“ဖျပ်ကနဲ ရန်ကုန် အပိုင်းတစ်” (ပူူဇော်ကန်တော့)

1-ပူဇော်ကန်တော့

1 ကျနော်တို့ အလေးအမြတ်ထားတဲ့ယုံကြည်ကိုးကွယ်တဲ့ ရွှေတိဂုံစေတီတော်
2အင်းလျားကန်စပ်မှ ရွှေတိဂုံသို့ရည်မှန်းကာ ကန့်တော့နေသူ(နံနက်အရုဏ်တက်)
3 ရွှေတိဂုံရင်ပြင်တော်ပေါ်မှာ ကန်တော့ နေသူများ
4 ကန်တော်ကြီးပါတ်လမ်းပေါ်ကနေ ရွှေတိဂုံဘုရားကိုရည်စူး၍
5 ရွှေတိဂုံဘုရား ညဦးပိုင်းမှာ ပူူဇော်ကန့်တော့နေသူ
6 ဗဟန်ုးသုံးလမ်းထိပ် ရွှေတိဂုံဘုရားတည့်တည့်မှ နံနက် အာရုဏ်တက်တွင် ပူူဇော်ကန်တော့ နေသူ
7 ဒီပုံလေးကလဲ ရွှေတိဂုံဘုရားရှေ့တည့်တည့်မှာပါဘဲ
8 ဒီပုံလေးရဲ့တည့်တည့်မှာတော့ ရွှေတိဂုံဘုရား

“ဖျပ်ကနဲ ရန်ကုန် အပိုင်းတစ်” (ပူူဇော်ကန့်တော့)

ကျနော်ရန်ကုန်ကိုဒီတစ်ခေါက်အရောက်မှာ မနက်ပိုင်း (5)နာရီလောက်မှာအိပ်ယာထလို့

လက်ဆော့ဘို့ထွက်ပါတယ်။

ဒီတစ်ခါ ထူးထူးခြားခြား ရွှေတိဂုံဘုရားကို သွားချင်စိတ်ပေါ်မိပါတယ်။

ဒါနဲ့ နေ့လည်ဘက်မှာ တစ်ရက် နံနက်ခင်းတစ်ရက် ညဘက်တစ်ရက်

သုံးကြိမ်ရောက်မိတဲ့အခါ တကယ့်ကို ရင်ထဲက ဆန္ဒနဲ့ ဦးခိုက်ပူဇော်ကန့်တော့ နေတဲ့သူတွေကို မြင်တွေ့ရတဲ့အခါ

လေးစားကြည်ညိုစိတ်နဲ့ ဒီပုံလေးတွေကို တင်ပေးလိုက်ပါတယ်။

 

 

ကိုပေါက်ရဲ့ စနက်ရှော့ မဟုတ်တဲ့လက်ဆော့

(9-1-2012)

 

11 comments

  • တောင်းပန်ရရင်ဖြင့် ကျနော်ဒီပုံမှာ ပါဝင်နေသူကို ခွင့်မတောင်းခဲ့မိပါဘူး။
    သို့သော် ပါဝင်သူများအား လေးစားစိတ်ဖြင့် တင်ပေးတာဖြစ်ပါတယ်။
    အကယ်၍ပါဝင်သူများမှ ဒီပုံတွေကို ကြည့်ဖြစ်ခဲ့ရင် ခွင့်လွှတ်စေလိုပါတယ်။

    Reply

    • Moe Z

      January 10, 2012 at 10:38 am

      ခွင့်လွှတ်ပါတယ် .. ခွင့်လွှတ်ပါတယ် (ပါဝင်သူများကိုယ်စား) 😀

      ကျေးဇူးပါလေးပေါက်ရေ စိတ်ကြည်နူးစရာမြင်ကွင်းလေးတွေအတွက်

      Reply

  • nozomi

    January 9, 2012 at 5:45 pm

    တွေ့တတ် ၊ ရိုက်တတ် ၊ တင်တတ်ပါ့ ဦးပေါက်ရေ
    အင်းလျားကန်ဘေးက ပုံလေးကတော့ အကြိုက်ဆုံးပါပဲ

    Reply

  • ငပေါက်ဖော်

    January 9, 2012 at 5:59 pm

    မန်းလေးပြန်ရောက်ပြီမိုလို ့..လေးပေါက်ကြီး ဖလန်းဖလန်း ဖြစ်နေပြီ
    ရန်ကုန်နတ်နဲ ့တော့ ဖလန်းဖလန်း လုပ်လို ့မရ…
    အာသဝေါတရား ကုန်ခမ်းသွားနိုင်တယ်..

    Reply

  • windtalker

    January 9, 2012 at 7:09 pm

    ခွေးမလွှတ်ဘူးဗျာ
    ခင်ဗျား တင်ထားတဲ့ နောက်ဆုံးပုံထဲမှာ
    ပူဇော်နေတာ က ကျုပ် ညီရဲ ့သူငယ်ချင်း ရဲ ့ဂျီးဒေါ် ဗျ
    လုံးဝဘဲ
    ညှင်းညှင်း

    Reply

  • ရွှေဘိုသား

    January 9, 2012 at 7:21 pm

    ရှယ်တွေကို ရန်ကုန်ကနေ သယ်သွား ရွှေမန်းကျမှ ချပြတယ်နော် အင်းပေါ့လေ ရန်ကုန်ကွန်နဲ့ဆို လုပ်လို့မှမရတာ ရန်ကုန်ကွန်နက်ရှင်သာစောင့်ပြီးတင်းရင် လေးပေါက်နောက်တစ်ယောက်ထပ်ရနို်င်တယ်

    Reply

  • Thel Nu Aye

    January 9, 2012 at 7:55 pm

    ရန်ကုန်ရှု့ခင်းကမန်းလေးရှု့ခင်းလောက်မလှဘူး။ ကိုပေါက်တွေ့လား။

    Reply

  • MaMa

    January 9, 2012 at 8:08 pm

    ကိုပေါက်က ဓာတ်ပုံတွေချည်း ရိုးရိုးရိုက်ပြရုံတင် မဟုတ်ဘူး။
    စုစည်းတင်ပြတာ သရုပ်ဖော်စာတွေ တွဲထည့်တတ်တာကြောင့် ပိုကောင်းသွားတယ်။ 🙂

    Reply

  • padonmar

    January 9, 2012 at 11:23 pm

    အဲဒါ ဗဟန်း၃လမ်းမှတ်တိုင်ပေမယ့် လမ်းက ကြားတောရလမ်းမလား၊
    (သန်လျင် သွားတုံးက ကျွန်မကို ဝင်ခေါ်တဲ့ လမ်းလေ)
    အရှေ့မုခ်တည့်တည့်ကနေ ကြည့်မှ ဘုရားကို ကောင်းကောင်းဖူးနိုင်တာ။

    Reply

  • pooch

    January 10, 2012 at 12:52 am

    ထေရဝါဒဗုဒ္ဓဘာသာ တိုင်းပြည်ဆိုတော့လည်း မိုးလင်းတာနဲ့ ဘုရားဝတ်ပြုနေကြပြီ မြင်ရတာကိုက ကြည်နူးစရာ …

    လေးပေါက် စိတ်ကူး တကယ်ကောင်း…ဂွတ်ရှယ်..

    လေးပေါက်ကိုတော့ အံ့ဩတယ် အိပ်ရေးရော ဝအောင်အိပ်ရဲ့လားမသိဘူး အစောကြီး ထပြီး ရိုက်နိုင်တယ်
    ရောက်ရာနေရာမှာ ဝါသနာ တားမရဆိုသလိုပါပဲလားနော်…

    Reply

  • ရန်ကုန်ရောက်တုန်းက မြောက်ဥက္ကလာ (စွယ်တော်ဘုရားနားလေး)မှာတည်းတာလေ။
    မနက်ငါးနာရီထ လမ်းဝမှတ်တိုင်သွား။
    သွားချင်တဲ့နေရာကိုစပယ်ယာတွေမေးပြီးစီး။
    အဲလိုသွားခဲ့တာလေ။
    တစ်ရက်ရွှေတိဂုံသွားတာ ဆူးလေထိပါသွားရော။
    ဘယ်ရမလဲ ဆူးလေနဲ့မြို့တော်ခန်းမနေရာတွေကိုမှောင်မှောင်မဲမဲထဲရိုက်လာတာပေါ့။
    ပြီးမှရွှေတိဂုံဆက်သွားတာလေ။
    တည်းအိမ်မှာ ညအိပ်တယ်ဆိုရုံလေးဘဲ။

    Reply

Leave a Reply

Your email address will not be published.