မြန်မာနို်င်ငံဆေးကောင်စီက ခွဲစိတ်ဆရာဝန်များအတွက် ညွှန်ကြားချက်ထုတ်ပြန်

klnMay 11, 20101min01

မြန်မာနိုင်ငံဆေးကောင်စီက ပြည်တွင်းရှိ ခွဲစိတ်ဆရာဝန်များအားလုံကို အချက်လေးချက်ပါရှိသည့် ညွှန်ကြားချက်တစ်ရပ်ကို ထုတ်ပြန်ထားကြောင်း မျက်စိဆေးရုံကြီး(ရန်ကုန်)မှ မျက်စီခွဲစိတ်အထူးကု ပါမောက္ခ ဆရာဝန်တစ်ဦးက ပြောသည်။ အဆိုပါညွှန်ကြားချက်ကို မကြာသေးမီအချိန်က ထုတ်ပြန်ခြင်းဖြစ်ကြောင်း၊ ယင်းလေးချက်မှာ လူနာအားမခွဲစိတ်မီ ကြိုတင်၍ ခွဲစိတ်ပြီးသည့်အခါ ဖြစ်နိုင်ခြေများကို စစ်ဆေးပြီး အသိပေးခြင်း၊ လူနာနှင့် သို့မဟုတ် လူနာရှင်များနှင့် တိုင်ပင်ဆွေးနွေးခြင်း၊ စနစ်တကျကြည့်ရှုစောင့်ရှောက်ကုသခြင်း၊ လူနာအားချိုသာစွာဆက်ဆံခြင်းစသည်တို့ဖြစ်ကြောင်း ၂၀၁ဝခုနှစ် မေလ ၁၁ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ဖော်ပြထားပါသည်။

One comment

  • susunosuki

    May 12, 2010 at 8:07 am

    ဆရာဝန်တွေ လိုက်နာရမယ့်အချက်တွေကတော့ဟုတ်ပါပြီ
    လူနာတွေလိုက်နာသင့်တာတွေလဲ တကယ်လိုက်နာကြမှ အကျိုးရှိမှာပါ

    Reply

Leave a Reply

Your email address will not be published.