kaiDecember 14, 20091min02
ဆုန်သင်းပါရ်တို့ ရဲ့ ဗေးဧရိယာမှာလုပ်မဲ့ပွဲပါ။ ဇန်နဝါရီ ၉-၂၀၁ဝမှာဖြစ်ပါတယ်။ ပိုစတာဒီဇိုင်းကလေးကလှတာမို ့ဂရပ်ဖစ်ဒီဇိုင်းဆွဲပေးထားတဲ့သူအမည်ရှာကြည့်တော့ (ထုံးစံအတိုင်း)ကိုမျိုးပါတဲ့။


kaiDecember 14, 20091min03
မာဘိုတိုဖူး(ဂျပန်) ဝက်သားအကြေ    ပေါင်ဝက် တိုဖူး(medium firmness) ၁တုံး(တဗူး) ကြက်သွန်မိတ်ကြီး(Naga Negi)  ၁ချောင်း ဂျင်း၊ ကြက်သွန်ဖြူ၊ အနည်းငယ် တိုးဗန်းဂျန်(ငရုပ်သီးနှစ်- chili bean paste) နှမ်းဆီ၊ ဟင်းရွက်ဆီ၊ ပဲငံပြာရည်အကြည်၊ အရက်(Sake) သကြား၊ ဆား၊ ကော်မှုန့်( ပြောင်းဖူး)၊ မိစော၊miso bean paste ကြက်သားမှုန့်(chicken broth) ပြင်ဆင်ရန် ရေတခွက်(ထမင်းဗူးတဗူးစာ)ကို အရက်၊မိစော၊ သကြား၊ ကြက်သားမှုန် ့တို ့ဖြင့်ရောမွှေထားက ခွက်နှင့်ဖယ်ထားပါ။ ကြက်သွန်မိတ်ရှည်နှင့် ကြက်သွန်ဖြူ၊ ဂျင်းတို ့ကို နှုတ်နှုတ်စဉ်းထားပါ။ တိုဖူးကို လေးထောင့်အတုံးကြီးများ ဓါးနှင့်လှီးထားပါ။


kaiDecember 13, 20091min06
ယေဓမ္မာ ဟေတုပ္ပ ဘဝါ အကြင်တရားတို့သည် အကြောင်းကိုမှီ၍ ဖြစ်ကုန်၏။ ကြောင်းကျိုးဆက်စပ်ဖြစ်ပျက်သည်ကို ဖွင့်ပြသော လွန်ခဲ့သည် နှစ် (၂၆၀၀)ကျော်ကဂါထာဖြစ်သည်။ ဤနေစကြာဝဠာ၏ အသေးဆုံးသော အက်တမ်မှသည် အကြီးဆုံးသူရိယနေမင်းအထိ အကြောင်းအကျိုးဆက်စပ်ဟပ်စွာ ဗရမ်းဗတာထဲမှ စီစဉ်ကျန စံနစ်တကျ ရပ်တည်ဖြစ်ပျက်နေကြခြင်းဖြစ်သည်။ ထို ့ကြောင့် ဤအရာတို့ကို ဖန်ဆင်းရှင်က ဖန်ဆင်းသည်၊ အလိုတော်အတိုင်းဖြစ်သည်ဟုလည်း ပညတ်သမုတ်ကြသည်ဖြစ်ပါသည်။ ကုန်လွန်ခဲ့သောနှစ်သန်းပေါင်းများစွာက ပိုးမွှား၊တိရိ စ္ဆာန်၊သစ်ပင်၊မြက်ပင်အရည်အတွက် ဘီလီယန်ချီ သေကြေပျက်စီးပြီး ကျန်ရစ်သောရုပ်ကြွင်းများကို ကျောက်လွှာ၊မြေထုအဆင့်ဆင့်တွင် ဖိနှိပ်စိသိပ်ခံရသောအခါ ယခုခေတ်တွင် ရုပ်ကြွင်းအရည်၊ ရေနံ၊ ဓါတ်ငွေ့များအဖြစ် တွေ့မြင်ကြရသည်။ အဆိုပါ ဘီလီယန်ချီသော အသက်သွေးသားတို့သည် ယခုအခါတွင် လူသားဦးရေ(၆)ဘီလီယန်ကျော်ကို အလုပ်အကြွေးပြုနေသည် ဆိုနိုင်မည်ဖြစ်သည်။ (Biogenic Theory) ကို အခြေခံပြောခြင်းဖြစ်ပါသည်။( (Abiogenic Theory)အရ အသစ်တဖန် ဆိုနေကြသည်ရှိ၏။ […]


kaiDecember 12, 20091min01
၂၀၀၉ခုနှစ်ထဲမှာ မိုးယုစံဟာ မြန်မာပရိသတ်တွေရဲ့ အားပေးမှုကြောင့် စာနယ်ဇင်းစာမျက်နှာတွေပေါ်မှာ သူ့ရဲ့ ပုံရိပ်တွေကိုအများဆုံးတွေ့မြင် ခဲ့ကြရပါတယ်။သူ့ ရဲ့  ရိုးစင်းပြီးစွဲမက်ဖို့ကောင်းတဲ့အပြုံးတွေကို အများစုက နှစ်သက်နေကြဆဲပါ။ ၂၀၁ဝထဲမှာလည်း မိုးယုစံရဲ့ လှပတဲ့ပုံရိပ်တွေကို ဆက်လက်ပြီးတော့ ရှုစားအားပေးကြရဦးမှာဖြစ်ပါတယ်။အထူးသဖြင့် သူ့ရဲ့ လှုပ်လှုပ်ရှားရှားပုံရိပ်တွေကို တွေ့ကြရမှာပါ။ မကြာသေးခင်ကပဲ ရန်ကုန်နဲ့ ချင်းတောင်တန်းက ရိုက်ကွင်းတွေမှာ သူသက်ဝင်လှုပ်ရှားနေခဲ့တာတွေ့ကြရပါတယ်။နေတိုး၊ထွန်းထွန်းဝင်း၊ ခင်သန်းနွယ်တို့လည်းပါကြတယ်။သူပါဝင်သရုပ်ဆောင်တဲ့ ဇာတ်ကောင်ရဲ့ အမည်က ခင်ထားရီတဲ့။ နေတိုးကတော့ လတ်ငြိမ်းအဖြစ် သရုပ်ဆောင်ပါတယ်။ချင်းတောင်တန်းရဲ့ လွမ်းမောဖွယ် ရှုမျှော်ခင်းတွေကို နောက်ခံထားပြီး ဇာတ်ကောင်စရိုက်ကို သူဘယ်လို ပေါ်လွင်အောင် သရုပ်ဆောင်မလဲဆိုတာ စိတ်ဝင်စားစရာကောင်းပါတယ်။ ဒါရိုက်တာက စင်ယော်မောင်မောင်ဆိုတော့ ပိုလို့တောင်စိတ်ဝင်စားစရာပါပဲ။ဇာတ်လမ်းက အမျိုးသားစာပေဆုရ စာရေးဆရာ လင်္ကာရည်ကျော်ရဲ့  ဝတ္ထုကို အခြေခံထားတာဖြစ်ပါတယ်။ ဇာတ်ကားအမည်နဲ့ မူရင်းဝတ္ထုအမည်က အတူတူဖြစ်ပါတယ်။“ကြိုးကြာတောင်ပံခတ်သံ´´လို့ အမည်ရပါတယ်။၂၀၁ဝ ကြိုးကြာတောင်ပံခတ်သံနဲ့ အတူ မိုးယုစံရဲ့ […]


kaiDecember 9, 200919min00
မြန်မာမိသားစု၏ ဗဟုသုတဟောပြောပွဲများ စဉ် ဟောပြောသူ နေ့ ရက် အချိန် အကြောင်းအရာ ၁ မိုက်ကယ်ချောင်း Saturday 12/19/2009 4:pm Tax Return ၂ မရွှေဇင်ဦး Sunday 12/20/2009 2:pm-3:pm အမေရိကန်ပြည်ထောင်စု ကလေးပညာရေး ၃ ဦးစွမ်းရည် Sunday 12/27/2009 2:pm-3:pm ရာပြည့်စာရေးဆရာကြီးများ ၄ ဆရာတော် ဦးဝိလာသ Sunday 1/3/2010 2:pm-3:pm ဘာသာာရေး ၅ Dr. ဒေါ်ခင်စီ Sunday 1/10/2010 2:pm-3:pm နှလုံးရောဂါ ၆ ကိုအောင်မိုးဝင်း Sunday 1/17/2010 2:pm-3:pm အမေရိကန်တက္ကသိုလ်ပညာရေး ၇ ဆရာတော်ဦးဣန္ဒာစာရ Sunday 1/24/2010 2:pm-3:pm ဘာသာရေး ၈ […]


kaiDecember 6, 20091min01
Can you join us this Monday, the first day of the historic international climate change negotiations in Copenhagen?  At this critical moment, join us in exposing Chevron, one of the world’s worst climate criminals, and telling them “our climate is not your business!”  With U.S. obstruction of the international climate change negotiations, we need to push back corporations like Chevron – […]


kaiNovember 25, 20091min01
Black Fridayကို သောကြာမဲ နေ့ လို့ဗမာလိုဘာသာ ပြန်လိုက်ပါတယ်။ “မဲ”ဆိုတာကို …မဲပေါက်သလို သူခိုးဈေးနဲ့ ပေါပေါရတာကိုတင်စားချင်သလို အမဲရောင်အဖြစ်လည်းတင်စားနိုင်လို ့ပါ။ ဖီလာဒဲဖီးယားမှာ ကားတွေအရမ်းရှုပ်၊ ရဲတွေအလုပ်ရှုပ်သမို ့ ပေးထားတဲ့အမည်ကို အခုတော့ အမေရိကန်ပြည်ထောင်စုတခုလုံး(ဈေးကွက်စိတ်ဝင်စားမှုရှိကြသမို ့)တွင်တွင်သုံးနေကြပါပြီ။ အမေရိကရောက် မြန်မာတွေ အခုလာမဲ့ သောကြာမှာ ဈေးဝယ်ထွက်ကြပါ။Thanksgiving၊ နေ့ရဲ့ နောက်က သောကြာနေ့ဟာ သောင်္ကြာမဲနေ့ဖြစ်ပါတယ်။ သာမန်အားဖြင့် နိုဝင်ဘာ နောက်ဆုံး သောကြာနေ့ဖြစ်ပါတယ်၊ ဈေးသိသိသာသာ သက်သာပါတယ်။ မနက်စောစောတော့ ထပေါ့နော..။ အခုတော့ Best Buy ကသောကြာမဲနေ့အတွက် ဖလိုင်ရာတင်ပေးလိုက်ပါတယ်။ BB Twitter – http://twitter.com/blackfriday တခြားသိသူတွေလည်း သူခိုးဈေးနဲ့ရမှာလေးတွေ လက်တို ့ကြစေချင်ပါကြောင်း…။ အမေရိကရောက် မြန်မာများအတွက်သာဖြစ်ပါတယ်။ တခြားနိုင်ငံကလူတွေ ဈေးပေါတာများ အင်တာနက်မှာရှာတွေ့ရင် […]


kaiNovember 21, 20091min02
အမေရိကန်ပြည်ထောင်စုလော့စ်အိန်ဂျလိစ်မြို့မှ Mandalay Gazette – ရတနာပုံနေပြည်တော်သတင်းစာနှင့် အယ်လ်အေစုစည်းသူများ(မြန်မာပြည်) – LA Organizer for Burma  မှ ကြီးမှူးကျင်းပမည့် ၈၉ကြိမ်မြောက် အမျိုးသား နေ့အထိမ်းအမှတ်စာပေဟောပြောပွဲကို၂၀၀၉ခုနှစ်နိုဝင်ဘာလ၂၂ရက်တနင်္ဂနွေနေ့တွင်မွန်ထရီပတ်မြို့နယ် ၆၂၉ အောင် ဇေ’ခန်းမတွင်စည်ကားသိုက်မြိုက်စွာပြုလုပ်ကျင်းပမည်ဖြစ်ကြောင်းသတင်းရရှိသည်။   အမေရိကန်ပြည်ထောင်စုသို့ရောက်ရှိနေကြသောအနုပညာရှင်၊စာရေးဆရာများ ဖြစ်ကြသည ဂန္တဝင်တေးသံရှင်မာမာအေးကအမျိုး သားရေးဂီတ၊ ကဗျာဆရာအောင်ဝေးဂတိနဲ့တာ ဝန်၊ စာရေးဆရာမမေငြိမ်းကချစ်စိတ်စသည့် စိတ်ဝင်စားဖွယ်ခေါင်းစဉ်တို့ဖြင့် စာပေချစ်မြတ် နိုးသူတို့အား ရင်းရင်းနှီးနှီးတွေ့ဆုံဟောပြော သွားကြမည်ဖြစ်ကြောင်းသိရသည်။ နေ့လည်၂နာရီမှညနေ၆နာရီအထိပြုလုပ်မည့် စာပေဟောပြောပွဲသို့မည်သူမဆိုအခမဲ့သွား ရောက်နားထောင်နိုင်ပြီး ပွဲစီစဉ်သူများကလာ ရောက်ကြသည့် စာချစ်ပရိသတ်များအား ကောက်ညှင်းပေါင်းနှင့်အကြော်စုံ၊ လ္ဘက်ရည်၊ ကုလားပဲသူတ်တို့ဖြင့် အခမဲ့ဧည့်ခံကြမည်ဖြစ်ကြောင်းသိရ သည်။ စတင်စီစဉ်ကြစဉ်က ဆရာကြီး မောင်စွမ်းရည် ပါ ပါဝင်ဖိတ်ကြားထားသော်လည်း ဆရာကြီးမှာ ကျမ်းမာရေးအခြေအနေအရ ကြွရောက်နိုင်ခဲ့ခြင်းမရှိကြောင်းသိရှိရသည်။ ယမန်နှစ်က စာရေးဆရာကြီး မောင်သာရနှင့် ဆရာကြီးမောင်စွမ်းရည်ပါ ကြွရောက်ဟောပြောခဲ့ကြသည်။


kaiNovember 21, 20091min05
(ပြုစုသူ – ဆရာဦးကျော်မြင့်၊ အတွင်းရေးမှူး၊ မြန်မာနိုင်ငံဝေဒသုတေသနအဖွဲ့) ၂၀၁၂ ခုနှစ်တွင် ကမ္ဘာပျက်သောနေ့ ရုပ်ရှင်ဇာတ်လမ်းကို  ကြည့်ဖြစ်ခဲ့သည်။ လူအများကိုးကွယ်ကြသည့် ဘာသာကြီးတစ်ခု၏အယူအမြင်များကို အခြေခံပြီးရိုက်ကူးထားသော ရုပ်ရှင်ဇာတ်ကား ဖြစ်သည်။ ကမ္ဘာလည်ပတ်မှု နှေးကွေးသွားရာမှ ငလျင်ကြီးများလှုပ်ခြင်း၊ ရာသီဥတု အကြီးအကျယ်ဖေါက်ပြန်ခြင်းတို့ကြောင့် လူသားမျိုးနွယ်စု ပျက်သုဉ်းလှုနီးပါး ဖြစ်သွားရသော်လည်း ဘာသာတရားကိုကြည်ညိုသူလူတစ်စု အသက်ရှင်ကျန်ရစ်ခဲ့ပုံကို ဇာတ်လမ်းဆင်ထားကြောင်း တွေ့ရသည်။ ၂၁ ရာစုနှစ် သိပ္ပံပညာရှင်အချို့ကလည်း နီဘီရူးအမည်ရှိ ဂြိုဟ်တစ်လုံး ကမ္ဘာဆီသို့ ဦးတည်လာနေသဖြင့် ဝင်ရောက်တိုက်ခိုက်မိကာ ကမ္ဘာပျက်သွားနိုင်သည်ဟု ပြောကြားကြောင်း အင်တာနက် ဝက်ဘ်ဆိုက်များတွင် ပလူပျံအောင် ဖေါ်ပြနေကြသည်။ နာဆာအဖွဲ့ကြီးက ထိုအဆိုများ လုံးဝမဖြစ်နိုင်ကြောင်း အချက်အလက် အကြောင်းအကျိုးများနှင့်တကွ ရှင်းပြထားချက်ကိုလည်း ဖတ်ရှုလိုက်ရသည်။ မိမိအနေဖြင့် ကမ္ဘာပျက်နိုင်သည့်အကြောင်းများကို စဉ်းစားဆင်ခြင်ကြည့်သောအခါ အဓိကအားဖြင့် နှစ်မျိုးနှစ်စားသောနည်းလမ်းတို့ကို တွေ့မြင်မိသည်။ ပထမတစ်မျိုးအနေဖြင့် […]


kaiNovember 17, 20091min00
မိုးသောက်ကြယ်စာကြည့်တိုက်တည်ထောင်ခြင်း(၅)နှစ်ပြည့်အခမ်းအနားဖိတ်ကြားလွှာ ဂျပန်နိုင်ငံ၊ တိုကျိုမြို့၊ ရှင်းဂျုးကုရပ်ကွက်၊ တာကာဒါနိုဘာဘာတွင်တည်ရှိသော မိုးသောက်ကြယ်စာကြည့်တိုက်ဖွင့်လှစ်တည်ထောင်ခြင်း(၅)နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ”သိကျွမ်းခဲ့ရသည့် မိုးသောက်ကြယ်စာကြည့်တိုက်”ခေါင်းစဉ်ဖြင့် အမှတ်တရစာပေစကားဝိုင်းကို လာမည့်နိုဝင်ဘာ ၂၂ ရက်(တနင်္ဂနွေ့နေ့)တွင်၊ တာကာဒါနိုဘာဘာဘူတာအနီးရှိ ကွန်ဇူးမားစင်တာ(၄)ထပ်၌ နေ့လယ် ၁းဝဝ နာရီမှ ညနေ ၄း၃ဝ နာရီအထိ ကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့် တက်ရောက်အားပေးချီးမြှင့်ကြပါရန် လေးစားစွာဖိတ်ကြားအပ်ပါသည်။ မိုးသောက်ကြယ်စာကြည့်တိုက်တည်ထောင်ခြင်း(၅)နှစ်ပြည့်အခမ်းအနားဖိတ်ကြားလွှာ


kaiNovember 15, 20091min02
ဖြစ်ရပ်တစ်ခု၊ အကြောင်းအရာတစ်ရပ်ကို ဖော်ပြရာ၌ အမှန်တရားကို အမှန်တရားအတိုင်း၊ အရှိ တရားကို အရှိတရားအတိုင်း ပြည်သူ့မျက်နှာတစ်ခုတည်းကြည့်ပြီး တင်ပြနိုင်ရန်ကြိုးစားသော စာနယ်ဇင်းသမားများအနေဖြင့် စာနယ်ဇင်းမီဒီယာကောင်း ဖြစ်ရန်အတွက် လွတ်လပ်စွာရေးသားဖော်ပြနိုင်မှုနည်းတူ နှောင်ကြိုးကင်းစွာရပ်တည်နိုင်မှုကလည်း အရေးပါကြောင်း ဝါရင့်သတင်းစာဆရာကြီးများနှင့်အတူ နယ်ပယ်အသီးသီးမှ ပညာရှင်များက သုံးသပ်ပြောဆိုကြပါသည်။ အနာဂတ်ဒီမိုကရေစီခေတ်တွင် စာနယ်ဇင်းသမားများအနေဖြင့် လွတ်လပ်စွာရေးသားဖော်ပြမှုနှင့် အနှောင်အဖွဲ့ကင်းမှုများ အကြားမျှခြေတစ်ခု ရှိနေစေရန်အတွက် ယခုအချိန်ကတည်းကပင် ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား လုပ်ဆောင်ထားရန် လိုအပ်နေပြီဖြစ်ကြောင်းလည်း သိရှိရပါသည်။


kaiNovember 13, 20091min00
LOS ANGELES THANKSGIVING CELEBRATION Please see attachment for details.     You and your family are cordially invited to come and join all brothers and sisters from all over Southern California as we gather to celebrate this joyful Thanksgiving Evening Program and Thanksgiving Dinner.    Date:  11/26/09 (Thursday) Time:  2:00 PM Place:  Burmese Christian Fellowship […]


kaiNovember 11, 20091min00
အမေရိကလည်းဝက်တုပ်ကွေးနဲ့ ပိုးကိုက်ခံနေရပြီဆိုရမလားပါပဲ.. ကယ်လီဖိုးနီးယားအပါအဝင် ပြည်နယ်တွေမှာ လိုတာနဲ့ ပေးနို်င်တာမမျှလို ့ ပြသနာတွေတက်နေကြပါတယ်..။ ကျုပ်တို ့ လော့စ်အိန်ဂျလိစ်လဲ မလောက်ငှပါဘူး…မလောက်ဘူးဆိုပေမဲ့ ဦးစားပေးအစီအစဉ်အဆင့်ဆင့်အရ ဆိုင်ရာပြည်နယ်၊ မြို ့နယ်၊တွေ၊ ဆေးခန်းတွေဆီ ရောက်လာမှာတော့ဖြစ်ပါတယ်။ ဒါကြောင့် အထူးသဖြင့် နှစ်ကုန် မြန်မာပြည်အလည်ပြန်မဲ့သူများ၊ နိုင်ငံခြားခရီးထွက်မဲ့သူများ မဖြစ်မနေ ကာကွယ်ဆေးလေးထိုးပြီး ထွက်ကြဖို ့နဲ့ အင်တာနက်မှာ ရနိုင်တဲ့နေရာတွေရှာဖွေကြဖို ့တိုက်တွန်းလိုက်ရပါတယ်…။ အောက်မှာ ရှာနိုင်တဲ့ လင့်ခ်ပါ။ http://maps.google.com/maps/mpl?moduleurl=http://maps.google.com/mapfiles/mapplets/flushot/flushot.xml တချို ့ဆေးခန်းတွေမှာ ၂နှစ်အထက်ကလေးတွေအတွက် ဆေးတွေရောက်နေပြီဖြစ်ပါတယ်..။ ကလေးတွေကို အမြန်ဆုံး ကာကွယ်ဆေးသွားထိုးပေးလိုက်ကြပါ..။