6 ဦးပိန်ကို တောင်ဘက်ကနေ ဆော်ထည့်လိုက်တာ “တောင်သမန်က အလွမ်းမင်းသားကြီး” တောင်သမန်မှာဓါတ်ပုံရိုက်မယ်ဆိုရင် ဟိုးရှေးကတည်းကရှိတဲ့ သစ်ခြောက်ပင်ကြီးက မပါမဖြစ်။ အဲဒီသစ်ပင်နဲ့ဓါတ်ပုံတွဲရိုက်ထားတဲ့သူတွေလဲများမှများ.။ ကျနော်ကိုယ်တိုင်လဲဒီအပင်ကြီးကို သဘောကျ။ အရင်က တော့ ဟိုးအဝေးမှာရှိတဲ့ဘုရားက။ တံတားပေါ်က၊ တံတားအောက်က ပုံစံအမျိုးမျုးိနဲ့မှတ်တမ်းတင်ခဲ့ဘူးပါတယ်။ ဒီတစ်ခါတော့ အနီးကပ် သစ်ပင်ကြီးအောက်ထိရောက်ခဲ့ပါတယ်.။ အရင်ကအဲဒီနားသွားမယ်ကြံရင် လူတွေအမြဲပြည့်နေတော့ မသွားဖြစ်ပါဘူး။ ရက်ဆက်ပြီးတောင်သမန်ပါတ်ဝန်းကျင်ပုံတွေတင်တယ်ဆိုတော့ ပုံတွေထပ်ချင်ထပ်သွားနိုင်ပါတယ်။ ဒါပေမယ့် တစ်ပုံနဲ့တစ်ပုံ အမြင်နည်းနည်းလေးစီကွာပါတယ်။. ကြည့်လို့ ကြည်နူးတယ်ဆိုရင်တော့ ကျေနပ်ပါတယ်လို့ပြောရင် က က က ပေါ့နော်။ ကိုပေါက်လမ်းသလားရင်းလက်ဆော့ တော့ရလာတဲ့ အတွေးပါးပါးလေး (12-3-2012)
