ပုဂ္ဂလိက အခြေခံပညာအထက်တန်းကျောင်းလခ ကျပ်သိန်း ၃ဝထိဈေးပေါက်

klnMay 8, 20101min00

ပညာရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ဖွင့်လှစ်ခွင့်ရသော ပုဂ္ဂလိကအခြေခံပညာ အထက်တန်းကျောင်းများတွင် ကျောင်းသားတစ်ဦးအတွက် တစ်နှစ်ကျောင်းလခစရိတ်သည် အနည်းဆုံး ငွေကျပ် ၂၅သိန်းမှ သိန်း ၃ဝအထိပေါက်ဈေးရှိနေကြောင်း အဆိုပါပုဂ္ဂလိကကျောင်းများထံမှ သိရသည်။ ပုဂ္ဂလိက အခြေခံပညညအထက်တန်းကျောင်းအဖြစ် ပြောင်းလဲဖွင့်လှစ်ခွင့်မရသေးခင်က ဘော်ဒါဆောင်များအဖြစ်ရပ်တည်ခဲ့စဉ်က ကျောင်းသားတစ်ဦးအတွက် တစ်နှစ်ကျောင်းလခမှာ အနည်းဆုံး ငွေကျပ် ၁၈သိန်းမှ ၂၂သိန်းအကြားသာရှိခဲ့သော်လည်း ယခုပုဂ္ဂလိကအခြေခံပညာအထက်တန်းကျောင်းများအဖြစ် ပြောင်းလဲဖွင့်လှစ်ခွင့်ရချိန်တွင် ကျောင်းလခနှုန်းထားများ မြင့်တက်သွားခြင်းဖြစ်ကြောင်း ဘော်ဒါဆောင်များဖွင့်လှစ်ထားသည့် ရန်ကုန်မြို့၏ နာမည်ကျော်ဘာသာရပ်သင်ဆရာများထံမှ စုံစမ်းသိရှိရသည်။ ပုဂ္ဂလိကအခြေခံပညာအထက်တန်းကျောင်းများ ပေါ်ထွန်းလာခြင်းသည် ပညာရေးအတွက် အထောက်အကူပြုနိုင်မည်ဖြစ်သော်လည်း စီးပွားရေးဆန်သော ပညာရေးဈေးကွက်ကြီးအဖြစ် အသွင်ပြောင်းသွားလျှင် ပညာရေးအတွက် များစွာ ဆုတ်ယုတ်မှုများ ဖြစ်ပေါ်နိုင်သည်ဟု အငြိမ်းစားအခြေခံပညာအထက်တန်းကျောင်းဆရာတစ်ဦးက သုံးသပ်ပြောကြားခဲ့သည်။