kaiDecember 26, 20091min03
မြန်မာ့ဆိုင်းဝိုင်းများတွင် အနောက်တိုင်းတူရိယာမသုံးရန် ညွှန်ကြားချက်ငါးခုထုတ်ပြန် မန္တလေး၊ ဒီဇင်ဘာ ၁၉။   ။ မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာဝင်များကျင်းပပြုလုပ်မြဲဖြစ်သည့် အလှူမင်္ဂလာအခမ်းအနားတွင် ငှားရမ်းဧည့်ခံ အသုံးပြုလေ့ရှိသော မြန်မာ့ဆိုင်းဝိုင်းများတွင် အော်ဂင်၊ ကီးဘုတ်အပါအဝင် အနောက်တိုင်းတူရိယာပစ္စည်းများအသုံး မပြုရန် ညွှန်ကြားချက်ငါးချက်ကို သဘင်ပညာရှင်များအစည်းအရုံး(ဗဟို)က ညွှန်ကြားလာကြောင်း မန္တလေး မဟာအောင်မြေမြို့နယ်သဘင်အစည်းအရုံးမှ တာဝန်ရှိသူတစ်ဦးက ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ပြောကြားသည်။ မန္တလေးမြို့ပေါ်တွင် မြန်မာ့ရိုးရာ ဆိုင်းအဖွဲ့ပေါင်း ၄ရ ဖွဲ့ရှိသည်။ ယင်း ညွှန်ကြားချက်ကို အနုပညာဦးစီးဌာနက သဘင်ပညာရှင်များအစည်းအရုံး(ဗဟို)သို့ နိုဝင်ဘာ ၃ဝ ရက်တွင် ညွှန်ကြားခဲ့ပြီး သဘင်ဗဟိုမှ မြို့နယ်ဆိုင်းအဖွဲ့များ ကို ဒီဇင်ဘာလ ၁ဝ ရက်နေ့က ညွှန်ကြားချက်ထပ်မံပေးပို့ခဲ့ခြင်းဖြစ်ကြောင်း ¤င်းထံမှသိရသည်။ ညွှန်ကြားချက်ငါးချက်မှာ မြန်မာ့ရိုးရာဆိုင်းအဖွဲ့များသည် မြန်မာဆိုင်းသမားစဉ်အတိုင်း တီးခတ်ရမည်၊ မြန်မာ့ရိုးရာဆိုင်းဝိုင်းကြီးများနှင့် အနောက်တိုင်းတူရိယာများဖြစ်သော […]


kaiDecember 26, 20091min00
ဘာရယ်မဟုတ်ပါဘူး၊ ဗုဒ္ဓဘာသာအတွက်..တိတိကျကျဆိုရန် မြန်မာထေရဝါဒဗုဒ္ဓဘာသာအတွက် ဒီလပိုင်း အင်တာနက်ကနေ ရထာတာလေးတွေကြည့်ပြီး အတွေးလေးတွေစီကာ ဆင့်ကာ ပေါ်လာတာမို ့ပါ။ အဲဒါနဲ့ တခြားသူတို ့ဆင်လို ့ရအောင် အကွက်ချပေးလိုက်တဲ့ “ဆင်စရာ မုန်တိုင်းများ” ရယ်ပါပဲ. ဦးဏှောက်အတွက်ပေါ့.. အောက်က ပုံ(၁) က အီးမေးလ်ကနေရာတာပါ။ ဗီဒီယိုဖိုင်တွဲပေးလိုက်တာတွေ့ပါတယ်။ အဲဒီပုံက.. ဧရာဝတီတိုင်း လပွတ္တာမြို. နယ်နားက ရှင်စောမြတ်စေတီ ရဲ.ထီးတော် ရောင်ခြည်တော်ကွန်.မြူးနေတဲ့ ပုံတဲ့။  အဲဒီစိန်ဖူးတော်က နာဂစ်မုန်တိုင်းနဲ့ မြေခ သွားခဲ့ပြီး တတိယအကြိမ် ပြန်တင်ထားတာပါတဲ့။ ရောင်ခြည်ကွန့်မြူးနေတာတွေကိ အောက်က လင့်ကနေကြည့်နိုင်ပါတယ်။ ပုံနဲ့ ဗီဒီယိုဖိုင်ကတော့ ဒီအောက်မှာပါ။ ShinSawMyatZayDiX.avi ပုံ(၁)


kaiDecember 22, 20092min00
အမေရိကန်ပြည်ထောင်စု၊ ရောကီးတောင်တန်းဒေသမှာ နိုင်ငံတကာလုံခြုံရေး၊ သံတမန်ရေးရာ နဲ့ နိုင်ငံခြားရေး မူဝါဒ ဆိုင်ရာ ဘွဲ့လွန်သင်တန်းတွေကို စကောလားရှစ်နဲ့ သင်ယူလိုသူများအတွက် သတင်းကောင်း။ To read about the August opening ceremony for the SIÉ CHÉOU-KANG Center for International Security and Diplomacy, click here. Full tuition Síe fellowship opportunity We ask for your assistance in identifying talented young men and women either now completing their undergraduate programs or […]


kaiDecember 21, 20091min01
Just like the Jobs and Economic Growth Forum hosted by the President at the White House, these events are opportunities to gather ideas for continuing to grow the economy and putting Americans back to work.  Hearing from working Americans and communities across the country means understanding what’s really happening on the ground, what’s working, and […]


kaiDecember 21, 20092min00
ဟုတ်ပါတယ်၊ ကူညီပေးပါတဲ့၊ မြန်မာတွေလည်း ပါစေချင်ပါတယ်။ ဆေးပညာဆိုင်ရာ စစ်တမ်း- ဆာဗေးဖြစ်နေလို ့ပါ။ အခုလို စစ်တမ်းတွေကောက်ယူခံရတာစိမ်းတဲ့ မြန်မာတွေ .. စာရင်းထဲမပါမရှိဖြစ်နေကြတာမို ့ မြန်မာဟာ အမေရိကန်ပြည်ထောင်စုမှ ာ လူသိန်းဂဏ္ဍန်းရှိရက်နဲ့ သေးသိမ်လှပါတယ်..။ အခုတော့ …အခု အောက်က လင့်ကနေ ဆိုင်ရာဝက်ဘ်ဆိုက်သွားကြည့်ပီး ကူညီလိုက်ပေးကြပါလို ့..။ ဒေါ်လာ ၁ဝဖိုး လက်ဆောင်ကဒ်ရမယ်ဆိုပါတယ်။ အမျိုးသမီးများအတွက်သာ ဖြစ်ပါတယ်..။ ကုသိုလ်လည်းရ ဟမ်ဘာဂါတလုံးလောက်လည်း ကိုက်ရမှာပေါ့နော.. ၁ဝ ဆိုတောလေ…အောက်မှာ သူတို ့ပို ့ထားတဲ့ စာလေး ဖြတ်တောက်တင်ထားပါတယ်…။တော်တော်ရှည်တာမို ့ပါ။ http://mapa.nur.utexas.edu/MAPA/ ……. we believe that female members in your community would like to […]


kaiDecember 21, 20091min00
အတိအကျဆိုရရင်တော့ ဒီဇင်ဘာ ၂၀၊ တနင်္ဂနွေ၊ နေ ့လည် ၁နာရီကပါ..။ Southern California Burma-Chinese Assiciation (SCBCA)က ဦးစီးဦးဆောင်ပြုပြီး အမေရိကန်ပြည်ထောင်စုရောက် မြန်မာတွေအတွက် ကျမ်းမာရေးဆိုင်ရာ အကြံပြုဆွေးနွေးပွဲလေးလုပ်ဖြစ်ပါတယ်တဲ့၊ ဆွေးနွေးဟောကြားပေးသူကDr. Gregory Thet Lwin Chan ဖြစ်ပါတယ်တဲ့။ ဆွေးနွေးတဲ့ ခေါင်းစဉ်က “How to Prevent Ourselves from Contracting H1N1 Flu” ဖြစ်ပါတယ်တဲ့။ အဲဒီလို အီးမေးလ်နဲ့ သတင်းပေးတာ ရတာကို တင်ပေးလိုက်တာပါ။


kaiDecember 21, 20091min02
လွတ်လပ်ခြင်း၊ ညီမျှခြင်း၊ ချစ်ကြည်ခြင်း လို့ပဲ အမည်ကောက်တပ်ထားလိုက်ပါတယ်။ ဘယ်သူကရိုက်ထားတဲ့ပုံလည်းဆိုတာလည်းမသိရပါ။ ဒါပေမဲ့ ဘာသာရေးအရယုံကြည်သူတွေအချင်းချင်း အပြန်အလှန်နှိပ်ကွပ်နေတာတွေ သည်းထန်လာနေတဲ့ ဒီခေတ်အခါမှာ တွေးစရာလေးတွေရှိနိုင်တဲ့ပုံမို့တင်ပေးထားတာပါ။ ဒီနှစ်ကုန်ခါနီးမှာ အီးမေးလ်ကတဆင့် ရောက်လာတဲ့ ဓါတ်ပုံကလေးပါ။ နှုတ်တရာစာတလုံး၊ စာတအုပ်ရုပ်တရုပ်လို ့ပဲ ဆိုချင်ပါတယ်..။ အဲဒီဓါတ်ပုံအပေါ်…စာရှုသူကရော ဘယ်လိုမြင်တွေးကြည့်မိမှာပါလိမ့်…။


kaiDecember 21, 20091min02
အခုတလော ဈေးဝယ်ရာသီ ၊လက်ဆောင်ပေးရာသီ ကွန်ပျုတာဝယ်ကြလိုသူများအတွက်ပါ။ ကွန်ပျူတာမှာ အရေးအကြီးဆုံးဆိုရမှာက စီပီယူခေါ်တဲ့ဦးဏှောက်ဖြစ်ပါတယ်။ သူကောင်းရင်ကောင်းသလို မြန်မှာဖြစ်တယ်လို ့အခြေခံအားဖြင့် ယူဆနိုင်ပါမယ်။ ပြီးတော့ ကွန်ပျူတာလုံးမှာဈေးအကြီးဆုံးဖြစ်နေတဲ့ ပစ္စည်းတခုလည်းဖြစ်ပါတယ်။ ဒီတော့ ကိုယ်ဝယ်မဲ့ကွန်ပျူတာ ဘယ်အမြန်နှုန်းရောက်နေလဲသိရအောင်အမြန်နှုန်းပြုစုထားတဲ့စာရင်းဂရပ်လေးတွေ့တာနဲ့ တင်ပေးလိုက်ပါတယ်။ ဇယားအရ အဓိကခွဲဝေရခက်မဲ့Intel နဲ့ AMDကို ပြထားပါတယ်။ ပြထားတဲ့ မျဉ်းကြောင်းကလေးပိုရှည်ရင် ပိုမြန်မှာဖြစ်မယ်လို ့အကြမ်းအားဖြင့် မှတ်ယူကြပါ။ အသေးစိတ်သိချင်ရင်တော့ အောက်က ဝက်ဘ်ဆိုက်မှာသွားကြည့်ကြစေလိုပါကြောင်း..။


kaiDecember 18, 20091min00
အားလုံးကို ဖိတ်ပါတယ်တဲ့။ ခရစ်စမတ်နေ့ရဲ့ မနက်ပိုင်းပေါ့နော၊ 1. Christmas Celebration. Date —12/25/09 Time —10:30 Am – 12:30 Am Place —1551 Ols East Badillo St. Covina, CA 91724. Everyone is welcome, Lunch will be served. 2. Karen new Year Celebration Date —1/9/2010 Time —4:00 Pm – 8:00Pm Place —Royal Oak, Intermediate School. 303 Glendora Ave, Covina, CA 91724. Everyone […]


kaiDecember 15, 20092min00
မြန်မာတွေဆိုတာ ရထားနဲ့ မစိမ်းလှပါဘူး၊ မြန်မာပြည်အင်္ဂလိပ်အုပ်ချုပ်ခဲ့လေတော့ ဟိုးရှေးခောတ် ကျောက်မီးသွေးရထားတွေကနေ ဒီဇယ်ခေါင်းရထားကြီးတွေအထိ တွေ့ဖူး၊မြင်ဖူး၊ စီးဖူးကြမှာပါ။ လွတ်လပ်ရေးရပြီးနောက် ဆွဲချအစိုးရမင်းများလက်ထက်တွေမှာတော့ (အရာရာ)ဆွဲချခံကြရတာမို ့ လျှပ်စစ်ရထားတွေကိုတော့ (နိုင်ငံခြားထွက်သူများကလွဲပြီး) မစီးဖူး၊မမြင်ဖူးကြတော့ဘူးပေါ့။ ထားပါတော့..။ဆိုလိုချင်တာက ရထားစီးပြီး ခရီးသွားခြင်း “အရသာ” အကြောင်းပါ။ ကျုပ်တော့ လော့စ်အိမ်ဂျလိစ်-နယူးယောက် အန်းထရက်ရထားစီးပြီး ခရီးသွားဖူးတာမို ့အဲဒီ”အရသာ” ကိုသိပါတယ်..။ အဲဒါလေးပြောချင်ပေမဲ့..“အရသာ” ဆိုမှတော့ ရှင်းပြရခက်မှာမို ့လက်တွေ့ကျကျ အောက်ကစာလေးဖတ်ပြီး (လျှော့ဈေးလေးနဲ့)ခရီးသွားကြည့်ပါလို ့ပါပဲ။တကောင်ထဲပဲ“ဒါပေမဲ့ခြင်္သေ့”-“ ခြင်္သေ့ခရီးသွားနေသည်”တော့ မလုပ်နဲ့ပေါ့နော..။ ပျင်းစရာကြီး…၊ တတ်နိုင်ရင်”ချစ်သူ”နဲ့ သွားပေါ့။ အမေရိကန်ပြည်ထောင်စုနေသူ၊လာလည်သူတိုးရစ်ကြီးများအတွက်ပါ။ Amtrak recently announced a new way for customers to save 25% when booking rail travel […]


kaiDecember 15, 20091min00
တနင်္ဂနွေသားသမီး ကျန်းမာရေး။   ။ကျန်းမာရေးသင့်တင့်ကောင်းမွန်နေတတ်သော်လည်း မျက်စိဆိုင်ရာရောဂါ၊ အသည်းနှင့် အစာအိမ်ရောဂါများ ဆက်လက် ဂရုစိုက်ပေးရန်လိုလိမ့်ဦးမည်။ အဆင် မသင့်လျှင် အသေးစားခွဲစိတ်ကုသခံရမှု ရှိလာနိုင်ပါသည်။ ပညာရေး။   ။ပညာရေးဇာတာ နိမ့်နေဆဲပင် ဖြစ်လိမ့်မည်။ အခက်အခဲ အနှောင့်အယှက်များ၊ ကြုံတွေ့ရတတ်မည်။ စိတ်လွတ်ကိုယ်လွတ်နေထိုင်ခြင်းမျိုး ရှောင်ကြဉ်ပြီး ကြိုးစား ကျက်မှတ်ပေးပါ။ ၁၉ ရက်ကျော်လျှင် ဇာတာမြင့်တက်လာကိန်း ရှိပါသည်။ စီးပွားရေး။   ။ဝင်ငွေအမြတ်အစွန်း ရပေါက်ရလမ်းများ ပေါ်ပေါက်ရရှိတတ်လိမ့်မည်။ ၁၉ ရက်နောက်ပိုင်းတွင် လုပ်ငန်းများတိုးချဲ့ဆောင်ရွက်ရကိန်းရှိသည်။ မိမိ၏ အတွေးအထင်နှင့် ဆုံးဖြတ်ချက်များပါ အမှန်များလာတတ်လိမ့်မည်။ အိမ်မြေယာဉ်ဆိုင်ရာကိစ္စများ ၂၂ ရက်ကျော်မှ ဆောင်ရွက်သင့်ပါသည်။ အိမ်ထောင်ရေး။   ။အချစ်ရေးကိစ္စများ ၁၉ ရက်ကျော်မှ ဆောင်ရွက်ပါ။ တဖြည်းဖြည်း အဆင်ပြေလာကိန်း ရှိနေပါသည်။ အိမ်ထောင်ပြုလိုသူများ ၂၂ ရက်ကျော်မှ ပြုလျှင် ပို၍ […]