klnMay 8, 20101min00
GSM နှင့် CDMA 450 MHz (ကမ်းရိုးတန်း)တစ်ခါသုံးဖုန်းကတ်များဝယ်ယူရာတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်းပြသရမည့်အပြင် မိတ္တူနှစ်စောင်ကိုပါ ဝယ်ယူသည့်ဆိုင်တွင် ပေးအပ်ရမည်ဟု တစ်ခါသုံးဖုန်းကတ်အရောင်းဆိုင်များနှင့် ဝယ်ယူရာသုံးစွဲခဲ့သူများက ပြောကြားသည်။ တစ်ခါသုံးဖုန်းကတ်များ ရောင်းချပေးရာတွင် ဝယ်ယူသုံးစွဲသူများ၏ နိုင်ငံသားကတ်မူရင်းကို စစ်ဆေးရန်နှင့် မိတ္တူနှစ်စောင်ကိုပါ တောင်းယူထားရန် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ဒေသအာဏာပိုင် အဖွဲ့အစည်းများက ညွှန်ကြားထားကြောင်း ရန်ကုန်မြို့တော် အခြေစိုက်ဖွင့်လှစ်ထားသော မိုဘိုင်းလ်ဖုန်းအရောင်းဆိုင်များထံမှ သိရှိရသည်။ “Mobile King ဆိုင်မှာ FEC 50တန်သွားဝယ်တာနိုင်ငံသားကတ်မပါလို့ မဝယ်ခဲ့ရဘူး။ ယာဉ်မောင်းလိုင်စင်ပြလို့လည်းမရ၊ ဝန်ထမ်းကတ်ပြလို့လည်း မရဆိုတော့ မဝယ်ခဲ့ရဘူး” ဟု ပုံနှိပ်မီဒီယာတစ်ခုတွင် မန်နေဂျာအဖြစ် တာဝန်ထမ်းဆောင်နေသူတစ်ဦးကဆိုသည်။ FEC 50 တန် ဖုန်းကတ်တစ်ကတ်လျှင် ကျပ် ၅၅၀၀၀၊ FEC 20 တန် တစ်ကတ်လျှင် ၂၁၀၀ဝနှုန်းဖြင့် မေလ ၅ရက်နေ့တွင် […]


klnMay 8, 20101min00
ပညာရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ဖွင့်လှစ်ခွင့်ရသော ပုဂ္ဂလိကအခြေခံပညာ အထက်တန်းကျောင်းများတွင် ကျောင်းသားတစ်ဦးအတွက် တစ်နှစ်ကျောင်းလခစရိတ်သည် အနည်းဆုံး ငွေကျပ် ၂၅သိန်းမှ သိန်း ၃ဝအထိပေါက်ဈေးရှိနေကြောင်း အဆိုပါပုဂ္ဂလိကကျောင်းများထံမှ သိရသည်။ ပုဂ္ဂလိက အခြေခံပညညအထက်တန်းကျောင်းအဖြစ် ပြောင်းလဲဖွင့်လှစ်ခွင့်မရသေးခင်က ဘော်ဒါဆောင်များအဖြစ်ရပ်တည်ခဲ့စဉ်က ကျောင်းသားတစ်ဦးအတွက် တစ်နှစ်ကျောင်းလခမှာ အနည်းဆုံး ငွေကျပ် ၁၈သိန်းမှ ၂၂သိန်းအကြားသာရှိခဲ့သော်လည်း ယခုပုဂ္ဂလိကအခြေခံပညာအထက်တန်းကျောင်းများအဖြစ် ပြောင်းလဲဖွင့်လှစ်ခွင့်ရချိန်တွင် ကျောင်းလခနှုန်းထားများ မြင့်တက်သွားခြင်းဖြစ်ကြောင်း ဘော်ဒါဆောင်များဖွင့်လှစ်ထားသည့် ရန်ကုန်မြို့၏ နာမည်ကျော်ဘာသာရပ်သင်ဆရာများထံမှ စုံစမ်းသိရှိရသည်။ ပုဂ္ဂလိကအခြေခံပညာအထက်တန်းကျောင်းများ ပေါ်ထွန်းလာခြင်းသည် ပညာရေးအတွက် အထောက်အကူပြုနိုင်မည်ဖြစ်သော်လည်း စီးပွားရေးဆန်သော ပညာရေးဈေးကွက်ကြီးအဖြစ် အသွင်ပြောင်းသွားလျှင် ပညာရေးအတွက် များစွာ ဆုတ်ယုတ်မှုများ ဖြစ်ပေါ်နိုင်သည်ဟု အငြိမ်းစားအခြေခံပညာအထက်တန်းကျောင်းဆရာတစ်ဦးက သုံးသပ်ပြောကြားခဲ့သည်။


klnMay 8, 20101min01
ပြည်တွင်းဈေးကွက်တွင် အမေရိကန်ဒေါ်လာနှင့် မြန်မာငွေလဲလှယ်နှုန်းထားတွင် မြန်မာငွေတန်ဖိုး စံချိန်တင်တက်လျက်ရှိပြီး အမေရိကန်ဒေါ်လာတန်ဖိုး ကျဆင်းလျက်ရှိသောကြောင့် အရောင်းအဝယ်နှေးကွေးသွားကြောင်း ရန်ကုန်နိုင်ငံခြားငွေလဲဒိုင်များထံ ဆက်သွယ်မေးမြန်းချက်များအရ သိရှိရသည်။ ပုံမှန်အားဖြင့် အမေရိကန်တစ်ဒေါ်လာလျှင် မြန်မာငွေကျပ် ၁၀၀ဝပတ်ဝန်းကျင်တွင် ရှိခဲ့သော်လည်း ဧပြီလလယ်မှစပြီး ဒေါ်လာဈေးများကျဆင်းလာကာ တစ်ဒေါ်လာလျှင် မြန်မာငွေ ၉၉ဝကျပ်အောက်သို့ ကျဆင်းသွားကြောင်း ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တစ်ဦးကဆိုသည်။ လတ်တလောဈေးကွက်တွင် အမေရိကန်ဒေါ်လာ မြန်မာငွေ ၉၈ဝကျပ်ဈေးပေါက်ပြီး အက်ဖ်အီးစီဈေးနှုန်းမှာလည်း အမေရိကန်ဒေါ်လာပေါက်ဈေးနှုန်းနှင့် ထူးခြားစွာတူညီနေကြောင်း ဈေးကွက်သတင်းအချက်အလက်များအရ သိရှိရသည်။ အမေရိကန်ဒေါ်လာဈေး စံချိန်တင်ကျဆင်းပြီး မြန်မာငွေဈေးတက်နေရခြင်းမှာ ပြည်တွင်းတွင် နိုင်ငံခြားငွေစီးဆင်းမှုများပြားခြင်း၊ ပို့ကုန်၊ သွင်းကုန်လုပ်ငန်းများ အနည်းငယ်တုံ့ဆိုင်းနေခြင်း၊ နယ်စပ်ကုန်သွယ်ရေး ကျဆင်းခြင်းအပါအဝင် ပြည်တွင်းစီးပွားရေးလုပ်ငန်းများ စီးပွးရေး လည်ပတ်မှုအေးစက်နေခြင်း တို့ကြောင့်ဖြစ်ကြောင်း ရန်ကုန်အခြေစိုက်စီးပွားရေးလုပ်ငန်းရှင်ကြီး တစ်ဦးက ပြောကြားသည်။ ပြည်တွင်းစီးပွားရေးပညာရှင်တစ်ဦးကမူ စီးပွားရေးတိုးတက်မှုများလျှင် ပြည်တွင်းသုံးငွေကြေးခိုင်မာမှုများပြီး ငွေတန်ဖိုးတက်ကြောင်း၊ သို့ရာတွင် ယခုမြန်မာငွေတန်ဖိုးတက်ခြင်းသည် […]


klnMay 7, 20101min01
ထိုင်းနဲ့တရုတ်နယ်စပ်တွေဘက်ကိုလူကုန်ကူးခံရတဲ့ ဖြစ်စဉ်တွေမှာ ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းတွေက အဓိကပါဝင်ပတ်သက်နေတယ်လို့ ဖြစ်စဉ်တွေကို ကိုးကားပြီး လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့၊ ဒုတိယဌာနမှူး၊ ဒုတိယရဲမှူးကြီးရာလျန်မုန်းကပြောပါတယ်။ သူက ‘လူကုန်ကူးမှုဖြစ်စဉ်တွေကို လေ့လာလိုက်တဲ့အခါအဓိကအားဖြင့်မော်တော်ယာဉ်လိုင်းပေါင်းစုံနဲ့ ထိုင်းနယ်စပ်ကို သယ်ဆောင်ခံရတဲ့လူမှောင်ခိုမှုကနေလူကုန်ကူးခံရတာတွေဖြစ်နေတာတွေ့ရတယ်’လို့ပြောပါတယ်။ လက်ရှိမှာ ကြုံတွေ့ရတဲ့ဖြစ်စဉ်တွေကို ကြည့်ရင်လင်းမယားသမီးရည်းစားပုံစံဟန်ဆောင်ပြီး တရုတ်နိုင်ငံကိုပို့ဆောင်ရောင်းစားတာ၊ မိန်းကလေးငယ် သုံးလေးယောက်ကို အဝေးကနေထိန်းချုပ်ပြီးနယ်စပ်အထိ ပို့ဆောင်တာ၊ ဆွေမျိုးတွေစုပေါင်းပြီးလူရောင်းဝယ်လုပ်တာတွေဖြစ်ပါတယ်။ ဖြစ်စဉ်အများစုက ကားနဲ့ သယ်ဆောင်ပြီး နယ်စပ်ကို ရောက်သွားတာတွေဖြစ်လို့ ယာဉ်မောင်းနဲ့မော်တော်ယာဉ်ခရီးသွားလုပ်ငန်းမှာ လုပ်ကိုင်နေသူတွေအနေနဲ့ သံသယဖြစ်စရာတွေ့ရင် လူကုန်ကူးမှု ကာကွယ်ရေးအထူးအဖွဲ့ဖုန်းနံပါတ်တွေကို ဆက်သွယ်တိုင်ကြားနိုင်ပါတယ်။ ခရီးသွားပို့ဆောင်ရေးလုပ်ငန်းတွေမှာ သွားရင်းလာရင်း ဆက်သွယ်သတင်းပေးနိုင်အောင်လက်ကမ်းစာစောင်တွေလည်း ဖြန့်ဝေပေးထားပါတယ်။ သည်စာစောင်ထဲမှာနယ်စပ်ဒေသတွေ အပါအဝင်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအထူးအဖွဲ့ ရဲ့ဖုန်းနံပါတ်တွေထည့်သွင်းထားတာတွေ့ရကြောင်း ၂၀၁ဝခုနှစ် မေလ ရရက်နေ့ထုတ် မော်ဒန်ဂျာနယ်တွင်ဖော်ပြထားပါသည်။


klnMay 7, 20101min01
ရာသီချိန်မှာ အရောင်းသွက်နေတဲ့ အီလက်ထရွန်းနစ်ပစ္စည်းတချို့ကို နာမည်ကြီးတံဆိပ်ပုံစံမျိုးပြောင်းပြီး ရောင်းချမှုတွင်ကျယ်နေကြောင်း သိရတယ်။ ခုလိုအချိန်မှာအဲကွန်း၊ ရေခဲသေတ္တာကအရောင်းသွက်နေတာကြောင့် ဒါတွေကို တံဆိပ်ပြောင်းရောင်းတာပါ။ ဂျပန်အဲကွန်းတစ်ကောင်အားဆိုရင် ကျပ်သုံးသိန်း၊ တစ်ကောင်ခွဲဆိုရင်သုံးသိန်းကိုးသောင်း၊ သူ့ထက်မြင့်တာလေးသိန်းသုံးသောင်းရှိပါတယ်။ တရုတ်အဲကွန်းတစ်ကောင်အားဆိုရင် နှစ်သိန်းဝန်းကျင်၊ တစ်ကောင်ခွဲဆိုရင် နှစ်သိန်းလေးသောင်းဝန်းကျင်ပါ။ တရုတ်တံဆိပ်ကို ဂျပန်တံဆိပ်နဲ့ပြောင်းရောင်းတဲ့အတွက် ရှစ်သောင်း၊ တစ်သိန်းလောက်အမြတ်ရရှိတယ်လို့သိရတယ်။ မသမာတဲ့နည်းနဲ့ရောင်းတဲ့ဆိုင်တချို့ဟာ တရုတ်အီလက်ထရွန်းနစ်ကိုတံဆိပ်ပြောင်းလဲရာမှာ ဘူးခွံကို တံဆိပ်အသစ်ရိုက်ဖို့စက်ရုံအပ်တယ်။ ပစ္စည်းဘော်ဒီမှာ ကပ်ထားတဲ့တံဆိပ်ကိုခွာပြီးလိုချင်တဲ့တံဆိပ်ကို ပြောင်းကပ်ပါတယ်။ နောက်ကျောတံဆိပ်ကိုစတေကာပြန်ကပ်ပါတယ်။ ရီမုတ်ဒ်အမျိုးအစားအမှန်ကိုလည်း ဆေးမှုတ်ပြီးတံဆိပ်ပြောင်းရိုက်တာပါ။ ကတ်တလောက်ကိုကွန်ပျူတာနဲ့ရိုက်ပြီးမိတ္တူထည့်ကြတယ်လို့ဆိုကြောင်း ၂၀၁ဝခုနှစ် မေလ ရရက်နေ့ထုတ် မော်ဒန်ဂျာနယ်တွင်ဖော်ပြထားပါသည်။


klnMay 7, 20101min02
မော်တော်ဆိုင်ကယ်ကြောင့် ဒဏ်ရာရထိခိုက်သေဆုံးမှုများအများဆုံးဖြစ်ပွားနေသော နေပြည်တော်တွင် ယခုလ ၁ရက်နေ့မှစ၍ မော်တော်ဆိုင်ကယ်ဝင်ရောက်ခြင်းကို ကန့်သတ်သည့်နေရာနှစ်ခုသတ်မှတ်လိုက်သည်။ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို စနစ်တကျ ကြပ်မတ်ထိန်းသိမ်းရန်နှင့် ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရသေဆုံးမှုများ လျော့နည်းပပျောက်စေရန် ရည်ရွယ်လုပ်ဆောင်နေရာနေပြည်တော် ရာဇသင်္ဂဟ အဝိုင်းမှသည် နေပြည်တော် စည်ပင်သာယာဧည့်ရိပ်သာအထိနှင့် ဘောဂသီရိအဝေးပြေးကားဝင်းမှသည် ရန်ကုန်- မန္တလေးအဝေးပြေးကားလမ်းအထိ နေရာနှစ်နေရာကို မော်တော်ဆိုင်ကယ်မဝင်ရ ကန့်သတ်နေရာများအဖြစ်သတ်မှတ်လိုက်သည်။ နေပြည်တော် ယာဉ်ထိန်းရဲတပ်ဖွဲ့ပညာပေးရေးနှင့် စည်းကမ်းသတ်မှတ်ရေးဆပ်ကော်မတီက ယခုလ ၁ရက်မှစ၍ ပညာပေးကာလ နှစ်ပတ် သတ်မှတ် လုပ်ဆောင်သွားမည်ဖြစ်ပြီး ထိုကာလကျော်လွန်ပါက စည်းကမ်းဖောက်ဖျက်သူများအား စစ်ဆေးအရေးယူသွားမည်ဖြစ်ကြောင်းနေပြည်တော်ယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီ၏ (၁၆/ ၂၀၁၀) အစည်းအဝေးတွင်နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ်ဝေလွင်ကပြောကြားကြောင်း ၂၀၁ဝခုနှစ် မေလ ရရက်နေ့ထုတ် မြန်မာတိုင်း(မ်) ဂျာနယ်တွင်ဖော်ပြထားပါသည်။


klnMay 7, 20101min01
ဗုံးပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ကြိုတင်သတိရှိဖို့နဲ့ လိုက်နာသင့်တာတွေကို လိုက်နာဆောင်ရွက်မယ်ဆိုရင် အသက်ဆုံးရှုံးမှုအပြင် နေအိမ်အဆောက်အအုံနဲ့ လမ်းတံတားပျက်စီးဆုံးရှုံးတာတွေကို ကာကွယ်နိုင်တယ်လို့ သိရတယ်။ ဗုံးပေါက်ကွဲမှုဆိုတာ ရုတ်တရက်ထပေါက်တာဆိုတော့ ကြိုတင်ပြင်ဆင်ဖို့ မလွယ်ကူဘူး၊ မပေါက်ကွဲသေးတဲ့ ဗုံးကိုတွေ့ရင် အန္တရာယ်ကင်းအောင် ရှောင်ရှားဖို့နည်းလမ်းတွေကို မြန်မာနိုင်ငံကြက်ခြေနီအသင်းထံက သိရပါတယ်။ မပေါက်ကွဲသေးတဲ့ဗုံးကိုတွေ့ရင် အနီးနားမှာရှိတဲ့ တခြားသူတွေကို သတိပေးသင့်တယ်လို့ သိရပါတယ်။ ဗုံးလို့သံသသယဖြစ်တဲ့ပစ္စည်းကိုမထိရဘူး၊ သက်ဆိုင်ရာရဲစခန်းကို အကြောင်းကြားရမယ်၊ ဗုံးတွေ့တဲ့အဆောက်အအုံရှိတဲ့နေရာကနေ ထွက်ခွာတဲ့အခါ ဓာတ်လှေကားမသုံးသင့်ဘူးလို့ ဆိုပါတယ်။ အဆောက်အအုံကထွက်ခွာတဲ့အခါ လူအစုလိုက်အပြုံလိုက် ပြေးထွက်တာမျိုးမလုပ်ဘဲ ညွှန်ကြားချက်အတိုင်း ထွက်ခွာသင့်တယ်လို့ သိရတယ်။ ဗုံးပေါက်ကွဲမှုဖြစ်ပွားပါက အနီးရှိလူတွေအကုန်လုံးတညီတညွတ်တည်း ဝပ်နေပါ၊ ပါးစပ်နဲ့နှာခေါင်းတွေကို ဖုန်၊ သဲမဝင်အောင် ပိတ်စ၊ အဝတ်စနဲ့အုပ်ထားပါ၊ ဒဏ်ရာရရှိထားရင် မလိုအပ်ဘဲ မလှုပ်ရှားပါနဲ့၊ ဒုတိယပေါက်ကွဲနိုင်မယ့်ဗုံးကို သတိထားရန်နှင့် ဗုံးပေါက်ကွဲချိန်နဲ့ ပေါက်ကွဲပြီးချိန်တွေမှာ ဖုန်း၊ လျှပ်စစ်ပစ္စည်းတွေ လုံးဝမသုံးသင့်ကြောင်း […]


klnMay 7, 20101min00
သည်နှစ်မှာ စက်ရုံကြီးတွေနဲ့ ရှော့ပင်းမောလ်တွေမှာသာ ပုဂ္ဂလိက လုံခြုံရေးဝန်ထမ်း ငှားရမ်းခန့်အပ်လာကြတာမဟုတ်ဘဲဆိုင်၊ နေအိမ်တချို့နဲ့နယ်ကလုပ်ငန်းတချို့မှာလည်း လုံခြုံရေးဝန်ထမ်းငှားရမ်းခန့်အပ်လာတာတွေ့ရတယ်။ Best Supporting Services ကုမ္ပဏီက မန်နေဂျာ ဦးစိုးသက်မောင်က “မနှစ်ကဆိုရင် သံရုံးနဲ့ရှော့ပင်းစင်တာလောက်ပဲ ခေါ်ယူမှုများပေမဲ့ ဒီနှစ်မှာ နေအိမ်နဲ့ဆိုင်တွေကလဲ ခေါ်ယူလာတယ်၊ မနှစ်ကထက် လုံခြုံရေးဝန်ထမ်းခေါ်ယူမှု ၂၅ရာခိုင်နှုန်းပိုလာတယ်”လို့ သူ့အတွေ့အကြုံပြောပါတယ်။ ပုဂ္ဂလိက လုံခြုံရေးဝန်ထမ်းတွေမှာ တချို့က ကိရိယာမပါဘဲ လက်နဲ့အိတ်ကို စစ်ဆေးကြသလိုနဲ့ တချို့က ရှာဖွေရေးကိရိယာ walk through၊ metal detectpr တို့နဲ့ စစ်ဆေးကြပါတယ်။ လုပ်ငန်းကြီးတချို့နဲ့လူအများဝင်တဲ့ပွဲ(စတိတ်ရှိုး၊ ကုန်စည်ပြပွဲ) တွေမှာ လုံခြုံရေးဝန်ထမ်း ၄၅ယောက်လောက် အသုံးပြုကြပြီး တချို့တွေက ၂၄နာရီထားတာတွေလည်းရှိတယ်။ ပုဂ္ဂလိက လုံခြုံရေးဝန်ထမ်းခေါ်ယူရာမှာ အမျိုးသားဝန်ထမ်းနဲ့အတွေ့အကြုံရှိတဲ့သူကို ခေါ်ယူတာများပါတယ်။ အမျိုးသမီးလုံခြုံရေးဝန်ထမ်းကိုတော့ အထည်ချုပ်စက်ရုံလို အမျိုးသမီးဝန်ထမ်းများတဲ့နေရာလောက်ပဲ ခေါ်ယူကြတယ်။ စက်ရုံတွေက […]


klnMay 7, 20101min00
အစိုးရဘဏ်တွေနဲ့ အွန်လိုင်းဘဏ်စနစ် ချိတ်ဆက်ဖို့တောင်းဆိုထားကြကြောင်း သိရတယ်။ သက်ဆိုင်ရာက ပုဂ္ဂလိကဘဏ်ခွဲတွေအခါအားလျော်စွာ ဖွင့်ခွင့်ပေးနေတယ်လို့ ဆိုပါတယ်။ ထွန်းဖောင်ဒေးရှင်းဘဏ် ဥက္ကဋ္ဌ ဦးသိန်းထွန်းက “နေပြည်တော်ဘဏ်ခွဲကို ဇွန်လလောက်မှာ စဖွင့်မယ်၊ ရန်ကုန်မှာလဲ ဘဏ်ခွဲဖွင့်ဖို့ စီစဉ်နေပြီး တခြားနယ်မြို့တွေမှာလဲ ခွင့်ပြုချက်ရရင်ဖွင့်ဖို့ စီစဉ်နေတယ်”လို့ ပြောပါတယ်။ ပုဂ္ဂလိကဘဏ်လုပ်ငန်းရှင်တချို့က online Banking စနစ်ကို အစိုးရဘဏ်တွေနဲ့ ချိတ်ဆက်ဖို့ ပုဂ္ဂလိကဘဏ်လုပ်ငန်းရှင်တချို့ ခုချိန်မှာ ဘဏ်ခွဲတွေတိုးချဲ့ဖွင့်လှစ်ဖို့နဲ့ အဆင့်မီဖို့ ပြင်ဆင်နေကြပြီး တောင်းဆိုထားကြတယ်လို့ မြန်မာနိုင်ငံဘဏ်များအသင်းက သိရတယ်။ အွန်လိုင်းဘဏ်စနစ်ချိတ်ဆက်ထားရင် သုံးစွဲသူက မူလဘဏ်ကို သွားစရာမလိုဘဲ မိမိမြို့မှာရှိတဲ့ ဘဏ်မှာပဲ အလွယ်တကူ ငွေလွှဲ၊ ငွေထုတ်ယူနိုင်မှာဖြစ်တယ်။ ခေတ်နဲ့စနစ်နဲ့ လျော်ညီအောင် ပုဂ္ဂလိကဘဏ်တွေအနေနဲ့ ခရက်ဒစ်ကတ်ပြုလုပ်ဖို့ ကြိုးစားဆောင်ရွက်နေတယ်လို့ မြန်မာနိုင်ငံဘဏ်များအသင်းက ဆိုပါတယ်။ သည်ဘက်နှစ်မှာ ပုဂ္ဂလိကဘဏ်ခွဲတွေ များလာဖို့ရှိတဲ့အတွက် ဝန်ဆောင်မှုကို […]


klnMay 7, 20101min01
ကမာ္ဘ့စီးပွားရေးအကျပ်အတည်းနောက်ပိုင်း ၂၀၀၉ခုနှစ်ထဲမှာ မြန်မာသင်္ဘောသားတချို့လစာမရတာ၊ ကုမ္ပဏီမှာလစာကျန်တာ စတဲ့ အဖြစ်မျိုးတွေနဲ့ အများဆုံး ကြုံတွေ့ခဲ့ရကြောင်း မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသားများအသင်း (MOSA)ကသိရပါတယ်။ “သင်္ဘောသားတစ်ယောက်ကို ရှစ်လခန့်မယ်ဆိုပြီး ခေါ်တယ်၊ စီးပွားပျက်လို့ သင်္ဘောရောင်းတဲ့အချိန်မျိုးမှာ လေးလလောက်နဲ့ပြန်လွှတ်တယ်ဆိုတော့ လေးလစာ လစာမရဘဲ ဆုံးရှုံးရတာမျိုးတွေဖြစ်ခဲ့တယ်”လို့ မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသားများအသင်း အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဆန်းကပြောပါတယ်။ သင်္ဘောသားတချို့ သင်္ဘောပေါ်ကနေ ကန်ထရိုက်မပြည့်သေးဘဲ (လမစေ့သေးဘဲ) ပြန်လွှတ်ခံရတဲ့အခါမျိုးမှာ ကုမ္ပဏီပိုင်ရှင်က သင်္ဘောသားရဲ့ အသွားအပြန်လေယာဉ်စရိတ်ဆိုပြီး နှစ်လစာသုံးလစာ မပေးဘဲချန်ထားတယ်။ သင်္ဘောသားဘက်က သက်ဆိုင်ရာကို တိုင်မှ ကန်ထရို်က်စာချုပ်အရ ပေးသင့်၊ မပေးသင့် ကြည့်ပြီးထုတ်ပေးတယ်။ သည်လိုနဲ့ပဲ သင်္ဘောသားတချို့လစာကျန်ခဲ့ရတာဖြစ်ကြောင်း ၂၀၁ဝခုနှစ် မေလ ရရက်နေ့ထုတ် မော်ဒန်သတင်းဂျာနယ်တွင် ဖော်ပြထားပါသည်။


klnMay 7, 20101min00
မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ကျေးရွာပေါင်း ၆၄၉၈၉အနက် ကျေးရွာ ၅၅၇၅၅တွင် ကျေးရွာကိုယ့်အားကိုယ်ကိုး စာကြည့်တိုက်များကို ပြန်ကြားရေးဝန်ကြီးဌာနက တည်ထောင်ဖွင့်လှစ်ခဲ့ပြီး ဖြစ်ပါသည်။ အဆိုပါ ကျေးရွာစာကြည့်တိုက်များကို ကိုယ်ပိုင်မြေ၊ ကိုယ်ပိုင်အဆောက်အဦ ရရှိရေးအပါအဝင် စံ(၅)ရပ်နှင့်ညီသော စာကြည့်တိုက်များ ဖြစ်ပေါ်လာစေရေးအတွက် ကျေးရွာစာကြည့်တိုက်ဖောင်ဒေရှင်း (Rual Library Foundation)ကို ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။ အဆိုပါ ကျေးရွာစာကြည့်တိုက်ဖောင်ဒေးရှင်း (Rual Library Foundation)ဖွဲ့စည်းတည်ထောင်ခြင်းနှင့် အလှူငွေပေးအပ်ခြင်းအခမ်းအနားကို ၂၀၁ဝပြည့်နှစ်၊ မေလ ၁၅ရက်နေ့တွင် ရန်ကုန်မြို့ International Business Center (IBC)တွင် ကျင်းပမည်ဖြစ်ပါသည်။ ကျေးရွာစာကြည့်တိုက်ဖောင်ဒေးရှင်း ဖွဲ့စည်းတည်ထောင်ခြင်း အခမ်းအနားတွင် မတည်အလှူငွေများပေးအပ်ခြင်းကိုပါ တစ်ပါတည်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ စေတနာရှင် အလှူရှင်များအနေဖြင့် မတည်အလှူငွေများ ကြိုတင်လှူဒါန်းလိုပါက ဦးမောင်ဖေ၊ ညွန်ကြားရေးမှူး (စီမံခန့်ခွဲရေး)၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးအမှတ်(၇)၊ နေပြည်တော်၊ […]


klnMay 7, 20101min00
မကြာသေးခင်က ထုတ်လုပ်လိုက်တဲ့ ကမာ္ဘ့နာမည်ကျော်အက်ပဲလ်ရဲ့ အိုင်ပက်ဒ်( iPad) ကို ပြည်တွင်းမှာလည်းလူကြိုက်များနေပြီးရောင်းအားသိသိသာသာတက်နေတယ်လို့ Thein Minn ကွန်ပျူတာအရောင်းဆိုင်ထံကသိရပါတယ်။ ‘ မတ်လကုန်လောက်က ဝင်တာ၊ ပစ္စည်းမလာခင်ထဲက ကြိုမှာထားတဲ့သူတွေတောင်ရှိတယ်၊ ဈေးကြီးတာကြောင့် အဲလောက်တောင်ဝယ်လိုအားရှိမယ်ထင်မထားခဲ့ဘူး’ လို့ Thein Minn ကွန်ပျူတာအရောင်းဆိုင်ရဲ့မန်နေးဂျင်းဒါရိုက်တာ ကိုမျိုးနိုင်ကပြောပါတယ်။ ဝိုင်ဖိုင်ရှိတဲ့ရန်ကုန်ကလူငယ်တွေ၊ နယ်ကလူတွေလည်းစိတ်ဝင်စားပြီး အသက် ၂၀၊ ၃ဝ ဝန်းကျင်လူငယ်တွေက အဝယ်ပိုများတယ် လို့သိရတယ်။ ပြည်တွင်း မှာလက်ရှိရောင်းနေတဲ့ အက်ပဲလ်အိုင်ပက်ဒ်ရဲ့ ဈေးနှုန်းက မမ်မိုရီပမာဏ 16GB ကိုကျပ်ခြောက်သိန်းခွဲ ၊ 32 GB ကိုကျပ်ခုနစ်သိန်းခွဲနဲ့ 64GB ကို ကျပ်ရှစ်သိန်းခွဲဝန်းကျင်လို့သိရတယ်။ ပြည်တွင်းမှာလက်ရှိရောင်းနေတဲ့ အိုင်ပက်ဒ်ကိုတော့ မလေးရှားက သွင်းတယ်လို့ဆိုတယ်။ အိုင်ပက်ဒ်ကို အသုံးပြုနေပြီးဖြစ်တဲ့ Infinity ကားအော်ဒီယိုဆိုင်ဖွင့်ထားသူ ကိုချစ်ညီက ‘ ဟောင်ကောင်မှာဝယ်ရင်ဈေးအများကြီး […]


klnMay 7, 20101min00
မန်မာနိုင်ငံ၏ စီးပွာရေးလောကမှ အမျိုးသမီးများအား ကိုယ်စားပြုရပ်တည်နေသည့် မြန်မာအမျိုးသမီးစွမ်းဆောင်ရှင်များအသင်းသည် ၂၀၁ဝအပြောင်းအလဲကာလတွင် နိုင်ငံရေးလောကသို့ ဝင်ရောက်မည်မဟုတ်ဘဲယခုလက်ရှိအသင်းပုံစံအတိုင်းသာ ဆက်လက်ရပ်တည်သွားမည်ဟု အသင်း ဥက္ကဋ္ဌ ဒေါ်ရီရီမြင့်က မေလ ၂ရက်နေ့ကကျင်းပသည့် အသင်း၏ (၁၅) ကြိမ်မြောက်နှစ်ပတ်လည် အထွေထွေအစည်းအဝေးတွင် ပြောကြားသည်။ ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး ဒီမိုကရေစီစနစ်သို့ ဦးတည်ခြင်းကို အားပေးသကဲ့သို့ အဆိုပါဒီမိုကရေစီစနစ်တွင်လည်း အသင်းအနေဖြင့် ပိုမိုလုပ်ဆောင်နိုင်မည့် အပိုင်းရှိမည်ဟု မျှော်လင့်ကြောင်း ၂၀၁ဝခုနှစ် မေလ ရရက်နေ့ထုတ် မြန်မာတိုင်း(မ်) ဂျာနယ်တွင်ဖော်ပြထားပါသည်။