ဒီတစ်ခါတော့ ရွာသူများနောက်ကလိုက်ခဲ့ပါပြီ။ ရိုက်ခဲ့ဘူးသမျှ  ပန်းတွေထဲကနေလှရာရာ ရွေးချယ်လို့ တင်ပေးလိုက်ပါတယ်။ တင်ဘူးလို့ မြင်ဘူးရင်လဲ မမြင်ဘူးသူအတွက်သာ သတ်မှတ်လိုက်ပါလို့ ပြောလိုက်ပါသနော်။     ကိုပေါက်လမ်းသလားရင်းလက်ဆော့ တော့ ရလာတဲ့ စနက်ရှော့။ (25-3-2012)  


               “အမှောင်ဒေါင့်ထဲမှ ချောင်းကြည့်ခြင်း”   ကျောက်တော်ကြီးဘုရားရောက်တဲ့ရက်မှာ ထိုင်နေရင်းက အလင်းတွေအမှောင်တွေကို မြင်တွေ့လိုက်ရပါတယ်။ အဲလို့ အလင်းရောင်သိပ်မရတဲ့နေရာမှာထိုင်နေရင်း ဘုရားဖူးတွေဖြတ်သွားဖြတ်လာ လုပ်တာကို ထိုင်ကြည့်နေမိပါတယ်။ ကြည့်နေရင်းက အလင်းရောင်အခုံးကြီးရဲ့အလယ်မှာ လူတွေဖြတ်သွားတာကိုလဲမြင်ရော အလယ်တည့်တည့် မိအောင် ဖမ်းပြီးရိုက်ကြည့်ပါတော့တယ်။ မိတာမိ မမိတာမမိပေါ့။ နောက်ဆုံးတော့ မိတာပါဘဲ။ ကြည့်နေရင်း တိုးရစ်အဖွဲ့တစ်ဖွဲ့ဖြတ်သွားတော့ သူတို့ အရိပ်တွေက နံရံမှာကပ်ထားတဲ့မှန်မှာလာပေါ်တာကိုမြင်လိုက်တော့ မှန်ထဲမှာလာထင်တဲ့ အရိပ်ကို မိအောင်ဖမ်းဘို့ အလုပ်ရသွားပြန်ပါတယ်။ မိတာမိ မမိတာမမိ။ နောက်ဆုံးတော့မိတာပါဘဲ။ ကျနော်ပြောချင်တာက ပုံကောင်းလေးတစ်ပုံရဘို့ စိတ်ရှည်လက်ရှည်နဲ့ ပုံပေါင်းများစွာကို ရိုက်ယူရ လက်ဆော့ ရတယ်ဆိုတာကိုပါ။     ကိုပေါက်လမ်းသလားရင်းလက်ဆော့ တော့ရလာတဲ့အတွေးပါးပါးလေး။ (24-3-2012)  


             “အလင်းအမှောင်အရောင်အရိပ်- တစ်”   ကျနော်ငယ်ငယ်က တည်းက ဓါတ်ပုံတွေကြည့်ရင် အလင်းအမှောင်ကိုစိတ်ဝင်စားပါတယ်။ ငယ်တုံးက ကြည့်ရတဲ့ မြဝတီ တို့ ငွေတာရီ တို့ဆိုတဲ့ မဂ္ဂဇင်းတွေမှာ ပါတဲ့ဓါတ်ပုံတွေက အဖြူအမဲတွေချည်းပါဘဲ။ အဲတော့ အလင်းအမှောင်သဘောက ပိုထင်ရှားပါတယ်။ ကျောက်တော်ကြီးဘုရားကိုရောက်တဲ့အခါ မှာ အလင်းပေါက်အကြီးကြီးတွေက နေကျလာတဲ့ အရိပ်တွေကြည့်ရင်း အခုလို လက်ဆော့ဖြစ်ပါတယ်။ သက်မဲ့အရာတွေက တော့ သူ့သဘောအတိုင်းသူရှိနေကြပါတယ်.။ ကျနော်တို့ ကသာ အမျိုးမျိုးဖန်တီးလို့ အရောင်တွေဆိုးကြတာကိုး။ ကဲ ကြည့်လိုက်ပါအုံး စက်အားကိုးနဲ့လူဆော့ထားတဲ့ ပုံလေးတွေကို။ နောက်ထပ်လဲ ဒီလိုပုံလေးတွေလာပါအုံးမည်။   ကိုပေါက်လမ်းသလားရင်းလက်ဆော့ တော့ရလာတဲ့အတွေးပါးပါး (24-3-2012)  


             “လင်းဝေနောက်ကလိုက်ခြင်း(ကောင်းမူ့တော်)”   ကျနော်ဘယ်သူနောက်ကလိုက်ရင်ကောင်းမလဲလို့စဉ်းစားနေတုန်း လင်းဝေက ကောင်းမူ့တော် ပိုစ်တက်လာပါတယ်။ အဲတော့လဲရေကန်အသင့်ကြာအတင့်ပါဘဲ။. နောက် ကိုဖက်ပေါ်တင်တဲ့အကြွေးပါတစ်ခါထဲဆပ်လိုက်ပါရဲ့။ (7-1-2012)တွေ့တော့ကိုဖက်က ကိုပေါက် ကောင်းမူ့တော် အဖြူနဲ့ရွှေလေး လုပ်ပေးပါအုံးဆိုခဲ့တာလေ။ ကဲ အခုတော့ အားလုံးအဆင်ပြေသွားပြီ။ ကိုင်း နောက်တစ်ခါ ဘယ်သူ့နောက်လိုက်မယ်ထင်ပါသလဲ။ ဒီပုံတွေအားလုံး တစ်ခါတော့တင်ပြီးသားနော.် ကိုပေါက်လမ်းသွားရင်းလက်ဆော့တော့ရလာတဲ့ အတွေးပါးပါးလေး (23-3-2012)  


ဒီပုံလေးတွေကတော့ 22-3-2012 နေ့မနက်ခင်းလမ်းလျှောက်ရင်း အမှတ်တမဲ့တွေ့လိုက်ရတာလေးပါ။ တစ်နေရာထဲမှာရိုက်ထားတာပါ။ အပြင်မှာက ဓါတ်ပုံထဲမှာထက်ပိုလှပါတယ်။ ဘာလို့လဲဆိုတော့ ကျနော်ရိုက်တာ နှက်တာမှာ လိုအပ်ချက်တွေရှိသေးလို့ပေါ့။ နောက်လှအောင်ကြိုးစားပါမည်။   ကိုပေါက်လမ်းသလားရင်းလက်ဆော့ တော့ ရလာတဲ့အတွေးပါးပါ။ (24-3-2012)


               “မောင်ပေနောက်ကလိုက်ခြင်း(တံတားအိုကလေး)”   အခုရက်လူက နည်းနည်းလေးအပျင်းထူနေပါတယ်။ စိတ်ကူးပေါက်သမျှလမ်းသလား။ လမ်းသလားတိုင်းလက်ဆော့။ အဲတော့ပုံတွေက အများကြီး။ ဝေးဝေးလံလံတော့ မဟုတ်ကိုယ့်နားပါတ်ဝန်းကျင်ပါဘဲံ.။ ဟိုရက်ကတော့ အဲဒီပုံတွေထဲက နေပြီး ကိုယ်ဖာသာကိုယ်နာမယ်ပေးထားတဲ့ “ဖိုတိုအက်ဆေး”ဆိုပြီးပုံတွေက ကဏ္ဍတစ်ခုစီခွဲလို့တင်ပါတယ်။ တင်ရင်းကနေပျင်းလာတော့ ပုံမတင်ဘဲနားထား။ အဲဒီရက်အတွင်းမှာ ရိုက်ထားသမျှသောင်းပြောင်းထွေလာ(ဒီစာလုံးလေးက လူထုဦးလှဆီက ယူသုံးတာပါ)ကို ရှင်းတာရှင်းဖျက်တာဖျက်လုပ်နေပါတယ်။ အဲလိုဟိုပြောင်းဒီပြောင်းလုပ်နေရင်း ရိုက်ထားပြီး မတင်ရသေးတာတွေကို ပြန်တွေတော့ တင်ဘို့ စဉ်းစားမိပါတယ်။ အဲဒီမှာ တက်သိမ်းအင်းက တံတားအိုလေးမြင်တော့မောင်ပေကိုသတိရမိပါတယ်။ ဒီနေရာလေးကို မောင်ပေတင်ဘူးတာကိုးဗျ။ အဲတော့ ပထမတစ်ခါ ရှင်ပင်ဆပ်သွားမှာ ကိုစိန်သော့နောက်ကလိုက်။ ဒုတိယတစ်ခါ မှန်ကန်ထဲက ငါးလေးမှာ မဝေနောက်ကလိုက်။ အခုတစ်ခါ တံတားအိုလေးမှာ မောင်ပေနောက်ကလိုက်။   ကဲ ကျနော့်ရှေ့ကသွားသူများ နောက်ကို ကျနော်ကတော့ လိုက်နေမှာပါဘဲ။ ပြန်စဉ်းစားမိတော့ […]


 ကြည့်နေမှသူက ပဲတွေများပြီး လှည့်ပါတ်ပြနေတာဗျာ              “မဝေနောက်ကလိုက်ခြင်း(ငါးကလေးများ)”   ဟိုနေ့က မဝေရိုက်ထားတဲ့ငါးလေးတွေမြင်တော့ သူများအိမ်အလည်သွားရင်း လက်ဆော့ခဲ့တာကို သတိရမိပါတယ်။ မဝေက ဒီငါးလေးတွေကိုရိုက်ဘို့ ကိုစိန်သော့ ကို အကြံပေးအရာရှိခန့်ခဲ့တယ်လို့ ပြောထားပြန်ပါတယ်။ ဟိုတစ်ခါ ရှင်ပင်ဆပ်သွားဘုရားသုံးဆင့် တုးံက ကိုစိန်သော့ကအရင် ကျနော်က နောက်ပို့စ်တွေတင်တော့ ကိုစိန်သော့နောက်ကလိုက်ခြင်းလို့ ခေါ်င်းစဉ်ပေးခဲ့ပါတယ်။ အခုလဲ မဝေ ငါးလေးတွေမြင်တော့ မဝေနောက်က လိုက်ခဲ့ပြန်ပြီ။၏ တိုက်ဆိုင်လိုက်တာနော်။     ကိုပေါက်လမ်းသလားရင်းလက်ဆော့ တော့ ရလာတဲ့အတွေးပါးပါး (14-3-2012)  


           “သနပ်ခါးလေးမှ ဆင့်ပွား၍ ပြန်ဆိုတေးများကိုသတိရမိခြင်း……………………..” (ကိုချောသို့တောင်းပန်ခြင်း) မခိုင်နဲ့ချက်တင်မှာစကားပြောတော့ သူသနပ်ခါးပိုစ်လေးရေးထားတာသိလိုက်ရပါတယ်။ သူနဲ့ပြောရင်း တစ်ပါတ်လောက် ဓါတ်ပုံရော ပို့စ်ရော မန်းတာရောနားအုံးမယ်လို့ပြောလိိုက်ပါတယ်။ မခိုင်ပိုစ်ကိုဖတ်ပြီး မမန်းတော့ဘူး လက်မတစ်ချောင်းထောင်ခဲ့တယ်ဆို သတင်းပေးလိုက်ပါတယ်။ တကယ်လည်းကောင်းလို့ပါ။ နေ့လည်ပိုင်းအားတော့ ကော်မင်းတွေဖတ်ကြည့်တော့ ကိုချောရဲ့ (ဗဒင်လိုလူကြီးက သနပ်ခါးလိမ်းတဲ့ ကောင်မလေးတစ်ယောက်အကြောင်းရေးပြီး ဂျေညီညီလိုလူကြီးက မုဒ် အပြည့်နဲ့ဆိုခဲ့တာ အာဇာနည် ကောင်းတယ်ဆိုတာ အလကားပါဗျာ။) ဒီကော်မင်းလေးကို ဖတ်မိလိုက်တော့  သီချင်းတွေပြန်ဆိုတဲ့အကြောင်းက ရင်ထဲကိုရောက်လာပါတယ်။ အစကတော့ ဒီစာပိုဒ်လေးနဲ့သက်ဆိုင်တဲ့ ဂျေညီညီ့ အကြောင်းတင်ကူးတင်ဘို့ပါဘဲ။ နောက်တော့ စိတ်ကူးပေါက်လာတာရယ် ကိုယ်ရေးထားတာကိုကြော်ငြာဝင်ချင်တာရယ်ကြောင့် “နားစည်ကိုထွင်း……………….”တစ်ပုဒ်လုံးကို ကော်ပီကူးတင်ပေးလိုက်ပါတယ်။ ကျနော်ရည်ရွယ်ချက်လဲအောင်မြင်ပါတယ်။ ဒီသီချင်းကို စိတ်ဝင်စားသူက ဘိုဘိုဟန်ုအကြောင်းမေးလာတော့ နောက်တပုဒ်တောင်ဆက်တင်ပေးလိုက်ရပါသေးတယ်။ ကိုပေါက်ကို လူသိပ်မသိခင် က ရေးထားဘူး တဲ့ ဒီလိုအဟောင်းအမြင်းလေးတွေကိုလဲ ဖတ်စေချင်တဲ့စိတ်ကလေးကလဲရာနုန်းပြည့်ရှိတော့ ကိုယ်ကို […]


“40 လေးဆယ် ၄၀” သူငယ်ချင်း အသက်လေးဆယ်ဆိုတာ ဟိုနိုင်ငံတွေမှာသာ ဘဝအစဆိုပေမယ့် မြန်မာပြည်မှာတော့ ကြာဆံတွေခေါင်းပေါ်တင်လို့ အိုမင်းခြင်းကိုစလက်ခံရတဲ့အရွယ်ပါဘဲ။ သူငယ်ချင်း   အသက်လေးဆယ်ဆိုတာ ခလေးဘဝက ဆရာမကို အဖြေလွှာပြသလို အမှန်ခြစ်ကလေး ရတာနဲ့ပျော်ပြရမှာမဟုတ်သလို ကြက်ခြေခတ်လေးတွေ့တာတာနဲ့ဝမ်းနည်းပြရမယ့်အရွယ်လဲမဟုတ်ပေါင်ကွယ်။ သူငယ်ချင်း     အသက်လေးဆယ်ဆိုတာ ဟိုမျက်မှန်နဲ့ကောင်လေးမေးသလို “အသက်လေးဆယ် လူတွေမေးတယ် ဘယ်တော့များမှစားရမှာလဲ” ဆိုတာလဲသဘာဝမကျ။ ဒီအရွယ်ရောက်မှတော့ အမြီးတော့ပေါက်သင့်သပေါ့။ သူငယ်ချင်း   အသက်လေးဆယ်ဆိုတာ လာမြှောက်ပေးရင်လဲ ဖောပေးလိုက် လာခြောက်ရင်လဲ ကောပေးလိုက် မြှောက်တက်သွားအောင်လဲမြှောက်မပေးနဲ့။ အောက်စိုက်သွားအောင်လဲဆောင့်မကန်လိုက်နဲ့ စလိုးအင်စတယ်ဒီဆိုတဲ့ ဘိုစကား မေ့ထားလို့မရတဲ့အရွယ်လေကွယ်။ သူငယ်ချင်း   အသက်လေးဆယ်ဆိုတာ လက်နဲ့ရွယ်တာနဲ့ မျက်ရည်ကျချင်လို့တော့မရဘူး။ လက်နဲ့တို့တာနဲ့ မျက်ရည်စို့ရမယ့်အရွယ်လဲလွန်ခဲ့တာကြာပေါ့။ သစ်ပင်တွေအပွေးတက်သလို ရင့်သထက်ရင့် ကျက်သထက်ကျက်အောင် ချက်ရမယ့်အရွယ်လေကွယ်။ သူငယ်ချင်း   အသက်လေးဆယ်ဆိုတာ တကယ်တော့ မသိခြင်းတရားနဲ့ဆယ်နှစ် နည်းနည်းသိသလိုလိုနဲ့ဆယ်နှစ် တော်တော်လေးသိသလိုလိုနဲ့ဆယ်နှစ် သေချာပြန်စစ်မှ […]


              “ဖတ်မိကြည့်မိတဲ့ မိတ်ဆွေအပေါင်း အောက်ပါမေးခွန်းများကိုဖြေဆိုပါ”   အစကတော့ တစ်ပါတ်လောက် ပုံမတင်စာမရေး နားအုံးမယ်လို့တော့ စိတ်ကူးထားပါတယ်။ ဒါပေမယ့်ဖြတ်သွားဖြတ်လာနဲ့တွေ့နေပြန်တော့ ရေးချင်စိတ်က ရုန်းကြွလို့လာပြန်ရော။ ရေးဘို့မြောက်ပေးသူကတော့ အန်ကယ်ဂျီး ပါဘဲ။ ပုံထဲမှာပါတဲ့ဆိုင်လေးက ပေါ်လာတာမကြာသေးပါဘူး။ ဒေါ်အောင်ဆန်းစုကြည်တို့ သားအဖ ရဲ ့ ဓါတ်ပုံတွေနဲ့ပင်နီအကျီတွေ အမှတ်တရပစ္စည်းတွေရောင်းတဲ့ဆိုင်ကလေးပါ။. 26ဘီလမ်းမ လမ်း80ဒေါင့် တောင်ဇလပ်ဟိုတယ်(အခုပိတ်ထားပါတယ်)၊ အရင်ဟောင်ကောင်စတိုးနဲ့မျက်နှာချင်းဆိုင်မှာဖွင့်ထားတာပါ။ ဒီဆိုင်လေးမှာ ဝင်ဝယ်ကြအားပေးသူတွေလဲရှိပါတယ်။ အခုချိန်မှာမှ ကိုယ်ချစ်တဲ့လေးစားတဲ့သူရဲ့ ပုံရိပ်တွေကို မြင်ခွင့် ဝယ်ယူသိမ်းထားခွင့် ရလာတာကိုး။ တွေ့ပါများတော့ ရင်ထဲမှာမေးခွန်းလေးတွေတန်းစီလို့လာပါတယ်။ (က)    အခုဖွင့်ထားတဲ့ဆိုင်က NLD အဖွဲ့ချုပ်ရန်ပုံငွေအတွက်အဖွဲ့အစည်းသို့မဟုတ် ရုံးခွဲတစ်ခုခုက လာဖွင့်တဲ့ဆိုင်ဘဲလား။ (လမ်းလေးဆယ် 84-85ကြားမှာတစ်ခါ ၊84×31 ဒေါင့်မှာတစ်ခါ အဖွဲ့ချုပ်ယူနီဖောင်းတွေနဲ့ သေသေသပ်သပ်တက်တက်ကြွကြွရောင်းသွားကြတာတော့ အားရဝမ်းမြောက်ဘွယ်ရာ မြင်ဘူးပါတယ်။ အားပေးသူတွေ ဝယ်ယူသူတွေ […]


             “သားကောင်းမိခင်”   ကျနော်တို့ မြန်မာအမျိုးသမီးများက “ သားကောင်းမိခင် “လို့အခေါ်ခံရရင် ဂုဏ်ယူလို့ကျေနပ်ကြပါတယ်။ သားကောင်းမိခင်လဲဖြစ်ချင်ကြပါတယ်။ သားကောင်းမိခင်ဆိုတဲ့အထဲမှာ မိမိမွေးထားတဲ့ရင်သွေးကို နို့ချိုဝလင်အောင် တိုက်ကျွေးနိုင်တယ်ဆိုတာလဲ အရေးပါတဲ့အချက်တစ်ခုပါဘဲ။ အဲလိုတိုက်ကျွေးနိုင်ဘို့ဘာလိုတယ်ဆိုတာကလဲ အများသိတော်မူတဲ့အတိုင်းပါဘဲ။ ဒီနေ့မနက်အလုပ်သွားရင်းလမ်းမှ နို့စားနွားမကြီးတစ်ကောင်တွေ့လိုက်တော့ စောစောက ပြောတဲ့ သားကောင်းမိခင်ဆိုတာကြိးကိုသွားသတိရလို်က်ပါတယ်။ ဒါနဲ့ဘဲဆိုင်ကယ်ရပ်လို့ လက်ဆော့တာပေါ့။ သိပ်အကြာကြီးတော့ရိုက်လို့ အဆင်မပြေ။ လမ်းဘေးမှာမွေးထားတဲ့နွားဆိုတော့ ပိုင်ရှင်က တမျိုးမြင်မှာလဲစိုးရသေးတယ်လေ။ ကဲ ရသလောက်လေးတင်ပေးလိုက်ပါတယ။်     ကိုပေါက်လမ်းသလားရင်းလက်ဆော့တော့ရလာတဲ့အတွေးပါးပါး (14-3-2012)    


             “အနားသတ်တောင်သမန်”   တောင်သမန်အင်းကတော့ နွေမိုးဆောင်းဥတုသုံးပါးလှတယ်လို့ဆိုနိုင်ပါတယ်။ အရင်ကတော့ နွှေဆိုရေခန်းမိုးဆိုရေပြည့် ဆောင်းမှာတော့ စိုက်ခင်းတွေဖြစ်။ အဲတော့ သုံးပန်လှတောင်သမန်လို့တင်စားခဲ့ကြပါတယ်။ တောင်သမန်နဲ့ပါတ်သက်တဲ့သီချင်း ကဗျာ တွေ၊ ဆောင်းပါးတွေ မရေမတွက်နို်င်အောင်ရှိခဲ့ပါတယ်။ အနုပညာသမားများရဲ့ ရင်ကို ခုန်အောင် တဒုန်းဒုန်းထုုနိုင်နှက်နိုင်တဲ့တောင်သမန်ပါဘဲ။ အထက်အညာလာတယ် မန်းလေးကိုလာတယ်ဆိုရင်တောင်သမန်ကိုမရောက်ရင် ပြည့်စုံသောခရီးတစ်ခုမဖြစ်နိုင်ပါဘူး။ ကျနော်တို့ငယ်ငယ်ကလဲ ဒီတောင်သမန်အင်းကို ငယ်စဉ်ကအလည်သွားကြ။ မယ်ဇယ်ပင်တန်းအောက်မှာဆော့ကြ။ အင်းရေစပ်စပ်မှာငါးမျှားကြ။ တက္ကသိုလ်ကျောင်းသားဘဝရောက်ပြန်တော့ သူငယ်ချင်းတွေ ချစ်သူတွေနဲ့ သွားကြ အကြော်ဆိုင်ထိုင်ကြ။ အခုလိုအရွယ်ရောက်ပြန်တော့ လည်း တောင်သမန်ဆိုတာနဲ့စိတ်ထဲမှာပူနွေးလို့လာ ငယ်ကအဖြစ်အပျက်တွေသတိရ။. အရွယ်သုံးပါးမရွေး စိတ်လှုပ်ယှားစေတဲ့တောင်သမန်ပါဘဲ။. အရင်ကတော့ တောင်သမန်ဓါတ်ပုံတွေမြင်တာနဲ့သဘောတွေကျခဲ့ရပါတယ်။ အခုကိုယ်တိုင်ဓါတ်ပုံတွေလက်ဆော့ချိန်မှာတော့ တောင်သမန်ရောက်တာနဲ့ ကင်မရာက အသင့်ပြင်ပြီးသား။ ဓါတ်ပုံရိုက်မယ်ဆိုတာနဲ့တောင်သမန်ကစိတ်ထဲရောက်ပြီးသား။ အဲတော့တောင်သမန်နဲ့ပုံတွေကျနော်အများကြီးရိုက်ဘူးပါတယ်။ ရိုက်တိုင်းလဲလှပသောပုံတွေကိုရပါတယ်။ လှသောပုံတွေရခြင်းရဲ့ လျှို့ဝှက်ချက်ကတော့ ကျနော်ဓါတ်ပုံတွေကို စိတ်ဝင်စားတဲ့၏ ချစ်တတ်လာတဲ့အချိန်ကတည်းက “ဘယ်နားလေးမှာတော့ […]


           ‘ဒါတွေကတော့ ကျနော်တို့ဟာတွေထင်တာဘဲ”   မယ်ပုရဲ့သစ်ခွပန်းပိုစ်ကိုဖတ်မိတော့ ကျနော်တို့ရဲ့သယံဇာတတွေဆုံးရှူံးတာ မတန်တဆနဲ့သူများဆီရောက်သွားတာကို ဖတ်ရတော့ အတွေးလေးတွေပွားမိပါတယ်။ မြန်မာပြည်က ပြောင်းဖူးကိုဈေးပေါပေါရောင်း။ ဟိုဘက်က မုန့်ပုံးတွေလုပ်ပြီး ဈေးကြီးကြီးနဲ့ပြန်ဝယ်စားကြရတယ်။ ဒီဘက်က သစ်တွေအလုံးလိုက်ထုတ်။ ပြီးတော့မှကုန်ချောနဲ့ပြန်ဝင်တော့ဈေးကြီးပေးဝယ်။ 2010မေလ ရွှေလီရောက်တော့ တံတားအဆင်းမှာ သစ်ပင်တွေစိုက်နေတာ။ အပင်အကြီးတွေကို အပင်လိုက်ကြီးနုတ်လာပြီးစို်က်တာလေ။ နုတ်လာတဲ့အပင်က မြေကြီးတွေတောင် အိတ်နဲ့ထည့်လာတာ။ ပိန္နဲပင်ဆိုရင် အသီးလေးတွေတောင်ပါတယ်။ နောက် ပန်းပုလုပ်တဲ့အိမ်ရှေ့မှလဲ သစ်မြစ်ဆုံတွေပုံထားလိုက်တာ အများကြီးဘဲ။ မြန်မာစကားပုံကြားဘူးတယ်မလား။ ဥစ္စာပျောက်ငရဲရောက်တဲ့။            ‘ဒါတွေကတော့ ကျနော်တို့ဟာတွေထင်တာဘဲ”   ကျနော်လဲ အဲလိုဖြစ်ခဲ့ရပါသဗျား။     ကိုပေါက်လမ်းသလားရင်းလက်ဆော့တော့ရလာတဲ့အတွေးပါးပါး (13-3-2012)