ဗုံးပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသူများအနက် ၁၁ဦးသာ ဆေးကုသမှုဆက်လက်ခံယူလျက်ရှိ

klnMay 11, 20101min01

ဧပြီ ၁၅ရက်က ရန်ကုန်မြို့ မင်္ဂလာတောင်ညွှန်မြို့နယ် ကန်တော်ကြီးကန်ပတ်လမ်းရှိ X2O ရေကစားမဏ္ဍပ်ရှေ့၌ ဗုံးပေါက်ကွဲမှုကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးနှင့် ဆေးရုံအသီးသီးတို့၌ ဆေးကုသမှုခံယူလျက်ရှိသော ဒဏ်ရာရလူနာ ၁၇ဝအနက်လူနာအများစုမှာ ဆေးရုံမှ ဆင်းသွားနိုင်ခဲ့ကြပြီး အမျိုးသာ ၁၂ဦး၊ အမျိုးသမီးခြောက်ဦးစုစုပေါင်း ၁၈ဦး ဆေးကုသမှု ဆက်လက်ခံယူလျက်ရှိကြကြောင်း သတင်းများထုတ်ပြန်ခဲ့ပြီးဖြစ်သည်။ ယခုအခါ အဆိုပါ ဆေးကုသမှုခံယူလျက်ရှိသော လက်ကျန်ဒဏ်ရာရ လူနာများအနက် သက်သာပျောက်ကင်းသူများ ဆေးရုံမှ ထပ်မံဆင်းသွားခဲ့ကြသဖြင့် မေလ ၁ဝရက်နေ့ အထိ အမျိုးသား ခြောက်ဦး ၊ အမျိုးသမီး ငါးဦးစုစုပေါင်း ၁၁ဦးသာ ဆေးကုသမှု ဆက်လက်ခံယူလျက်ရှိကြောင်း ၂၀၁ဝခုနှစ် မေလ ၁၁ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင်ဖော်ပြထားပါသည်။

One comment

  • susunosuki

    May 11, 2010 at 3:52 pm

    မြန်မြန်ကျန်းမာပါစေ လို့ဆုတောင်းပါတယ်
    အကြမ်းဖက်စနစ်နဲ့နောက်တစ်ကြိမ်လဲ မကြုံကြပါစေနဲ့

    Reply

Leave a Reply

Your email address will not be published.