မန္တ္တလေးဘုရားကြီးကငါးကန်လိပ်ကန်

မန္တလေး မဟာမုနိဘုရားကြီးက ငါးကန်ဟာ နှစ်ပေါင်း ၂ဝ ကျော်ကြာအောင် ရေလဲခြင်း၊ တူးဖော်ခြင်းမရှိပဲ ဒီအတိုင်းပဲရှိနေခဲ့ပါတယ်။ မိုးရာသီကာလ မိုးသည်းတဲ့တစ်နေ့က ငါးတွေ ရေကန်ဘေး လျှောက်လမ်းပေါ်မှာ တော်တော်များများ သေနေတာကို တွေ့ရတယ်။ မိုးမှန်လို့ သေတာလည်းရှိသလို နှစ်ပေါင်း ၂ဝ ကြာမလဲပဲ ထားတဲ့ ရေကြောင့် သေတာကိုလည်း တွေးမြင်မိကြတယ်။ အဲဒီအခါကြမှ ပြာပြာသလဲ ငါးကန်ထဲက ငါးတွေ ပြန်ဖော်ပြီး တစ်ချို့ကို ဧရာဝတီမြစ်ထဲ သွားလွှတ်တယ်။ လိပ်တွေကိုတော့ လှောင်ထားတယ်။ အဲဒီအချိန်မှာပဲ ဘုရားကြီး ဂေါပကကလည်း အပြောင်းအလဲဖြစ်ကုန်တယ်။ နှစ်ပေါင်းများစွာ ဂေါပကလုပ်လာတဲ့သူတွေကိုဖယ်ရှားပြီး သက်ဆိုင်ရာက နေရာဝင်ယူခဲ့တယ်။ ငါးကန်ကိုလည်း ပြုပြင်ကြတယ်ဆိုပါစို့။ ဒီနေ့တော့ ငါးကန်ကြီး ပြန်လည်ပြင်ဆင်ပြီးပြီမို့ တိုင်းမှူး ဗိုလ်ချုပ်တင်ငွေကိုယ်တိုင် ငါးတွေ၊ လိပ်တွေကို ရေကန်ထဲပြန်ထည့်ပါတော့တယ်။ အခုပြီးသွားတာက မြောက်ဖက်က ကန်ပါ။ တောင်ဖက်ကကန်ကိုလည်း ဆက်ပြီး တူးဖော်နေပါတယ်။

One comment

  • michaelaungpu

    October 10, 2010 at 11:46 am

    ဗုဒ္ဓ ဘာသာဝင်တွေ အနေနဲ ့ကျောင်းကန်ဘုရားတွေမှာ ရေသေကန် တွေတူးပြီး ငါးအစ ရေသတ္တဝါတွေကို ဘေးမဲ့ပေးတယ်ဆိုတာ
    တော်တော် စုတ်ပြတ်တဲ့ အသိတရားတစ်ခုလို ့ ပြောလိုပါတယ်။

    Reply

Leave a Reply

Your email address will not be published.