“ မထင်မှတ်ဘဲ ……….ရလိုက်တဲ့ဆူးလေနှင့် ဝန်းကျင်မှ အရုဏ်ဦးပုံရိပ်”

1စိမ်းမြရွှေရောင် အလျှံတွေဆောင်တဲ့ ဆူးလေ
2 ရွှေရောင်ဝင်းလက်တဲ့ ဆူးလေလှေကားအတက်အနောက်ဖက်ကရိုက်ထားတာပါ
3 ရွှေအိုရောင်စွက်နေတဲ့ ဆူးလေ
4 ဒါကတော့ ထုံးစံအတိုင်းကိုပေါက်ရဲ့ အမြင်ဒေါင့်စောင်းစောင်းလေး
5 အရုဏ်တက်မှာ ဝင်းလက်ပါတဲ့ဆူးလေစေတီတော် နောက်ခံမှောင်မဲမဲ မှာ ရွှေရောင်လက်လက်
6 ဝိုးတဝါးအောက်မှာမြင်ရတဲ့ မြို့တော်ခန်းမ7 အလင်းသိပ်မကွာတဲ့ အခင်းအကျင်းလေးပါ
8 မှောင်မဲမဲ ထဲက ဖြူဖြူ ဖွေးဖွေး

 

9 အလင်းမမှီသေးတဲ့ အချိန် အဖော်မဲ့နေရှာတဲ့ လှည်းကလေး

 

10 မာကျိူရီအောက်က လွတ်လပ်ရေးကျောက်တိုင်

 

11 အလင်းရိပ်မရောက်ခင် လေးမှာမြင်ရတဲ့ တရားရုံးနဲ့ ခရစ်ယာန်ဘုရားကျောင်းရှေးဟောင်းအမွှေအနှစ်လေးတွေပါ
12 မီးသတ်အဆောက်အဦးဟောင်း

“ မထင်မှတ်ဘဲ ……….ရလိုက်တဲ့ဆူးလေနှင့် ဝန်းကျင်မှ အရုဏ်ဦးပုံရိပ်”

 

ဟိုအရင်ကျောင်းသားဘဝက ရန်ကုန်ကိုရောက်ရင် ဆူးလေးဘုရားကို

ဗဟိုချက်ထားပြီး ဟိုဟိုဒီဒီသွားပါတယ်။

ရှိသမျှကားပေါင်းစုံရဲ့ဆုံချက်က ဆူးလေဖြစ်နေတာကိုး။

ဒါပေမယ့် ဆူးလေရင်ပြင်ပေါ်တက်ပြီး ဘုရားဖူးတယ်ဆိုတာ မရှိသလောက်။

ပြီးခဲ့တဲ့ တစ်ခေါက်ရောက်တုန်းကလဲဖြတ်သားသွားတယ် မနားတယ်ပါဘဲ။

ဆူးလေးဘုရားနားမှာအမှတ်တရပြောရင် အနောက်ဘက်ခြမ်း မှာရှိတဲ့

ဗလီသံတိုင်တွေကြားမှာရောင်းတဲ့ငှက်ပျောသီးကြော်ပါဘဲ။

ရောက်တိုင်းဝယ်စားနေကျ။

 

ဒီတစ်ခေါက်လဲပြောရရင် ဆူးလေဘက်သွားဘို့ အလှည့်မကျနိုင်သေးပါဘူး။

ဖြစ်ချင်တော့ ရွာထဲက မိတ်ဆွေက ရွှေတိဂုံအာရုံတက်မှာ အရမ်းသပ္ပါယ်တယ်ပြောတာနဲ့

သွားဘို့ ဆုံးဖြတ်လိုက်ပါတယ်။

7-1-2010 မနက်စောစော အိပ်ယာထ ငါးနာရီပေါ့။

ကားဂိတ်ကိုပြေးပြီး အလွတ်ကျက်ထားတဲ့ ဗဟန်းသုံးလမ်းဆင်းမယ်လို့ပြောပြီး

ဟိုနောက်နားမှာသွားပြီးငေးနေပါတယ်။

အတော်လေးကြာမှ သတိရလို့ကြည့်လိုက်တော့ကားက သမ္မတ ဂုံးကျော်ပေါ်ရောက်နေပါပြီ.

အဲဒါနဲ့ အနောက်ဘက်လှေခါးကနေတက်ပြီး ဆူးလေစေတီတော်နဲ့ ပါတ်ဝန်းကျင်ကို

လက်ဆော့ပါတယ်။

မရောက်ဖြစ်ဘူးလို့ထင်ထားတဲ့နေရာက ရှားပါးသောပုံလေးတွေမို့

…………………………….

 

 

 

ကိုပေါက်ရဲ့ စနက်ရှော့ မဟုတ်တဲ့လက်ဆော့။

(19-1-2012)

 

7 comments

  • fatty

    January 22, 2012 at 10:56 am

    ကိုပေါက်ရေ angle ယူပုံတွေ ကောင်းတယ်ဗျာ

    Reply

  • windtalker

    January 22, 2012 at 11:33 am

    ခရစ်ယန်ကျောင်းရှေ ့က ပုံထဲမှာ
    မျဉ်းကျား က မကူးဘူး
    တော်တော် သတိ္တရှိတဲ့လူဘဲ

    Reply

    • စိန်ပေါက်ပေါက်

      January 22, 2012 at 12:05 pm

      အဲဒိလူကူးနေတဲ့ နေရာက လှဲအိပ်နေရင်တောင် မတိုက်ဘူးကွဲ ့
      ရှင်းတော့ မပြတတ်ဘူး
      ရန်ကုန်ကလူတွေတော့သိမှာပါ

      Reply

  • စိန်ပေါက်ပေါက်

    January 22, 2012 at 11:35 am

    ဆူးလေမှ နှစ်ဦးပွေခဲ့သေးတယ်မလား
    သိနေဒယ်..ညှင်း..ညှင်း..ညှင်း..

    Reply

  • ဆူး

    January 22, 2012 at 11:49 am

    ကာလာတွေ သိပ်ကောင်းလာတော့ အရင် ကိုပေါက် နဲ့ ယခု ကိုပေါက် လုံးဝ မတူတော့သလိုတောင် ထင်မိတယ်။
    စိတ်ကူးကောင်းတာနဲ့ ကာလာကောင်းတာနဲ့.. နောက်ဆို ဒီထက် ပိုကောင်းတာတွေ မြင်ရအုန်းမယ် လို့ယူဆတယ်။

    Reply

  • MaMa

    January 22, 2012 at 12:59 pm

    အော်- ကိုပေါက်
    ကပ်ကျော်ဘုရား ဖူးခဲ့သေးတာကိုးးးးးး 🙂

    Reply

Leave a Reply

Your email address will not be published.