ကမာ္ဘ့ဖလားဘောလုံးပွဲစဉ်များ မြဝတီနှင့် မြန်မာ့ရုပ်သံ တိုက်ရိုက်ထုတ်လွှင့်ပြသမည်

klnMay 8, 20101min01

တောင်အာဖရိကနိုင်ငံတွင် ဇွန်လ ၁၁ရက်မှ ဇူလိုင်လ ၁၁ရက်နေ့အထိ ပြုလုပ်မည့် (၁၉) ကြိမ်မြောက်ကမာ္ဘ့ဖလားဘောလုံးပွဲစဉ်များကို မြဝတီရုပ်မြင်သံကြား ( MWD ) နှင့် မြန်မာ့ရုပ်မြင်သံကြား (MRTV)တို့က တိုက်ရိုက်ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း အဆိုပါ အစီအစဉ်ကို အဓိကတာဝန်ယူထားသော မိုးဆမ်းပန်း၏ တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးက ပြောကြားသည်။ “ပွဲစဉ်အားလုံးနီးပါးကို တိုက်ရိုက်ပြသသွားမှာပါ။ အချိန်ကိုက်နေတဲ့ ပွဲစဉ်တွေ MRTV ကနေ တိုက်ရိုက်ထုတ်လွှင့်ပြသသွားဖို့ ညှိနှိုင်းနေပါတယ်။ ဘောလုံးဝါသနာရှင်တွေအတွက် စိတ်ကြိုက်ရွေးကြည့်နိုင်မှာပါ” ဟုအဆိုပါတာဝန်ရှိသူကပြောကြားသည်။ မြဝတီရုပ်သံမှ တိုက်ရိုက်ထုတ်လွှင့်ပြသသွားမည့်ပွဲစဉ်များနှင့် MRTV မှ တိုက်ရိုက်ထုတ်လွှင့်ပြသသွားမည့်ပွဲစဉ်များ၏ အသေးစိတ်စာရင်းကို မကြာမီ ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။ ကမာ္ဘ့ဖလားဘောလုံးပွဲစဉ်များနှင့် ဆိုင်သော ရုပ်မြင်သံကြားအစီအစဉ်များ ထုတ်လွှင့်ခြင်းနှင့်ဆိုင်သည့် ကိစ္စရပ်များကို မြန်မာနိုင်ငံအတွက် တစ်ဦးတည်းမူပိုင်ခွင့်ရရှိထားသော ကုမ္ပဏီမှာ Yangon Entertainment ကုမ္ပဏီဖြစ်ပြီး မိုးဆမ်းပန်းကုမ္ပဏီကို ရုပ်သံထုတ်လွှင့်ခွင့် ပြန်လည်ရောင်းချပေးထားခြင်းဖြစ်ကြောင်း Yangon Entertainment ကုမ္ပဏီ၏ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

One comment

  • intro

    May 8, 2010 at 9:48 am

    နိပ်ပဟ… အိပ်ရေးပျက်မယ့် ညများ တော့ နီးကပ်လာချေပြီ…

    Reply

Leave a Reply

Your email address will not be published.