5 မန်းလေးတက္ကသိုလ်အဝင်ဝနားလေးမှာရှိတာပါ(မန်းလေးသားတွေသွားကြည့်လိုက်နော်)           “သစ်အိုပင်” ဟိုအရင် ကျနော်ငယ်ငယ်က လမ်းဘေးက သစ်ပင်အိုကြီး လဲကျလို့       လူတွေသေခဲ့ဘူးတာကို ကြားဘူးပါတယ်။ ပြင်ဦးလွင် မန်းလေး သွားတဲ့လမ်းမှာတစ်ကြိမ်။ ကျောက်ဆည်မန်းလေးသွားတဲ့လမ်းမှာ တစ်ကြိမ်။ အဲဒီအချိန်က စပြီး တစ်ပင်လုံးခြောက်နေတဲ့ သစ်ပင်ကြီးတွေကို စိတ်ဝင်စားလာပါတယ်။ အခုတော့ တွေ့တာနဲ့ မှတ်တမ်းတင်မိပါတယ်။ (အမှတ်ရစရာ ပြောရရင် ကျနော်မြန်မြန်မရိုက်ဘဲ အချိန်ဆွဲလို့ လွတ်သွားတဲ့ အပင်လေးတစ်ပင်ရှိပါတယ်။ ကန်ပါတ်လမ်း ရွှေကြက်ယက်ရွာ ချောင်းကူး တံတားမှာရှိတဲ့အပင်လေးပါ။ အခုတော့ ထင်းဖြစ်သွားပါပြီ။ ရိုက်ခွင့် မကြုံလိုက်ပါဘူး။)   အဲလို အပင်တွေကို သေချာကြည့်တော့မှ တစ်ချို့အပင်က တစ်ပင်တည်းထီးထီးကြီး။ တချို့အပင်တော့ သူ့တစ်ပင်ထဲခြောက် ကျန်တဲ့အပင်တွေက စိမ်းစိမ်းစိုစို။ တစ်ချို့အပင်ကနှစ်ရင့်လို့ တဖြည်းဖြည်းခြောက်။ တစ်ချို့အပင်ကတော့ […]


    7စိဉ္စမာဏကိုေ အာင်တော်မူခန်း   “အောင်ခြင်းရှစ်ပါး” ဗုဒ္ဓဝင်မှာ အောင်ခြင်းရှစ်ပါးဆိုတဲ့အကြောင်းအရာက အတော်ကိုစိတ်ဝင်စားစရာကောင်းပါတယ်။ ဒီအောင်ခြင်းရှစ်ပါးကို မန်းလေးမြို့က အဆိုတော်ကြီးမေရှင်သီဆိုခဲ့တဲ့သီချင်းကိုနားထောင် ရတဲ့အခါများမှာ စိတ်ထဲမှာ ဖော်မပြနိုင်သော ခံစားမူ့က ရောက်လာစမြဲ။ နေပြည်တော်ကိုရောက်တဲ့အခါ နေပြည်တော် ဥပါတသန္တိစေတီတော်အတွင်းမှာရှိနေတဲ့။ စကျင်ကျောက်နဲ့ ထွင်းထုထားတဲ့ အောင်ခြင်းရှစ်ပါးသရုပ်ဖော်ပုံကိုတွေ့တဲ့အခါ လက်ဆော့မိပါတယ်။ အစဉ်အတိုင်းတော့မဟုတ်ဘူး။ ဘယ်ဟာက တစ် ဘယ်ဟာကနှစ်ဆိုတာ နံပါတ်စဉ်ထိုးပေးကြပါနော်။ ကိုပေါက်လက်ဆောင် အတွေးပါးပါးလေး (7-2-2012)


“ရင်ခုန်………ကင်းဝေး………………” ဒီနေ့ညနေအလုပ်ကနေအိမ်ပြန်ရောက်တော့ တီဗွီက အကယ်ဒမီအကြောင်းလာနေတာကိုတွေ့တော့ ထမင်းမစားသေးဘဲ ထိုင်ကြည့်နေလိုက်ပါတယ်။ ဆရာဦးကြည်စိုးထွန်းက နှစ်အလိုက်အကယ်ဒမီရတာလေးတွေကို တစ်နှစ်စီအလိုက် အသေအချာပြောပြနေတာကိုတွေ့ရတော့ စိတ်ထဲမှာဟိုအရင်ခေတ်က အကယ်ဒမီနဲ့ပါတ်သက်တာတွေကို ပြန်သတိရမိပါတယ်။ ဟိုးအရင်ရုပ်ရှင်တွေခေတ်ကောင်းချိန်တုံးကဆိုရင် အကယ်ဒမီနီးပြီဆိုုတာနဲ့ စိတ်ထဲမှာရစေချင်သူကို ပြောကြ ၊အချင်းချင်းလဲ ငြင်းကြနဲ့တကယ်ကို စိတ်ဝင်တစားနဲ့ရင်ခုန်စရာကောင်းလှပါတယ်။ အဲဒီအချိန်တုံးက တစ်နှစ်တစ်နှစ် ရုံတင်တဲ့ကားတွေကလဲ အများကြီး။ မင်းသားမင်းသမီး တွေ ဇာတ်ပို့တွေကလဲအများကြီး ။ ကျနော်တို့ ရုပ်ရှင်ချစ်သူတွေမှာလဲ ကိုယ်ကြည့်ဘူးတဲ့ကားထဲက သရုပ်ဆောင်တာကြိုက်တဲ့ မင်းသားမင်းသမီးတွေ ဇာတ်ပို့ဇာတ်ရံတွေကို ရစေချင်တာအမှန်ဘဲ။ အများအားဖြင့် တော့သရုပ်ဆောင် ကောင်းတာ မကောင်းတာထက် ကိုယ်ချစ်တဲ့သူကို အကယ်ဒမီရစေချင်တာအမှန်ပါဘဲ။   အိမ်မှာ ကိုယ့်မိသားစုအချင်းချင်း ကျောင်းမှာ ကျောင်းသူကျောင်းသားအချင်းချင်း ဆရာ ဆရာမအချင်းချင်း သူငယ်ချင်း အချင်းချင်း အရပ်ထဲမှာလဲ အချင်းချင်း အလုပ်ထဲမှာလဲအချင်းအချင်း အဲတော့လဲ  ဒီပွဲမရောက်မခြင်း […]


“အဖြည့်ခံ………..အနင်းခံ”   မန်းလေး 35လမ်း ကုန်းကျော်အရှေ့ဘက်မီးပွိုင့်မှာ။ 26ဘီလမ်း လမ်း80ကမီးပွိုင့်မှာ ။ ကလေးပေါက်စနကို လူမမယ်ကလေးတို့ အပျိုပေါက်ကောင်မလေးတွေတို့က ခါးထစ်ခွချီထား။ မီးနီလို့ရပ်နေတဲ့ကားတွေနားကပ်ပြီး ဇွတ်ပိုက်ဆံတောင်း။ မောင်းလာတဲ့ယာဉ်တွေက သူတို့ကိုကြည့်ရှောင်။ တကယ်စိတ်ပျက်စရာကောင်းလှပါတယ်။   ဗြုန်းကနဲကြည့်ရင်တော့ ဒီကလေးတွေကို အပြစ်မြင်စရာ။ သူ့တို့ကိုဘဲ စိတ်ပျက်စရာ အမြဲတွေ့နေရတာကိုး။ တကယ်တော့ ဒီကလေးတွေရဲ့မိဘတွေက ခိုင်းတာဖြစ်သလို ဒီကလေးတွေကို နေ့စားနဲ့အငှားပြန်ချသလိုချထားတာလဲရှိပါတယ်။ သူ့တို့နောက်ကွယ်မှာ ထိန်းချုပ်တဲ့လူတွေရှိပါတယ်။ တကယ်ပပျောက်စေချင်ရင် ဒီကလေးတွေကို ဖမ်းဆီးလိုက်ရုံနဲ့မပြီးပါဘူး။ ဒီကလေးတွေလာချိန် ပြန်ချိန်ကိုစောင့် ပြီး သူတို့နောက်ကွယ်ကလူကို မိအောင်လိုက်မှ အရင်းထိရောက်မှာပါ။ ကျနော်တို့ သတင်းဓါတ်ပုံတွေပေးတာက အပေါ်ယံမှာရှိနေတဲ့ လူမြင်ကွင်းမှာရှိနေတဲ့လူ (လူမမယ်တွေ၊ဝန်ထမ်းတွေ၊လက်ခွဲချဲဒိုင်တွေ)ကိုအပြစ်ရစေချင်တာမဟုတ်ပါဘူး။ သူုတို့နောက်ကွယ်မှာရှိနေ ထိန်းချုပ်နေတဲ့လူကို မိအောင်ရှာပြီး အမြစ်ပါ ပါစေချင်တာပါ။ ကျနော်တို့က သတင်းတစ်ခုပေးလိုက်ရင် အဆုံးထိပါအောင် နှိုက်နိုင်စေချင်ပါတယ်။ အဓိက […]


“မစွဲစကောင်း ……….စွဲစကောင်း………………”(တရားရုံးရဲ့အကြောင်း)   ပြီးခဲ့တဲ့ဥပုဒ်နေ့က ကိုအောင်မောင်းနဲ့ လက်ဖက်ရည်ဆိုင်ထို်င်ဖြစ်ကြပါတယ်။ မတွေ့တာကြာတော့လဲအကြောင်းအရာစုံပြောမကုန်နိုင်ပေါ့။ ပြောကြရင်းနဲ့ ကိုအောင်မောင်းက သူတို့လုပ်ငန်းတင်မှာမကဘဲလုပ်ငန်းတော်တော်များများ မှာ အကြွေးတောင်းမရတာတွေ အကြွေးဆုံးတာတွေ ဆိုင်ပိတ်ပြေးတာတွေ ပိုပိုများများလာ တာကိုပြောပြပါတယ်။ လက်ရှိအနေအထားအတိုင်းပြောရမယ်ဆိုရင် ကျနော်တို့မန်းလေးမှာရောင်းကြဝယ်ကြတာအားလုံး အကြွေးစနစ်တွေချည်းပါဘဲ။ မြို့ထဲကဆိုင်တွေရော နယ်သမားရော အကြွေးချပေးမှရောင်းရတာပါ။. လက်ငင်းဆိုတာ စူပါမတ်ကက်ကြီးတွေဘဲ ရပါတယ်။ ရပ်ကွက်ထဲက လက်လီဆိုင်လေးတွေတောင်မှ ထိုက်သင့်သလောက်အကြွေးပေးရပါတယ်။ ပစ္စည်းတစ်ခုထဲကို ထုတ်လုပ်တဲ့ကုမ္ပဏီတွေပေါလာတော့ ဈေးကွက်လုတဲ့တိုက်ပွဲက ပိုမိုပြင်းထန်လာပါတယ်။ အဲတော့ အပြိုင်အဆိုင်ဈေးလျော့ပြီး အလုအယက် အကြွေးပေးကြပါတယ်။ ကုန်ကြွေးကို တစ်ပတ်ဆယ်ရက်ကနေ အရေအတွက်များများယူရင် လနဲ့ချီပြီးပေးထားကြပါတယ်။ ရောင်းသူတွေက ဝယ်သူတွေကို  အဲဒီလို အလိုလိုက်တော့ “ဘာဝယ်ဝယ်အကြွေးရမှ “ဆိုတဲ့စနစ် ကြီးက အလိုလိုအတည်ပြုပြီးသားဖြစ်သွားပါတော့တယ်။   @@@@@@@@@@@@@@@  @@@@@@@@@@@ @@@@@@@@@@@@ အဲလို အကြွေးလွယ်လွယ်ယူလို့ ရတယ်ဆိုတော့ကုန်သည် […]


2 နံနက်ခင်းအရုဏ်တက် ဝင်းပတဲ့နေရောင်ခြည် ။ကိုရင်လေးများအစီအရီ လာပြီကွဲ့ ရွာအတွင်း ၊ လောင်းလှုမယ်ပြင်ဆင်ကြ ချစ်စရာ့ရွာအဆင်း 3 နံနက်ခင်း တကယ် မပျင်းအားပါဘု  အိမ်စိုက်ခင်းရယ်နဲ့ အလုပ်တွေပို ။ ကွမ်းရွာညှာစိုစိုစိမ်း ပျိုချစ်သူ အသာဝါးရအောင်ခူးလို့ပျိုသိမ်း။ 4 မြသိန်းတန်စေတီတွင်းရယ်က လှမ်းမြင်ရ ပုထိုးတော်။  ဘိုးတော်ကောင်းမူ့ရယ်ကကြီးမားလှသေနာ်။သု့ိပါသော် အသံတိတ်ရယ်နဲ့၊  မမြဲခန္ဓာ အမှန်ပါ သက်သေပြသလို  ပြိုကျနေခြင်း။ 5 အပြင်မှာဆယ်နေကဲပါလို့ အေးရိပ်ကိုရှာ၊ မြတ်ဗုဒ္ဓရှေ့မှောက်မှာ ပူဇော်ကာ ဦးချ။ မြင်ရသူ ဘဝင်အေးတယ်  မြင်ကွင်းကလှ။ 7 မြင်းသည်တော် အရှေ့က သွားပါလို့ မင်းခင်းလို့ဝင်းတည် ။ လူတန်းက အစီရီ သီပါလို့စီတန်း ရှေးရိုးရာ မူမပျက်တယ် မြန်မာ့ထုံးတမ်း။ 8ရွှေထီးကို အသာဆောင်းပါလို့မောင်ရှင်လောင်းကိုလ  မြင်းပေါ်တင်  ။ စေတီက […]


“နှစ-်လေး-နှစ်-သုံး-နှစ် ဒီအတိုင်းဘဲဆော်ခဲ့ကြတယ်ဗျာ”   ပြီးခဲ့တဲ့တစ်ရက်က ရွာထဲက လုလင်လေးက ဖုန်းဆက်လာပါတယ်။ သူမန်းလေးကိုရောက်နေတယ်တဲ့။ သူ့ကိုမေးကြည့်တော့ နေပြည်တော်က အပြန်မှာ မန်းလေးလာပြီးဓါတ်ပုံလာရို်က်တာလို့ပြောပါတယ်။ သူဆက်တော့ညနေလေးနာရီကျော်ကျော်လောက် ကွျဲဆည်ကန်ကားဝင်းတော့ရောက်ပြီဆိုပါတယ်။ နောက်သူတည်းအိမ်ရောက်တဲ့အချိန်ကျရင် ပြန်ဆက်မယ်လို့ပြောပါတယ်။ ခန့်မှန်းခြေ ညနေခြောက်နာရီလောက်မှတွေ့မယ်လို့ပြောပါတယ်။ အဲတော့ မန်းလေးက ရွာသားကြီးရွှေမင်းသားနဲ့ကိုစိန်သော့ကိုဖုန်းဆက်ရပါတယ်။ လုလင်မောင်လာပြီပေါ့။ ရွှေမင်းသားကတော့ စားသောက်ဆိုင်တစ်ခုမှာထမင်းစားရင်းစကားပြောဘို့ ချိန်းထားလိုက်ပါ။ သူလဲအလုပ်ကစ္စတစ်ခုဖြတ်ပြီးရင်လာခဲ့မယ်လို့ ပြောပါတယ်။ အဲဒါနဲ့ မင်းလုလင်က ဖုန်းဆက်လာချိန်မှာတော့  မြောက်ကျုံးဒေါင့်နားမှာတည်းတဲ့ လုလင်ကို ကျနော်က သွားခေါ်ပြီးရွှေမင်းသားနဲ့လှမ်းချိန်းလိုက်ပါတယ်။ သူရောကိုယ်ရော  ပြန်လို့သွားလို့လွယ်တဲ့ ရွှေဘဲမှာထမင်းသွားစားကြပါတယ်။ ထမင်းဆိုင်ရောက်မှ ကိုစိန်သော့ကိုလှမ်းချိတ်မယ်လုပ်တုန်းသူ့ဆီကဖုန်းဝင်လာပါတယ်။ သူမလာတော့ဘူး နောက်နေ့အစီအစဉ်တွေ ချိန်းထားပါလို့ပြောပါတယ်။ သူ့အလုပ်မပြီးသေးတော့ ထမင်းစားတဲ့ဆီကို လိုက်မလာတော့ပါဘူး။ ထမင်းစားရင်း အစီအစဉ်တွေဆွဲကြပါတယ်။ နက်ဖြန်…………………လုလင်က အမျုးိတွေသွားတွေ့မယ်။ သန်ဘက်ခါ အင်းဝ။ နောက်ရက် တောင်သမန်။ နောက်ရက်မန်းလေးတောင် ………..ပုသိမ်ကြီး […]


“အလင်းတန်းများ ဘုရားဖူးများနှင့် လက်ဆော့သောကျနော် …………………”   ရန်ကင်းတောင်အတွင်းထဲရောက်တဲ့အခါ လှိုဏ်ဂူထဲကနေအပေါ်ကိုမော့ကြည့်လိုက်တော့ အလင်းတန်းတွေကို တွေ့လို်က်ရပါတယ်။ အပြင်မှာမြင်ရခဲမျှပါဘဲ။ အလှူခံနေတဲ့ဆရာတော်နံဘေးမှာလဲအလင်းတန်းလေးကခ။ တရုပ်နှစ်သစ်ကူးရက်နဲ့ဆုံတော့ ဘုရားဖူးများနဲ့စည်ကားပါတယ်။ အဲတော့ ဘုရားဖူးလာသူတွေကို လှတပတ ဓါတ်ပုံလေးတွေရိုက်။ ဘုရားမှာဆီမီးပူဇော်ထားပြီးဓါတ်ပုံရိုက်။ ဒါနဲ့ဘဲညနေစောင်းလာတော့ မှ အထုပ်ထမ်းပြီးတောင်အောက်ပြန်ဆင်းခဲ့ပါတယ်။ မောလို်က်တာဗျာ။   ကိုပေါက်ရဲ့ စနက်ရှော့ မဟုတ်တဲ့လက်ဆော့ (31-1-2012)


် 9 ဝိဒူရဇာတ်     ဘုရားဖြစ်စဉ် ထဲက ဇာတ်ကြီးဆယ်ဘွဲ့ကို အမှတ်ရလွယ်အောင် တေ ဇ သု နေ မ ဘူ စန် ဒါ ဝိ ဝေ ဆိုပြီး မှတ်သားခဲ့ကြပါတယ်။ တေမိ မဟာဇနက္က သုဝဏ္ဏသာမ နေမိ မဟော်သဓာ ဘူရိဒတ် စန္ဒကုမာရ ဝိဒူရ ဝေဿန္တရာ ဇာတ်တော်တွေဘဲဖြစ်ပါတယ်။   ကိုပေါက်ရဲ့ စတက်ရှော့ မဟုတ်တဲ့လက်ဆော့ (4-1-2012)


1 လှေခါးအတက်လမ်းမှာ နေရောင်အလင်းတန်းခတော့ ……………     “ရူ့ဘွယ်စုံညီ ရန်ကင်းတောင်တော်မဟီ…………………….. အပိုင်းသုံး”   ရန်ကင်းတောင်အတွင်းက နေ တောင်ဘက်လှေခါးအတိုင်းအပေါ်တက် လိုက်တဲ့အခါ အဝေးကမြင်နေရတဲ့ တည်ဆောက်လက်စ ဘုရားကြီးကို အနီးကပ် ဖူးမျှော်ရပါတယ်။ အနောက်ဘက်လှေကားကနေဆင်းကြည့်လိုက်တော့ ဇရပ်အဆောင်ဆောင်တွေ ကနေ မြင်ရတဲ့မြင်ကွင်းကလှပါလွန်းပါတယ်၊ မြကျောက်စေတီတော် ပုသိမ်ကြိးဘက်က လယ်ကွက်(မိုးတွင်းဆို စပါးခင်းစိမ်းစိမ်းနဲ့ပိုလှပါတယ်) အဝေးက လမ်းကလေးတွေ ထန်းပင်အုပ်တွေနဲ့မြင်ရတာရူ့မညီးစရာ။ ကဲ ပြောနေရင်ကြာပါတယ် တစ်ခေါက်လောက်တက်ကြည့်လိုက်ကြရအောင်ဗျာ။   ကိုပေါက်ရဲ့ စနက်ရှော့ မဟုတ်တဲ့လက်ဆော့ (30-1-2012)