kaiJanuary 14, 20101min03
ခေါင်းစဉ်ကြည့်ပြီး အူကြောင်ကြောင် ဖြစ်လောက်ပါတယ်။ ဟုတ်ပါတယ်။ အမေရိကမြေမှာမွေး၊ အမေရိကမှာကြီး ဒီလေကိုရှု၊ ဒီရေကိုသောက်တဲ့ မြန်မာတွေ ဗမာစာ မတတ်ကြပါဘူး၊ တတ်တဲ့သူအင်မတန်မှကို ရှားပါတယ်ခင်ဗျား၊ စာ ဆိုလို ့စကားရော မေးလာရင် အင်း…စကားလည်း မတတ်ကြပါဘူး၊ တတ်တဲ့သူရှားပါတယ်ခင်ဗျား၊ ရှားပြီးရင်းရှားနေတဲ့ ဒီပြသနာကို ပြေလည်အောင် အခြေကျနေပြီဖြစ်ကြတဲ့ မြန်မာတွေစီစဉ်ကြည့်တာပါ။ အင်မတန်ကောင်းတဲ့ မွန်မြတ်တဲ့အလုပ်ပါ။ တကယ်က မြန်မာဇာတိနွယ်ခေါ်ရမဲ့ မြန်မာ့သွေး ပါသူ မြန်မာပြည်ဇာတိ မိဘတွေက မွေးဖွားလာသူတွေမို ့မြန်မာစာ၊စကားတတ်သင့်ပါတယ်။ ဒီတော့ မြန်မာစကားတတ်ရင် ဘာတွေ အကျိုးရှိမှာလည်း မေးစရာရှိပါတယ်။ ဟုတ်ကဲ့ပါ..။ နောက် အနှစ် ၃ဝ (၃၀)စောင့်ကြည့်ပါခင်ဗျား။ နောက်အနှစ် ၃ဝ အတွင်းမှာ မြန်မာပြည်ကြီးဟာ ကမ္ဘာ့ရှေ့တန်း ရောက်မလာဘူးလို ့မပြောနိုင်ပါဘူး၊ နောက်အနှစ်၃ဝ အတွင်းမှာ မြန်မာ့စာပေ […]


kaiJanuary 13, 20101min00
သက္ကရာဇ် ၂၀၁ဝခုနှစ် ဇန်နဝါရီလ ၂ရက်နေ့က အမေရိကန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူများမှ အမေရိကန်နိုင်ငံ အင်ဒီယာနာပြည်နယ် ဖော့ဝိန်းမြို့ရှိ စိန့်ဟင်နရီဘုရားကျောင်း ခန်းမတခုတွင် စာပေဟောပြောပွဲတခုကို ကျင်းပပြုလုပ်ခဲ့ကြပါသည်။ အဆိုပါ စာပေဟောပြောပွဲတွင် စာရေးဆရာမ ခက်မာက ”ဘဝထဲက စာ” ခေါင်းစဉ်ဖြင့်၄၅ မိနစ်ခန့် ပထမဆုံး ဟောပြောခဲ့ပါသည်။ ထို့နောက် စာရေးဆရာမ မေငြိမ်းက ”ရိုးဂုဏ်” ခေါင်းစဉ်ဖြင့် ၁နာရီနီးပါး ဟောပြောခဲ့ပြီး၊ ကဗျာဆရာ အောင်ဝေးက ”ရေစုန်ကိုဆန်ကာပျံခဲ့ပြီ” ခေါင်းစဉ်ဖြင့် ၁နာရီကျော်ကြာခန့် ဟောပြောခဲ့သည်။ အဆိုပါ အခမ်းအနားသည် ဖော့ဝိန်းမြို့ရှိ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူများမှ ပူးပေါင်း၍ပထမဦးဆုံးအကြိမ်အဖြစ် ကျင်းပခဲ့သော စာပေဟောပြောပွဲဖြစ်ပြီး အခမ်းအနားသို့ စာပေ မြတ်နိုးသူ ပရိဿတ် ၁၅ဝကျော်ခန့် တက်ရောက်ခဲ့ကြပြီး စာရေးဆရာဆရာမများ၏ စိတ်ဝင်စားဖွယ်ရာ ပြောကြားချက်များကို အားပေးခဲ့ကြသည်။


kaiJanuary 12, 20101min02
လစာလည်းကောင်း၊ ဘဝအာမခံချက်လည်းရှိတဲ့အလုပ်တွေပါ။ ထောက်လှမ်းရေးအလုပ်တွေမို ့ရုပ်ရှင်ထဲကလို ဒိုင်းညောင့်၊ဒိုင်းညောင့်နဲ့ ဂျိန်းစဘွန်းလို လုပ်ကြရမယ်မထင်ကြစေလို။ မြန်မာ-အမေရိကန်မျာအတွက်သာမို ့အသက်တွေကျော်ကုန်ကြသမို ့ပါ…။ဆိုလိုတာက မြန်မာတွေ အမေရိကန်ဖြစ်ချိန်မှာ သုံးဆယ်ကျော်တွေဖြစ်ကုန်ကြတာမို ့ အပစ်အခတ်အညှစ်အသတ် အီစီဂလီလေးတွေပါတဲ့ အေးဂျင့်အလုပ်နဲ့တော့ ဝေးပါတယ်လို ဆိုလိုချင်တာပါ။ အခုအလုပ်တွေက အလုပ်တွေရှားတဲ့ ရာသီမှာမက ဘယ်ရာသီမှာမှ  ပြုတ်မှာမပူရတဲ့အလုပ်တွေမို ့အမေရိကရောက် မြန်မာတွေ စစ်ဒဇင်ဖြစ်နေရင်ကြိုးစားလျှောက်ကြစေလိုကြောင်း…။ အောက်မှာ မူရင်းသတင်းပါ။ INTELLIGENCE COMMUNITY TO HOLD VIRTUAL CAREER FAIR FOR JOB SEEKERS Free Registration and Attendance; Hundreds of Jobs Available Nationwide


kaiJanuary 10, 20101min012
အောက်ကသတင်းကို မြန်မာပြည်က Living Colour Magazine ကနေတိုက်ရိုက်ကူးယူဖေါ်ပြထားပါတယ်။ သတင်းအရ အမေရိကန်ပြည်ထောင်စုအပါအဝင် မြန်မာပြည်ပြင်ပမှာနေပြီး မြန်မာသံရုံးကို အခွန်ငွေပေးသွင်းနေသူတွေ ကားမသွင်းနိုင်ပါဘူး။ လွန်ခဲ့တဲ့ အနှစ်၂ဝ ဝန်းကျင်လောက်ကတော့ ရခဲ့ပါတယ်။ အခုရတော့မလားဆိုပြီး သတင်းတွေကြားနေတာမို ့မြန်မာပြည်လှမ်းမေးတော့ အောက်ကသတင်းပြန်ပို ့ပေးလိုက်တာပါပဲ။ ကြေငြာချက်ဆိုတာကြီးအရ လုပ်ငန်းရှိတဲ့ ကုမ္ပဏီတွေပဲ ရပါဦးမယ်။ ကြားထဲ ဆိုင်ကယ်တွေပါ သွင်းလို ့ရပါပြီလို ့ထပ်ပြောလာပါသေးတယ်။ ဟုတ်ကဲ့..ကုမ္ပဏီတွေပါပဲ။ ဒီကားသွင်းတဲ့ကိစ္စနဲ့ပါတ်သက်ပြီး ပြောစရာတွေကတော်တော်များပါတယ်။ မြန်မာပြည်မှာ ၁၉၈၈တပ်မတော်အစိုးရဆိုတာကြီးတက်ပြီး သကာလ စစ်အစိုးရနဲ့ ပူးပေါင်းကူညီသူတွေကို ဘယ်လိုလုပ်ပြီး ငွေကြေးမျိုးမျီုးမြက်မြက်ကလေးပေးရမှန်း မသိလေတော့( မဆလ အကြွင်းအကျန်တိုင်းပြည်က မွဲပြီး ဘက်ဂျက်တွေလိုငွေပြနေတာလည်းပါပါတယ်) နို်င်ငံတော်ထိတ်တန်းအဆင့်ပုဂ္ဂိုလ်ကြီးများကိုယ်တိုင်စီမံထုတ်ပေးရတဲ့ ကားပါမစ်ဆိုတာကြီးထွင်ပြီး လုပ်စားရာက စခဲ့တယ်ဆိုရမှာပါပဲ။ ကားပါမစ်ကို နဂိုက သဘောင်္သားတွေ၊ ရှိုးဂျော့သမားတွေ အခွန်ဆောင်ရင် ပါမစ်ချပေးနေတာကနေ […]


kaiJanuary 7, 20101min03
အတိတ်၊ပစ္စုပန် နှင့် အနာဂါတ် (၁)   – ဒုက္ခသည်ဟုဆိုကြရာဝယ် မောင်မိုးညိုတို့ငယ်စဉ်က လူကြီးမိဘများပြောလေ့ ရှိသော ‘ဒုက္ခရောက်မှာမကြောက်ဘူးလား’ ‘ဒုက္ခိတဖြစ်သွားချင်လား’ ဟူသောစကားကိုသတိရမိသည်။ လောကဓံတရားရှစ်ပါးတွင် တပါးအပါအဝင်ဖြစ်သော ‘ဒုက္ခ’ကိုကွင်းရှောင်နိုင်ရန်လူတိုင်းကြိုးစားကြသည်ချည့်ပင်။ ခြိမ်းခြောက်စကားဘဲဆိုဆို ဒုက္ခရောက်မှာတော့ သကောင့်သားသမီးအားလုံးက ဝေးဝေးရှောင်ကြသည်။ လူ့သဘာဝကား ဆန်းသားပင်။ အမှားကိုမှားမှန်းသိလျက်နှင့် ကြူးလွန်မြဲလမ်းမှားကိုလိုက်မြဲ လိုက်ဆဲ မိုက်ကြမြဓမ္မတာ။ ဗုဒြွဂေါတမ၏ ဟောပြချက်တခု၌ “အသိကိုသတိနှင့်ထိမ်းကြောင်းကြရန်” ဆိုဆုံးမထားသည်။ သတိတွေထားနေရင်းကပင် ဒုက္ခနှင့်ဝေးတော့ ဒုက္ခ၏အရသာကိုအမေ့ကြီးမေ့ကာ အမှားနောက်ကိုကောက်ကောက်ပါအောင်လိုက်မိကြပြန်သည်။ သို့အတွက်လည်း ‘သံသရာ’ ဟူသောဝေါဟာရက လောကအလည်မှာနေရာယူနေသည်မဟုတ်ပါလော။ မည်သို့ဆိုစေ စာဖတ်သူအားလုံးနားလည်ကြသည် ကတော့ ဒုက္ခနှင့်ဝေးနိုင်လေ ဘဝအေးချမ်းလေပင်။ သို့ကြောင့်လည်း ဗုဒြွ၏ “သစ္စာလေးပါးတရား” မှတစ်ပါးဖြစ်သော “ဒုက္ခသစ္စာ” သည်သံသရာကိုကြင်လည်ရခြင်း၏ မဖေါက်မပြန်မှန်ကန်သော ပရမတ်အဖြစ် ဓမ္မစက္ကပဝတ္တနတရားဦးတွင်ညွှန်ပြခဲ့လေသည်။ ယေဇူးခရစ်တော်သည်လည်း လူသားတို့၏မိုက်မဲမှုအားလုံးအတွက်ကိုယ်တော်တိုင်ကားစင်တက်ကာလူသားအားလုံးအတွက် ဒုက္ခဝန်ကိုခံစားသွားပေးခဲ့လေသည်။ ယခုရေးလိုသည့်အကြောင်းကား […]


kaiJanuary 6, 20101min04
ဇန်နဝါရီလ ၄ရက်။ စောအဲခေါင် (ကေအိုင်စီ) အမေရိကန်နိုင်ငံ၊ အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့တွင် အခြေချနေထိုင်သည့် ကရင်ဒုက္ခသည် ဆယ်ကျော်သက်လူငယ် မောင်မယ်နှစ်ဦးသည် လွန်ခဲ့သည့် ဒီဇင်ဘာလ ၂၆ရက်နေ့က ကားဂိုဒေါင်တခုအတွင်း မထင်မှတ်ဘဲ သေဆုံးသွားခဲ့သည်။ ၎င်းတို့နှစ်ဦးသည် ကားဂိုဒေါင်အတွင်း အောက်ဆီဂျင်ရရှိခြင်းမရှိဘဲ ကားအင်ဂျင်စက်နိုးရာမှ ထွက်ရှိလာသည့် ကာဗွန်မိုနော့ ဆိုက်ဓါတ်ငွေ့ကို ရှူရှိုက်မိသဖြင့် ထိုသို့ သေဆုံးသွားခဲ့ရခြင်းဖြစ်ပြီး အခြားသံသယဖြစ်စရာ မည်သည့်အကြောင်းမျှ မတွေ့ရှိရ ကြောင်းလည်း ဒေသတွင်း တာဝန်ရှိသူများက အတည်ပြု ပြောဆိုခဲ့သည်။ သေဆုံးသွားသူ လူငယ်နှစ်ဦးမှာ စောအယ်ကလူတော ၁၈နှစ်နှင့် နော်အယ်မူးဒါး ၁ရနှစ်တို့ဖြစ်ပြီး ၎င်းတို့သည် ထိုင်း-မြန်မာ နယ်စပ်ရှိ ကရင်ဒုက္ခသည်စခန်းမှ အမေရိကန်ပြည်ထောင်စုသို့ မိသားစုနှင့်အတူ လာရောက်အခြေချ နေထိုင်ခဲ့ကြသူများ ဖြစ် သည်။ အခင်းဖြစ်ပွားသည့်နေရာမှာ သေဆုံးသွားခဲ့သူ စောအယ်ကလူတော၏ နေအိမ်ရှိ […]


kaiJanuary 5, 20101min00
Immediate need for Burmese and Karen interpreters in Tennessee! အမေရိကန်ပြည်ထောင်စု၊ တန်နစ်စီပြည်နယ်တွင် မြန်မာ-ကရင်ဘာသာပြန်အလိုရှိပါသည်။ အောက်ပါဌာနမှ ဆက်သွယ်လာခြင်းဖြစ်သည်။ http://www.accessoci.com လစာကောင်းပါမည်။ အမြန်ဆုံးဆက်သွယ်ကြပါ။ (သို့မဟုတ်)ဘာသာပြန်လုပ်လိုသော ကရင်တိုင်ရင်းသားကို သိသူများရှိပါက မန္တလေးဂေဇက်သို့ ဆက်သွယ်ပါရန် လမ်းညွှန်ပေးကြပါရန်… တိုက်ရီုက် ဆက်သွယ်ရန် ချိပ်ဆက်ပေးပါမည်။


kaiJanuary 4, 20101min01
Los Angeles ရှိ မြန်မာပြည် ဒီမိုကရေစီ မိတ်ဆွေများခင်ဗျား… ထိုင်း – မြန်မာနယ်စပ် အခြေစိုက် အမျိုးသားဒီမိုကရေစီအဖွဲ ချူပ် (လွတမြောက်နယ်မြေ) ၏ အတွင်းရေးမှူး ဦးမြင့်စိုး က လတ်တလော မြန်မာနိုင်ငံရေး အခြေအနေများကို အယ်အေမြို ့နှင့် အနီးတဝှိုကရှိ မိဘပြည်သူများအား တင်ပြ ဆွေးနွေးလိုပါသဖြင့် အောက်ပါအစီအစဉ်အတို်င်း ကြွရောက်ပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။ နေ ့စွဲ ဇန်နဝါရီလ ၈၊ ၂၀၁ဝ (သောကြာနေ ) ► အချိန် ညနေ ၆ နာရီ ► နေရာ ဂရင်းဗျူး မြန်မာ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း ► 710 Grandview Lane, La Puente, CA […]


kaiJanuary 3, 20101min00
ကျုပ်  မှာ ကျုပ်တို့တူတူမတွေ အား လုံးက’မေမေကြီးကြီးလို့ခေါ် ရတဲ့ကြီးဒေါ်ကြီးတယောက်ရှိတယ်။ ကျုပ်ရဲ့အမေ့မှာမွေးချင်းညီအမငါးယောက်ကြီးများတောင်ရှိခဲ့ပေမယ့် ကျုပ်အမေအ ပါအဝင်အိမ်ထောင်ရှိတဲ့ ညီအမသုံးယောက် လုံးကကျတော့ရှားရှားပါးပါးသားသမီးတယောက်စီပဲမွေးခဲ့တယ်။ အမေ့အောက်ကကျန်နှစ်ယောက်ဆိုရင်တယောက်ကအိမ် ထောင်ရှိရက်နဲ့ သားသမီးလုံးဝမထွန်းကား ဘူး။ အမေ့ညီမအငယ်ဆုံးကျတော့သက်ဆုံးတိုင် အပျိုကြီးဘဝနဲ့အရိုးထုတ်တယ်။မျိုးဆက်ကိုပြတ်ကရော။ ဆိုတော့ကာ ကျုပ်မှာတဝမ်းကွဲဆိုပါတော့။ညီမနှစ်ယောက်ရှိတယ်။ကြုံရပုံကကျုပ်တို့ မောင်နှမသုံးယောက်ကိုလဲအမေတွေက ချိန်းဆိုတိုင်ပင်ပြီးမွေးကြလေရော့သလား အောက်မေ့ရတယ်၊တယောက်နဲ့တယောက် ကမီးဝင်မီးထွက်တွေချည့်ပဲ။ပြီးတော့အဲဒီ ခေတ်ကအခုခေတ်လိုမဟုတ်ဘူး။ ဆွေသံ ယောဇဉ် မျိုးသံယောဇဉ် အင်မတန်ကြီးကြ တော့၊ ကျုပ်တို့ အဖိုးအဖွား မိဘအရိပ် အောက်မှာ သည်တပြုံတမကြီးက ဥမကွဲ သိုက်မပျက်နေကြတယ်။ အတောင်အလက် တွေစုံ၊ပညာတွေတတ်၊အလုပ်အကိုင်တွေ ရ၊ အိမ်ထောင်တွေကျကြလဲ ရေကြည်ရာ မြက်နုရာခွဲခွါမသွားကြဘူး။ ဘိုးဘွားပိုင် အုတ်တံတိုင်းကာ ဧရာမခြံဝန်းကျယ်ကြီး တကွက်ထဲမှာပဲ ကိုယ့်သီးသန့်အိမ်ကလေး တွေနဲ့ကိုယ်နေကြတယ်။ကျုပ်အဒေါ်တွေ နဲ့အိမ်ထောင်ကျကြတဲ့ ကျုပ်ဦးဦးတွေကလဲ ကျုပ်အထင် ပြောရရင်တော့ နဖါးကြိုးအ ထိုးခံထမ်းပိုး အကျင့်သူတော်ကောင်းတွေ […]


kaiJanuary 3, 20101min04
မန္တလေးဂေဇက် ထွက်နေပါပြီ။ အဲဒါ အယ်လ်အေမှာနေတဲ့သူတွေ နီးစပ်ရာ မြန်မာဆိုင်တွေမှာ သွားယူနိုင်ကြပါပြီလို ့..။ ဇန်နဝါရိ ၁ရက် ၂၀၁ဝ မှာထွက်တာဖြစ်ပါတယ်။ ဆန်ဖရန်ကိုလည်း မှီသလောက် တင်လိုက်ပါပြီလို ့။ နယူးယောက်နဲ့ တခြားမြို ့တွေလည်း စာတိုက်တွေဖွင့်တာနဲ့ ပို ့လိုက်ပါမယ်လို ့.။ ပီဒီအက်ဖ်နဲ့လည်း အမြန်ဆုံးတင်ပေးပါမယ်..။ ဒီလမှာ ထူးထူးခြားခြား ဆရာကြီးမောင်သာရရဲ့ ရသဝတ္ထုလတ် တပုဒ်ပါပါတယ်။ “မေမေကြီးကြီး ” ပါတဲ့။ မောင်သာရ ရသစာပေလက်ရာ မဖတ်ရတာကြာနေပြီဖြစ်တဲ့သူတွေအတွက် ဝက်ဆိုက်မှာပါတင်ပေးပါ့မယ်။ နှစ်သစ်ရွှင်လန်းချမ်းမြေ့ ကြစေသတည်း..။


kaiDecember 28, 20091min04
အောက်ကသတိပေးချက်လေး အီးမေးလ်က ရလို့ ပါ။ ဆက်စပ်သတင်းက ဒီမိုကရက်တစ်မြန်မာ့အသံဝကဘ်ဆိုက်မှာ တက်နေပါတအဓိကအားဖြင့် ယူအက်စ်နေတဲ့သူတွေ ဗီစီဒီတွေ၊ဆိုင်တွေမှာ တင်ရောင်း၊ ရုပ်ရှင်တွေ အင်တာနက်တွေမှာတင်ပြနဲ့မို ့ဆိုင်မလားလို့ပါပဲ။ အဲဒါကြောင့် သတင်းအဖြစ်ပဲ တင်ပေးထားလိုက်ပါတယ်။ အမေရိကန်ပြည်ထောင်စုနဲ့ မြန်မာပြည် မူပိုင်ခွင့်နဲ့ပါတ်သက်ပြီး စာချုပ်စာတန်းတွေ၊ မှတ်ပုံတင်ထားတာတွေ အပြန်အလှန်စာချုပ်ချုပ်ထားတာ မရှိသေးတာမို ့တရာစွဲတာတွေလုပ်နိုင်မလားရယ်လဲ မသေချာပါ။ ဝိုက်ပို (http://www.wipo.int) မှာတော့ မြန်မာက လက်မှတ်ထိုးထားတယ်ရယ်လို ့ကြားဖူးပါတယ်။ တကယ်လို ့မူပိုင်ခွင့်ကိစ္စတွေပြောလာရင် မြန်မာသီချင်းတွေ၊ ရုပ်ရှင်တွေ၊ သုံးနေတဲ့ ကွန်ပျုတာတွေရဲ့ ဆော့ဖ်ဝဲတွေကလည်း အမေရိကရဲ့မူပိုင်ခွင့်တွေကို လိုက်နာထားသလားရယ်ကလဲ အဓိကပြောစရာပါပဲ။ ဒီကိစ္စတွေ နောင်နှစ်ထဲ “ဟော့”လာမယ်ထင်ရပါကြောင်း…..


kaiDecember 28, 20091min04
ချီကာဂိုရောက်မှ နေရောင်က ပိုတောက်ပ။ မစ်ရှီဂန်မဲဇာမှာတော့ ကျနော်က ခေတ်သစ်လက်ဝဲသုန္ဓရပေါ့ မမခင်ဦးစံပယ်ရယ်။ ရေကန်ကြီးတွေဝိုင်းနေတဲ့ မစ်ရှီဂန်ဆိုတဲ့အရပ် အလွမ်းဇာတ်တခုနဲ့ ကျနော်နေတာပေါ့။ စာရေးဆရာကြီးဟဲမင်းဝေး မြောက်ပိုင်းမစ်ရှီဂန်မှာ သူ့လူငယ်ဘဝ တွားသွားခဲ့။ ကျနော်က အလယ်ပိုင်းမစ်ရှီဂန် နှင်းထန်တဲ့ ညည ဟဲမင်းဝေးဝတ္ထုတွေ ပြန်ပြန်သတိရ။