“စိမ်းစိုလန်းရွှင် တောင်သမန်ဝန်းကျင်”   တောင်သမန်ရောက်တော့ မနက်နေကထွက်နေပြီ။ အဲဒါနဲ့အောက်ထဲဆင်းပြီး ဓါတ်ပုံစိတ်တိုင်းကျရိုက်ပါတယ်။ ဓါတ်ပုံရိုက်နေရင်းက လက်ပံပင်မှာအပွင့်တွေဝေနေတာကိုလှမ်းကြည့်လို်က်တော့ လက်ပံပင်နံဘေးမှာ အုတ်ရိုးအပျက်လက်ကျန်လေးတစ်ခု။ အဲဒါလေးကိုလက်ပန်ပင်နဲ့တွဲရိုက်လိုက်ပါတယ်။ အဲဒီအုတ်ရိုးလေးပေါ်ကတက်ကြည့်တော့ တောင်သမန်ရွာရယ် ဦးပိန်တံတားရယ်ကိုဝိုးတဝါးမြင်ရပါတယ်။ မြူမူံတွေဆိုင်းနေလို့ပါ။ ကြည့်နေရင်းက ဒီအုတ်ရိုးလေးအရှေ့ဘက်မှာရှိတဲ့ဘုရားလေးဆီကိုသွားချင်စိတ်ပေါက်လာပါတယ်။ အလာတုန်းက အဲဒီနားမှညောင်ပင်ကြီးတစ်ပင်ကိုလဲတွေ့ထားတာကိုး။ အဲဒါနဲ့လက်ပန်ပင်လဲရို်က်ပြီးရော ဆိုင်ကယ်ယူပြီး ဘုရားရှိတဲ့ဘက်ကိုထွက်လာခဲ့ပါတယ်။ ဘုရားနားရောက်တော့ ဘုရားဝင်းထဲဝင် ပြီး ဓါတ်ပုံရို်က်ဘို့လုပ်ရပါတော့တယ်။ ဘုရားတောင်ဘက်ထွက်လဲထွက်လိုက်ရော အောက်နားလေးမှာ ကျွဲနှစ်ကောင်ရယ် ဘဲခြံရယ်တွေ့လို်က်ပါတယ်။ အဝေးကိုလှမ်းကြည့်တော့ လှပတဲ့မြင်ကွင်းတွေကို သစ်ပင်တွေက ကွယ်နေပါတယ်။ အဲဒါနဲ့ဘုရားတောင်ဘက်ခြမ်းကိုထွက်လာလိုက်ပါတယ်။ အဲဒီကနေကြည့်တော့အမိုးအကာတွေပျက်စီးယိုယွင်းနေတဲ့ ရေတွင်းဟောင်းလေးတွေ့။ အဲဒါလေးကို လက်ဆော့။ ဟိုအဝေးကို လှမ်းကြည့်မိတော့ ပြာလွင်သောကောင်းကင် အစိမ်းနုရောင်ကောက်ပင်၊ နေရောင်ခလို ရွှေရောင်တွေကြွနေတဲ့ ရေပြင်။ ရေပြင်နဲ့လယ်ကွင်းကြားမှာရှိတဲ့ တောင်ယာတဲလေး မြူမူန်တွေကြားထဲကြောင့် ဝိုးတဝါးဖြစ်နေတဲ့မြင်ကွင်းတွေ့တော့ ကင်မရာခလုတ်နှိပ်ဘို့တောင် မေ့သွားသလို………………………..။ […]


“တောင်သမန်ကလက်ပန်ပင်”   တောင်သမန်အင်းမြောက်ဘက်က နေပြီး ဓါတ်ပုံတွေ စိတ်တိုင်းကျရိုက်ပြီးတဲ့အခါ လက်ပန်ပင်ကြီးကို လဲရိုက်ဘို့ သတိရလိုက်ပါတယ်.။ ဒီလက်ပန်ပင်ကတော့ ရတနာပုံတက္ကသိုလ်ကို တက်ဘူးသူတိုင်း၊ တောင်မြို့မှာနေသူတိုင်းသိတဲ့အပင်ကြီးပါဘဲ။ ထူးထူးခြားခြား လမ်းအလည်ခေါင်မှာ မတ်မတ်ရပ်နေတဲ့အပင်ကြီးပေါ့။ မနှစ်က ကျနော် ဒီအပင်ကြီးကို ရိုက်တင်ဘူးပါတယ်။ အဲဒီတုံးကတော့ လမ်းမပေါ်က နေ မတ်တပ်ရပ်ပြီးရို်က်တင်သွားတာပါ။ အခုတော့ ပုံစံအမျုိုးမျိုးနဲ့ပေါ့။ ကဲ  လက်ပန်ကို ခံစားလိုက်ကြပါအုံးနော်။ နောက်အားရင်တော့ ရွှေကြက်ယက်ဘက်က လက်ပန်တွေ ကန်ပတ်လမ်းက လက်ပန်တွေတင်ပေးပါအုံးမယ်နော်။ ကိုပေါက်လမ်းသလားရင်းလက်ဆော့ တော့ ရလာတဲ့ အတွေးပါးပါး (1-3-2012)          


ဒီနေ့ ကျနာ်ပိုစ်နှစ်ပုဒ်ပြည့်သွားပေမယ့် အထူးသတင်းမို့ စည်းကမ်းချိုးဖောက်လိုက်ပါသည်။ တစ်ရက် နှစ်ပုဒ်တက်ပိုမတင်ရဘူးဆိုပေမယ့် အထူးသတင်းမို့တင်ပေးလိုက်ပါသည်။ 78လမ်းလေယာဉ်ပျံကွင်းရှေ့မှ စောင့်ရိုက်ထားသောပုံများဖြစ်ပါ၏ အားရပါးရ ကြည့်ကြပါ.။   ကိုပေါက်လက်ဆောင်


 “သာမညတွေဖယ် လို့ အဓိက ကိုဘဲ တွယ်လိုက် ကြရအောင်ဗျာ”   ပြီးခဲ့တဲ ရက်က ကိုစိန်သော့ က ယာဉ်တို်က်မူ့နဲ့ပါတ်သက်တဲ့ပိုစ်လေးတစ်ခုတင်လာပါတယ်။ ဖတ်ပြီးသဘောကျ ဒါမျိုးတွေအများကြီးရှိတယ်ရေးသင့်တယ်ပေါ့။ တစ်ရက်တော့ ကျနော့် ဆီကို လူတစ်ယောက်ကဖုန်းဆက်လာပါတယ်။ တွေ့ချင်လို့ ပါတဲ့ ။ အကျိုးအကြောင်းမေးကြည့်တော့ သူနစ်နာတာကိုပြောပြချင်တာရယ် သူ့ဖြစ်ခဲ့တာကို အင်တာနက်မှာတင်ပေးဘို့ရယ်ပေ့ါ။ သူဆက်လာတဲ့အချိန်က ကျနော့်အလုပ်ချိန်ဖြစ်နေတော့ နောက်နေ့တွေ့ဘို့ချိန်းလိုက်ပါတယ်။ သူကားအက်ဆီဒင့်ဖြစ်တာ အလျော်လဲမရ ပိုင်ရှင်ကလဲ လာမတွေ့ သူ့မှာနစ်နာလို့ပေါ့။ ကျနော်က အချက်အလက်အထောက်အထားယူခဲ့ပါ မှန်ကန်တယ်ဆိုရင်ရေးပေးမယ်လို့ ပြောလိုက်ပါတယ်။ သူက တနင်္လာနေ့တွေ့မယ်ဆို ပြီး သူက ချိန်းလိုက်ပါတယ်။ တွေးကြည့်မိတော့ ကိုယ်က အမူ့ပွဲစား များဖြစ်နေပြီလားပေါ့။ သူနဲ့ချိန်းတဲ့နေ့မတိုင်ခင်တစ်ရက်မှာ ထပ်ပြီးဖုန်းဆက်လာပါတယ်။ တွေ့ချင်တယ်ပေါ့။ ဖြစ်ချင်တော့ ကျနော်ကလည်း အသိတစ်ယောက်နဲ့ 22စီလမ်းက လက်ဖက်ရည်ဆိုင်မှာချိန်းထားတော့ အဲဒီကိုလာခဲ့ဘို့မှာလို်က်ပါတယ်။ […]


    “လေးနှစ်တကြိမ် မှရောက်လာတတ်သော တောင်သမန်အင်းရဲ့ နံနက်ခင်းအလှ”   (29-2-2012)ဆိုတဲ့နေ့က ကမ္ဘာသုံးပြက္ခဒိန်မှာ လေးနှစ်မှ တစ်ကြိမ်သက်ရောက်တဲ့နေ့ထူးလေးပေါ့။ အဲဒီနေ့မနက်က လမ်းလျှောက်ရင်း ကနေ တောင်သမန်ကို မနက်စောစော တစ်ခါမှမသွားဘူးတာသတိရသွားတာနဲ့ရှမ်းကလေးကျွန်းဆက်မသွားဘဲလှည့်ပြန်ခဲ့ပါတယ်.။ ခါတိုင်းဒီလိုဥပုဒ်နေ့ဆိုရင် ရှမ်းလေးကျွန်းဘက်အထိ အတော်ဝေးဝေးလမ်းလျှောက်တတ်ပါတယ်။ အဲဒါနဲ့ဆိုင်ကယ်ယူ ပြီးတောင်သမန်အင်းဘက်ထွက်ခဲ့ပါတယ်။ အာဇာနည်ကုန်းနားရောက်တော့ လွမ်းသူ့ပန်းခွေချိတ်ထားတာတွေ့ရပါတယ်။ ဒါပေမယ်အပြန်မှရိုက်မယ်ဆိုပြီးဆိုင်ကယ်အမြန်မောင်းခဲ့ပါတယ်.။ နေအရုဏ်တက်မမှီမှာစိုးလို့။ ကျနော်ထွက်လာတော့ ခြောက်နာရီ တစ်ဆယ်ငါး။ လှမ်းကြည့်တော့ နေကရဲနေပြီ။ မမှီမှာစိုးတော့ ဆိုင်ကယ်ကို ဒုန်းမောင်းရပါတော့တယ်။ အစက တွက်ထားတာ တံတားနောက်ခံနဲ့ နေလုံးနီနီရိုက်ချင်တာ။. အခုတော့နောက်ကျသွားပါတယ်။ အဲဒါနဲ့ မြောက်ဘက်ခြမ်း အင်းအစပ်က ထန်းပင်အောက်မှာ ဆိုင်ကယ်ရပ်။ အပြေးအလွားလက်ဆော့တော့ ဒီပုံတွေရလာပါတယ်။ စိတ်ထဲမှာလဲ အတော်လေးကိုကျေနပ်သွားပါတယ်။ နောက်အဝေးကလှမ်းမြင်ရတဲ့ လက်ပန်ပင်ကို သွားရိုက်ဘို့ စိတ်ကူးလိုက် တဲ့အခါ…………………………..     […]


“ကျနော်ဘယ်နားကလမ်းလျှောက်ရမ လဲဗျာ”   ပြီးခဲ့တဲ့ရက်က နယ်က သူငယ်ချင်းတစ်ယောက်မန်းလေးရောက်လာပါတယ်။ သူက မုံရွာဘက်က လာတော့ 22စီလမ်းဘက်က သိရိမန္တာကား ဝင်းကြီးမှာ ကားဂိတ်ဆုံးပါတယ်။ ကျနော်ဆီဘယ်လိုလာရမလဲမေးတော့ လာခေါ်ရမလားမေးပေမယ့် မရောက်တာကြာလို့ လမ်းလျှောက်ချင်တယ်လို့ပြောပါတယ်။ နောက်သူက သယ်စရာ ခရီးဆောင်အိတ်တစ်လုံးဘဲပါလာတော့လာမကြိုနဲ့ဆိုပြောပါတယ်။. အဲဒါနဲ့သူနဲ့ကျနော်ဆုံရအောင် လမ်း30 80-81 ကြားကလက်ဖက်ရည်ဆိုင်မှာချိန်းလိုက်ပါတယ်။ သူအလွန်ဆုံးကြာ နာရီဝက်ပေါ့။ ကျနော်လဲသူနဲ့ဖုန်းပြောပြီး အတော်လေးကြာတာတော့ လက်ဖက်ရည်ဆိုင်ကနေသွားစောင့်နေလို်က်ပါတယ်။ မလာမလာ နဲ့စောင့်နေလိုက်တာ လမ်းများမှားသွားလားလို့တောင် ပူမိပါတယ်။ သူဖုန်းဆက်ပြီး တစ်နာရီကျော်ကျော်လောက်ကြာမှ မောကြီးပန်းကြီးနဲ့ရောက်လာပါတယ်။ ဘာလို့ဒီလောက်ကြာလဲဆိုတာကို မေးတော့ “လမ်းလျှောက်စရာနေရာမရှိလို့ပါတဲ့” လမ်းမပေါ်တက်လျှောက်တော့လဲ ကားတွေဆိုင်ကယ်ပြည့်ညှပ်နေတော့ မလျှောက်ရဲဘူးတဲ့ဗျာ။ သူကျနော်ကို မေးတဲ့မေးခွန်းက   “ကျနော်ဘယ်နားကလမ်းလျှောက်ရ မလဲဗျာ”တဲ့။ နောက်နေ့ ကျနော်အပြင်ထွက်ရင် ဟိုနားဒီနား တို့တို့တိတိနဲ့ လက်ဆော့ခဲ့ပါတယ်။ ဒီပုံတွေကိုပြန်ကြည့်လိုက်မှ သူမေးခွန်းကိုဘယ်လိုဖြေရမှန်းမသိဖြစ်သွားပါတယ်။. ကျနော်တို့ကသွားလေရာရာ […]


ရှေးကနဲ့မတူပါ…………………….(မန္တလေးက အာဇာနည်ဗိမ္မာန်) (29-2-2012)နေ့မနက် တောင်သမန်ကအပြန်မှာ (10-2-2012)နေ့ကမှ သန့်ရှင်းရေးတွေလုပ်ထားကြတဲ့ မန်းလေးက အာဇာနည်ဗိမ္မာန်မှာ ပန်းခွေလေးချိတ်ထားတာ မြင်မိပါတယ်။ အဲတော့ ကျနော်လဲ ဘယ်သူတွေလာပို့ထားပါသလဲဆို စိတ်ဝင်စားတာနဲ့သွားကြည့်မိတော့ဒီပုံတွေရလာပါတယ်။ ဘာဘဲပြောပြော ရှေးကနဲ့ မတူတော့တာတော့အမှန်။ ရလာတဲ့လွတ်လပ်ခွင့်ကို မှန်မှန်ကန်ကန်နဲ့ အကျိုးရှိရှိအသုံးချဘို့တော့လိုအပ်မယ်လို့တော့ အကြံပေးချင်ပါတယ်ဗျာ။   ကိုပေါက်လမ်းသလားရင်းလက်ဆော့တော့ ရလာတဲ့ အတွေးပါးပါး (1-3-2012)


“ပေါက်ပန်းပွင့်ချိန်ခါမီ တပေါင်းမိန်ရာသီ”   ဒီနေ့မနက်အလုပ်သွားတော့ ဘုရားကြီးစာတိုက်ကွေ့ကို နည်းနည်းလေးအကျော် ကျောက်လမ်းမပေါ်မှာ ကြွေကျနေတဲ့ပေါက်ပန်းပွင့်တွေကို တွေ့တော့ အပေါ်မော့ကြည့်မိပါတယ်။ အုးိ………………တပင်လုံး ပုစွန်ဆီဖျော့ဖျော့အသွေးနဲ့ပေါက်ပန်းပွင့်တွေဝေလို့ပါကလား။ ဒါဆိုရင် တပေါင်းရောက်ခါနီးပြီပေါ့။ တပေါင်းဆိုတာနဲ့လွမ်းစရာအကြောင်းလေးတွေက ရင်ထဲမှအစီအရီပေါ်လို့လာပါလေရော။   သင်္ကြန်ရေကို အကြိုထောက်တဲ့ပန်းက ပိတောက်ဆိုရင် မိန်တပေါင်းကို ကြိုဆိုတဲ့ပန်းက ပေါက်ပန်းလို့သတ်မှတ်ချင်ပါတယ်။ ကျနော်ပေါက်ပန်းပွင့်ရဲရဲလေးတွေကို ငယ်စဉ်ဘဝကတည်းက နှစ်သက်ခဲ့တာပါ။ ဟိုခပ်ငယ်ငယ်မြစ်ငယ်ဘက်မှာနေကြတုံးကပါ။ အခုလို ရာသီမျိုးမှာပေါ့ ……… ပုလိပ်ချည်မျှင်စက်ထဲက အဖေ့သူငယ်ချင်းအိမ် ကိုသွားကြတဲ့အခါ မြစ်ငယ်တံတားကိုကျော်ပြီး တောင်ဘက်ကိုရောက်တာနဲ့ လမ်းတစ်ဖက်တစ်ချက် မှာပေါက်ပင်တွေတန်းစီနေတာကိုတွေ့ရပါတယ်။ အရွက်နည်းနည်းလေးဘဲကျန်အောင၊် တစ်ပင်လုံးဖုံးအောင်ဝေနေအောင် ၊ ပွင့်နေတဲ့ပေါက်ပန်းပွင့်တွေမြင်ရင်အရမ်းကိုသဘောကျခဲ့တာပေါ့။ တကယ်တော့ပေါက်ပန်းဆိုတာ လှသာလှတယ် စားလို့လဲမရ မွှေးလဲမမွှေး။ ဒါပေမယ့် ကျနော်ကတော့ဒီအပွင့်လေးတွေမြင်တာနဲ့သဘောတွေကျနေခဲ့တာအမှန်ပါဘဲ။ (နောင်ကြီးလာတော့ စာအုပ်ထဲမှာပါတဲ့ ပြည်နှင့်အရေး ပေါက်နဲ့ကျေး ဆိုတာ ဒီပေါက်ပင်တွေကို ညွှန်းထားတာကိုသိရပြန်ပါတယ်။ ပေါက်ပင်အပွင့်က […]


    9 ရေထဲမှ အလည်ရောက်နေတဲ့နန်းမြို့ရိုးအရိပ်   “မန်းလေးက ရှေးအမွေ အမှတ်လေး”   မန်းလေးကျုံးပါတ်ပါတ်လည်ကို ရောက်တိုင်း ကြုံတိုင်းဓါတ်ပုံတွေရိုက်ပါတယ်။ အဲတော့ရိုက်တာတွေများတော့ မမှတ်မိဘူးဖြစ်ပြန်ရော။ အစကတော့ စဉ်ထားတဲ့အတိုင်းထဲ့ရင်း ကော်နက်ရှင်နှိပ်စက်တော့ ကမောက်ကမ။ အဲတော့ အပိုင်းလေးတင်ပေးလိုက်ပါတယ်။ ထပ်သွားရင် မှတ်မိအောင်တင်ပေးတယ်သဘောထားလိုက်ပါနော်။     ကိုပေါက်လမ်းသလားရင်းလက်ဆော့လို့ ရလာတဲ့ အတွေးပါးပါးလေး။ (28-2-2012)        


    “မန်းလေးက ရှေးအမွေ အပိုင်းသုံး”   တစ်ရက်နေ့လည်ဘက် မန်းလေးအနောက်ကျုံးဒေါင့် 26ဘီလမ်း ၊ လမ်း80အရောက် ဓါတ်ပုံရိုက်ချင်စိတ်ပေါက်လာတာနဲ့ အနောက်ကျုံးဒေါင့်ကနေစပြီး ရိုက်လာပါတယ်။ အဲဒီနေ့ညနေက ကောင်းကင်ကလဲ ပြာလဲ့။ ဒါနဲ့တောင်ကနေမြောက် ဆိုင်ကယ်စီးလိုက် ရပ်လိုက် လက်ဆော့လိုက်ပေါ့။ 24လမ်းနားရောက်တော့ မြို့ရိုးပေါ်က ထန်းတော ညိုညို။ (ရွာထဲက မောင်ပုအဖိုးရဲ့အဖေစိုက်ခဲ့တယ်ပြောတာဘဲ) လှမ်းကြည့်တော့ အမင်္ဂလာကိစ္စမှာသာသုံးတယ်ဆိုတဲ့အာဠဝီကိုလှမ်းမြင်ရ။ 24လမ်း နည်းနည်းလွန်တော့ မန်းလေးဂုဏ်ဆောင်(စာပေဟောပြောပွဲတွေ၊ဗုဒ္ဓဘာသာသင်တန်းတွေပေးတဲ့ )ဓမ္မဗိ္မာန်။ အာဠဝီကိုလွန်တော့ မြောက်ပြင်ဘက်က ပြအိုးတွေပစ္စင်တွေ ကို တွေ့တော့ လက်ဆော့။ အဲဒါနဲ့ 16လမ်းကျော်ပြီး 12လမ်း အနောက်မြောက်ကျုံးဒေါင့်ရောက်သွားပါတယ်။ အဲဒီနေရာရောက်တော့ မန်းလေးတောင်ကို လှမ်းမြင်နေရပါတယ်။ အင်မတန်ကို မမေ့နို်င်စရာလို့ ထင်မိပါတယ်။     ကိုပေါက်လမ်းသလားရင်းလက်ဆော့လို့ ရလာတဲ့အတွေးပါးပါး။ (28-2-2012)   […]


    “မန ္တလေးက ရှေးအမွေ အပိုင်းနှစ်”   ကျုံးဘေးမှာမွေးခဲ့ ကြီးပြင်းခဲ့တဲ့ကျနော်တို့က သူများနဲ့တွေ့ရင် “ငါတို့က ရွှေနန်းတော်ခြေကန်မွေးတဲ့ကောင်ကွ”လို့အသားလွတ်ကြွယ်တတ်ပါတယ်။ ကျနော်တို့ငယ်ငယ်က နွေအခါပူရင် ကျုံးနံဘေးက တည်ပင်(ရန်ကုန်ကတော့ ရေတမာလုို့ခေါ်၏) ပင်အောက်မှာ သွားဆော့။ အဲဒီတုံးက ကျုံးကမြေသား။ ညဆိုရင် ကျုံးဘေးက ရေစစ်ကန်ပေါ်၊ရေခပ်ဘို့ထိုးထားတဲ့ တံတားလေးပေါ်သွားထိုင်။ အင်မတန်မှလွမ်းစရာကောင်းသောအချိန်တွေပါ. နောက်တော့ ကွန်ကရစ်ဘောင်နဲ့အစားထိုးတော့ သဘာဝအလှပျက်စီးသွား။ အခုတော့ မပျက်သေးလို့ ကျန်နေ အစားမထုးိရသေးတာလေးတွေကို တင်ပေးလိုက်ပါရဲ့။   ကိုပေါက်လမ်းသလားရင်းလက်ဆော့တော့ရလာတဲ့အတွေးပါးပါး (27-2-2012)        


“ချစ်စထုံးနှောင် အပိုင်းလေး………ဇာတ်သိမ်း”   အချစ်ဆိုတာ ကို အမျိုးမျိုး အဓိပ္ပါယ်ဖွင့်တတ်ကြပါတယ်။ ဆန့်ကျင်ဘက် သဘောဆောင်လို့ပေါ့။ တစ်ချို့ကတော့ပေးဆပ်ခြင်းသက်သက်တဲ့၊ တစ်ချို့ကတော့ ပိုင်ဆိုင်ရမှတဲ့၊ တစ်ချို့ကတော့ အချစ်ဆိုတာ ဘဝမှာ တစ်ခါထဲဘဲပွင့်တဲ့ပန်းတဲ့။ တစ်ချို့ကတော့ အချစ်ဆိုတာ အကြိမ်ကြိမ်ပေါက်ဖွားခွင့်ရှိပါသတဲ့။ တစ်ချုို့ကတော့ အချစ်ဆိုတာ ဖန်တီးယူလို့မရဘူးတဲ့၊ သူ့အလိုလို တိုက်ဆို်င်မှ ပေါက်ဖွားလာတာပါတယ်။ အချို့ကလဲ အချစ်ဆိုတာ ပြုစုပျုးိထောင်ယူလို့ရပါသတဲ့။ အချစ်ဆိုတာပူလောင်ခြင်းတဲ့ အချစ်ဆိုတာအေးငြိမ်းခြင်းတဲ့ အချစ်ဆိုတာ နာကျင်ကြေကွဲစရာတဲ့ အချစ်ဆိုတာပျော်ရွှင်ကြည်နူးစရာတဲ့ အချစ်ဆိုတာ……………………………… အချစ်ဆိုတာ…………………………………… ပြောလို့ရေးဖွဲ့လို့ မဆုံးသလို။ အချစ်နဲ့ပါတ်သက်လို့ အနက်အမျိုးမျိုးဖွင့်ကြတာ ပြန်တွေးကြည့်တော့ မျက်မမြင်ပုဏ္ဏား ဆင်စမ်းသလိုပါဘဲ.။ ကိုယ်လက်နဲ့ထိမိသလောက်လေးအပေါ်မှာ အကဲဖြတ်ကြတယ်လို့ထင်ပါရဲ့။ တွေးရင်းတွေးရင်း အဖြေမရနိုင်ဘဲလည်ထွက်နေတာလဲ ဒီအချစ်ပါဘဲ။ အချစ်ကြောင့်ပျော်ရွှင် အချစ်ကြောင့်တက်ကြွ အချစ်ကြောင့်စိတ်အားတက် အချစ်ကြောင့် စိတ်ဆင်းရဲ အချစ်ကြောင့် မိန်းမော အချစ်ကြောင့် […]