“မန်းလေးကရှေးအမွေ…………..တစ်”   မြန်မာပြည်နောက်ဆုံးမင်းဆက်နေသွားခဲ့တာကတော့ ရတနာပုံမန္တလေး။ လွန်ခဲ့သောနှစ် 150က တည်ထားတာဆိုတော့ ကျုံးမြို့ရိုးပြအိုးပစ္စင် အကုန်အစုံမြင်နိုင်ပါသေးတယ်။ ကျနော်တို့ငယ်စဉ်ကတော့ ကျုံး က မြေသားဘောင်။ ကျုံးထဲမှာကြာပန်းရှိတယ်။ ရေမှော်ရှိတယ်။ ငါးပူတင်းဗိုက်ဖောင်းဖောင်းလေးတွေရှိတယ်။ ငါးဖောင်ရိုးလေးတွေလည်းတွေ့ရတယ်။ ငယ်ကတည်းက ကျုံးဘေးမှာနေလာသူဆိုတော့ ပိုသံယောဇဉ်ကြီးမိပါရဲ့။ အခုနောက်ပိုင်းကျုံးမဟုတ်ဘဲကန်ဖြစ်သွားတယ်။ မြေဘောင်ကနေကျောက်စီဘောင်ဖြစ်သွားတယ်။ ငယ်က ကျုံးဖြတ်တဲ့တံတားတွေပျောက်သွားတယ်။ ဒါပေမယ့် မပျောက်ပျက်သေးဘဲကျန်နေတာလေးတွေတင်ပေးလိုက်ပါတယ်။ ဒါကိုတော့ထပ်အစားမထိုးစေချင်ပါဘူး။       ကိုပေါက်လမ်းသလားရင်းလက်ဆော့တော့ ရလာတဲ့အတွေးပါးပါး။ (25-2-2012)        


  “မြင်ရခဲတဲ့မန်းလေးတောင်ကခြင်္သေ့”   တရက်မန်းလေးတောင်ခြေမှာရှိတဲ့ သူငယ်ချင်းတစ်ယောက်အိမ်အလည်သွားပါတယ်။ ပျင်းတာနဲ့လျှောက်ကြည့်ရင်း အထင်ကရခြင်္သေ့ကြီးများကို မြင်လိုက်ရပါတယ်။ ကျနော်က လမ်းလျှောက်ရင်းခြင်္သေ့ကြီးဖင်ဘက်ကိုရောက်သွားတော့ ကိုင်းငါ့ရွာသားများ မြင်ရခဲတာလေးမြင်ရအောင်လက်ဆော့အုံးမှဘဲဆိုပြီး လက်ဆော့လိုက်ပါတယ်။ နောက်တော့ ဟိုအရင်က ရိုက်ထားတဲ့ရှေ့တည့်တည့်ကပုံလေးနဲ့ရောတင်ပေးလိုက်ပါတယ်။ လှမှလှပါဘဲ။   ကိုပေါက်လမ်းသလားရင်းလက်ဆော့တော့ရလာတဲ့အတွေးပါးပါး။ (25-2-2012)    


  “မြန်မာ့ဘော့လုံးလောက တိုးတက်အောင်ဆိုရင်”   ဟိုနေ့က ဂျာနယ်ထဲမှာ မြန်မာ့ပြည်ရဲ့ဘော့လုံးအဆင့်အတန်းနိမ့်ကျသွားတယ်ဆိုတာကို ဖတ်လိုက်ရပါတယ်။ ဟိုအရင်ရွှေထီးဆောင်းခဲ့တဲ့ခေတ်က ဗဟာဒူးတို့ အေးမောင်ကြီးဆို့အေးမောင်လေးတို့ အကြောင်းတွေလဲ မကြားရပြန်တာအတော်ကြာသွားပြီ။ မြန်မာပြည်မှာအရင်က ရပ်ကွက်အဆင့်၊မြို့နယ်အဆင့် အမြင့်ဆုံးကတော့ တိုင်းနဲ့ပြည်နယ်အဆင့်ဘဲရှိပါတယ်။ ဒါတောင်မှာ နိုင်ငံတကာ ဘောင်ဝင် အဆင့်မီအောင် အောင်မြင်အောင်လုပ်ခဲ့ကြပါတယ်။ သူ့နောက်မှာတော့ လူတွေပိုသိလာတဲ့  ဝင်းအောင် မျိုးလှိူင်ဝင်း သန်းတိုးအောင် အောင်ကျော်ကျော်တို့ခေတ်။ ဟိုးရှေးရှေးကစလို့ သူတို့ခေတ်ထိအပျော်တမ်းပါဘဲ။ နိုင်ငံတကာပွဲလေးများနိုင်ရင်ပြုရင်သာ မြေကွက်လေးဘာလေးလောက်နဲ့ကျေနပ်ခဲ့ရတဲ့ ခေတ် တကယ့်ကိုဝါသနာပါလို့ ကစားကြတဲ့ခေတ်ပေါ့၊ ဟောသူနောက်တော့ အခုလက်ရှိ ခင်မောင်ထွန်းတို့ခေတ်ရောက်ရော။ ဘောလုံးသမားရွှေခေတ်ရောက်သွားတာဘဲ။ ဦးဇော်ဇော်ကောင်းမူ့ကြောင့်ပါဘဲ။ ကြေးစားဘဝရောက်သွားတာကိုးဗျ။ ကြေးစားလို့ပြောရတာ မမိုက်ပါဘူးဗျာ ဘိုလို ပရိုခေတ်ရောက်သွားတာပေ့ါ။ စစခြင်းကတော့ မြန်မာ့ဘောလုံးလောက က အခုဘဲမြင့်တက်သွားမှာလိုလိုနဲ့။ ထားလိုက်ပါတော့။ ကျုုပ်တို့မန်းလေးမှာတော့ ဘောလုံးဝါသနာအိုးလေးတွေက ရရာကွင်းမှာကန်ကြတာပါဘဲ။ တစ်ချို့အရပ်တွေဆို ကိုရင်တွေနဲ့တောင်ချိန်းကန်တာ […]


    “မင်းကွန်းမြေမှ အပြန်လမ်း”   ဓါတ်ပုံရိုက်ပြီး ပြန်လာတော့ ညနေသုံးနာရီခွဲ။ တိနိရုံးထဲကိုဝင် သော့တို့လုတို့ထားခဲ့တဲ့ပစ္စည်းတွေကိုဝင်ယူ။ လူအိုုရုံအလှူငွေ ထည့်ကြ။ ပြီးတော့ လှေဆိပ်ကိုဆင်းလာကြပါတယ်။ နောက်တော့ အချိန်ရတာနဲ့လှေဆိပ်ကဆိုင်မှာ လက်ဖက်သုတ်စား ကော်ဖီသောက်။ မင်းသားသုံးယောက်ဓါတ်ပုံရိုက်။ (ခုထိ မကြည့်ရသေးဘူးနော်) လေးနာရီထိုးတော့လှေပေါ်တက်။ အစက ဆိုင်ကယ်နဲ့လာတဲ့အတွဲက ဆိုင်ကယ်ကိုစက်လှေပေါ်တင်ပြီးပြန်။ လှေအပြည့်လူအပြည့်။ ခဏနေတော့ တိနိဆိပ်ကမ်းဝင်လူတင်။ ကျနော်ကလဲမြင်သမျှလက်ဆော့။ ကမ္ဘာပေါ်ရဲ့ ဘယ်နေရာမှာမှ မရှိတဲ့ စက်ကရိယာကို မင်းကွန်းကစက်လှေပေါ်မှာလာတွေ့ရပါတယ်။ ခြေထောက်နဲ့ဂီယာထိန်းထားပြီးမောင်းလာတာပါ။   သွားနေရင်းခဏတော့ စက်လှေက ရေလည်မှာ ဖုတ်ဖုတ်ဆိုပြီးရပ်။ လှေစက်ပျက်ပြီတဲ့။ အဲဒီမှာအားလုံးရေလည်ခေါင်မှာပြာတောက်။ သော့သော့ ဖုန်းနဲ့ကမ်းကိုဆက်လှေတစ်စင်းထပ်မှာ။ ဆိုင်ကယ်ကို လမ်းအပ်ထားခဲ့တော့ ကျနော်လဲဆိုင်ကယ်ကိစ္စကိုဖုန်းနဲ့စီစဉ်။ မိုးချုပ်ရင်တော့ လှေပေါ်လိုက်လာတဲ့ ဆိုင်ကယ်နဲ့အတွဲဘယ်လိုများဖြေရှင်းမလဲလို့တွေးရင်းရီရ.။ ကျနော်ကတော့ရသမျှ ဓါတ်ပုံရိုက်လိုက်လေပေါလိုက်။ လှေက ရေစီးနဲ့မျောပြီး အနောက်ဘက်ကမ်းဆီကို […]


  မင်းကွန်းမြေမှအပြန်လမ်းက အလွတ်မှားတက်သွားတာ။ အဲဒါနဲ့ မင်းကွန်းမြေမှအခွာဆိုပြီး အသစ်ရေးတင်ပေးလိုက်ပါတယ်။ မင်းကွန်းမြေမှာအပြန်လမ်းက သတ်သတ်တစ်ခုတင်ထားပါတယ်။     ကိုပေါက်လမ်းသလားရင်းလက်ဆော့တော့ရလာတဲ့အတွေးပါးပါး (24-5-2012)


“ဆင်စီးလို့မြင်းရံ လှည်းယဉ်ပျံနဲ့ကျင်းပတဲ့အလှူတော်”   ကျနော်က စိန်လုတို့ရောက်နေနှင့်တဲ့မင်းကွန်းကိုလိုက်အလာ ဧရာဝတီမြစ်အလည်ခေါင်လောက်အရောက် စိန်ကအားရဝမ်းသာနဲ့ ဖုန်းဆက်လာပါတယ်။ နားထောင်ရတာ မကြားတစ်ချက်ကြားတစ်ချက်။ မင်းကွန်းမှာအလှူရှိတယ်။ ဆင်းတွေမြင်းတွေနဲ့ဝင်းခင်းပြီးလှည့်မယ် အကြီးအကျယ်ဘဲ။ သုံးနှစ်မှတစ်ကြိမ်လောက်ဒါမျုးိကြုံတယ်ပြောတော့ ဝမ်းသာတာပေါ့။ ပြီးခဲ့တဲ့နှစ်ပါတ်လောက်က စက်မူ့ကပြန်အလာ 78လမ်းပေါ်မှာ ဆင်နဲ့ အလှူလှည့်လာတာ မြင်တော့ လက်ဆော့ချင်တယ် လမ်းမအလည်မှာဆိုတော့ ဆို်င်ကယ်ရပ်မရတာနဲ့မရိုက်ခဲ့ရတာ ဒီတစ်ခါ အတိုးချလို့ရိုက်ရတော့မယ်ဆိုပြီးစိတ်ဆုံးဖြတ်ထားပါတယ်။ အလှူလှည့်မှာက ဆယ့်တစ်နာရီ။ ကျနော်တို့စက်လှေမင်းကွန်းဆိပ်ကမ်းကပ်ခါနီးတော့ စိန်လုဆီဖုန်းဆက်တော့မကိုင်။ ဆိပ်ကမ်းက ဆင်းဆင်းခြင်း လူအိုရုံအပြင်ထွက်လိုက်တော့ လူတွေတရုန်းရုန်း။ အလှူလှည့်လာပြီတဲ့။ အဲတာနဲ့ပုထိုးတော်ဘက်အပြေးအလွှားသွား။ နည်းနည်လေးမြင့်တဲ့အုတ်ခုံပေါ်တက်လို့ အမြန်နှက်လိုက်တော့ အလှူလှည့်လာတဲ့ပုံအချို့ရ။ အဲဒါနဲ့နေရာရွှေ့။ ပုထိုးတော်ဘုရားအုတ်တံတိုင်းပေါ်တက်ပြီး ဓါတ်ပုံတွေယူရပါတယ်။ ခဏနေတော့ ဆင်လှည့်လာတာတွေ့ပြန်တော့ အုတ်ခုံပေါ်ကနေဆင်း။ ဆင်ကြီးကိုအနီးကပ်ရိုက်။ အဲဒီအချိန် ကျနော်တို့လိုကင်မရာမင်းများ ဆင်နဲု့ပုံကိုအမိအရယူဘို့ကြိုးစား.။ တစ်ချု့ိကဖင်ဘူးတောင်ထောင်။ တစ်ချို့ကမြေဝပ်။ တစ်ချို့ကတစ်စောင်းလှည်း။ တစ်ချို့ကအမြင့်တက်။ တစ်ချို့ကအနီးကပ်။ တကယ်ကိုအားရပါးရ […]


“ညကပွဲ” တစ်ရက်က ကျနော်အလုပ်ကကောလေးတစ်ယောက်လက်ထပ်ပါတယ်။ ကျနော်တို့က မင်္ဂလာဆောင်ဝိုင်းကူရတာပေါ့။ အဲတော့သူကညကျတော့ ကျနော်တို့ကို ထမင်းကျွေးတာပေါ့။ ချာတိတ်တွေဆိုတော့ ဘီယာတွေ ဂျော်နီဒုတ်ထောက်တွေကိုင်တာပေါ့။ ကျနော်က အမြည်းစားတာပေါ့။ ဖြစ်ချင်တော့ကျနော်တို့ထမင်းသွားစားတဲ့ဆိုင်နားမှာ ကေတီဗွီအသစ်ဖွင့်ထားတယ်။ အခန်းအားလားသွားမေးတော့ ရတယ်တဲ့။ တစ်ဆက်ရှင် ခြောက်ထောင်ဆိုတော့ မိုက်မှမိုက်ပေါ့။ အဲဒါနဲ့ထမင်းစားသောက်ပြီးတော့ အဲဒီဘက်ကူးကြရော။ ဟိုရောက်တော့ အခန်းကပေါက်စန လူကဆယ်ယောက်။ အဲဒါနဲ့နည်းနည်းကျယ်တဲ့အခန်းအပေါ်ထပ်မှာရှိတယ်ဆိုလို့တက်ကြည့်။ အိုကေတယ် ဒါနဲ့ သီချင်းတွေဆိုကြ ကကြ။ စစခြင်း ပြည်တော်ဝင်နဲ့ဖွင့်တာပေါ့။ “အခါတော်ရောက်ချိန်နီးလို့လာပေ………..ဒေါါ်ဒေါ်မမ နှမတို့ရေ အသဲစွဲချစ်မိတ်ဆွေ……..” လို့အားလုံးဝိုင်းအော်။ ပြီးတာနဲ့ကိုယ်ကြိုက်တဲ့သီချင်းကိုယ်ရွေး။ အဲလိုကေတီဗွီရောက်ရင် တစ်ခုတော့သတိပေးလိုက်ချင်ပါရဲ့။ ကိုယ်ဆိုချင်တဲ့သီချင်းကို ဆက်တိုက်ရွေးထား။ နို့မို့ရင် စက်ကိုင်တဲ့ချာတိတ်က ဟိုရွှေ့ဒီရွှေ့နဲ့အချိန်ကုန်အောင်လုပ်ရော။ အဲဒါ ကေတီဗွီဆိုင်တိုင်းရဲ့အကျင့်။ အရှိန်တွေရလာတော့ တစ်ယောက်ဆိုရင် ဝိုင်းအော်။ ကတဲ့လူက က။ ပျော်စရာကြီး………………………. စိတ်ထဲမှာလွတ်လပ်ပေါ့ပါး။ ကျနော်က တော့ […]


    “သီတာခုနှစ်တန် မြသိန်းတန် “     မင်းကွန်းမှာ လု တို့သော့တို့နဲ့အလှူဓါတ်ပုံတွေရိုက်ပြီးထမင်းအတူစားကြပါတယ်။ ပြီးတော့ မြသိန်းတန်ဘုရားကို သွား။ မြသိန်းတန်ဘုရားထူးခြားတာက သီတာ7တန် ရေလှိုင်းပုံတံတိုင်းအဆင့်ဆင့် တည်ဆောက်ထားတာပါ။ ထူးခြားသောပုံတော်ရှိတဲ့စေတီလို့လဲပြောနိုင်ပါတယ်။ ကျနော်တို့သုံးယောက် ဓါတ်ပုံဝါသနာပါတာတူပေမယ့် အမြင်ခြင်း အကြိုက်ခြင်းမတူ။ အဲတော့ ဘုရားရောက်တာနဲ့လမ်းခွဲ။ ကျနာ်က တော့ ထန်းပင်ကိုမြင်တော့ တောင်ဘက်ထဲကိုသွား ။ ရွာထဲကမောင်ပုအကြိုက်ထန်းပင်ပါအောင်ရိုက်ပေးပါတယ်။   နောက်တောင်ဘက်အုတ်တံတိုင်းထက်ကိုတက်။ အားရပါးရရိုက်။ ဘုရားကအကြီးကြီး ကျနော်ကင်မရာကသေးသေး အားလုံးဝင်အောင်မဆန့်။ ဒါနဲ့ဘဲဆူးပင်တွေကြားတိုးဝှေ့  ပြိုပျက်နေတဲ့ အဝင်အုတ်ရိုးအောက်ကနေ ပုံတွေရိုက်။ တောင်ဘက်စောင်းတန်းကနေအပေါ်တက်တော့နေပူ ခြေပူ။ ပျက်စီးနေတဲ့ဆင်းတုလေးတွေကို တွေ့တော့နှမျောလို့ရင်ပူ။ အထက်အဆင့်တက်ရင်းက တောင်ဘက်ခြမ်းလှမ်းအကြည့် စက်ဝိုင်းခြမ်းလိုအပေါက်ကြားက ပုထိုးတော်ဘုရားကို မြင်မိ။ အပေါ်မှာလှည့်ပါတ်ရိုက်။ အောက်ကလှမ်းခေါ်တော့မှဆင်းလာ။ နေပူပေမယ့်လဲ ဘုရား ပုရဝုဏ်ကို တစ်ပါတ်ပါတ်လို့ရိုက်။ […]


      “မင်းကွန်းသို့အလည်သွားခြင်း” မင်းကွန်းကိုသွားမယ်ဆိုပြီးမရောက်ဖြစ်တာ တစ်နှစ်နီးပါး။ ရန်ကုန်က လုင်ရောက်တော့သွားဘို့ပြင်။ သော့သော့က သူလိုက်ပို့မယ်ပြော။ ကျနော်ကတော့ လိုက်မလိုက်မသေချာ။ သော့သော့နဲ့ လုလင်ကတော့ မနက်ခြောက်နာရီခွဲကတည်းက တိနိသင်္ဘောနဲ့အရင်ပြေး။ ကျနော်ကတော့ အလုပ်ကခွင့်တောင်းပြီး မှ ဆယ်နာရီလောက်မှလိုက်။ မရမ်းခြံဆိပ်ရောက်တော့ မြို့တော်ဥယျာဉ်မှာဆိုင်ကယ်အပ်။ မြစ်ကမ်းနံဘေးပြေးလို့ ထွက်မယ့်စက်လှေပေါ်တက်။ မင်းကွန်းအရောက်တစ်ယောက် ငါးရာ။ တွက်ကြည့်ရင်တန်ပါတယ်။ ခဏနေတော့စက်လှေထွက်ပါတယ်။ ပိတ်သတ်ညပ်နေတဲ့စက်လှေတွေကြားမှာ ဇွတ်တိုးထွက်တာ အသဲတယားယား။ ခဏနေတော့ကျယ်ပြန့်တဲ့ ရေပြင်ကျယ်ထဲရောက်တော့ စိတ်တွေလွတ်လပ်ပေါ့ပါး။ မြစ်ပြင်ထဲမှာတော့ သူလိုကိုယ်လိုခရီးသွားလှေတွေ သင်္ဘောတွေအများအပြား။ အနောက်ဘက်ကမ်းပါးကို ဖြိုလို့သဲ တူးနေတဲ့လှေတွေလဲတွေ့ပါ့။ ရေလည်မှထွန်းနေတဲ့သောင်ကိုမြင်ရတော့ မြစ်ကြီးကျဉ်းလားတာကိုလဲတွေ့ပါ့။ အဝေးမှာ မတ်တပ်ရပ်ကိုယ်တော်ကြီးတည်ထားတယ်လို့ပြောတော့အနောက်ဘက်က တောင်ကြီးကို ငေးမောကြည့်တော့ ရိုးတိုးရိပ်တိပ်နဲ့တောင်တက်လမ်းလေးကိုမြင်ပါ့။ လက်ထဲက ကင်မရာပေါက်စလေးနဲ့ ဓါတ်ပုံတွေလဲရိုက်ပါ့။ တစ်နာရီနားပါးကြာတော့ တိနိဆိပ်ကမ်းကိုရောက်။ တစ်လမ်းလုံးကျနော်စပ်စုသမျှကိုဖြေပေးတော်မူတဲ့ခေါင်မိုးပေါ်မှာ သီတင်းသုံးလာတဲ့ ဦးဇင်းကလည်း […]


“ချစ်စထုံးနှောင်……………..အပိုင်းသုံး”      “ စိမ်းမြ…………သစ်ရွက်တို့ ကြွေနေဆဲ………. ငါ့မျက်ရည်စိုနေတုန်းပေါ့………… တစ်ချို့တွေနေနိုင်လွန်းတယ်။ တိတ်ဆိတ်တဲ့ညမှာခပ်ဆွေးဆွေးဆိုနေတဲ့ သီချင်းသံရယ် ခပ်ပြင်းပြင်းတီးနေတဲ့ ဟော်လိုဂစ်တာသံလေးရယ်နှစ်ခုပေါင်းစပ် နံရံအတားအဆီးတွေကိုဖြတ်လို့ ကျမအခန်းထဲကို ခွင့်မတောင်းဘဲရောက်လာပါတယ်။ မျက်ရည်ကျောက်ခက်တို့ ပြိုနေဆဲ………………..  ငါ့အတွှက်အဖြေရှာနေတုန်းပေါ့………….. တစ်ချို့တွေနေနိုင်လွန်းတယ်”   နဂိုရ်က မှ အိပ်မပျော်ရတဲ့အထဲကွယ်။ “အိပ်မပျော်တဲ့ညမှောင်လွန်းနေဆဲ…………… တစ်ယောက်ထဲငါ ငိုနေတုန်း…………………. ရင်ထဲမှာ မကျေနပ်ဆုံး………… ကိုယ့်အသဲမှာဒါနောက်ဆုံး………………………………. …………………………………………………………….. စိမ်းမြသစ်ရွက်တို့ကြွေနေဆဲ………………………… တစ်ချို့တွေနေနိုင်လွန်းတယ်…………………….. တစ်ချို့တွေနေနိုင်လွန်းတယ်…………………….. တစ်ချို့တွေနေနိုင်လွန်းတယ်…………………….. တစ်ချို့တွေနေနိုင်လွန်းတယ်……………………..   ကျမသိပ်မှတ်မိတာပေါ့။ ဒါမောင့်အသံ ………..အစစ်ပါ။ နေနိုင်လွန်းသူ မဟုတ်ရပါဘူးမောင်ရယ်။ နေနိုင်အောင်ကြိုးစားလို့ နေရသူပါ။   အဆောင်ပြူတင်းပေါက်ကနေလှမ်းကြည့်လိုက်တော့ ဗန်ဒါပင်အောက်မှာ မောင်ဂစ်တာတီးနေတာကိုမသဲမကွဲလှမ်းတွေ့ရပါတယ်။ မမြင်ရပေ့မယ့် အသံကြားတာအရိပ်တွေ့တာနဲ့ မောင်မှန်းကျမသိပါတယ်နော်။ အဲ့ဒီသီချင်းဆုံးတော့  မောင့်ကိုယ်တိုင်ရေးထားတဲ့ သီချင်းလေးကိုဆိုပါတယ်။   “မထင်မှတ်ဘဲ […]


      ” မန်းလေးတောင်ကိုလှည့်ကြည့်ပြီးအဆင်းမှာ……………” မန်းလေးတောင်ရဲ့အပေါ်ဆုံးရင်ပြင်တော်က သိပ်အကျယ်ကြီးတော့ မဟုတ်ပါဘူး။ ဒါပေ့မယ် အနောက်ဘက်ကိုလှမ်းကြည့်မယ်ဆိုရင်တောင်ဘက်က ကျုံးနဲ့မြို့ရိုး။ အောက်ခြေမှာတော့ မန်းလေးမြို့မှာ အထင်ကရဖြစ်ခဲ့တဲ့ နို်ဗိုတယ်………. အခုတော့ မန်းလေးရီဆော့ ။(နိုက်ကလပ်ကတော့ မရှိတော့ဘူးထင်ပါရဲ့) လင်းလင်းထင်းထင်းနေသာတဲ့နေ့များမှာဆိုရင် မဟာမုနိကိုတောင်ဖူးမြင်နိုင်ပါရဲ့။ (ပြပြကလေးစိတ်မှန်းနဲ့မြင်ရတာပါ)။ အနောက်တည့်တည့်အောက်ငုံ့ကြည့်ရင် ဂေါက်ကွင်း။ ဟိုးအဝေးမှာတော့ ဧရာဝတီ။ မိုးတွင်းဆိုရင်တော့ ဧရာဝတီ ကိုရေပြင်ကြီးအဖြစ်အသွင်ပြောင်းသွားတာကိုမြင်ရ။ အခုတော့ သောင်နဲ့မြစ်ပြင် မြင်ရတယ်ဆိုရုံလေး။ မြောက်ဘက်မှာတော့ တိုင်းရင်းဆေးကျောင်း။. သူ့အနောက်ဘက်မှတော့ အသက်မဲ့သူများနားခိုရာကနေ ပုံပြောင်းသွားတဲ့ နေရာလေးတစ်ခု။. အဲဒီထဲမှာတော့ စေတီလေးတစ်ဆူ။ မြင်ကွင်းရှင်းရင် နေသာရင် မင်းကွန်းပုထိုးတော်ကြီးကို မြင်ရတတ်ပါတယ်။ မူံဝါးဝါးပေါ့.။ မြောက်ဘက်တည့်တည့်မြွေကြီးနှစ်ကောက်ဘက်ကကြည့်ရင်တော့ သခင်မ မယ်ဥတောင်တော်နဲ့လယ်ကွင်းတွေ။ အရှေ့ဘက်မှာတော့ လယ်ကွင်းတွေ သစ်ကွင်းတွေနဲ့ မန်းလေးတောင်အောက်ဘက်မှာ ရှိတဲ့ ဘုန်းတော်တိုး ဒေါနဘွား […]


” မန်းလေးတောင် မြွေကြီးနှစ်ကောင်သွားကြည့်ရအောင်”   မန်းလေးတောင်နဲ့ပါတ်သက်ရင် ငယ်က အော်ဆိုခဲ့တဲ့သီချင်းလေးတပုဒ်ကတော့ အခုချိန် အထိအမှတ်တရ။ “မန်းလေးတောင်မြွေကြီးနှစ်ကောင်သွားကြည့်ရအောင်”ဆိုတာလေးပေါ့။ နောက်”မန်းမြေတောင်ပေါ်မှာလေ ပျော်စရာမို့သွားကြစို့လေ” ဆိုတာကလည်းထင်ရှားတဲ့သီချင်းတပုဒ်ပါဘဲ။ ဖေဖော်ဝါရီလဆန်းရက်တစ်ရက်မှာတော့ မန်းလေးတောင်ကိုဆိုင်ကယ်နဲ့တက်ဖြစ်ပါတယ်။ မန်းလေးတောင်အတက်လမ်းက တကယ်တမ်းပြောရရင် မတ်ပါတယ်။ ပိုဆိုးတာက တစ်ဆစ်ချိုးအကွေ့က ခေါက်ကွေ့ရတော့ အန္တရာယ်များပါတယ်။ ကိုယ့်ရှေ့က မောင်းတဲ့ယာဉ်က ကြောက်နေရင် နောက်ကလူက ဒုက္ခရောက်ပါတယ်။ မေမြို့တက်ရတာထက်ပိုခက်ခဲပါတယ်။ တောင်ပေါ်ရောက်ခါနီး လမ်းတစ်ဝက်မှာ ယာဉ်ဝင်ခ 200ကျပ်။ တောင်ပေါ်ရောက်တော့ ယာဉ်အပ်ခ300။ မြန်မာငွေသုံးရာကုန်ရင်မန်းလေးတောင်ပေါ်ကို ရောက်ပါတယ်။ ဆိုင်ကယ်တစ်စီးကို လူနှစ်ယောက်တက်တော့ တစ်ယောက်250နူန်းပေါ့။ ဓါတ်ဆီဘိုးကတော့ အသွားအပြန်တစ်ကွာတ ဆိုတော့800လောက်တော့ ကုန်ပါတယ်။ မန်းလေးတောင် မှာဓါတ်လှေကားရှိပေမယ့် အခါကြီးရက်ကြီးမှ ဖွင့်ပါတယ်။ စက်လှေကားကတော့ အမြဲဖွင့်တယ်ထင်ပါတယ်။. ကျနော်ကတော့ အတက်စက်လှေခါး။ အပြန်ကျတော့ ခြေလျင်ပါဘဲ။ ဘာလို့လဲဆိုတော့ ထူးဆန်းစွာတာက […]