kaiJanuary 31, 20101min02
အောက်ကဇယားကိုကြည့်ပါ။ ကိုင်ဇာဖန်မလီဖောင်ဒေးရှင်း ကထုတ်ပြန်တာဖြစ်တယ်။ ဇယားအရ အမေရိကန်ကလေးတွေ တရက်ကို ရနာရီခွဲလောက် မီဒီယာနဲ့ပါတ်သက်တာတွေမှာ သုံးနေကြတယ်ဆိုပါတယ်။ အရင် ၁ဝစုနှစ်က အမေရိကန် ကလေးတွေဟာ သီချင်းနားထောင်တာမှာအချိန်အများဆုံးသုံးခဲ့ပေမဲ့ ပြီးခဲ့တဲ့ ၅နှစ်စစ်တမ်းအရမှာတော့ မြင်တဲ့အတိုင်း တီဗီကြည့်တာမှာ အများဆုံးသုံးနေတာတွေ့ရပါတယ်တဲ့။ အမေရိကန် ကလေး ဆိုတာမှာ အမေရိကပြည်ထောင်စုမှာနေတဲ့ အသက် ၈နှစ်က နေ ၁၈နှစ်အထိ ကလေးတွေကို ဆိုလိုပါတယ်တဲ့။ ကလေးတွေ ဒီလောက်ကြီး မီဒီယာတွေသုံးနေတာ ကောင်းသလား မကောင်းဘူးလား တွေးရင် ….ကောင်းတဲ့ဖက်များမယ်ထင်ပါတယ်။ ဘာမှမလုပ်ပဲ အမှောင်ထဲထိုင်နေတာထက်စာရင် တခုခုလုပ်နေတာက တခုခု ပိုသိနေ၊တတ်နေမှာဖြစ်ပြီး အဲဒါတွေကို အသုံးချလာတဲ့အချိန် လူသားဘဝတွေက ပိုမို အဓိပါယ်ရှိလာမယ် ဖြစ်ပါတယ်။ အဲဒီကလေးတွေ ကြီးပြင်းလာတဲ့အခါမှာ အခြားနိုင်ငံကကလေးတွေထက် ပိုသိ၊ပိုတတ်တဲ့ကလေးတွေဖြစ်လာနိုင်ကြောင်းပါ။ မြန်မာပြည်မှာတော့ အဓိပ္ပါယ်ရှိရှိမရှိရှိ ရွေးချယ်ခွင့်အလွန်နည်းပါးတဲ့ဘဝတွေမှာ ကလေးတွေနစ်မြုပ်နေရတာကို […]


kaiJanuary 31, 20101min07
သတင်းတွေဖတ်မိနေရတယ်ဗျ။ အောက်မှာ ဗွိုက်စ်ကသတင်း မူရင်းအတိုင်းတင်ပေးလိုက်ပါတယ်။ သတင်းထဲမှာ စိတ်ဝင်စားတာက “အဆိုပါနေအိမ်၌ပင် နှစ်ပေါင်း ၂၁ နှစ် ကျော်နေထိုင်လျက်ရှိကြောင်း” ဆိုတာလေးပါ။..အင်း..အဲဒီနိုင်ငံမှာမွေးပြီး ..အဲဒီနိုင်ငံမှာပဲ ၂၁နှစ်တောက်လျှောက်နေခဲ့ပြီပဲ…။ ထားပါတော့..။ ဦးအောင်ဆန်းဦးက မြန်မာ-အမေရိကန်ဖြစ်လေတော့ သူ့အကြောင်း သတင်းမှတ်ချက် သုံးသပ်ချက်ကလေးများရေးမလားရယ်ပေါ့။ ကျုပ်တို့က အမေရိက အခြေစိုက်သတင်းစာ လုပ်နေတာကိုး..။ ဒီတော့ ဆန်ဒီယေးဂိုဖက်ဆင်းရမလား၊ သတင်းထောက်လက်မှတ်ပြပြီး ဆိုင်ရာမြို ့နယ်ထဲပဲ ဝင်အချက်အလက်ယူစုံစမ်းရမလားရယ်ပေါ့။ ဒီတော့ …သတင်းသမားတချို ့နဲ့ နည်းနည်းတိုင်ပင်ကြည့်ပါတယ်။ သူက အမေရိကန်ကြီးပါ။ အသက်အရဆို ပင်စင်တောင်ယူနေလောက်ပါပြီ။ စီနီယာစစ်ဒဇင်ပေါ့။ ဆိုတော့..။ အမေရိကန်ပြည်ထောင်စုရဲ့ပုဂ္ဂလိကဆိုင်ရာ အခွင့်အရေးတွေနဲ့ပဲကြည့်ကြည့်။ အခြေခံနိုင်ငံသားအခွင့်အရေးတွေနဲ့ပဲတွက်တွက်… ဘယ်လိုမှ ထိတို့လို့မရတာတွေချည်းတွေ့ရတာပါပဲ။ သူက သူပိုင်ဆိုင်ခွင့်ရှိတယ်ထင်တဲ့ အိမ်မြေ အစိတ်အပိုင်းတွေ ခံစားခွင့်ရဖို ့မြန်မာတရားဥပဒေအရ ရုံးတော်ကိုဦးတိုက်လျှောက်ထားတယ်။ ဒါကိုသူ့ရဲ့ညီမ အရင်းခေါက်ခေါက်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကလည်း […]


kaiJanuary 28, 20101min01
မနေ့ညက သမ္မတမိန့်ခွန်း(State of the Union address)နားထောင်ဖြစ်ပါတယ်.. ဒီလိုမိန့်ခွန်းကို သမ္မတတွေဟာ တနှစ်တခါပြောရလေ့ရှိပြီး အခုအကြိမ်ဟာ အိုဘားမားအတွက် ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ State of the Union addressကို ဗမာလိုဘယ်လိုပြန်မလည်း စဉ်းစားရာက ဗီအိုအေကသတင်းဖတ်မိတော့ သူတို့ပြန်ထားတာ “လှ”တာမို ့အဲဒါပဲယူသုံးလိုက်ပါတယ်။ ”နိုင်ငံတော်အခြေပြမိန့်ခွန်း” တဲ့လေ..။ ဝိကီမှာတော့ အောက်ကအတိုင်းအဓိပါယ်ဖွင့်ပါတယ်။ ဆက်စပ်ကြည့်နိုင်ဖို့တင်ပေးလိုက်ပါတယ်။ The State of the Union is an annual address presented by the President of the United States to the United States Congress. The address not only reports […]


kaiJanuary 27, 20101min03
( ၂၄.၁.၂၀၁ဝ ) နေ့ ကမယ်ဆိုတဲ့ မိုးဒီ၊မော့စ်၊မေတ္တာနဲ့ ခင်လှိုင်တို့ရဲ့ တိုကျိုဆာကူရာ ပျော်စရာအငြိမ့် မလုပ်ဖြစ်တော့တဲ့အကြောင်း သိကြမှာပေါ့။ မသိရင်အောက်မှာ ၊ မဇျိ္စမကမူရင်းသတင်းတင်ပေးလိုက်ပါတယ်။ ၊ မဇျိ္စမ မှာပါတဲ့သတင်းအရရန်ကုန်မင်္ဂလာဒုံလေဆိပ်ကထွက်ခါနီးမှာမှလ.၀.ကက ပတ်စ်ပို့တွေကို သိမ်းလိုက်ပြီး ပေးမသွားတာပါတဲ့ခင်ဗျာ..။ အငြိမ့်အဖွဲ ရ ဂျပန်ပေးမသွားတာဟာနိုင်ငံရပ်ခြားတွင် စစ်အစိုးရနှင့် ပတ်သက်ပြီး ပြက်လုံးထုတ်မည်ကို စိုးရိမ်သောကြောင့် လို့ ပြည်ပရောက် သီးလေးသီး အငြိမ့်အဖွဲ့ ခေါင်းဆောင် လူရွှင်တော် ဂေါ်ဇီလာက ပြောတယ်လည်း ရေးထားပါတယ်။ ပွဲအတွက်လက်မှတ်တစ်စောင်ကို ယန်း၄၅၀ဝနဲ့ရောင်းထားပြီးလို့ လက်မှတ်ဝယ်ထားသူတွေ ကို တော့ ပွဲကို ရက်ရွှေ့ထားပြီး ငွေပြန်လိုချင်ရင် ငွေပြန်အမ်းပေးမယ်ဖြစ်ကြောင်းပြောပါတယ် ။ အဲဒီအကြောင်း တိုကျိုက မိတ်ဆွေတွေ နည်းနည်း တီးခေါက်ကြည့်တော့ …ဒီလိုပွဲမျိုးတွေလုပ်ရင် ရုံငှားခ၊ လေယဉ်စရိတ် စတာတွေနဲ့ […]


kaiJanuary 27, 20105min04
ကားအစင်း ၂.၃သန်းကျော်ကားစီးနေသူတွေထံကပြန်မှာယူပြီး ပြင်လိုက်ရတဲ့ တိုယိုတာဟာ အဂါင်္နေ့ ဇန်နဝါရီ ၂၆မှာ ကားအရောင်းတွေပါရပ်ထားမယ်လို ့ကြေညာပါတယ်။ သတင်းကိုတော့ အောက်က မူရင်းအင်္ဂလိပ်သတင်းမှာကြည့်နိုင်ပါတယ်။ ပြောချင်တာက ဗမာတွေအတွက်ပါ။ တကယ်လို ့တိုယိုတာ ဝယ်စီးနေတယ်၊ သူတို့ထုတ်ပြန်တဲ့ ကားအမျိးအစားမှာပါနေတယ်ဆိုရင် အမြန်သာ ပြေးပြီး ပြုပြင်ကြစေချင်ပါတယ်။ သူတို ့ပြန်ခေါ်နေတဲ့ အဓိကအကြောင်းက လီဗာက ကားကြမ်းအောက်ခင်းခြေသုတ်ဖုံနဲ့ ညပ်ပြီး လီဗာနင်းထားသလိုဖြစ်တတ်တာမို ့ပါ။ အဲဒါဟာ အန္တရာယ်အလွန်ကြီးပြီး ပြီးခဲ့တဲ့ ၂နှစ်လောက်ကစလို့ အသက်တွေပါသေကုန်ကြတဲ့အထိ ပြသနာတွေဖြစ်ကုန်ကြလေရဲ့…။ တကယ်လို့..တကယ်လို ့….။ ကိုယ့်ရဲ့ကား အဲဒီလိုလီဗာကပ်ပြီး ဖရီးဝေးမှာ မိုင်၁၂ဝလောက်အထိ တောက်လျှောက်တက်လာရင်ဘယ်လိုလုပ်မလဲ.. အဲဒီအကြောင်းဆွေးနွေးကြည့်ကြပါစို့..။ လိုအပ်တာတွေရှိဦးမယ်ဆိုရင်လည်း  ကားအကြောင်းနားလည်သူတေံက ဖတ်မိရင်ဖြည့်စွက်ပေးကြစေလိုပါတယ်။ အောက်မှာ ဖြစ်နိုင်ချေနဲ့ လုပ်ရမှာတွေ ချရေးကြည့်ပါမယ်။ တကယ်လို ့ကားဟာ မောင်းနေရင်း အရှိန်တက်လာပြီး […]


kaiJanuary 26, 20101min01
ဆရာတော် အီးမေးလ်နဲ့ပို့လာလို့ တင်ပေးလိုက်တာပါ။ အမေရိကန်ပြည်ထောင်စု မီနီဆိုးတာပြည်နယ်ကဖိတ်စာဖြစ်ပါတယ်။ မြန်မာပြည်မှာတော“့ တပို ့တွဲလတွင်ထမနဲထိုးကြသည်”ဆိုတာ သိပြီးရိုးနေကျ ထုံးစံတခု…ပေါ့။ တပို ့တွဲလဟာ ဆောင်းတွင်းဆိုတော့ အေးတယ်။ အေးတော့ ဗမာထုံးစံအရ ပြောရရင်..အသားတွေခြောက်ပြီး လူမှာ အဆီဓါတ်ခမ်းလို ့အပူစာတွေ ရောသမမွေထားတဲ့ ထမနဲကို ထီထွင်စားသုံးကြရတာပေ့ါ။ ဆီရွဲရွဲမှာ အုံးသီး၊ နှမ်း၊ ကောက်ညင်း၊ မြေပဲဆံ၊ ဂျင်းစသဖြင့်ကို ယောကျင်္ားကြီးတွေတောင် ချွေးရွဲအောင်နယ်ရတဲ့ (ထိုးရတဲ့)ကောက်ညင်းစီးစီးနဲ့တွဲပြီးမြင်ကြည့်နိုင်ကြမှာပါ။ ပျော်စရာကောင်းသလို ကျမ်းမာရေးနဲ့ ညီညွတ်တဲ့ မိရိုးဖလာ ရာသီပွဲတော်တခုလေ..။ ရာသီစာဖြစ်တာမို ့ ရာသီအကိုက် လူနဲ့လဲတည့်တယ်ဆိုပါတယ်။ တည့်ဆို အမေရိကမြေက မြန်မာပြည်ထက်ပိုကြမ်းပိုအေးနေတာကိုး…။ အမေရိကမှာ ဒီခေတ်ပိုင်း တော်တော်လုပ်လာကြတာမို ့မိတ်ဆွေအမေရိကန်တွေပါခေါ်ပြီး ဘုရားဖူးရင်း လိပ်ဥတူးကြစေလိုပါကြောင်းနဲ့ အယ်လ်အေမှာလည်း ဒီတပါတ်မှာ တနင်္ဂနွေမှာ၊ ဂရမ်းဗျူးဘုန်းကြီးကျောင်းမှာ ထမနဲပွဲရှိပါတယ်လို့ရွာဆော်ကြီးလုပ်လိုက်ပါရစေ။ […]


kaiJanuary 24, 20104min00
THERAVADA DHAMMA SOCIETY 699, Serramonte Blvd., Room (101) Daly City, CA  94015 Dear Dhamma Friends: We would like to invite you to two Tipitaka Sayadaws Tayapwe {Dhamma Talk} on coming Saturday and Sunday. Following are schedules and location: *7:00 p.m. Saturday, January 23th, 2010 TipitakaDaYa DamaBandarGarRika Sayadaw Dr Buddanta GanDhaMalaLankaya. *7:00 p.m. Sunday, January 24th, 2010. TipitakaDaYa DamaBandarGarRika  […]


kaiJanuary 23, 20102min03
အသစ်တွေ့ရှိဖန်တီးထားတဲ့ Pranav MistryကSixthSense Technology လို့အမည်ပေးထားတာပါ။ အိုင်ဒီယာက “ကိုလံဘတ် ကြက်ဥကိုထောင်ပြသလိုပါပဲ။” အဲဒီတွေ့ရှိမှုကို သူ( Pranav Mistry )ကOpen Sourceအဖြစ်လုပ်လိုက်ပေးပါတယ်။ နောင်နှစ်တွေမှာ အဲဒီနည်းပညာသုံး ပစ္စည်းတွေ အမေရိကလမ်းတွေမှာ သုံးနိုင်မယ်မျှော်လင့်ရတာပါပဲ။ မနေ့ညက တီဗီက Caprica ဆိုတဲ့ဇတ်လမ်းတွဲကြည့်မိပါတယ်။ အဲဒီမှာလည်း သေသွားတဲ့လူဟာမသေခင်ကျင်လည်ခဲ့တဲ့ Visual လောကမှာရှင်သန်နေတာတွေ့ရပါတယ်။ အဲဒီလူရဲ့ဦးနှောက်ထဲကဒေတာတွေ တကယ့်လောကထဲ ဒေါင်းလုပ်လုပ်ချပြီး ဦးနှောက်အတု၊ စက်ရုပ်ထဲထည့် ပြန်ရှင်စေတာမျိုး တင်ဆက်ထားတာပါပဲ။ အခု နည်းပညာရယ်။ ဂိမ်းတွေရယ်။ 3Dရယ်ပေါင်းစပ်တွေးကြည့်ရင် ၂၁ရာစုအလယ်ရဲ့ လုနေမှုစံနစ်မှန်းလို ့ရနို်င်လောက်မလားပါပဲ။ ကမ္ဘာ့လူသားများကတော့ အရှိန်အဟုန်နဲ့ ရွေ ့နေကြပါပြီ။ မြန်မာတွေ မပါလောက်ပါဖူးနော၊ အချင်းချင်းချတုန်း၊ နှက်တုန်း၊ ဆော်တုံး၊ အာဏာလုနေကြတုန်း..၊ “အစိုးရ လုပ်ချင်တဲ့သူက အတင်းကာရောတက်လုပ်နေပြီး လူသားအခြေခံလိုအပ်ချက်ဖြစ်တဲ့ […]


kaiJanuary 20, 20102min04
တတိယနိုင်ငံဆိုတာက ဂျပန်၊မြန်မာပြည်ကလွဲပြီး တတိယမြောက်တနိုင်ငံကိုခေါ်တာပါ။ စစ်အေးခေတ်က တတိယကမ္ဘာ့နိုင်ငံများဖြစ်တဲ့ နို်င်ငံတွေကို ဆိုလိုတာမဟုတ်ပါ။ ပြောရရင် မြန်မာပြည်ဟာ တတိယကမ္ဘာ့နိုင်ငံတခုဖြစ်ခဲ့တာပါပဲ.။.. ဒီအတိုင်းပဲ အမေရိကန်ပြည်ထောင်စု ဆိုတာက ပထမကမ္ဘာ့နို်င်ငံတွေရဲ့ ဦးဆောင် နိုင်ငံကြီးပါ။ ပထမနိုင်ငံဖြစ်ပါတယ်..။ ပြောချင်တာက ဒီနေ့ အင်တာနက်ထဲ လိုက်နှိုက်ရင်း တွေ့တဲ့သတင်းလေးတခုအကြောင်းပါ။ ဂျပန်နို်င်ငံက မိုးသောက်ကြယ် ဝက်ဘ်ဆိုက်ကဖြစ်ပါတယ်။ သတင်းအရ ဒီနှစ်ထဲအမေရိကကို လာမဲ့ မြန်မာတွေ ရှိလာမဲ့ပုံရပါတယ်။ တချို ့ရောက်လာနေတာတွေတောင် တွေ့နေရပါတယ်..။အဲဒါကြောင့် င်္ဒလပိုင်း အမေရိကန်ပြည်ထောင်စုရဲ့ သန်းကောင်စာရင်းကိစ္စတွေအတွက် စာတွေလိုက်ဖတ်ရင်းတွေ့တာလေး တချို ့ဝေမျှချင်လို ့ပါ။ ယူအက်စ်ကို ပြောင်းရွေ့ခိုလှုံသူတွေ၊နို်င်ငံရေးခိုလှုံကြသူတွေ ဆိုတာ ကမ္ဘာ့နိုင်ငံတော်တော်များများကရှိပေမဲ့(လာကြပေမဲ့) မြန်မာတွေအတွက်တော့ (တခြားနိုင်ငံတွေနဲ့စာရင်)လျှောက်ရင် ရဖို ့ဆိုတာက ဖြစ်နို်င်ချေတော်တော်များတယ်လို့ စာရင်းဒေတာတွေအရတွေ့ရပါတယ်။ ယူအက်စ်မြေနင်းပြီးမှ လျှောက်လာရင် ရာခိုင်နှုန်းအားဖြင့် ၆ဝကျော် ၇ဝလောက်ကို […]


kaiJanuary 19, 20101min06
အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျလိစ်မှာ အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပြီဆိုရမှာပါ။ ၁။ နောက်သင်တန်းများအတွက် စာရင်းသွင်းနိုင်ပါကြောင်းနဲ့ ကျောင်းက ဆရာ၊ ဆရာမတွေ မြန်မာပြည်မှာလို ကြိမ်လုံးကိုင်ထားပုံမရပါကြောင်း…။ ၂။ နေ့အစားအသောက်ပါတာဝန်ယူထားပုံရတာမို ့နေ့ကလေးထိန်းကျောင်းနဲ့ မှားပြီး လာအပ်ကြမှာ စိုးရိမ်ရပါကြောင်းနဲ့…။ ၃။ ယူအက်စ်ရောက်တာ တော်တော်ကြာသွားလို ့( ၃-၄နှစ်လောက်) မြန်မာစာ၊စကားမေ့သွားပြီဆိုတဲ့ အင်္ဂလိပ်လူဝင်(လူထွက်မဟုတ်) ကလေးများ တက်ကြစေလိုပါကြောင်း။(နောက်တာနော) မှတ်ချက်။  ။  အင်္ဂလိပ်လူထွက်ကလေးများ – အင်္ဂလိပ်ကျောင်းတွင်နေ အင်္ဂလိပ်ကဲ့သို့ဝတ်ဆင်ကာ အင်္ဂလိပ်စကားကိုသာပြောသူများ။ အင်္ဂလိပ်လူဝင်ကလေးများ – မြန်မာပြည်ပြင်ပသို့ အသက်ကြီးမှ ထွက်ခွာလာခဲ့သော်လည်း ဘိုလိုဝတ်ကာ ဘိုစကား(သာ)ပြောပြီး မြန်မာစာ၊စကားမေ့သွားပြီပြောသူများ။


kaiJanuary 17, 20101min00
ဒီဇင်ဘာ၅၊၂၀၀၉ ဒီဇင်ဘာ၅၊၂၀၀၉ ညနေ ၅နာရီခွဲ မှ ၉နာရီခွဲထိ မြောက်ပိုင်းကယ်လီဖိုးနီးယား Cupertino ု DeAnzaကောလိပ်တွင်မြန်မာရူပဗေဒမိသားစု ပြန်လည်တွေ့ဆုံမိတ်ဆုံစားပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရသည်။ မိတ်ဆုံစားပွဲသို့၁၉၇၃ခု မှ ၁၉၉၂ခု အတွင်း ရူပဗေဒအဓိက ဘာသာဖြင့်အောင်မြင်ခဲ့ကြသော ဘွဲ့ရမောင်မယ်များ အပါအဝင်မိသားစုနှင့် မိတ်ဆွေများ စုစုပေါင်း ၁၀ဝ ကျော်တက်ရောက်ခဲ့ကြ၍ကနေဒါမှ ဒေါက်တာ မောင်မောင်ကြီးမေရီလန်းမှ ဒေါ်ခင်ဆွေဉီး နှင့် အယ်အေမှရူပဗေဒ ဆရာများဖြစ်ကြသော ဉီးတင်ထက်စိန်၊ဒေါက်တာတင်မောင်အေး၊ ဉီးသိန်းလှိုင်တို့လည်းတက်ရောက်ခဲ့ကြသည်။ အခမ်းအနားအစီအစဉ်အရ ကနေဒါမှတက်ရောက်လာသောဒေါက်တာ မောင်မောင်ကြီးမှ အဖွင့်ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားကာ ကိုခင်ဇော် မှ  မြန်မာရူပဗေဒမိသားစုအသင်း အဖွဲ့အစည်းဖြစ်ပေါ်လာပုံအကျဉ်းချုပ်နှင့် အသင်းလှုပ်ရှားမှုများကို ရှင်းလင်းတင်ပြသွားခဲ့ကြောင်းသတင်းရရှိသည်။ ထို့နောက် ကွယ်လွန်သွားလေသူ ပါမောက္ခဒေါက်တာ စိုးမြင့်ဝင်း နှင့် ဆရာမဒေါ်မေစုတို့အား တမိနစ်ခန့်ငြိမ်သက်၍ဂါဝရြုပကြပါသည်။ ဆက်လက်ပြီး ဘွဲ့ရကျောင်းသူ၊ကျောင်းသားများ အမှတ်တရ စုပေါင်းဓါတ်ပုံရိုက်ကြပါသည်။ ဓါတ်ပုံရိုက်အပြီး မြန်မာရူပဗေဒအသင်းမှတည်ခင်းဧည့်ခံသောညစာကို […]


kaiJanuary 16, 20101min00
ဗွိုက်ဂျာနယ်အဖုံးမှာ အောက်ကသတင်းကိုဖတ်ရတာပါ။ ပတ်စပို ့Sampleမမြင်ဖူးတာမို ့ဘယ်လိုလဲမသိရပေမဲ့ နို်င်ငံတကာတွေရဲ့အတိုင်း ပုံစံတူဘားကုဒ်စံနစ်ဖြစ်ဖို ့များပါတယ်။ နာ;လည်သလောက် သံလိုက်ကြိုး( ဗီဒီယို တိတ်ပ်ကြီုး) လိုမျိုး(ဒါမှမဟုတ်) ချစ်ပ်အထဲထဲမှာ ဒေတာတွေကို ဒစ်ဂျစ်တယ်စံနစ်နဲ့ထည့်ထားပြီး ဖတ်တဲ့စက်(စကင်နာ)နဲ့ဖတ်ရင် ဒေတာတွေကို ကွန်ပျူတာမှာ ပြပေးတာဖြစ်ပါတယ်။ ဒါ့အပြင် မြင်ရတဲ့ ဘားကုဒ်လို စာတွေ ပတ်စပို့မှာ ပုံနှိပ်ထားပြီး စကင်န်နာနဲ့ဖတ်ရင် ဒေတာတွေ ကွန်ပျူတာ မှာသွားပေါ်မှာမျိုးလည်း တွဲပြီးပေးထားပါတယ်။ အမေရိကန်ပတ်စပို ့မှာ ပါသလိုပေါ့။ ဆိုတော့.. ဒီစံနစ်အရ အသုံးပြုရင် ကွန်ပျုတာ ကွန်ယက် ချိပ်ဆက်ထားတဲ့အထဲ လေဆိပ်ကဖတ်တဲ့ကွန်ပျူတာကနေ အလွယ်တကူတင်ပေးလိုက်နိုင်ပြီး ဗီဇာစံနစ်ကိုပါချိပ်ဆက်ထားရင် မိန်းဖရိန် ဒေတာတွေနဲ့ တိုက်ဆိုင်စစ်ဆေးပြီး ဆိုင်ရာ ပတ်စ်ပို ့ကိုင်ဆောင်သူရဲ့ အချက်အလက်အကုန်သိနိုင်မယ်ဖြစ်ပါတယ်။အရင်တုံးက ဝင်တာထွက်တာတွေ၊ နေရပ်တွေ၊ မိဘအမည်တွေ စသဖြင့် ဆိုလိုတာပါ။ […]


kaiJanuary 15, 20101min011
အီးမေးလ်ကရတာလေးပါ။ ဘယ်သူရေးမှန်းမသိ..ကဗျာလား..စာလား..မသိ..ဘာဘာ..ဘာမှမသိ….။ ================================== သူငယ်ချင်းတို့ကို ချစ်ခြင်းအားဖြင့် ပြန်လည်မျှဝေလိုက်တယ် KT ကိုယ့်ဘဝမှာ စိတ်တူကိုယ်တူ အမြဲပေါင်းသင်းတဲ့ သူငယ်ချင်း ဘယ်နှစ်ယောက် ရှိလဲလို့ လက်ချိုး ရေတွက်ကြည့်ဖူးပါသလား.. ? ကိုယ်နဲ့ အခုမှ ခင်မင်ရင်းနှီးပေမဲ့ ငယ်ငယ်ကတည်းက ပေါင်းလာတဲ့ ငယ်ပေါင်းလို ဘာမဆို ဖွင့်ပြော တိုင်ပင် မျှဝေလို့ ရနိုင်တဲ့ သူငယ်ချင်းကော ရှိဖူးလား…? ရှိတယ်ဆိုရင် တန်ဖိုးထား မြတ်နိုးပါ။ ကံတရားက ဆန်းကြယ်တယ်။ ကိုယ်မထင်မှတ်၊ မမျှော်လင့်တဲ့ အချိန်မှာ လူတစ်ယောက်ကို ကိုယ်ဆီ အရောက်ပို့လိုက်တယ်။ အဲဒီလူက ကိုယ်မျှော်လင့်နေတဲ့ အချိန်မှာ ရောက်မလာတတ်ဘဲ ရောက်လာတဲ့အချိန်မှာတော့ ကိုယ်က တန်ဖိုးထားရ ကောင်းမှန်း မသိခဲ့ဘူး။ ဒါကြောင့် ကိုယ်ဘေးပတ်ဝန်းကျင်က လူတွေကို တန်ဖိုးထားပါ။ သူငယ်ချင်းပဲ ဖြစ်ဖြစ်၊ […]