင်ထဲမှာ ခရီးသွားရသလိုပါဘဲ။ အမြန်လမ်းက ကောင်းတော့ ကားဆရာမြန်မြန်မောင်းတာပေါ့။ ကျနော်တို့စီးတဲ့ကားကတော့ တစ်နာရီမိုင်ရှစ်ဆယ်ထက်ပိုမမောင်းရလို့စာကပ်ထားတဲ့ အတိုင်းမောင်းပါတယ်။ လမ်းခရီးကတော့ မြူတွေဆိုင်းနေလို့ ကြည့်ရတာအလွန်လှပါတယ်။ နောက် မိထ္တီလာမှာကားခဏနားပါတယ်။ နာရီဝက်နေတော့ ဆက်ထွက်။ 11နာရီကျော်ကျော်လောက်နေပြည်တော်မြို့မဈေးရောက်ပါတယ်ဒ ကားဂိတ်မှာဘဲ ညနေအတွက်အပြန်လက်မှတ်ဖြတ်တော့ ရှေ့ပိုင်းမရတော့ဘူးဆိုတာနဲ့ ခုံနံပါတ်လေးဆယ်ကိုဘဲယူလိုက်ရပါတယ်။ အချိန်ကတော့ ညနေခြောက်နာရီကားပါ။ (အဲဒီမှာတစ်ခုသိလိုက်ရတာက ကားတွေက အမြန်လမ်းကသွားရှိသလို ပုံမှန်လမ်းကသွားတဲ့ကားလဲရှိတယ်ဆိုတာပါဘဲ။ အမြန်လမ်းကတော့ ခဏနဲ့ရောက်ပါတယ်။ ပုံမှန်လမ်းကတော့ […]


“ငရံ့မင်းစံတော်မူရာ ရန်ကင်းတောင်တော်”     “ငရံ့မင်းစံတော်မူရာ ရန်ကင်းတောင်တော် အပိုင်းတစ်”   မန်းလေးမြို့က တောင်တွေဝန်းရံထားတဲ့မြို့လေးတစ်မြို့ဖြစ်ပါတယ်။ အရှေ့ဘက်မှာရှမ်းရိုးမ အနောက်ဘက်မှာ မင်းဝံတောင်တန်း။ မန်းလေးမြိုရဲ့ အထင်ကရတောင်နှစ်တောင်ရှိပါတယ်။ မန်းလေးမြို့မြောက်ဘက်မှာရှိတဲ့ မြွေကြီးနှစ်ကောင် အလည်လာဘူးတဲ့မန်းလေးတော်တော်နဲ့ ငရံ့မင်းသုံးကောင်ကိန်းဝပ်တော်မူတဲ့ရန်ကင်းတောင်တော်တို့ပါဘဲ။ မန်းလေးမှာ မိုးခေါင်လို့ ရာသီဥတုများပူပြင်းခဲ့ရင် ဒီငရံ့မင်းတွေကို ပင့်ဆောင်ပြီး ငရံ့မင်းပရိတ်ကိုရွတ်ဖတ်ရင်း မြို့ထဲမှာလှည့်ပေးရင် မိုးရွာတယ်လို့ မန်းလေးမြို့သူမြို့သားများက ယုံကြည်ကြပါတယ်။ တိုက်ဆိုင်တယ်ဘယ်ပြောပြော ဘာပြောပြော မိုးခေါင်ချိန်များ ငရံ့မင်းလှည့်ရင်မိုးရွာတာ အမှန်ပါဘဲ။   ဒီရန်ကင်းတောင်ကြီး ကတော့ မန်းလေးမြို့ အရှေ့ဘက်ကျုံးရောက်ရင်  19လမ်အတိုင်း အရှေ့ဘက်ကို တည့်တည့်သွား အောင်ပင်လယ် လယ်ကွင်းတွေရဲ့အဆုံး ပုသိမ်ကြီးမြို့လေးကိုလွန်သွားတာနဲ့ ရန်ကင်းတောင်ကြီးကိုဘွားကနဲ့တွေ့ရမှာအမှန်ပါဘဲ။ အရှေ့ဘက်စောင်းတန်းကတော့ အတက်လမ်းမတ်စောက်ပါတယ်။ တော်ရုံဇွဲနဲ့မတက်နိုင်ပါဘူး။ အခုတောင်အရှေ့တောင်ဘက်ခြမ်းကနေပြီး ကျောက်လမ်းဖောက်ထားတော့ ဆိုင်ကယ်ကား တက်ရလွယ်သွားသလို ခြေလျင်တက်ရင်လဲ နာရီဝက်လောက်တက်ရင်ရောက်ပါတယ်။ […]


  “ရှေးကတည်းက ရှိခဲ့တဲ့ ရန်ကုန်မြို့က ဘုရားနဲ့အဆောက်အဥိ်”   အခုတစ်ခေါက်ရန်ကုန်ရောက်တော့ နေရာတော်တော်များများကိုရောက်ပါတယ်။ ဆူးလေ ဗဟိုတရားရုံး မြို့တော်ခန်းမ  ဗိုလ်တစ်ထောင်  ဆိုတာတွေကရှေးကတည်း ကရှိခဲ့တဲ့အဆောက်အဥိတွေပါဘဲ။ ဒါပေမယ့် ရောက်ခဲတဲ့ ကျနော်အမြင်မှာ မြို့လည်ခေါင်က ရှိတဲ့ အဆောက်အဥိတွေထဲမှာ ကျနော်မြင်ခဲ့ဘူးတဲ့ အဆောက်အဥိတွေ ဘုရားတွေက အခုထိ ပုံမပျက်ရှိနေသေးတာ ဝမ်းသာစရာ။ မန်းလေးဘူတာကြိးကတော့ ဝမ်းနည်းစရာပုံပြောင်းသွားပေမယ့်ရန်ကုန်ဘူတာကြိးကတော့ ရှေးမူမပျက်ရှိမြဲ ရှိဆဲ။ ကဲလက်ဆော့ထားတာလေးတွေ မျှဝေပေးလိုက်ပါတယ်။   ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့ (29-1-2012)  


        အခုရက်ဟိုဟိုဒီဒီသွားရင်းနေရောင်ခလို့လှပနေတာလေးတွေတင်ပေးလိုက်ပါတယ်။   ကိုပေါက်ရဲ့စနက်ရှော့ မဟုတ်တဲ့လက်ဆော့ (29-1-2012)  


  “သမိုင်းအဖြစ်မှန်ကို သက်သေခံနေတဲ့…………” မင်းကွန်းကိုရောက်သွားတော့ ကမ်းမကပ်ခင်ကတည်းကမြင်ရတာကတော့ ပြိုကျပျက်စီးနေတဲ့ ခြင်္သေ့ကြီးတွေပါဘဲ။ ငယ်စဉ်ကလေးဘဝကတည်းက မြင်ခဲ့ဘူးတော့ မဆန်းပေမယ် ဘယ်အချိန်ကြည့်ကြည့် ထူးနေပါတယ်။ ဒီတစ်ခေါက် မင်းကွန်းရောက်တော့ တစ်ခါမှလက်တွေ့ဓါတ်ပုံမရိုက်ဘူးသေးတဲ့ မင်းကွန်းဒေသကိုလက်ဆော့ လို့မဝနိုင်အောင်ပါဘဲ။ အဲဒီမှာ “ဟိုတစ်ဘက်ကမ်းကို ခုန်ကူးတော့မယ့် အတိုင်းပါဘဲဘုရား”လို့ မင်းလို လိုက်မင်းကြိုက်ဆောင်ခဲ့ရတဲ့ အမတ်ကြီးဦးပေါ်ဦးရဲ့ရင်ထဲမှာရှိနေတဲ့ တကယ့်အဖြေ(ရေထဲကို ခုန်ဆင်းတော့မယ့်အတိုင်းဘဲ)လို့ပြောနေသံကို ပြန်ကြားလာရအောင် ဒီခြင်္သေ့အပျက်နှစ်ကောင်က ပြောနေသလိုပါဘဲ။ အခုခြင်္သေ့နောက်ပိုင်းပုံတင်လိုက်တော့ အရီးလတ်က ရှေ့ပိုင်းပုံလေးကြည့်ချင်ပါတယ်ဆိုတာကြောင့် တင်ပေးလိုက်ရပါသဗျာ။ တကယ်တော့ ဒီပုံတွေက သမိုင်းရဲ့ ့သက်သေခံပစ္စည်းတွေဆိုရင်လဲ မမှားပါဘူးနော်။     ကိုပေါက်ရဲ့ စနက်ရှော့ မဟုတ်တဲ့လက်ဆော့ နဲ့ အတွေးပါးပါးလေး (28-1-2012)  


“နံနက်ခင်းမြူများကြားကရန်ကုန်…………………”(အပိုင်းနှစ်)   နောက်နေ့မနက်ရောက်တော့ ပထမနေ့ကသွားခဲ့တဲ့လမ်းကိုပြောင်းပြန်ပါတ်ပါတယ်။ ကျနော်တည်းတာက ကုန်းကျော်တံတားအောက်မှာ။ အဲတော့ အိမ်ကနေတောင်ဖက်ကို လမ်းလျောက်ပါတယ်။ လမ်းအရှေ့ဖက် က တိုင်ကြီးထောင်ထားတဲ့ ဝင်းကြယ်ကြီးထဲမှာ ကျနော်လို့ချင်တဲ့ မြူငွေ့တွေ အတန်းလိုက်ကြီး။ ဒါပေမယ့်မကျူးကျော်ရလို့ဆိုထားတော့ အထဲဝင်ရိုက်ချင်လို့မရပြန်ပါဘူး။ အထဲမှာရှိတဲ့မြူငွေ့တွေလဲရိုက်ချင်ဆိုတော့ အတော်လေးအခက်တွေ့ပါတယ်။ အဲဒါနဲ့ဘဲ နည်းနည်းမြင့်တဲ့နေရာလိုက်ရှာတော့ မြေစာပုံလေးကို တွေ့တော့ အဲဒီအပေါ်တက်ရိုက်တာ စိတ်တိုင်းကျတဲ့လိုချင်တဲ့ပုံလေးတွေရလိုက်ပါတယ်။ နောက်ဆက်လျှောက်သွားရင် ဂေါက်ကွင်းနားရောက်တော့ ကွင်းပြင်ထဲမှာ နှင်းငွေ့တွေဝဲနေတာကို မြင်ရတော့ ဝင်ပြီးလက်ဆော့ မိပါတယ်။ အဲတော့…………………..   ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့ (25-1-12)                    


10 ပြာလွင်သောကောင်းကင်အောက်မှာ အမြင်ဒေါင့်စောင်းစောင်းလေးပေါ့ “နံနက်ခင်းမြူများကြားကရန်ကုန်…………………”   လွတ်လပ်ရေးနေ့မနက် ငါးနာရီကျော်ကျော်လောက်မှာကျနော်တည်းမယ့်အိမ်ကိုရောက်ပါတယ်။ အဲတော့ ပြန်လဲမအိပ်ချင်တာနဲ့ ထုံးစံအတိုင်းလမ်းလျှောက်ထွက်ခဲ့တာပေါ.။ အဲတာနဲ့ စွယ်တော်ဘက်သွားမယ်ဆိုပြီး ကမ္ဘာအေးကုန်းကျော်ပေါ်တက်လာခဲ့ပါတယ်။ ကုန်းကျော်ပေါ်ရောက်တော့ စွယ်တော်ကို ရိုက်နေရင်းအရှေ့ဖက်ကိုလှမ်းကြည့်လိုက်တဲ့အခါမှာ ကွင်းပြင်ထဲက နေရေငွေ့တွေထနေတာတွေရပါတယ်။ အဲဒါနဲ့တံတားပေါ်က ဆင်း ရပ်ကွက်လမ်းကျဥ်းကျဥ်းလေးတွေကို ဖြတ်ပြီးသွားလို်က်ပါတယ်။ အဲဒီကနေ အရှေ့ဖက်ကိုရောက်လို့ တော်တော်လေးသွားမိတဲ့အခါမှာ လမ်းမကျယ်ပေါ်ကိုရောက်သွားပါတယ်။ တော်တော်လေးသွားလိုက်တော့ ခြံကျယ်ကြီးတစ်ခုထဲမှာအုန်းပင်တွေတန်းစီနေတာတွေ့ရပါတယ်။ ဆက်သွားလိုက်တော့ လမ်းအနောက်ဘက်က ဝင်းကျယ်ကြီးထဲမှာ ကျနော်လိုချင်တဲ့ရေငွေတွေထနေတာကိုမြင်ရပါတယ်။ လမ်းကလှမ်းကြည့်ရင် အရှည်ကြီးပါဘဲ။ အဲဒါနဲ့လမ်းဖြတ်သွားတဲ့လူတစ်ယောက်ကို မေးကြည့်တဲ့အခါ တည့်တည်လိုက်သွား အကွေ့လေးရောက်ရင် အနောက်ဖက်ကိုချိုး အဲဒါဆိုရင် လမ်းမကြီးပေါ်ပြန်ရောက်မယ်လို့ပြောပါတယ်။ သူပြောတဲ့အတိုင်းဆက်သွားတဲ့အခါမတော့ လမ်းဘေးဝဲယာမှာ ရေငွေ့တွေထနေတဲ့ ကွင်းပြင်ကျယ် စိမ်းစိုတဲ့ ကန်စွန်းခင်း ဖြူလွှတဲ့ဗျိုင်းတွေ၊ ကြည်လင်တဲ့ချောင်းကလေးတွေ တွေ့ရပါတယ်။ ပြာလွင်တဲ့ကောင်းကင်ကလဲ တပြန့်တပြော။ ဟိုမြောက်ဘက်အဝေးမှတော့ စွယ်တော်စေတီကိုဝိုးတဝါး။ ဒါပေမယ့် […]


      “ချှီးကြီးတယ်ဆိုုတဲ့လူဆိုတာ ဒီလိုများလားမသိဘူးနော်”   တစ်နေ့ကလက်ဖက်ရည်ဆိုင်မှာထိုင်နေရင်းဘေးဝိုင်းက ကောင်လေးနှစ်ယောက် စကားပြောနေတာကို နားမထောင်ဘဲကြားနေရပါတယ်။ သူတို့မိတ်ဆွေတစ်ယောက်အကြောင်းပြောနေကြတာပါ။ ဒါပေမယ့် သူတို့ ပြောတဲ့စကားထဲမှာ “ချီးကြီးတယ်” “ချီးကြီးတယ်” တယ်ဆိုတာက ခဏခဏပါနေတော့။ ကျနော့်မျက်စေ့ထဲမှာမြင်လာတဲ့ ပုံလေးကိုတင်ပေးလိုက်ပါတယ်။ မမှားလောက်ဘူူးထင်ပါရဲ့နော်…………….   ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့ (21-1-2012)


“အလေးးထား၏……….. မထား၏ ။ခွင့်လွှတ်တတ်၏………… မတတ်၏” (4-1-2012)နေ့ မနက်မှာ ကျနော်ရန်ကုန်ကိုရောက်လာပြန်ပါတယ်။ မနှစ်ဇူလိုင်လ လာတုန်းက တူမလေးမင်္ဂလာဆောင်ကိုလာရသလို ဒီတစ်ခေါက်ရန်ကုန်ကိုလာရတာလဲ မင်္ဂလာဆောင် လာရတာပါဘဲ။ အဲတော့ ရန်ကုန်ကိုလာတိုင်းမင်္ဂလာဆောင်နဲ့ပါတ်သက်နေပြန်တာလဲ တိုက်ဆိုင်မူ့တစ်ခု။ မင်္ဂလာဆောင်ရှိမှဘဲရန်ကုန်လာရသလိုဖြစ်နေတော့ နောက်တစ်ခါရန်ကုန်လာချင်ရင် ရွာထဲကလူတွေကို အစွံထုတ် သူတို့ မင်္ဂလာပွဲကိုအကြောင်းပြုလို့ လာရရင် သိပ်ကောင်းမှာဘဲလို့ ချွန်တွေးလေး တွေးမိပါသေးတယ်။   ခက်တာက ရန်ကုန်မင်္ဂလာဆောင်ပွဲကိုတက်ဘူးတာ အခုတစ်ခါနဲ့မှာ နှစ်ကြိမ်။ တူမလေးတုံးက မင်္ဂလာဆွမ်းကြွေးလိုဘုန်းကြီးကျောင်းမှာဧည့်ခံတာရယ် မန်းလေးစတိုင်နဲ့ ဆိုတော့ သိပ်ပြဿနာမရှိပါဘူး။ ဒီနေရာမှာပြောရရင် မန်းလေးစတိုင်ကတော့ ဖိတ်ထားတဲ့အချိန်အတွင်းမှာ ကြိုက်တဲ့အချိန် ကိုလာ လက်ဖွဲ့ ချပေးတာ စားသောက်ပြီးရင် ပြန်ချင်ပြန် ရတယ်။ သတို့သားသတို့သမီးနဲ့တွေ့ချင်ရင်နောက်ကျမှလာ ကိုယ့်မှာ အချိ်န်မအားရင် အားတဲ့အချိန်လာ ဘယ်သူ့မှစောင့်စရာမလိုပါဘူး။ ရန်ကုန်ကတော့ မင်္ဂလာအခမ်းအနားကို ကျင်းပပြီးမှဝါးတီးလုပ်ရတယ်လို့တော့ကြားထားဘူးပါတယ်၊ အခုမင်္ဂလာဆောင်က […]


“စွယ်မယ်သစ္စာ” (အပိုင်းတစ်) (4-1-2012)နေ့ မနက်မှာရန်ကုန်ရောက်ပါတယ်။ အဲဒီနေ့ညနေ မှာဘဲမင်္ဂလာဆောင်ဝင်ရပါတယ်။ မင်္ဂလာဆောင်က အပြန်မှာ တော့ ကိုချောက လာစောင့်လို့ ကြိုပေးပါတယ်။ ကျေးဇူးတင်တာပေါ့ ကျနော်က ဘယ်မှမသွားတတ်မလာတတ်။ ယုဇနဂါးဒင်း မင်္ဂလာခန်းမကနေ စိန်ပေါက်ပေါက်ဆီရောက်သွားပါတယ်။ ကိုချောက ဘယ်သွားချင်လဲမေးတော့ ပထမတစ်ခေါက်ရောက်တုန်းက ဖြတ်သွားခဲ့တဲ့စွယ်တော် နောက်က ရေကန်ကို လို့ ပြောတာနဲ့သုံးယောက်သားချီတက်ကြပါတယ်။ အဲဒီမှာ ကျနော်လိုချင်တဲ့ပုံလေးတွေ စိတ်တိုင်းကျရိုက်။ ပြီးတာနဲ့ကိုချောက က” ဟိုင်နန် “အမည်ရတဲ့ တရုပ်စားသောက်ဆိုင်လေးကို သွား။ စိတ်တိုင်းကျစား စိတ်တိုင်းကျလေပေါပြီး ပြန်လာခဲ့ကြပါတယ်။ အပြန်မှာ စွယ်တော်ဘုရား ညမြင်ကွင်းကို စွယ်တော်ပင်လေးအောက်ကနေရိုက်ခဲ့တာပေါ့။ အပိုင်း(2) ဟိုတစ်ခါတုံးက ရွာထဲမှာ ချာတူးလန်က ဘုရားဆင်းတုအကြီးကြီးပုံကိုတင်ခဲ့ဘူးပါတယ်။ အဲဒီဘုရားကြီးကို အတော်လေးစိတ်ဝင်စားခဲ့ပါတယ်။ ဒါပေမယ့် ဘယ်နားမှန်းမသိတော့ မရောက်ပါဘူး။ ဖြစ်ချင်တော့ ရန်ကုန်က ပြန်တဲ့နေ့ […]


      “ မထင်မှတ်ဘဲ ……….ရလိုက်တဲ့ဆူးလေနှင့် ဝန်းကျင်မှ အရုဏ်ဦးပုံရိပ်”   ဟိုအရင်ကျောင်းသားဘဝက ရန်ကုန်ကိုရောက်ရင် ဆူးလေးဘုရားကို ဗဟိုချက်ထားပြီး ဟိုဟိုဒီဒီသွားပါတယ်။ ရှိသမျှကားပေါင်းစုံရဲ့ဆုံချက်က ဆူးလေဖြစ်နေတာကိုး။ ဒါပေမယ့် ဆူးလေရင်ပြင်ပေါ်တက်ပြီး ဘုရားဖူးတယ်ဆိုတာ မရှိသလောက်။ ပြီးခဲ့တဲ့ တစ်ခေါက်ရောက်တုန်းကလဲဖြတ်သားသွားတယ် မနားတယ်ပါဘဲ။ ဆူးလေးဘုရားနားမှာအမှတ်တရပြောရင် အနောက်ဘက်ခြမ်း မှာရှိတဲ့ ဗလီသံတိုင်တွေကြားမှာရောင်းတဲ့ငှက်ပျောသီးကြော်ပါဘဲ။ ရောက်တိုင်းဝယ်စားနေကျ။   ဒီတစ်ခေါက်လဲပြောရရင် ဆူးလေဘက်သွားဘို့ အလှည့်မကျနိုင်သေးပါဘူး။ ဖြစ်ချင်တော့ ရွာထဲက မိတ်ဆွေက ရွှေတိဂုံအာရုံတက်မှာ အရမ်းသပ္ပါယ်တယ်ပြောတာနဲ့ သွားဘို့ ဆုံးဖြတ်လိုက်ပါတယ်။ 7-1-2010 မနက်စောစော အိပ်ယာထ ငါးနာရီပေါ့။ ကားဂိတ်ကိုပြေးပြီး အလွတ်ကျက်ထားတဲ့ ဗဟန်းသုံးလမ်းဆင်းမယ်လို့ပြောပြီး ဟိုနောက်နားမှာသွားပြီးငေးနေပါတယ်။ အတော်လေးကြာမှ သတိရလို့ကြည့်လိုက်တော့ကားက သမ္မတ ဂုံးကျော်ပေါ်ရောက်နေပါပြီ. အဲဒါနဲ့ အနောက်ဘက်လှေခါးကနေတက်ပြီး ဆူးလေစေတီတော်နဲ့ ပါတ်ဝန်းကျင်ကို […]