klnMay 11, 20101min01
မြန်မာနိုင်ငံဆေးကောင်စီက ပြည်တွင်းရှိ ခွဲစိတ်ဆရာဝန်များအားလုံကို အချက်လေးချက်ပါရှိသည့် ညွှန်ကြားချက်တစ်ရပ်ကို ထုတ်ပြန်ထားကြောင်း မျက်စိဆေးရုံကြီး(ရန်ကုန်)မှ မျက်စီခွဲစိတ်အထူးကု ပါမောက္ခ ဆရာဝန်တစ်ဦးက ပြောသည်။ အဆိုပါညွှန်ကြားချက်ကို မကြာသေးမီအချိန်က ထုတ်ပြန်ခြင်းဖြစ်ကြောင်း၊ ယင်းလေးချက်မှာ လူနာအားမခွဲစိတ်မီ ကြိုတင်၍ ခွဲစိတ်ပြီးသည့်အခါ ဖြစ်နိုင်ခြေများကို စစ်ဆေးပြီး အသိပေးခြင်း၊ လူနာနှင့် သို့မဟုတ် လူနာရှင်များနှင့် တိုင်ပင်ဆွေးနွေးခြင်း၊ စနစ်တကျကြည့်ရှုစောင့်ရှောက်ကုသခြင်း၊ လူနာအားချိုသာစွာဆက်ဆံခြင်းစသည်တို့ဖြစ်ကြောင်း ၂၀၁ဝခုနှစ် မေလ ၁၁ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ဖော်ပြထားပါသည်။


klnMay 11, 20101min01
မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေကို ရေးဆွဲလျက်ရှိရာ မကြာမီအတွင်း ဥပဒေထွက်ရှိမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီက ပြောသည်။ အဆိုပါ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေကို ၂၀၀၅ခုနှစ်ကတည်းက စတင်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့သတင်းတပ်ဖွဲ့က ရေးဆွဲလျက်ရှိကြောင်း၊ ယခုအခါ ရှေ့နေချုပ်ရုံးက ခွင့်ပြုပေးပြီးဖြစ်သဖြင့် မကြာမီသုံးလ၊ လေးလခန့်အတွင်း ဥပဒေတစ်ရပ် ထွက်လာမည်ဖြစ်ကြောင်း ရဲချုပ်က ဆိုသည်။ နေပြည်တော်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်ရုံး အရိန္ဒမာခန်းမ၌ မေ ၆ရက်က ပြုလုပ်သည့် X2Oဗုံးပေါက်ကွဲမှုနှင့် စပ်လျဉ်း၍ သတင်းစာရှင်းလင်းပွဲအပြီး သတင်းထောက်တစ်ဦး၏ မေးမြန်းချက်အပေါ် ယင်းသို့ ဖြေကြားလိုက်ခြင်းဖြစ်သည်း။ “ပထမဒီကိစ္စက ဥပဒေဆွဲပြီး ကျွန်တော်တို့က ရှေ့နေချုပ်ရုံးကို တင်ပေးရမှာပါ။ ရှေ့နေချုပ်ရုံးက ဒီတင်ပြတဲ့အပေါ်မှာ Comments လုပ်ပေးမှာဖြစ်ပါတယ်။ လုပ်ပေးပြီးလို့ရှိရင် ဒီကိစ္စကို UNOTC က ကျွမ်းကျင်ပညာရှင်နဲ့ ပြန်တွေ့ရမှာပါ။ ဘာကြောင့်လဲဆိုတော့ ဒီအကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအတွက် […]


klnMay 11, 20101min01
မန္တလေးမြို့တွင် ရာသီဥတုပူပြင်းလျက်ရှိပြီး မိုးရွာသွန်းမှုမရှိသလောက်နည်းပါးသည့်အတွက် ရပ်ကွက်အသီးသီးမှ မြန်မာ့ရိုးရာ အစဉ်အလာအတိုင်း ရန်ကင်းတောင် ငါးရံ့မင်းလိုဏ်ဂူ အတွင်းရှိဘုရားအလောင်းငါးရံ့မင်းးရုပ်ထုကိုပင့်ဆောင်ကာ ငါးရံ့မင်းပရိတ်များရွတ်ဖတ်သည့် ဓလေ့ထုံးတမ်းများပြုလုပ်၍ မိုးခေါ်လွန်ဆွဲပွဲများကျင်းပကြလျက်ရှိကြောင်း သိရှိရသည်။ “ ပုံမှန်ဆိုရင် သင်္ကြန်မတိုင်မီမှာ သင်္ကြန်လက်ဆေးမိုးရွာလေ့ရှိတယ်။ ပြီးတော့ ကဆုန်လပြည့်နေ့ဝန်းကျင်မှာမိုးသည်းကြီးမည်းကြီး ရွာလေ့ရှိတယ်။ ဒါပေမယ့် ဒီနှစ်မိုးကတော်တော်ခေါင်လေတော့ မီးရေးထင်းရေးသာမက သောက်ရေသုံးရေပါရှားပါးလာတယ်။ ဒါ့ကြောင့် မြန်မာ့ရိုးရာအစဉ်အလာအတိုင်း မန္တလေးမြို့ပေါ်က မြန်မာအများစုနေတဲ့ရပ်ကွက်တိုင်းမှာမိုးခေါ်လွန်ဆွဲပွဲတွေကျင်းပကြတယ်။ မိုးခေါ်လွန်ဆွဲတယ်ဆိုတာ ရှေးကတည်းကကျင်းပလေ့ရှိတဲ့ပွဲတစ်ပွဲပေါ့။ လွန်မဆွဲမီ မိုးခေါင်ကျော်စွာနတ်ကိုပင့်ပြီးမိန်းကလေး၊ ယောက်ျားလေးတစ်ဖက်စီလွန်ဆွဲကြလေ့ရှိတယ်” ဟု လူကြီးသူမတစ်ဦးကရှင်းပြသည်။ ယင်းရိုးရာလွန်ဆွဲပွဲများကို ဆိုင်းသံဗုံသံများဖြင့် ကျင်းပခြင်းဖြစ်ပြီး မိုးခေါင်ကျော်စွာနတ်ကို ပင့်ဖိတ်ပူဇော်ကာ ရပ်ကွက်များအတွင်းရှိ အမျိုးသားများနှင့် အမျိုးသမီးများနှစ်ဖက်အပြိုင်အဆိုင် သူနိုင်ကိုယ်နိုင်နှင့် ပျော်ရွှင်စွာယှဉ်ပြိုင်ကြခြင်းဖြစ်ကြောင်း ၂၀၁ဝခုနှစ် မေလ ၁၂ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင်ဖော်ပြထားပါသည်။


klnMay 11, 20101min00
HIV ပိုးကူးစက်မှုများတွင် လိင်မှတစ်ဆင့် ကူးစက်မှုအများဆုံးဖြစ်ပေါ်နေပြီး ပိုးတွေ့ရှိသူများ၏ ၅ဝရာခိုင်နှုန်းမှာ အသက် ၁၅နှစ်မှ ၂၄နှစ်အတွင်းရှိလူငယ်များတွင် အများဆုံးတွေ့ရှိရကြောင်းကျန်းမာရေးဆိုင်ရာပညာရှင် တစ်ဦး၏ ပြောကြားချက်အရသိရှိရသည်။ အဆိုပါ ပိုးသည် ပိုးရှိသူနှင့်အကာအကွယ်ပစ္စည်း( ကွန်ဒုံး) မသုံးဘဲ လိင်တူ/ လိင်ကွဲဆက်ဆံခြင်း၊ ပိုးရှိသူအသုံးပြုပြီးသော ဆေးထိုးအပ်၊ ဆေးထိုးပြွန်များကို သုံးစွဲမိခြင်း၊ ပိုးပါသော သွေးသွင်းမိခြင်းနှင့် ပိုးရှိသောကိုယ်ဝန်ဆောင်မိခင်မှသန္ဓေသားသို့ ကူးစက်ခြင်းတို့ကြောင့် ကူးစက်နိုင်ကြောင်း သိရသည်။ လူငယ်အများစုသည် စူးစမ်းလေ့လာလိုစိတ်များခြင်း၊ HIV ပိုးကူးစက်ခံရနိုင်မှု အန္တရာယ်မရှိဟု ယူဆခြင်းနှင့် ခုခံအားကျဆင်းမှုကူးစက်ရောဂါဆိုင်ရာ မှန်ကန်သောဗဟုသုတကျွမ်းကျင်မှုနည်းပါးသည့် အတွက် အဆိုပါ ပိုးအားလူငယ်များတွင် အဓိက ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။ “ရောဂါပိုးရှိတယ်၊ မရှိဘူးဆိုတာရုပ်ရည်နဲ့ ရောဂါလက္ခဏာကို ကြည့်ပြီးပြောလို့မရဘူး။ အထူးသဖြင့် အိတ်ချ်အိုင်ဗွီပိုးရှိ၊ မရှိကို ပိုမသိနိုင်ပါဘူး။ ဒါကြောင့် ယုံကြည်စိတ်ချမှုရှိတဲ့ ကျန်းမာရေးဓာတ်ခွဲဌာနတွေမှာ သွေးမစစ်ဆေးခင်မှာလည်း […]


klnMay 10, 20101min00
မြန်မာနိုင်ငံသည် ယခင်နှစ်များကနှစ်စဉ် ဆန်တန်ချိန်ငါးသန်းပိုလျှံခဲ့သော်လည်း ယခုနှစ်တွင် ဆန်တန်ချိန် ၂ဒသမ ၆၅သန်းသာပိုလျှံခဲ့သည့် အတွက် နှစ်စဉ်ထက်ထက်ဝက်ခန့်လျော့ကျခဲ့ကြောင်းသိရသည်။ “ မြန်မာနိုင်ငံရဲ့ ဆန်စပါးပိုလျှံမှုဟာ အခုနှစ်မှာ တန်ချိန် ၂ဒသမ ၆၅သန်းဖြစ်တယ်လို့ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ စာရင်းတွေအရ သိထားရပါတယ်။ အရင်နှစ်တွေက နှစ်စဉ်ဆန်ပိုလျှံမှုဟာ တန်ချိန်ငါးသန်းထိရှိခဲ့တယ်လို့ သိရပါတယ်” ဟု Gold Delta ဆန်စပါးအထူးပြုကုမ္ပဏီနှစ်ပတ်လည်နေ့အခမ်းအနားတွင် ကုမ္ပဏီတာဝန်ရှိ်သူတစ်ဦးက ပြောကြားခဲ့ပါသည်။ “အခုနှစ်ပုံစံအရတော့ ရာသီဥတုက မိုးအဝင်နောက်ကျနိုင်တယ်လို့ထင်တယ်။ ဝါထပ်တဲ့နှစ်တိုင်းဒီလိုပဲ မိုးနောက်ကျတတ်တယ်။ ဒါပေမယ့် ဒီနှစ်ကနှစ်တိုင်းနဲ့မတူဘဲပိုထူးခြားတာက ဧပြီလတစ်လလုံးကျွန်တော်တို့ ဧရာဝတီတိုင်းထဲမှာ မိုးမရွာခဲ့ဘူး။ အခုအချိန်ထိလည်း မိုးရိပ်မမြင်ရသေးတော့ နှစ်တိုင်းထက်တောင် နောက်ကျနိုင်မလားလို့ မှန်းထားတယ်။ စိုက်ချိန်နောက်ကျတော့ရိတ်ချိန်နောက်ကျနိုင်တယ်။ ကျွန်တော်တို့က မိုးစပါးရိတ်ပြီးတာနဲ့ ပဲကိုတစ်ခါတည်းတန်းစိုက်တာလေ။ ပဲစိုက်တယ်ဆိုတာကလည်းမိုးအစိုဓာတ်ရှိတုန်းအမီစိုက်ရတာဆိုတော့ ဒီနှစ်နည်းနည်းတော့ ကသီသွားမယ်ထင်တယ်” ဟု ဓနုဖြူမြို့နယ်မှ တောင်သူကြီးတစ်ဦးကလည်းရှင်းပြခဲ့ပါသည်။ လက်ရှိတွင် […]


klnMay 10, 20101min00
ကမာ္ဘ့ရာသီဥတု ပြောင်းလဲဖောက်ပြန်မှုကြောင့် သီးနှံအထွက် ဆုတ်ယုတ်ခဲ့ကြောင်းနှင့် အထူးသဖြင့် အယ်လ်နီညိုကြောင့် ပဲတီစိမ်းစိုက်ခင်းများ ပျက်စီးခဲ့သကဲ့သို့ အခြားသီးနှံများလည်း ထုတ်လုပ်မှုဆုတ်ယုတ်ခဲ့သည့် အတွက် ပဲဈေးနှုန်းများ ဆက်တိုက်မြင့်တက်နေကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ရရှိသော သတင်းများအရသိရှိရသည်။ ယခုနှစ်တွင် ပဲရာသီမတိုင်မီကပင်ပြည်တွင်းပဲဈေးနှုန်းများမြင့်တက်ခဲ့ပြီး ပဲပေါ်ချိန်၌ အနည်းငယ်ပြန်ကျရိပ်ရှိခဲ့သော်လည်း နောက်ပိုင်းဆက်တိုက်မြင့်တက်လာကာ ယခင်မျှော်မှန်းထားသည့် ဈေးနှုန်းထက်ပင်ပို၍ မြင့်တက်နေကြောင်း သိရှိရသည်။ “ ဒီနှစ်ပဲဈေးတက်တာ ပြည်တွင်းမှာ ပစ္စည်းပြတ်သွားတာတော့ မဟုတ်ဘူး။ ဥပမာ ပဲတီစိမ်းဆိုလို့ ရှိရင် အယ်လ်နီညိုကြောင့် ပဲတီစိမ်းစိုက်ခင်းတော်တော်များများပျက်စီးခဲ့တယ်။ အဓိက တရုတ်နိုင်ငံဆိုရင်သူ့နိုင်ငံက ပဲတီစိမ်းပျက်စီးသွားတဲ့အတွက် မြန်မာနိုင်ငံကပဲ တောက်လျှောက်တင်နေရတယ်။ ကမာ္ဘပေါ်မှာပဲတီစိမ်းအဓိကစိုက်တာ မြန်မာ၊ တရုတ်၊ ဩစတြေးလျ လောက်ပဲရှိတာ။ တရုတ်ကရာသီဥတုကြောင့် ပျက်သွားတယ်။ အခုပဲညီလာခံမှာ တရုတ်က ဩစတြေးလျပဲတီစိမ်းကို တစ်တန် အမေရိကန်ဒေါ်လာ ၁၅၀ဝအထိ ပေးဝယ်တယ်ဆိုတော့ ဘယ်လောက်တက်သွားလဲသိနိုင်ပါတယ်။ […]


klnMay 10, 20101min00
နိုင်ငံခြားသားနှင့် မြန်မာအမျိုးသမီးများအား ထိမ်းမြားလက်ထပ်ပေးခြင်းကိစ္စကို လက်ခံဆောင်ရွက်ခြင်းမပြုရန် တရားရေးဝန်ထမ်းများနှင့် ဥပဒေဝန်ထမ်းများကို သက်ဆိုင်ရာမှ ညွှန်ကြားထားကြောင်း တရားရုံးချုပ်ရှေ့နေတစ်ဦးက ပြောသည်။ ယင်းညွှန်ကြားချက်ကို ယခင်ကတည်းက ထုတ်ပြန်ထားသော်လည်း ယခုအခါ ယင်းကဲ့သို့ကိစ္စများ မပြုလုပ်ရန် တရားရေးဝန်ထမ်းနှင့် ဥပဒေဝန်ထမ်းများအား တင်းတင်းကျပ်ကျပ် ထပ်မံညွှန်ကြားထားကြောင်း သိရသည်။ “ကျွန်တော်တို့လို ဥပဒေဝန်ထမ်းတွေအပြင် ကျေးရွာရပ်ကွက်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဝင်တွေကိုလဲ သက်ဆိုင်ရာက ထပ်မံညွှန်ကြားထားတယ်လို့သိရတယ်။ မြန်မာနိုင်ငံအတွင်းမှာ တရားဝင် လည်ပတ်အလုပ်လုပ်ကြတဲ့ နိုင်ငံခြားသားတွေအနေနဲ့ မြန်မာနိုင်ငံရဲ့ တည်ဆဲဥပဒေ၊ ပြဋ္ဌာန်းချက်ညွှန်ကြားချက်တွေနဲ့အညီ နေထိုင်ခြင်းမရှိရင် ၁၉၄ရခုနှစ် လူဝင်မှုကြီးကြပ်ရေး(အရေးပေါ်ပြဋ္ဌာန်းချက်များ)အက်ဥပဒေအရ ပြည်နှင်ဒဏ်ပေးနိုင်ပါတယ်”ဟု တရားရုံးချုပ်ရှေ့နေ့ ထပ်မံပြောသည်။ နည်းလမ်းအမျိုးမျိုးဖြင့် သွေးဆောင်ကာ နိုင်ငံခြားသားများနှင့် လက်ထပ်ပေးရန်ဆောင်ရွက်နေသော အမျိုးသားစိတ်ဓာတ်ကင်းမဲ့သည့် လူပွဲစားများကိုလည်းဖော်ထုတ်ကာ အရေးယူပြစ်ဒဏ်ချမှတ်မည်ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံသို့ ပြည်ပနိုင်ငံအသီးသီးမှ ဝင်ရောက်လာကြသည့် နိုင်ငံခြားသားများအနက် အချို့သော နိုင်ငံခြားသားများသည် မြန်မာနိုင်ငံရှိ […]


klnMay 10, 20101min05
NLD ဗဟိုကော်မတီဝင်အချို့စုစည်း၍ အမျိုးသားဒီမိုကရေစီအင်အားစုအဖြစ် ပါတီတည်ထောင်ရန် ပြင်ဆင်နေကြောင်း သိရသည်။ ယင်းပါတီအနေဖြင့် ရွေးကောက်ပွဲဝင်မည့်အခြေအနေ၊ ပါတီဖွဲ့ရခြင်းအကြောင်းတို့ကို “ အမျိုးသားဒီမိုကရေစီအင်အားစု (National Democratic Force)ဆိုပြီး ထောင်မှာပါ။ ကျွန်တော်တို့ NLD မှာပါတဲ့သူတွေ၊ လူငယ်တွေနဲ့အခြားသူတွေပါပါတယ်။ ၆.၅.၂၀၁ဝကမှ ဆွေးနွေးတိုင်ပင်ပြီး ဖွဲ့လိုက်ကြတာပါ။ ပါတီဖြစ်မြောက်ရေးအဖွဲ့မှာ ကျွန်တော်ရယ်(ဒေါက်တာသန်းငြိမ်း)၊ ဦးခင်မောင်ဆွေ၊ ဦးသိန်းညွန့်၊ ဦးစိန်လှဦး၊ ဒေါက်တာဝင်းနိုင်၊ ဒေါက်တာသန်းဝင်း၊ ဦးစိုးဝင်း(မကွေး၊ ဆိပ်ဖြူ)၊ တွံတေးဦးသာဆိုင်၊ ဦးတိုးပို(ရေဖြူ-တနင်္သာရီ)အပြင် လူငယ်တွေနဲ့ အပြင်ပုဂ္ဂိုလ်တွေလည်း ပါတယ်။ အခြားကျွန်တော်တို့အပေါ်ယုံကြည်သူတွေလည်းပါပါတယ်။ ပြည့်စုံဖို့ခုမှ စုစည်းနေဆဲပါ။ အခုဖြစ်မြောက်ရေးအဖွဲ့ကိုဖွဲ့ပြီးပါပြီ၊ အထက်ကိုလဲ တင်ပြထားပါတယ်။ လောလောဆယ် မင်းရဲကျော်စွာလမ်း၊ လမ်းမတော်မြို့နယ်မှာ ဖွင့်ဖို့ပြင်ဆင်နေပါတယ်။ တရားဥပဒေအရ ပြောရင် NLDက ပျက်ပြယ်သွားပြီဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ NLDနဲ့လုံးဝကို ပတ်သက်ဆက်နွယ်မှုမရှိတော့ပါဘူး။ ဘာဖြစ်လို့ ပါတီထောင်ရသလဲဆိုတာကတော့ […]


klnMay 8, 20101min00
တရားဝင်နိုင်ငံရေးပါတီအဖြစ် ရပ်တည်နေဆဲဖြစ်သော တောင်ကြီးအခြေစိုက်ပြည်ထောင်စုပအိုဝ်းအမျိုးသား အဖွဲ့ချုပ် ( ပ.အ.မ.ဖ) သည်နိုင်ငံရေးပါတီအဖြစ်ဆက်လက်မှတ်ပုံမတင်ဘဲ ဖျက်သိမ်းမည်ဖြစ်ကြောင်း ယင်းပါတီ၏ အထွေထွေအတွင်းရေးမှူးဦးခွန်မောင်တုတ်က ပြောကြားသည်။ တောင်ကြီးမြို့ရှိ ယင်းပါတီဌာနချုပ်၌ ဧပြီလ ၂၄ရက်နေ့တွင် ၎င်းကအထက်ပါ အတိုင်း ပြောကြားသည်။ ၁၉၄ရခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် ပြည်ထောင်စုပအိုဝ်းအမျိုးသား အဖွဲ့ချုပ်အနေဖြင့် စီးပွားရေးလုပ်ငန်း များလည်းမရှိကြောင်း၊ ပါတီခေါင်းဆောင်ပိုင်းသည်လည်း အသက်ကြီးရင့်လာပြီဖြစ်သည့်အတွက် ဆက်လက်ခေါင်းဆောင်မှုပေးနိုင်ခြင်းမရှိတော့ကြောင်း၊ အထက်ပါ အကြောင်းများကြောင့် မတ်လ ၂၄ရက်နှင့် ၂၅ရက်နေ့တွင် တောင်ကြီးမြို့၌ ကျင်းပခဲ့သည့် ပအိုဝ်းအမျိုးသားညီလာခံတွင် ( ပ.အ.မ.ဖ) ကိုဖျက်သိမ်း၍ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ( PNO) တစ်ခုတည်းသာ နိုင်ငံရေးပါတီ အဖြစ်မှတ်ပုံရန် ဆုံးဖြတ်ခဲ့ကြောင်းဦးခွန်မောင်တုတ်ကဆိုသည်။ ၁၉၉၁ခုနှစ်တွင် ငြိမ်းချမ်းရေးရယူ၍ ဖွဲ့စည်းတည်ထောင်ထားသော ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်အနေဖြင့် စီးပွားရေးနှင့် စည်းရုံးရေးအပိုင်းတွင် ပအိုဝ်းတစ်မျိုးသားလုံးအား ဦးဆောင်မှုပေးနိုင်သည့် အခြေအနေကြောင့် ၎င်းတို့၏ […]


klnMay 8, 20101min01
ရန်ကုန်မြို့တွင် သုံးစွဲနေသည့် ကျပ်၅သိန်းတန် CDMA 800 MHz WLL ဖုန်းများကို ဆက်သွယ်ခေါ်ဆိုမှုတွင် အခက်အခဲများ၊ ချို့ယွင်းချက်များရှိပါက မြန်မာ့ဆက်သွယ်ရေးမှ ကျပ် ၅သိန်းတန်းဖုန်းအတွက် ဝန်ဆောင်မှုပေးနေသည့် Complane Center သို့ ဆက်သွယ်အကူအညီတောင်းခံပါက ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။ ကျပ် ၅သိန်းတန်ဖုန်းများသည် ဟန်းဆက်တွင်ကတ်ထည့်သွင်း၍ မိုလ်ဘိုင်းဖုန်းအသွင်ဖြင့် ကိုင်ဆောင်နိုင်ခြင်းကြောင့် ကိုင်ဆောင်သူများသည် သတ်မှတ်မြို့နယ်ကိုကျော်လွန်၍ ကိုင်ဆောင်ရာတွင် အချို့ဖုန်းများသည် ဆက်သွယ်မှု အဆင်ပြေသော်လည်း အချို့ဖုန်းများသည် မြို့နယ်ကျော်ခြင်းကြောင့် ဆက်သွယ်မှု အဆင်မပြေခြင်း၊ အဆိုပါဖုန်းများသတ်မှတ်မြို့နယ်တွင်း ပြန်လည်ရောက်ရှိသည့် အခါ မြို့နယ်ကျော်နေခြင်းကြောင့် ခေါ်ဆို၍ မရကြောင်း၊ စက်မှ ပြန်လည်ဖြေကြားနေခြင်းကြောင့် ဆက်သွယ်မှုအဆင်မပြေခြင်းများ ရှိလာခြင်းကြောင့် အဆိုပါအဆက်အခဲများကိုပါ Complane Center သို့ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်းသိရသည်။ “တစ်ခါတလေ သုံးစွဲသူရဲ့ချို့ယွင်းချက်ကြောင့် စနစ်ချို့ယွင်းသလို၊ စက်တွေရဲ့ချို့ယွင်းချက်ကြောင့် တစ်ခါတလေ ချို့ယွင်းမှုတွေရှိတတ်ပါတယ်။ […]


klnMay 8, 20101min01
တောင်အာဖရိကနိုင်ငံတွင် ဇွန်လ ၁၁ရက်မှ ဇူလိုင်လ ၁၁ရက်နေ့အထိ ပြုလုပ်မည့် (၁၉) ကြိမ်မြောက်ကမာ္ဘ့ဖလားဘောလုံးပွဲစဉ်များကို မြဝတီရုပ်မြင်သံကြား ( MWD ) နှင့် မြန်မာ့ရုပ်မြင်သံကြား (MRTV)တို့က တိုက်ရိုက်ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း အဆိုပါ အစီအစဉ်ကို အဓိကတာဝန်ယူထားသော မိုးဆမ်းပန်း၏ တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးက ပြောကြားသည်။ “ပွဲစဉ်အားလုံးနီးပါးကို တိုက်ရိုက်ပြသသွားမှာပါ။ အချိန်ကိုက်နေတဲ့ ပွဲစဉ်တွေ MRTV ကနေ တိုက်ရိုက်ထုတ်လွှင့်ပြသသွားဖို့ ညှိနှိုင်းနေပါတယ်။ ဘောလုံးဝါသနာရှင်တွေအတွက် စိတ်ကြိုက်ရွေးကြည့်နိုင်မှာပါ” ဟုအဆိုပါတာဝန်ရှိသူကပြောကြားသည်။ မြဝတီရုပ်သံမှ တိုက်ရိုက်ထုတ်လွှင့်ပြသသွားမည့်ပွဲစဉ်များနှင့် MRTV မှ တိုက်ရိုက်ထုတ်လွှင့်ပြသသွားမည့်ပွဲစဉ်များ၏ အသေးစိတ်စာရင်းကို မကြာမီ ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။ ကမာ္ဘ့ဖလားဘောလုံးပွဲစဉ်များနှင့် ဆိုင်သော ရုပ်မြင်သံကြားအစီအစဉ်များ ထုတ်လွှင့်ခြင်းနှင့်ဆိုင်သည့် ကိစ္စရပ်များကို မြန်မာနိုင်ငံအတွက် တစ်ဦးတည်းမူပိုင်ခွင့်ရရှိထားသော ကုမ္ပဏီမှာ Yangon Entertainment ကုမ္ပဏီဖြစ်ပြီး မိုးဆမ်းပန်းကုမ္ပဏီကို ရုပ်သံထုတ်လွှင့်ခွင့် […]


klnMay 8, 20101min04
ဒီနှစ်မေကတော့ထူးခြားပါတယ်။ အရင်ကတော့ ဧပြီလလောက်ကတည်းက မိုးရိပ်ဆင်တာပေါ့နော်၊ ဒါပေမယ့်ဒီနှစ်ကတော့ ထူးထူးခြားခြားကို ခြောက်သွေ့နေတယ်။ မုန်တိုင်းဖြစ်ပေါ်မှုကလည်း နောက်ကို တော်တော်လေးဆုတ်တဲ့သဘောရှိတယ်။ နာဂစ်နဲ့ပတ်သက်ပြီးတော့ မေလမှာ မုန်တိုင်းဖြစ်ဖို့တော့ရှိတယ်။ အရင်အတွေ့အကြုံအရဆိုရင် မေလထဲမှာ မုန်တိုင်းတစ်လုံးကတော့ ဖြစ်ကိုဖြစ်ရမယ်။ များသောအားဖြင့် အယ်လ်နီညိုနှစ်ရဲ့ သဘောသဘာဝက မုန်တိုင်းဖြစ်ပေါ်တဲ့ အရေအတွက်ကတော့နည်းတယ်။ ဒါပေမယ့်ဖြစ်ရင်လဲ အင်အားကြီးတတ်တယ်။ ဒါကတော့ ကျွန်တော်တို့ရဲ့အတွေ့အကြုံအရပေါ့။ ဒါပေမယ့်အမှန်အတိုင်းရိုးရိုးသားသားပြောမယ်ဆိုရင်တော့ ခုချိန်မှာတော့ မုန်တိုင်းဖြစ်ဖို့ မရှိသေးဘူး။ စောင့်ကြည့်ရမှာပေါ့။ မှန်းခြေနဲ့ပြောရရင်တော့ အင်အားကြီးတဲ့ မုန်တိုင်းတစ်ခုဖြစ်နိုင်ပါတယ်။ ဒီနေရာမှာအရေးကြီးတာကတော့ ကျွန်တော်တို့ဘက်က ပြောနိုင်တာရှိတယ်။ မပြောနိုင်တာရှိတယ်။ ပြောနိုင်တာကတော့ ဘင်္ဂလားပင်လယ်အော်မှာ အင်အားကြီးတဲ့ မုန်တိုင်းတစ်ခုဖြစ်ပေါ်မယ်ဆိုတာကတော့ ရာနှုန်း(၈၀)နှင့် အထက်မှန်ကန်တယ်လို့ပြောနိုင်ပါတယ်။ ဒါပေမယ့်မပြောနိုင်တာက ဘာလဲဆိုတော့ မြန်မာပြည်ကို ဝင်မလား၊ မဝင်ဘူးလားမသိဘူး။ အင်အားကြီးမလား၊ မကြီးဘူးလား အဲဒါတော့မပြောနိုင်ပါဘူး။ အတွေ့အကြုံအရ ကောက်ချက်ချပါဆိုရင်တော့ အရင်တုန်းက […]


klnMay 8, 20101min02
ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနလက်အောက်ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရာ၌ အစိုးရကတရားဝင်သတ်မှတ်ထားသည့် ကျောင်းအပ်ခနှုန်းထားထက်ပိုမို တောင်းခံခြင်းမပြုရန် တရားဝင်ညွှန်ကြားချက်တစ်ရပ်ကို မေလ ၃ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်လိုက် ကြောင်း အမှတ်(၃)အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးဦးကျော်ဝင်းက ပြောကြားသည်။ ၂၀၁၀-၂၀၁၁ခုနှစ်ပညာသင်နှစ်အတွက် အစိုးရအခြေခံပညာကျောင်းများအားလုံး လာမည့်ဇွန်လတွင်စတင် ဖွင့်လှစ်မည်ဖြစ်ကြောင်း မကြာမီအခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံတော့မည်ဖြစ်သည့် အတွက် ထိုသို့ညွှန်ကြားချက်ထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်းပညာရေးဝန်ကြီးဌာနထံမှ စုံစမ်းသရှိရသည်။ အခြေခံပညာကျောင်းသားများ ကျောင်းအပ်ရာတွင် အစိုးရသတ်မှတ်ထားသည့် နှုန်းထားထက်ပိုမိုငွေကြေးတောင်းခံမှုများကို အရေးယူရာတွင် အပိုငွေကြေးတောင်းခံသည့် ငွေကြေးပမာဏကိုလိုက်ပြီး ထုတ်ပယ်၊ ရာထူးချ၊ နယ်ပြောင်းစနစ်များဖြင့် အရေးယူကြောင်း နေပြည်တော်ပညာရေးဝန်ကြီးဌာနဝန်ကြီးရုံးမှ ဒုတိယရုံးအဖွဲ့မှူးဦးမြတ်ထွန်းနှင့် ရန်ကုန်မြို့တော်ရှိ အမှတ်(၃)အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးတို့ကပြောကြားသည်။ အပိုငွေကြေးတောင်းခံမှုများကို တိုင်ကြားလိုလျှင် ဦးအေးကြူ၊ ညွှန်ကြားရေးမှူးချုပ်၊ အမှတ်(၃)အခြေခံပညာဦးစီးဌာန၊ အမှတ်(၅၉)(ခ)အောက်ကြည့်မြင်တိုင်လမ်း၊ ကြည့်မြင်တိုင်မြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်းအမှတ်- ဝ၁-၂၁၁၀၀ရသို့လည်းကောင်း၊ ဦးကျော်ဝင်း၊ ညွှန်ကြားရေးမှူး၊ အမှတ်(၃) အခြေခံပညာဦးစီးဌာန၊ ဖုန်းအမှတ်- […]