မန်မာ့ပထမဆုံး အမြွာပူးများတွေ့ဆုံပွဲတွင် အမြွာပေါင်း ၅၀ဝကျော် တက်ရောက်ခဲ့ခြင်းကြောင့်နေရာ အခက်အခဲများနှင့်ကြုံတွေ့ခဲ့ရကြောင်း သိရသည်။ မေလ ၃ရက်က မဟာသန္တိသုခကျောင်း၌ မြန်မာနိုင်ငံတွင် ပထမဆုံးပြုလုပ်ခဲ့သော အမြွှာပူးများတွေ့ဆုံပွဲအခမ်းအနားတွင် အေးအေးငြိမ်း၊ အိအိငြိမ်းအမြွှာတက်ရောက်ခဲ့ပြီး သုံးမြွှာပူးငါးတွဲ၊ နှစ်မြွှာပူးများစွာတက်ရောက်ခဲ့ပြီး စုစုပေါင်း အမြွှာပူးပေါင်း၅၀ဝကျော် တက်ရောက်ခဲ့ကြောင်းသိရသည်။ “ ဒီပွဲက မြန်မာနိုင်ငံမှာ ပထမဦးဆုံး ပြုလုပ်တဲ့ ပွဲဖြစ်တယ်။ ဒီလောက်လာကြလိမ့်မယ်လို့မထင်တော့ အစားအသောက်၊ နေရာအခက်အခဲတော်တော် ဖြစ်သွားတယ်။ နောင်နှစ်ကျရင်တော့ ဒီ့ထက်ကျယ်တဲ့နေရာကိုရွေးပြီးကျင်းပသွားမယ်”ဟု မြန်မာနိုင်ငံ အမြွှာမွေးအသင်းဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ထူးစိန်ကပြောသည်။ အဆိုပါတွေ့ဆုံပွဲ အခမ်းအနားတွင် တက်ရောက်လာကြသော အမြွှာပူးများမှ အသင်းဝင်လိုသူများအားစုစည်း၍ အမြွာညီအကိုမောင်နှမအသင်းကိုဖွဲ့စည်းသွားမည်ဖြစ်ပြီး ချို့တဲ့သောအမြွှာညီအကိုမောင်နှမများ၏ ကျန်းမာရေး၊ ပညာရေးများကို ကူညီပေးသွားမည်ဖြစ်ကြောင်း သိရသည်။ “ ဒီပွဲလေးက အမြို့မြို့အနယ် နယ်မှာရှိတဲ့ အမြွှာတွေအချင်းချင်းတွေ့ပြီး သူတို့ရဲ့စိတ်ချင်းဆက်စပ်နေပုံတွေကို ဆွေးနွေးနိုင်အောင်၊ အမြွှာတွေအချင်းချင်းလဲ ချစ်ကြည်ရေးရအောင်၊ […]
