“အဟောင်းတွေကိုပြန်သစ်စေတဲ့ မန်းလေးက…………….” တစ်ရက်မိတ်ဆွေတစ်ယောက် မန်းလေးစက်မူ့မြို့သစ်ထဲက ဘုန်းကြီးကျောင်းမှာလုပ်ပါတယ်။ သူပြောတဲ့ကျောင်းနာမယ်က “ဘုံပျံတောရ”။ ကိုယ်ကလဲ စက်မူ့သွားနေကျ ဒီကျောင်းအမည်ကိုလဲသိနေတော့ အေးလာခဲ့မယ်ပေါ့။ တကယ်သွားလဲသွားရော “ဘုံပျံတောရ”ဆိုတာက ကျောင်းကြီးတစ်ခုလုံးနာမည်ဖြစ်နေပါတယ်။ အဲဒီထဲကမှ ကျောင်းတိုက်ခွဲလေးတွေအများကြီး။ ဒါနဲ့သူ့ကိုဖုန်းဆက်မေးတော့ မှသူက နာမည်ပြော။ ကိုယ်အမှားပါ ဖိတ်စာကို အဆုံးထိ မဖတ်ခဲ့မိတာလေ။ သူပြောတော့ အဟုတ်တစ်ကယ်ရှာပြန်တော့ ကျောင်းမတွေ့။ လမ်းမှာတွေ့သူကိုမေးပြီးသူပြောတဲ့အတိုင်းသွားတော့ လမ်းပိတ်ကြီးဖြစ်နေပါတယ်။ နောက်ဟိုဝင်ဒီထွက်နဲ့လမ်းတွေမှားသွားရင်းကနေ မန်းလေးမြို့က အမိူက်အဟောင်းအစုတ်တွေထဲက နေအကောင်းဖြစ်စေတဲ့ ပစ္စည်းများဖြစ်အောင်ဆောင်ရွက်ပေးနေတဲ့ အဖွဲ့ကြီးကို ဘွားကနဲတွေ့လိုက်ရပါတယ်။. လမ်းဘေးမှာ ပုံထားတဲ့ပစ္စည်းကြည့်ရုံနဲ့တင်လုပ်ငန်းကြီးတယ်ဆိုတာသိနိုင်ပါတယ်။ အလားကားလွင့်ပစ်ရတာကို လူသုံးကုန်ပစ္စည်းဖြစ်အောင်ဖန်တီးတာကိုတော့ လုံးဝကို လေးစားမိပါတယ်။ တကယ်လို့သာ ဒီလိုအဟောင်းကိုပြန်သစ်တဲ့လုပ်ငန်းကိုအခုလိုလမ်းဘေးမှာ ဖြစ်သလိုလုပ်နေတာကနေ စက်ရုံအလုပ်ရုံလုပ်ငန်းလို စနစ်တစ်ကျလုပ်နိုင်မယ် ဆိုရင်ပိုကောင်းမယ်လို့တွေ့းမိပါတယ်။ ကိုပေါက်ရဲ့ စနက်ရှော့ မဟုတ်တဲ့လက်ဆော့ (2-2-2012)
