“နံရံထက်က ဇာတ်ကြီးဆယ်ဘွဲ့……………..”

1 တေမိယဇာတ်တော်
2 မဟာဇနက္ကဇာတ်တော်
3 သုဝဏ္ဏသာမဇာတ်တော်
4 နေမိဇာတ်တော်
5မဟော်သဓာဇာတ်တော်
6 ဘူရိဒတ်ဇာတ်တော်
7 စန္ဒကုမာရဇာတ်တော်
8နာရဒဇာတ်တော်

9ဝိဒူရဇာတ်

9 ဝိဒူရဇာတ်

 

10 ဝေဿန္တရာဇာတ်တော်

 

ဘုရားဖြစ်စဉ် ထဲက ဇာတ်ကြီးဆယ်ဘွဲ့ကို အမှတ်ရလွယ်အောင်

တေ ဇ သု နေ မ

ဘူ စန် ဒါ ဝိ ဝေ ဆိုပြီး မှတ်သားခဲ့ကြပါတယ်။

တေမိ

မဟာဇနက္က

သုဝဏ္ဏသာမ

နေမိ

မဟော်သဓာ

ဘူရိဒတ်

စန္ဒကုမာရ

ဝိဒူရ

ဝေဿန္တရာ ဇာတ်တော်တွေဘဲဖြစ်ပါတယ်။

 

ကိုပေါက်ရဲ့ စတက်ရှော့ မဟုတ်တဲ့လက်ဆော့

(4-1-2012)

14 comments

  • ဒီပုံတွေကို မှတ်တမ်းအရသာရိုက်လာတယ်သိပ်တော့ စိတ်တိုင်းမကျပါဘူး။
    အလင်းအမှောင် မမှန်လို့ပါ။

    Reply

  • fatty

    February 4, 2012 at 9:13 am

    flashလေးဖွင့်ပြီး ဘေးကနေရိုက်ရင်ကောင်းမလားမသိ

    Reply

  • စိန်ပေါက်ပေါက်

    February 4, 2012 at 12:29 pm

    အဲဒီဇာတ်တော်တွေထဲ ဝေဿန္တရာဇာတ်တော် ဆိုတာပဲ နဲနဲမှတ်မိတယ်
    ကျန်တာ ဘာမှန်းမသိတော့ဘူးဗျာ..
    ဘယ်မှာ ပြန်ဖတ်ရပါ့
    🙄

    Reply

  • kyawmonkhant

    February 4, 2012 at 5:50 pm

    ကိုပေါက်ရေ နဲနဲပြင်မယ်နော်။ တေ ဇ သု နေ မ၊ ဘူ စန် နာ ဝိ ဝေ။ (ဒါ မဟုတ်ပါခင်ဗျား၊ နာ ဆိုမှ နာရဒ ဇာတ်ရဲ့အတိုကောက် နာဖြစ်မှာပါ။) ပညာရှိ သတိဖြစ်ခဲလို့ဘဲထင်ပါတယ်။ ပုံတွေဘယ်နေရာမှာ ရှိတယ်ဆိုတာလဲ ပြောပြပေးပါဦး။

    Reply

  • mandalarthu

    February 4, 2012 at 8:52 pm

    ဦးပေါက်ေ၇..
    ဇာတ်ကြီးဆယ်ဖွဲ ့ပုံ(၁၀)ပုံရှိတာအခုမှသိရတာပါ။ ခန်းမတခုလုံးပုံတွေ အများကြီးမို ့သေချာမကြည် ့ခဲ ့ရပါဘူး။့ခု ပုံ တော်တော်များများက ပြတ်သားပြီး ထင်ရှားပါတယ်။ အောက် ကစာတန်းလေးဘဲ နဲနဲသေးနေပေမယ် ့သေချာဖတ်ရင် မြင်နိုင်ပါတယ်။ ထူးခြားတဲ ့စကျင်ကျောက်ဖြူ လက်ရာပုံ များအတွက် ကျေးဇူးပါနော်။

    Reply

  • padonmar

    February 4, 2012 at 8:58 pm

    ကိုပေါက်ရေ
    ပုံလေးတွေက သိသာပါတယ်။ဘယ်သူ့လက်ရာလေးလဲ ပြောပေးပါအုံး။လက်ရာကောင်းလေးတွေပါ။

    စိန်ပေါက်ပေါက်
    ဇာတ်ကြီး ဆယ်ဘွဲ့ (ဒဂုန်ဦးထွန်းမြင့်)ဟာ ဖတ်လို့လည်း နားလည်လွယ်တဲ့ အရေးအသားပါ။
    ရှာဖတ်ကြည့်ပါနော်။

    Reply

  • Khin Latt

    February 4, 2012 at 10:32 pm

    ကိုပေါက်ရေ – ကျွန်မတို့ ငယ်ငယ်တုန်း က အသဲစွဲ ဖတ်ခဲ့ ရတဲ့ ဇာတ်လမ်းတွေပေါ့။
    အဲဒီ စာအုပ်က ဆရာကြီး ဦးဘကြည် တဲ့ သရုပ်ဖော် ပုံ တွေ နဲ့ အတော်ခမ်းနား ပါတယ်။
    ကျေးဇူးပါဘဲ။ အဲဒါ မန္တလေး မှာလား။

    ကိုပေါက် နဲ့ မဒမ်ပေါက် တို့ ရဲ့ ပုလဲရတု မင်္ဂလာ နေ့ မှ ရွှေရတု၊ စိန်ရတု တိုင် စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာဖြင့် ဆက်လက် ဆင်နွှဲသွားနိုင်ကြ စေရန် ဆုမွန်ကောင်း တောင်း လိုက်ပါတယ် ရှင့်။ 🙂

    ခင်မင်လေးစားစွာဖြင့်
    မလတ်

    Reply

    • Moe Z

      February 5, 2012 at 4:05 pm

      အဲဒါ နေပြည်တော် ဥပါတသန္တိစေတီတော်ကပုံတွေပါ အရီးလတ်ရေ
      လေးပေါက်ရေ ဟုတ်တယ်ဟုတ် ..

      By the way, Happy 30th Anniversary !!
      May you be happy forever .. 🙂

      Reply

  • kyawmonkhant ရေ
    စာရိုက်မှားသွားတာ ခင်ဗျားပြောမှဘဲသတိထားမိတော့တယ်။
    တေ=တေမိ
    ဇ=မဟာဇနက္က
    သု=သုဝဏ္ဏသာမ
    နေ=နေမိ
    မ=မဟော်သဓာ
    ဘူ=ဘူရိဒတ်
    စန်=စန္ဒကုမာရ
    နာ=နာရဒ
    ဝိ=ဝိဒူရ
    ဝေ-ဝေသန္တရာ
    ဒါမှ အမှန်ဖြစ်တယ်။
    လွဲမှားနေတာကိုပြင်ပေးတာ ကျေးကျေးပါ။
    ဖြစ်နိုင်ရင် အောင်ခြင်းရှစ်ပါးကို အစဉ်လိုက်လေး ပြောပြပေးစေလိုပါတယ်။
    လွဲသွားမှာစိုးလို့ပါနော်။

    Reply

  • inz@ghi

    February 5, 2012 at 4:12 pm

    ဂုဏ်ယူဝမ်းမြောက်ပါကြောင်း လေးပေါက်ရေ…
    အချစ်ရဲ့ သက်တမ်းဟာ ၃နှစ်တဲ့
    ပြောစမှတ် ရှိတာလေးပါ….

    ဒါကို နှစ်၃ဝကြာ …
    သံယောဇဉ် နားလည်မှု …ခံစားမျှဝေမှု
    တွေနဲ့ တည်မြဲနိုင်ခဲ့တဲ့လေးပေါက်ကို …လေးစားဂုဏ်ယူပါကြောင်း…

    ခင်တဲ့
    ဂီ

    Reply

  • မိုးဇက်ပြောတာ အမှန်ပါဘဲ။
    ဆုတောင်းအတွက်လဲကျေးကျေးပါဘဲ။
    မိုးဇက်လဲ ကျနော်တို့လိုဖြစ်ပါစေလို့………………………………..

    Reply

    • စိန်ပေါက်ပေါက်

      February 5, 2012 at 4:20 pm

      များကိုကျတော့ ဆုတောင်း မပေးဘူး
      လူဂျိုး
      😀

      Reply

  • စိန်ပေါက်ပေါက် ကတော့ သောက်တိုင်းမူးပါစေ။
    (အရက်အတုနဲ့မတွေ့ပါစေနဲ့လို့ဆုတောင်းပေးတာ)

    Reply

Leave a Reply

Your email address will not be published.