၂၀၁ဝ ကြိုးကြာတောင်ပံခတ်သံထဲက မိုးယုစံ

kaiDecember 12, 20091min01

၂၀၀၉ခုနှစ်ထဲမှာ မိုးယုစံဟာ မြန်မာပရိသတ်တွေရဲ့ အားပေးမှုကြောင့် စာနယ်ဇင်းစာမျက်နှာတွေပေါ်မှာ သူ့ရဲ့ ပုံရိပ်တွေကိုအများဆုံးတွေ့မြင်

ခဲ့ကြရပါတယ်။သူ့ ရဲ့  ရိုးစင်းပြီးစွဲမက်ဖို့ကောင်းတဲ့အပြုံးတွေကို အများစုက နှစ်သက်နေကြဆဲပါ။ ၂၀၁ဝထဲမှာလည်း မိုးယုစံရဲ့ လှပတဲ့ပုံရိပ်တွေကို ဆက်လက်ပြီးတော့ ရှုစားအားပေးကြရဦးမှာဖြစ်ပါတယ်။အထူးသဖြင့် သူ့ရဲ့ လှုပ်လှုပ်ရှားရှားပုံရိပ်တွေကို တွေ့ကြရမှာပါ။

မကြာသေးခင်ကပဲ ရန်ကုန်နဲ့ ချင်းတောင်တန်းက ရိုက်ကွင်းတွေမှာ သူသက်ဝင်လှုပ်ရှားနေခဲ့တာတွေ့ကြရပါတယ်။နေတိုး၊ထွန်းထွန်းဝင်း၊ ခင်သန်းနွယ်တို့လည်းပါကြတယ်။သူပါဝင်သရုပ်ဆောင်တဲ့ ဇာတ်ကောင်ရဲ့ အမည်က ခင်ထားရီတဲ့။ နေတိုးကတော့ လတ်ငြိမ်းအဖြစ် သရုပ်ဆောင်ပါတယ်။ချင်းတောင်တန်းရဲ့ လွမ်းမောဖွယ် ရှုမျှော်ခင်းတွေကို နောက်ခံထားပြီး ဇာတ်ကောင်စရိုက်ကို သူဘယ်လို ပေါ်လွင်အောင် သရုပ်ဆောင်မလဲဆိုတာ စိတ်ဝင်စားစရာကောင်းပါတယ်။ ဒါရိုက်တာက စင်ယော်မောင်မောင်ဆိုတော့ ပိုလို့တောင်စိတ်ဝင်စားစရာပါပဲ။ဇာတ်လမ်းက အမျိုးသားစာပေဆုရ စာရေးဆရာ လင်္ကာရည်ကျော်ရဲ့  ဝတ္ထုကို အခြေခံထားတာဖြစ်ပါတယ်။

ဇာတ်ကားအမည်နဲ့ မူရင်းဝတ္ထုအမည်က အတူတူဖြစ်ပါတယ်။“ကြိုးကြာတောင်ပံခတ်သံ´´လို့ အမည်ရပါတယ်။၂၀၁ဝ ကြိုးကြာတောင်ပံခတ်သံနဲ့ အတူ မိုးယုစံရဲ့ လှုပ်ရှားသရုပ်ဆောင်မှုတွေကို ရှုစားဖို့ရာ မြန်မာပရိသတ်တွေ စောင့်မျှော်နေ ကြပါသဗျာ။

လရောင်အေး

Moe3

One comment

  • cum min

    June 21, 2012 at 9:19 am

    လှတယ်ကွာ….

    Reply

Leave a Reply

Your email address will not be published.