1 နေရောင်လာခါနီးမှာ မြူတွေကြားက မြင်ရတဲ့မန်းလေးတောင် ဒီပုံကို ကျနော်အရမ်းနှစ်သက်ပါတယ်။     “နေအခမှာမြင်ရတဲ့ မန်းလေးတောင်”   မန်းလေးတောင်ပေါ်ကို အရှေ့ဘက်စောင်းတန်းက နေတက်တဲ့သူနည်းပါတယ်။ လူပြတ်တာကြောင့်ပါ။ နောက်မန်းလေးတောင်တက်မယ်ဆိုရင် ခြင်္သေ့ကြီးနှစ်ကောင်ဘက်က နေတက်မယ်ဆိုရင် လမ်းမှာဝင်ဖူးစရာ ဘုရားတွေက အများကြီး။ အရှေ့ဘက်ကတက်မယ်ဆိုရင်တော့ ဓါတ်တော်တိုက်မရောက်ခင်မှာသာ ဖူးစရာဘုရားတစ်ဆူထဲဘဲရှိပါမယ်။   ဒါပေမယ့် အရှေ့ဘက်စောင်းတန်းက ကြည့်မယ်ဆိုရင်ရှမ်းရိုးမအလှ၊ ကုသိုလ်တော်၊စန္ဒာမုနိ၊ ရွှေကျောင်းကြီး၊အရှေ့ဘက်ကျုံးအလှတွေကို အားရပါးရမြင်ရပါတယ်။ မန်းလေးတောင်ဓါတ်တော်တိုက်ကတော့ အဝေးကနေမြင်နေရတဲ့ မန်းလေးမြို့ရဲ့ အမှတ်အသားတစ်ခုလို့ပြောရင်ရပါတယ်။ ဒီပုံလေးတွေက နေထွက်ပြီးစမှာမြင်ရတဲ့မန်းလေးတောင်နဲ့ပါတ်ဝန်းကျင်က မြင်ကွင်းလေးတွေပါ။ နှစ်သက်ကြမယ်လို့ထင်ပါတယ်။ နောက်ရက်တော့ မန်းလေးတောင်ပေါ်က ကားလမ်းကနေ ဆိုင်ကယ်နဲ့ သွားပြီးအ နောက်ဘက်ခြမ်းက မြင်ကွင်းတွေကို ခံစားကြရအောင်လေ။     ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့ (16-2-2012)  


      “မြူငွေ့ဆိုုင်း မိူင်းမူံရီတဲ့ မန်းလေးတောင်”   မန်းလေးတောင်ကို ကျနော်အကြိမ်များစွာ ရောက်ဘူးပါတယ်။ ဟိုငယ်စဉ်ဘဝကတော့ ခြေလျင်အပြေးအလွှားတက်။ ခြေလျင်တက်တာတောင် တစ်ခါတစ်လေ စောင်းတန်းကတက်။ တစ်ခါတစ်လေ တောလမ်းကတက်။ တစ်ခါတစ်လေလူရှင်းတဲ့ဂေါက်ကွင်းဘက်အနောက်စောင်းတန်းကတက်။ ပျော်စရာကောင်းခဲ့တဲ့အချိန်တွေပါဘဲ။ ဒါပေမယ့် မန်းလေးတောင်ကို မနက်အာရုံမတက်ခင်တော့တစ်ခါမှ မရောက်။ တိုက်တိုက်ဆိုင်ဆိုင်လုလင်ရောက်တဲ့အချိန် မန်းလေးတောင်ကိုစောစောသွားဘို့ချိန်းလိုက်ပါတယ်။ ငါးနာရီလောက် စောစောထွက်။ လုလင်တည်းတဲ့12လမ်းဝင်ခေါ်။ မန်းတောင်ပေါ်ကို အပြေးအလွားတက်ကြပါတယ်။ ဘိုးဘိုးကြီးနန်းရှိတဲ့ အရှေ့ဖက်စောင်းတန်းကတက်။ နေကထွက်လာတော့ မှီအောင်အပြေးအလွားတက်ကြရတာ အပေါ်လဲရောက်ရော အတော်မောနေပါတယ်။ ဒါပေမယ့် လှပတဲ့မြင်ကွင်း မြူမူံတွေဝေစီနဲ့မြင်ကွင်းတွေက ရင်တွင်းအမောကိုပြေစေပါတယ်။ သိစေချင်တာကတော့မြန်မာပြည်အတွင်းမှာလဲလှပသောမြင်ကွင်တွေရှိတယ်ဆိုတာကိုပေါ့။   ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့ (16-2-2012)


“ချစ်စထုံးနှောင်……………..”(အပိုင်းနှစ်) “သမီး မောင်ဝေ နဲ့ လက်ထပ်ဘို့ အချိန်တန်ပြီ ထင်တယ်” လို့မေမေပြောတော့ ကျမမှာ ဖြေစရာအဖြေမရှိပါ။ ကျမမှာ ကိုဝေကို ငြင်းပယ်စရာအချက်မရှိပါ။ ရှိခဲ့ရင်လဲမေမေ တို့လက်မခံဘူးဆိုတာကိုလဲအသေအချာသိပြီးသား။ ဘာမှပြန်မပြောတဲ့ ကျမကို မေမေက တိုက်စစ်အရှိန်ထပ်မြှင့်လာပါတယ်။ “သမီးနဲ့ တွဲနေတဲ့ကောင်လေးကို မေမေတို့ သဘောမကျဘူးလို့တော့ မဆိုချင်ပေမယ့် သမီးက မောင်ဝေနဲ့လက်ထပ်ပါမယ်ဆိုလို့ မေမေတို့လူကြီးတွေကလဲစီစဉ်ပြီးသား။ နောက်ကိုယ်လက်ထပ်မယ့်သူရှိရက်နဲ့ အခြားယောက်ျားလေးနဲ့တွဲနေတာကလဲ သဘာဝမကျဘူး၊ မောင်ဝေကိုလဲ အားနာစရာကောင်းတယ်။ နောက်ပြီး သမီးနေတာက မိဘအုပ်ထိန်းမှု့နဲ့ဝေးတဲ့ တစ်မြို့တစ်ရွာမှာလေ။” “သမီး ကိုဝေကိုလက်မထပ်ချင်ဘူး မေမေ” “အခုမှပြောလို့ မရတော့ဘူးလေ အားလုံးက စကားအပြီးပြောထားပြီးသား။ ဒါကလဲသမီးကိုမေးပြီး လက်ခံပါတယ်ဆိုလို့ မေမေတို့စီစဉ်တာလေ “ “အဲဒီတုန်းက သမီးမှာမှ ချစ်သူမရှိသေးတာဘဲမေမေရယ် ” “သမီး ဒါတွေအခုမှလာပြောမနေနဲ့တော့လေ။ မောင်ဝေနဲ့အမြန်ဆုံးလက်ထပ်ဖို့ စီစဉ်တော့မယ် […]


“ဦးပိန်တံတားအောက်က တောင်သမန်”     တောင်သမန်အင်းကို ရောက်လို့မှဦးပိန် တံတားပေါ်လမ်းမလျှောက်ခဲ့ဘူးဆိုရင် မပြည့်စုံဘူးလို့ဆိုနိုင်ပါတယ်။ တကယ့်ကို ဂန္ထဝင်ဆန်စွာခန့်ညားတဲ့တံတားရယ် ပဉ္စလက်ဆန်သောအလှတွေပေါင်းစုနေတဲ့ အင်းရေပြင်လို့ပြောရင်လဲရပါတယ်။ တံတားကတော့ ရှည်လျားတော့ အဆုံးထိလျှောက်နိုင်ဘို့တော့ခက်ပါတယ်။ အနောက်ဘက် အမရပူရနဲ့အရှေ့ဘက်တောင်သမန်ရွာကို ဆက်သွယ်ထားတဲ့ တစ်ခုတည်းသောတံတားလည်းဖြစ်ပါတယ်။ ကြည့်လေလေ ကဗျာဆန်လေလေလို့ခံစားရတဲ့တံတားလဲဖြစ်ပါတယ်။ ဒီတစ်ခေါက်ကတော့ ဓါတ်ပုံရိုက်ဘို့ရောက်တဲ့အတွက် တံတားပေါ်မှာအရင် ကထက်စာရင် ကြာကြာလေးနေဖြစ်ပါတယ်။ အဲတော့မှ ဒီတံတားပေါ်မှာလူစုံဘဝစုံကိုတွေ့ရပါတယ်။ ပန်းချီဆရာ၊အမှတ်တရပစ္စည်းရောင်းသူ၊မုန့်သည်၊ ခရီးသွားဧည့်လမ်းညွှန် အလည်လာသူ ဝမ်းစာရှာသူ အပျော်ရှာလာသူ အမျုးိစုံပါဘဲ။ ကျနော်ကတော့ ဆောင်းနံနက်က အင်းရေပြင်ကိုငေးမောရင်းလက်ဆော့။ တံတားပေါ်တင်မဟုတ်ဘူး အင်းရေထဲမှာလဲ ခရီးသည်ပို့ဆောင်သူ ငါးမျှားသူ ကွန်ပစ်သူ ပိုက်ချသူ အပျော်လှေစီးသူ ဈေးသည် အစုံစုံပါဘဲ။ အဲဒီထဲကမှ နေရာတကာတွေ့ရသူကတော့ မှတ်တမ်းတင်ဓါတ်ပုံဆရာနဲ့အပျော်တမ်းဓါတ်ပုံဆရာတွေပါဘဲ။ မမြင်ဘူးသူ မြင်ရ မမြင်ဘူးသူ သတိရအောင်ရယ် စိန်ရွှေပေါက်လု တို့ […]


  “တတိယ ဝင်ရိုးစွန်းသို့ ရောက်ခဲ့သော တတိယမျက်ဝန်းပိုင်ရှင်များ၏”     တစ်ရက်ဖိတ်စာလေးတစ်စောင်ရောက်လာပါတယ်။ ကြည့်လိုက်တော့ ရွာထဲက မိတ်ဆွေ။ မနှစ်သင်္ကြန်မတိုင်ခင်က သူ ဧဝရက်တောင်တက်မယ်ပြောထား။ ရင်ထဲမှာအားကျစိတ်တွေနဲ့ပေါ့။ သူတစ်ကယ်သွားဖြစ်လို့ပြန်လာတဲ့အခါမှာတော့ သူ့အတွေ့အကြုံတွေကြားရတာ ဓါတ်ပုံပိုးရှိတဲ့ကျနော်မှာ စိတ်တွေယား။ အားကျလို့ပေါ့.။ ဂျာနယ်တွေထဲမှာလဲ သူတို့ လေးယောက် ဧဝရက်တောင်ရောက်တာကို ဝေဝေဆာဆာ။   နောက်တော့လဲမေ့မေ့ပျောက်ပျောက်။ ဟိုတစ်လောကတော့ စာအုပ်လေးလက်ဆောင်ပေး။ တနေ့နည်းနည်းခြင်းဖတ်လို့မှာ အားမရ မပြီးသေးခင် ဖိတ်စာလေးရောက်လာ။ အဲတော့ မိတ်ဆွေတစ်ဦးရဲ့မှတ်တိုင်လေးကို မုဒိတာပွားများလို့ မျှဝေပေး။ ကျန်တာတွေတော့ စာစောင်တွေထဲပါလာမှာကိုစော င့်ဖတ်နော်။ တိုက်တိုက်ဆိုင်ဆိုင်ဒီနေ့ကလဲ လူပြောများလွန်းတဲ့ ဗယ်လင်တိုင်းနေ့……………………………….. ကိုပေါက်လက်ဆောင်  မုဒိတာ (14-2-2012)


    “ဒီ………..ဒီ………..ဒီ” “မြနဲ့မောင်နဲ့ခုမှတွေ့တာ……………….” “ခွမ်း……………………………..” “ဒီလောက်ထိတောင် ဖြစ်နေရင်မင်းအဲဒီကောင့်ဆီဘဲလိုက်သွားတော့” “ဒုန်း…………………….” တယ်လီဖုန်း မြည်သံလေးတစ်ခုက ဒီလောက်အခြေအနေထိဆိုးဝါးသွားမယ်လို့ ကျမ မထင်ခဲ့မိတာ ကျမအမှားပါဘဲ။ အဲဒီအချိန်လေးမှာအဖြစ်ချင်ဆုံးကိုပြောပါဆိုရင် ဒီဆိုင်ထဲကနေအငွေ့ပျံပြီး အပြင်လေဟာနယ်ထဲကိုရောက်သွားချင်တာပါ။ “ကိုဝေ”လာခေါ်လို့ အဆောင်က ကမန်းကတန်းထွက်လိုက်လာတော့ ကျမမှာပိုက်ဆံအိပ်လဲမပါ။ ဆိုင်ကယ်လဲမပါ။ လက်ထဲကိုင်ထားမိတဲ့ဟန်းဖုန်းတစ်လုံးသာပါလာပါတယ်။ အဲတော့နှစ်ယောက်မှာစားထားတဲ့မုန့်ဘိုးရှင်းဘို့၊ ဗောဓိကုန်းက အဆောင် ကို အရောက်ပြန်ဘို့ ဆိုတာတွေက ခေါင်းထဲပြေးဆောင့်လာပေမယ့် ဖြေရှင်းဘို့အဖြေမရ။ သူငယ်ချင်းတွေလှမ်းခေါ်ရအောင်ကလဲ ဆက်သွယ်စရာဖုန်းက ကြမ်းပြင်ပေါ်မှာ တစစီ ပြန့်ကျဲ။ သေဘဲသေလိုက်ချင်ပါတယ်။ အဲတော့   ကျမလုပ်နိုင်တာကိုဘဲအမြန်ဆုံးအကောင်အထည်ဖော်လိုက်ပါတယ်။ မျက်နှာကိုလက်ဝါးနဲ့အုပ်ပြီးငိုချလိုက်တာပေါ့။ ဒီထက်ပို့ပြီး မတတ်နိုင်တော့ဘူးလေ။     @@@@@@@@@@@@@@@@@@@@  @@@@@@@@@@@@@@@@@@@ “ လာသွားကြစို့……………. “ဆိုပြီးကျမလက်မောင်းကို လူတစ်ယောက်ဆွဲထူလိုက်ပါတယ်။ အရမ်းကိုရှက်နေတဲ့ကျမကလဲ ယောင်တိ ယောင်နနဲ့ သူခေါ်ရာနောက်ကို ပါသွားပါတယ်။ […]


  “ဆောင်းတစ်ရက် တောင်သမန်ဘက်အလည်ထွက်ခြင်း”   အလုပ်ပိတ်တဲ့တစ်ရက် စက်မူ့မြို့သစ်ကပြန်လာတော့ တံခွန်တိုင်အရောက်မှာ အနောက်ဘက်ဆင်းလိုက်ပါတယ်။ တောင်သမန်အင်းဘေးကဖြတ်ပြီး တောင်မြို့ဘက်ကို သွားမလို့ပါ။ အဲတော့ တောင်သမန်အင်းစောင်းကိုရောက်သွားတာပေါ.။ ဒီတောင်သမန်းအင်းစောင်း မြောက်ဘက်ခြမ်းက အင်းရေအစပ်မှာ စပါးစိုက်လေ့ရှိပါတယ်။ မြူမူံမူံ စိုက်ပြီးစ ကောက်ပင်လေးတွေကစိမ်းစိမ်း အင်းရေက ညို့မှောင်မှောင်။ အင်မတန်ကိုလှပတဲ့မြင်ကွင်းပါ။ မြင်ရသူရင်ထဲကို အေးချမ်းမူ့ကအလိုလိုနေရင်းရောက်လာသလိုပါဘဲ။ အဲဒီအင်းစောင်းမှာငါးဖမ်းနေတဲ့လှေကလေးတွေကိုငေးမောရင်းတောင်သမန်းအင်း အနောက်ဘက်ခြမ်းကိုရောက်လာပါတယ်။ အနောက်မြောက်ဘက်ခြမ်းမှာတော့ ထန်းပင်ညီနောင်က အင်းရဲ့သက်တော်စောင့် သဘွယ်မတ်မတ်ရပ်။ အင်းအနောက်ဘက်ခြမ်းရောက်တော့ အဝေးမှာ ထန်းပင်စုစုလေးတွေနဲ့ပုထိုးတော်ဘုရား။ အင်းအနောက်ဘက်က အသစ်ဖောက်ထားတဲ့မြေလမ်းအတိုင်းသွားလိုက်တော့ လမ်းမှာကိုရင်လေးနှစ်ပါး။ အင်းထဲမှာတော့ ဘဲကျောင်းတဲ့လှေကလေးတွေရှိပါတယ်။   တောင်သမန်အင်းကို မြူမူံမူံထဲမှာမြင်ရတဲ့ဝိုးတဝါးအလှက အင်မတန်ချစ်စရာကောင်းပါတယ်.။ ဆက်သွားတော့တောင်သမန်အင်းစောင်းကိုအရောက်။ တံတားအနောက်ဘက်မှတော့မိုးတွင်းဆိုရင်ရေလည်ခေါင်မှာရှိနေတဲ့ဘုရား။ အရှေ့ဘက်မှာတော့  “တောင်သမန်မင်းသားကြီး”လို့ဓါတ်ပုံဆရာများက သတ်မှတ်ထားတဲ့ သစ်ခြောက်ပင်ကြီးနှစ်ပင်။ မြင်မြင်သမျှလွမ်းစရာ…………………   ဝင်းဦးရဲ့ အင်းကြီး တောင်သမန်သီချင်းကိုတောင်နားထဲကြားယောင်မိသလိုလို ……………………………………………… […]


  အမရပူရ မြို့အဝင်က ရှေးဘုရား စန္ဒာမုနိ(ကပ်ကျော်ကွေ့)   ဒီစန္ဒာမုနိဘုရားက အမရပူရမြို့ှု(တောင်မြို့)ဘက်သွားတဲ့လမ်းမန်းလေးမြို့အထွက် ကပ်ကျော်ကွေ့က ဒေါ်သီသနပ်ခါး မရောက်ခင်လေးမှာရှိတာပါ။ မန်းလေးဘက်ကလာမယ်ဆိုရင် “မန်းလေးမြို့မှုနုတ်ခွန်းဆက်သပါ၏”ဆိုတဲ့ဆိုင်းဘုတ်နားမှာ အရှေ့ဘက်က်ိုတက်တဲ့လမ်းလေးမှာ ပေါ့။ ကျနော်မိတ်ဆွေတစ်ယောက်ရဲ့ ဦးလေးတစ်ယောက် နာရေးသွားပို့တဲ့တစ်ရက်ပေါ့။ နာရေးအိမ်မှာလူတွေများနေ ကျနော်ကလဲရောက်တာနည်းနည်းလေးစောနေပါတယ်။ အဲဒါနဲ့ သူတို့အိမ်နားမှာ ဘုရားမုဒ်ဦးအပျက်ကြီးတွေ့တော့ဝင်ကြည့်မိလို်က်ပါတယ်။ အထဲရောက်မှ ဒီဘုရားဝင်းကြီးက တံတိုင်းနှစ်ထပ်ဆိုတာ သိရပါတယ်။ ဝင်းကြီးကအကျယ်ကြီး ပထမတံတိုင်းက တော့ အုတ်ရိုးရှိပါသေးတယ်။ အဲဒီကွင်းအကျယ်ကြီးထဲမှာ ဇီးသီးခြောက်တွေလှမ်းထားတာတွေ့ရပါတယ်။ ဆက်ဝင်လိုက်တော့ ဒုတိယ တံတိုင်း။ အဲဒီဒုတိယတံတိုင်းကတော့ ဂူဘုရားပုံစံတူလေးတွေကိုစနစ်တကျတန်းစီပြီး ဘုရားပါတ်ပါတ်လည်မှာ လေးဘက်လေးတန်တည်ထားတာပါ။ အခုတော့အားလုံးက ပြိုပျက်လို့နေပါပြီ။ လက်ရာကတော့ အမရပူရခေတ်လက်ရာလို့ထင်ပါတယ်။ ထင်ပါတယ်လို့ပြောရတာ ကျနော်က သမိုင်းသုတေသီမဟုတ်လို့ပါဘဲ။ ကျောင်းဝင်းထဲကိုလှည့်ပါတ်ကြည့်လိုက်တော့ “နတ်ရေကန်”ဆိုတာကိုတွေ့ရပါတယ်။ ကန်ကအနက်ကြီးလှေခါးအဆင့်ဆင့်နဲ့ဆင်းသွားရတာပါ။ (ဒီကန် ကိုတော့ပြင်ထားပါတယ်)။ ကျနော်က နာရေးသွားတော့ ကင်မရာမပါတော့ […]


    သဘာဝဆေးခြယ်ရောင်စုံကမ္ဘာဝယ်   တစ်နေ့ တစ်နေ့ နေဝင်လိုက် နေထွက်လိုက် နဲ့သဘာဝကြီးက သူ့အလိုအလျောက်အတိုင်း မောင်းနှင်နေပါတယ်။ သဘာဝကြီးက အလိုအလျောက်ပြောင်းလဲနေတယ်ဆိုပေမယ့် နေ့စဉ်နဲ့ အမျှ မတူညီတဲ့ အရောင်အသွေးတွေ အဆင်တွေနဲ့ ကမ္ဘာလောကကြီးကို ဆေးရောင်တွေခြယ်ပေးနေပါတယ်။ ဒီသဘာဝပေးအပ်တဲ့အလှအပတွေကို ကျနော်တို့က မြင်မိလို့ ခံစားမိတာလဲရှိ။ သတိမထားမိလို့ မခံစားလိုက်ရတာလဲရှိ။ မြင်ပေမယ့်လဲ မခံစားနိုင်မိတာလဲရှိ။ လူတွေ ဘယ်လိုသဘောထားထား သဘာဝကြီးကတော့ သူ့အလုပ်သူလုပ်နေမှာအမှန်ပါဘဲ။ သူဖန်တီးပေးလိုက်ရတဲ့အတွက် ဘာတောင်းဆိုမူ့မှမလုပ်တာလဲအမှန်.။   ကျနော်တို့တစ်တွေကတော့ ကိုယ်ဖန်တီးလိုက်တာလေးကို သူများက သတိမပြုရင်ဘဲဖြစ်ဖြစ် မနှစ်သက်ရင်ဘဲဖြစ်ဖြစ် မသိကျုးိကျွံပြုနေရင်ဘဲဖြစ်ဖြစ် “ငါ့မှာတော့ လုပ်လိုက်ရတာ သူတို့ကတော့………………………” ဆိုတဲ့ မချင့်မရဲနဲ့ မကျေနပ်စိတ်ကလေးတွေ ပေါ်လာတတ်ပါတယ်။ အသိအမှတ်အပြုခံချင်တယ်ဆိုတာ လူ့သဘာဝကိုး။ အဲတော့လဲ တစ်ခါတစ်ရံ စိတ်ဆင်းရဲရတတ်ပါတယ်။ အကောင်းဆုံးကတော့ သဘာဝတရားကြီးလိုစိတ်ဓါတ်မျိုးထားနိုင်ရင်အကောင်းဆုံးပါဘဲ။. […]


1ရှေးမူမပျက်သေးတဲ့ရွှေကျောင်းကြီး   “ရွှေကျောင်းကြီးက ရုပ်လုံးကြွဇာတ်တော်များ”   ပြီးခဲ့တဲ့လဆန်းက မရောက်တာအတော်ကြာတဲ့ ရွှေကျောင်းကြီးဘက်ရောက်ခဲ့ပါတယ်။ ဟိုငယ်စဉ်ကလေးဘဝထဲက ဝင်ခလုတ်ထွက်ခလုတ်နေခဲ့တဲ့ကျောင်းကိုဝင်ကြေးပေး ရတော့ နှမျောသလို။ ဓါတ်ပုံရိုက်မယ်ဆိုတော့ ကင်မရာ အတွက်ပိုက်ပိုက်ပေး။ ဒါပေမယ့် တကူးတကလာရတာမဟုတ်ဘဲ ကိုယ့်မြို့ကို်ယ်ဆိုတော့ တန်ပါတယ်လို့ဘဲ စိ်တ်ထဲတွေးမိပါတယ်။ ဒီရွှေကျောင်းကြီးပုံရိုက်ထားတာကတော့ ဘိုလိုနှစ်ဆန်းတစ်ရက် (1-1-2012)နေ့ပါ။ းဒါပေမယ့်အခုမှတင်ဘို့အလှည့်ကျ။ ဒါပေမယ့် ကိုကျော်မွန်ခန့်က တင်ထားတာလဲရှိတော့ သူ့နဲ့မတူတာလေးရွေးတင်ပေးလိုက်ပါတယ်။ ရှေးရှေးတုန်းကပုံလေးကို လဲ စာအုပ်ထဲကနေဓါတ်ပုံရိုက်ပြီးတင်ပေးလိုက်ပါတယ်။ ဒီပုံလေးကြည့်မိလို့ မန်းလေးကို လာချင်စိတ်ပေါက်သွားတယ်ဆိုရင် ကျေနပ်ပြီနော်.။           ကိုပေါက်ရဲ့ စနက်ရှော့ မဟုတ်တဲ့ လက်ဆော့ (11-2-2012)  


ဒီဓါတ်ပုံတွေ ကို (11-2-2012)နေ့မနက်က ကျနော်သွားရိုက်လာတာပါ။ ဒါကတော့(24-12-2011)နေ့မှာ ကျနော်ရိုက်ပြီး ပိုစ်တင်ခဲ့တုန်းကပုံတွေပါ။   မဟုတ်တော့ဘူးပြောင်းသွားပြီ မန်းလေးက အာဇာနည်   ဒီစာလေးက ကတော့ ကိုသန့်ဇော် က မနေ့က သူ့ဖေစ်ဘုတ်စာမျက်နှာမှာတင်ထားတဲ့စာစု အာဇာနည်၁ရဦးဗိမာန် သန့်ရှင်းရေး ဂူဗိမာန်အပေါ်မှာ ကျဆုံးခဲ့တဲ့အာဇာနည် ၁ရဦးရဲ့ ဓါတ်ပုံများကို ပြသထားပါတယ် … အသက်အငယ်ဆုံး အာဇာနည်လေးပါ ကျဆုံးချိန်မှ ၁၂နှစ်သာရှိသေးပါတယ် … ‎(10-2-2012 နံနက် ရးဝဝနာရီမှာ မန္တလေးတမ္ပဝတီရပ်မှာရှိတဲ့ ၁ရဦးအာဇာနည်ဗိမာန်က ခြုံနွယ်ပိတ်ပေါင်းများကို စိမ်းရောင်စိုအဖွဲ့နဲ့ ချမ်းမြသုခနာမှုကူညီရေးအသင်းမှ ကမကထပြုပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နဲ့ နိုင်ငံရေးအဖွဲ့အစည်းများ သံဃာတော်များကျောင်းသား ကျောင်းသူများ ပရဟိတလူမှုရေးအဖွဲ့များ ဘာသာပေါင်းစုံအသင်းစတဲ့ အသင်း၂ဝကျော် လာ…ရောက်သန့်ရှင်းရေး ပြုလုပ်ကြပါတယ် … မန္တလေး စည်ပင်သာယာရေးကော်မီတီမှ ဝန်ထမ်းများ မီးသတ်များ […]


      “အတုမရှိ အတုလဝေယန်ကျောင်းတော်”   ကျနော်ဆယ်တန်းကျောင်းသားဘဝ ကျောင်းခဏခဏပိတ်ပါတယ်။ အဲတော့ကျနော်တို့သူငယ်ချင်းတွေလဲ မန်းလေးမြို့ချောင်ကြိုချောင်ကြား မကျန်အောင်လျှောက်လည်ကြတာပေါ့။ အဲဒီခေတ်ကတော့ စက်ဘီးကိုယ်စီနဲ့ပေါ့။ ကျနော်တို့မကြာခဏရောက်တဲ့နေရာကတော့ အတုမရှိကျောင်းပျက်ကြီးဆီကိုပါဘဲ။ အရှေ့ကျုံးအတိုင်းလား 19လမ်း နန်းရှေ့တံတားရောက်ရင် အရှေ့ဘက်တက်။ 62လမ်းရောက်ရင် မြောက်ဘက်ကွေ့ လမ်းကျဉ်းကျဉ်းပေါက်စနလေးအတိုင်းစက်ဘီးနင်း။ အတော်လေးသွားလို့ အုတ်ရိုးအပျက်တွေနားရောက်ရင် အနောက်ဘက်ကွေ့။ ရေနံချေးတွေဝနေတဲ့ ကျောင်းကြီးတွေ့လို အထဲဝင်လိုက်ရင် ထနောင်းပင်လေးတွေ နောက်မှာ အုတ်ဖြူဖြူကျောင်းပျက်ကြီး။ တောင်ဘက်လှေခါးရင်းက ထနောင်းပင်အောက်မှာစက်ဘီးတွေထား။ အုတ်လှေခါးအတိုင်းအပေါ်တက်. နံရံလေးဘက်ဘဲကျန်နေပြီး အမိုးအကာမရှိတဲ့ ကြီးမားလှတဲ့ကျောင်းပျက်ကြီးကိုငေး။ အတွေးတွေက ပျံ့လွင့် ………ဟိုးအဝေးကို။ ဒီကျောင်းပျက်ကြီးကိုရောက်တိုင်း လွမ်းတာလိုလို သတိရတာလိုလို အမည်မဖော်နိုင်တဲ့ မဆုံးသောခံစားမူ့အသစ်တွေကရင်ထဲကိုတိုးဝှေ့လို့လာမြဲ။ ကျနော်တို့ အလွန်နှစ်သက်ခဲ့တဲ့နေရာလေးက သင်္ကြန်မိုး ရှပ်ရှင်ထဲမှာပါလာတော့ ပိုလို့တောင် နှစ်သက်ခဲ့။ တစ်ခါတစ်လေ နေအောင်နဲ့ခင်သန်းနုရပ်ခဲ့တဲ့နေရာကိုသွားကြည့်မိ။ ထနောင်းပင်ဝါဝါလေးအောက်မှာ လူသွားလမ်းဖြစ်နေတဲ့မြေလမ်းသေးသေးလေး။ […]


“အဖြေလေးပေးလိုက်ပါတယ်” (လုရွှေစိန်ပေါက်ရဲ့ ပေါက်ကရရိုက်ချက်များပဟေဠိရဲ့အဖြေမှန်)   တစ်-   မနက်စောစော အိမ်ကထွက် မန်းလေး        တောင်ပေါ်တက်။ နံနက်ခင်း မြူမူံစီ ကိုပေါက်သဘောကျသည် ရိုက်လိုက်မယ်ကွဲ့အခုချက်ခြင်း လုလင်တောင်အောက်ဆင်း။   နှစ်      တောင်အောက်ဆင်းတဲ့လုလင်မှာ ပုသိမ်ကြီးရောက်သွားတာ။ ဆွမ်းလောင်းတာကို ဓါတ်ပုံရိုက် ရွာကလူတွေကြိုက်။   သုံး     လမ်းသလားတဲ့လုလင်ညီ ရွာပြင်ရောက်သွားသည်။ ကွမ်းပင်အောက်မှာ ကောင်မလေး ကွမ်းရွက်ခူးနေသေး။ ရိုက်ချင်လှတဲ့မောင်လုလင် ကင်မရာတပြင်ပြင် ခွင့်တောင်းပြီးခါ ဓါတ်ပုံရိုက် လုလင်မောင်ရဲ့ရိုက်ချက်မိုက်။   လေး   အချောင်းကောင်းတဲ့ ပေါက်ကိုကို မင်းကွန်းဆိပ်ကမ်းကို။ စိန်လုခေါ်ခါ အမြန်ပြေး မြသိန်းတန်ကိုလေး။ သီတာခုနှစ်တန် မြသိန်းတန် အပေါ်တက်ရပြန်။ လှေခါးဘေးက ကိုပေါက်ငေး ပုထိုးတော်ကွဲ့လေး။ ငါး      အင်းဝသွားချင် မောင်လုလင် ရွှေမင်းသားက ကားနဲ့တင်။ လမ်းဘေးရှိတဲ့စေတီလေး ရွှေရွှေလက်ဆော့သေး။ မော်ဒယ်လုပ်တာ […]