kaiFebruary 8, 20101min01
ဖေဖော်ဝါရီ ၈ရက်နေ့ထုတ်အလင်းတန်း ဂျာနယ်(အမှတ်၅၉၂)မှာပါတာပါ။ အလင်းတန်းဂျာနယ်တခုလုံးကိုတော့ အောက်ကလင့်ခ် ကနေ ဖတ်နိုင်ပါတယ်။ http://issuu.com/idealwebmaster/docs/ald592/1?mode=a_p မြန်မာပြည်တပြည်လုံးမှာ အားရပါးရ ခိုးကူးရောင်းနေတဲ့ အခွေကို မူပိုင်ခွင့်ကိစ္စလို ့ပြောလာကြတော့….။ အဲဒီအခွေမှာ စပွန်ဆာအနေနဲ့နာမည်ပါနေတဲ့ တခုတည်းသော မီဒီယာ(မန္တလေးဂေဇက်)အနေနဲ့ ပြန်ပြောချင်တာက… …..မြန်မာမှုပြုထားတဲ့ အခွေထွက်နေပြီး မြန်မာပြည်က သီချင်းချစ်သူ သိန်းသန်း အားပေးနေတာကို သိတောင်မသိကြရှာတဲ့….သီချင်းတွေရဲ့ မူရင်းပိုင်ရှင်( သီချင်းရှင်)(တွေ)ကို ကြင်နာပါ လို ့ပါပဲ…။ နောက်နောင် အမေရိကန်ပြည်ထောင်စုနဲ့ မြန်မာပြည် ဆက်ဆံရေးကောင်း..ဆက်သွယ်ရေးကောင်းလာတာနဲ့အမျှ ဒီလို မူပိုင်ခွင့့်၊ကော်ပီရိုက်။ လိုင်စင်။ ကိစ္စတွေ သေသေချာချာ သတိထားကြရတော့မှာ ဖြစ်ကြောင်းလေးလည်း…ထပ်ဆင့်ပြောထားပါရစေ။


kaiFebruary 7, 20101min06
နော်လီဇာ ဘင်ဆင် (၆၉နှစ်) သည်ဖေဖော်ဝါရီလ (၂)ရက်နေ့ မနက်ပိုင်းက အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျလိစ်မြို့တွင်  ဦးနှောက်ကင်ဆာကို ကြာရှည်စွာ ကြံကြံခံခဲ့ပြီးနောက် ခင်ပွန်း၊ သားဖြစ်သူနှင် ့ညီမများအား စွန် ့ခွာလျှက် ကွယ်လွန်သွားခဲ့ပါသည်။ နော်လီဇာ ဘင်ဆင်သို့ အမှတ်တရ အခမ်းအနားကို ဖေဖေါ်ဝါရီ ၂ရ ရက်နေ့ မနက် ၁ဝ နာရီတွင် အောက်ပါဘုရားကျောင်းတွင် ပြုလုပ်မည်ဖြစ်ပါသည်။ First United Methodist Church Pasadena, California (located at 500 East Colorado Blvd အခမ်းအနားသို့ သွားရောက်လိုသူများရှိပါက L.A. Organizers laorganizers4burma@gmail.com သို ့စာရင်းပေးသွင်းကြစေလိုပါကြောင်း…။ အောက်တွင် နော်လီဇာ ဘင်ဆင်၏ ကိုယ်ရေးအကျဉ်းနှင့် L.A. Organizers  ကမ်းလှမ်းစာအား […]


kaiFebruary 7, 20101min01
၂၀၀၈ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲ တွင်ရုပ်ရှင်ဇာတ်ကားကြီး ၁၂ကားမှ ထူးချွန်သူအနုပညာရှင်များကိုဆုများ ချီးမြှင့်ခဲ့သည်။ အကယ်ဒမီဆုများမှာ အောက်ပါအတိုင်း ဖြစ်သည်။ အကောင်းဆုံး ဇာတ်ကားဆု – အများနှင့်မသက်ဆိုင်သောသူ (မျက်ခြယ် ရုပ်ရှင်နှင့်ဗီဒီယို ထုတ်လုပ်ရေး) အကောင်းဆုံး ဒါရိုက်တာဆု – ညီညီထွန်းလွင် (အများနှင့် မသက်ဆိုင်သောသူ) အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆု – ခန့်စည်သူ (အများနှင့် မသက်ဆိုင်သောသူ) အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆု – မို့မို့မြင့်အောင် (မြင့်မိုရ်ထက်က သရဖူ) အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆု – ရဲအောင် (အကယ်ဒမီရှော့) အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆု – ခင်မို့မို့အေး (အများနှင့် မသက်ဆိုင်သောသူ) အကောင်းဆုံး ဓာတ်ပုံဆု – သန်းညွန့်- ပန်းသာ (ကြိုးတန်း) ဓါတ်ပုံဆုရသော ကြိုးတန်းဇာတ်ကားမှာ အမေရိကန်ပြည်ထောင်စု […]


kaiFebruary 6, 20101min00
Blacks comprise 12.2 percent of the nation’s population, but you wouldn’t know it in the 100-member Senate. Come next year, the total number could add up to zero. .. http://www.fox11az.com/news/national/83622972.html ဒီနေ့သတင်းတွေဖတ်ရင်း အပေါ်က စာကြောင်းကို ကုဒ်လုပ်ပြီး လိုက်တွေးမိပါတယ်။ သေသေချာချာစဉ်းစားတော့ ဂီတလောကမှာ အမည်းတွေ လွမ်းမိုးတာများပါတယ်။ ဥပမာ ဒီနှစ်ဂရမ်မီဆို ၊ ဖီယော့စီ က အများဆုံးယူသွားတာပဲ။ နောက် ဂျေးဇီ။ ရက်ပ် တွေလည်း အမည်းတွေ တီထွင်တာပဲ။ အားကစားလောက …. ပြောစရာတောင်မလိုတော့ပါဘူး။ အခုတနင်္ဂနွေမှာ […]


kaiFebruary 5, 20101min01
ဘင်း(Bing.com)ဆိုတာက အမေရိက ကမိုက်ခရိုဆော့ဖ်ရဲ့ ဆတ်ရှ် အင်ဂျင်ကြီးပါ။ ဂိုဂယ်လို ဟာမျိုးဆိုပါစို့..။ အခုပဲ ဘင်း(Bing.com)ကအီးမေးလ်ရလို ့…ဘင်းက ဗယ်လင်တိုင်းဒေးအတွက် ကရှ်ဘက်ခ်(ငွေပြန်ပေးမှာ) ၃ဝ ရခိုင်နှုန်းအထိရှိကြောင်း သတင်းပို ့လာပါတယ်။ မိုက်ခရိုဆော့ဖ်က ဂိုဂယ်ကိုသတ်ဖို ့လုပ်နေတဲ့ စံနစ်ဖြစ်တာမို ့တကယ်ပြန်ပေးပါတယ်။ ကျုပ်တောင် ပြီးခဲ့တဲ့ ဘလက်ခ်ဖရိုက်ဒေးတုန်းက အဲဒီကတဆင့်ဝယ်ထးတာတွေ BCB ( Bing Cash Back)အနေနဲ့ပေးပယ် Paypalအကောင့်ထဲ ပြန်ရနေပါပြီ။ ဗယ်လင်တိုင်းဒေးမှာ ချစ်သူတွေကို လက်ဆောင်ပေးချင်ရင် အခုအချိန်လောက်မှာ အင်တာနက်ကနေဝယ်မှ (၁၄ရက်နေ့) အမှီရောက်မှာမို ့အချိန်ကောင်းပဲ ဆိုကြပါစို ့..။ ဆိုတော့..။ “ချစ်သူ”ကိုပေးကြ ကမ်းကြစေလိုပါကြောင်း..။ တနှစ်မှ တခါ အမှတ်တရလေးဖြစ်အောင် ဖန်တီးကြစေလိုပါကြောင်း။ အမေရိကရောက် အပျိုကြီး၊ အပျိုလေးများကလည်း လက်ဆောင်လေးများရအောင် လမ်းကြောင်းချပေးကြစေလိုပါကြောင်း..။ လူပျိုကြီး၊ […]


kaiFebruary 4, 20102min01
ဒီနေ့ဖေဖေါ်ဝါရီ ၄ ညနေ ၅နာရီ ၄၅ မှာတဲ့။ အရှေ ့ပိုင်းအချိန်မှာတဲ့..။ သမ္မတနဲ့ စကားပြောနိုင်ပါမယ်။ အောက်မှာ သူတို့ပို ့ထားတဲ့ စာ တင်ပေးထားပါတယ်။ ကျုပ်တော့ မေးစရာတွေရှိပါတယ်..။ ၂၀၁၁မှာ မြန်မာတပြည်လုံးအတွက်ဘက်ဂျက်ဖယ်ပေးမယ်ဆိုတဲ့ငွေ($36.5mil)ကို ကွန်ဂရက်တင်ထားတာ ပူပူနွေးနွေးမို ့ မေးသင့်ပါတယ်။ မြန်မာ-အမေရိကန်တွေ မေးကြစေလိုပါတယ်။ ဖြေမယ်မဖြေဘူးဆိုတာထက် မြန်မာနဲ့ပါတ်သက်တဲ့ အသိတခု ခေါင်းထဲရောက်သွားအောင် ထည့်စေချင်လို ့ပါ။ တိုက်တွန်းအပ်ပါကြောင်း…။ =================== … — Today, at 5:45 p.m. Eastern Time, Organizing for America is hosting a “Conversation with the President” — and you won’t […]


kaiFebruary 4, 20102min01
ရန်ကုန်မှာ ဘားကမ့် လုပ်မယ်ဆိုလို ့သတိထားကြည့်နေတာ အခုတော့ အလင်းတန်းဂျာနယ်မှာလည်းသတင်းဖတ်လိုက်ရတာမို ့အဲဒီသတင်းကို ဖြတ်ညပ်ပြီး တင်လိုက်ပါတယ်။ (ကို)ညီလင်းဆက် ဝက်ဘ်ဆိုက်မှာလည်း (ဇန်နဝါရီ ၂၃ )နေ့စွဲနဲ့ ဘားကမ့်ပထမနေ့က စိတ်ဝင်စားကြတဲ့ တော့ပစ်တွေစီတာတွေ့ရတာမို ့မြန်မာပြည်က အိုင်တီသမားတွေ ဘာကို စိတ်ဝင်စားကြသလည်း မှန်းကြည့်လို ့ရအောင် ကူးတင်ထားလိုက်ပါတယ်။ နောင်အမေရိက လာကြရင် ခရက်ဒစ်ယူလို့ရအောင်လည်း အမည်မှတ်တန်းကျန်အောင်ထားတယ်ဆိုပါတော့..။ ဖတ်ကြည့်ကြပါ။ အလင်းတန်းက သတင်းဆောင်းပါးလည်းဖတ်ကြည့်ကြပါ။ အလင်းတန်း သတင်းဆောင်းပါးမှာ အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားမြို ့လို ့ရေးထားတာတခုကိုပဲ တမျိုးဖြစ်သွားမိတာပါ၊ ပဲလ်လိုအလ်တို မြို ့အမည်ကို လွတ်သွားတယ် ထင်ပါရဲ့။ ဘာပဲဖြစ်ဖြစ် မြန်မာလူငယ်၊ လူရွယ်တွေ ကြိုးစားတာအောင်မြင်တာကို အသိအမှတ်ပြုမိပါတယ်။ ပွဲ၂ရက်စုစုပေါင်း လူ၂၅၀ဝ ကျော်လာကြတယ်ဆိုတော့လေ။ မှတ်ချက်။   ။ (ကို)ညီလင်းဆက် နဲ့ရော […]


kaiFebruary 4, 20101min00
ခေါင်းစဉ်က…. နာဂစ်ကြောင့်ဒုက္ခရောက်ကြရှာတဲ့ နောက်ဆက်တွဲပြသနာတွေနဲ့ ဒုက္ခတွေဖြစ်နေကြတာ မပြီးပြတ်သေးပါလို့ ဆိုလိုတာပါ။ အဲဒီလိုဆိုတော့ ဟေတီငလျှင်မှာ ဟေရှန်တွေ သေကြတာ၊ ဒုက္ခရောက်တာတွေကို ဥပက္ခာဖက်က ရေးတဲ့သဘော သက်ရောက်သွားမှာလည်း စိုးရိမ်ရပါတယ်။ အဲဒီလိုလည်း မဟုတ်ရပါခင်ဗျား…။ ဒါပေမဲ့ အခုလို ကမ္ဘာ့အင်အားအကြီးဆုံးနိုင်ငံကြီး တနိုင်ငံ( အမေရိက) ကဝင်ပြီး အာင်အားပြည်ကူပေးနေတဲ့ ဟေတီနိုင်ငံနဲ့စာရင် မေ့မေ့ပျောက်ပောက်ဖြစ်လုလု နာဂစ်ဒုက္ခသည်များအတွက် သတိတရ ရှိပြီး ရန်ပုံငွေပွဲလုပ်မှာက ဘားမီးကလပ်စစ် ဝက်ဘ်ဆိုက်ကဖြစ်ပါတယ်။ ပိုပြီး ထိထိမိမိရှိအောင် သူတို့ပို ့လာတဲ့စာနဲ့ ဖလိုင်ရာကို ဖတ်ကြည့်ကြပါဦး…လို့။ ———————————- Burmeseclassic.com ရဲ့ လေးနှစ်ပတ် လည်အထိမ်း အမှတ်အဖြစ် လွန်ခဲ့တဲ့ နှစ် နှစ်နီးပါးက အမိမြေကို တိုက်ခတ် သွားခဲ့တဲ့ နာဂစ်ရဲ့ ရက်စက်ဆိုးရွားတဲ့ ဒဏ်ကြောင့် ခိုကိုးရာမဲ့ တွယ်တာရာ […]


kaiFebruary 3, 20101min01
ဗေးဧရိယာက ဒေလီစီးတီးမှာ မတ်လ၁၄ ရက်မှ လုပ်မယ့်ပွဲပါ။ ပေးပို ့လာတာမို ့တင်ပေးထားလိုက်တာပါ။ အခုအမည်ကို ဗမာလို ဘယ်လိုရေးရမှန်းမသိလို ့ဝက်ဘ်ဆိုက်သွားဖတ်တော့လည်း သေသေချာချာ မသိဖြစ်နေပါတယ်။ ဖုံးဆက်မေးရဦးမှာပါပဲ..။ စေတော်ဝန် လို့ ထင်တာပါပဲ..။ သိတော်မူကြတဲ့အတိုင်း မြန်မာစာ ဆိုတာက အင်္ဂလိပ်(ရောမန်) စာတွေနဲ့ရေးရင် ဘယ်သူကမှ စံသတ်မှတ်ထားတာ မရှိလေတော့ အင်မတန်ခက်ပါတယ်။ ခက်ဆို အခု ရေးနေတဲ့ ဇော်ဂျီဖွန် ့ကလည်း စံလွတ်ကြီးပဲမဟုတ်ပါလား…။ ထပ်ပြောရရင် ဇော်ဂျီဖွန် ့ကို (ZawGyi )လို ့ဘာလို့ရေးထားမှန်းလည်း မသိရပါ။ ဒီဖွန် ့ပေါ်ကာစက ဇော်ကြီးဖွန် ့လို့ပဲ ထင်ပြီး ဖော်ကြီး ဆိုတဲ့လူတီထွင်တယ် တောက်လျှောက် ၆လလောက် ထင်ခဲ့တာကလား..။ အခုလည်း ဒုက္ခရောက်ပြန်ပါတယ်။ စေတဝန် ကျောင်းတော်အမည်ကို ဆိုလိုတာလား..။ […]


kaiFebruary 3, 20102min00
အီးမေးလ်ထပ်ရောက်လာလို ့ထပ်တင်လိုက်တာပါ။ ပူးတွဲပုံကစာတွေသာ ဖတ်ကြပါတော့..။ Contemporary Burmese Art: Ideas and Ideals 17 Burmese Artists Co-sponsored with the Interfaith Center of New York This event provides a unique opportunity for the Burmese artistic community to show the full range of their work. Emphasis is upon contemporary Burmese art as it is happening now and its diverse manifestations—spiritual, […]


kaiFebruary 2, 20101min00
ခေါင်းစဉ်ကို ဟေတီသို့ လို ့ရည်ညွှန်းထားတော့ အံ့ဩကြမှာပေါ့။ ဟုတ်ပါတယ်။ မြန်မာတွေ ဟေတီက ငလျှင်ဒုက္ခသည်တွေကို ကိုယ်ချင်းစာပြီး ငွေလှူမလို ့လုပ်တဲ့ပွဲပါတဲ့။ ဝါရှင်တန် ဒီစီမှာ…. ကဗျာဘွဲ့မှုး၊ မီးမီးခဲ၊ ထူးအယ်လင်း၊ ထွန်းထွန်၊ ရတနာဦးတို ့နဲ့ လုပ်တဲ့ပွဲပါ။ ဝင်ကြေးမရှိအခမဲ့ဖြစ်ပြီး ဟေတီအတွက် အလှူငွေကောက်မှာပါ။ သီချင်းလည်းနားထောင်ရင်၊ အဆိုတော်တွေလည်း ကြည့်ရင်း၊ ကုသိုလ်ရအောင် အလှူလည်းလုပ်ရင်းပေါ့။ တကယ်တော့ ဟေတီဟာ အနောက်နိုင်ငံတွေထဲပါပေမဲ့ အင်မတန် ဆင်းရဲတဲ့ကျွန်းနိုင်ငံလေးပါ။ အဲဒီမှာမှ ငလျှင်လှုပ်တာမို ့တော်တော်ဒုက္ခရောက်ကြရရှာတာပါ။ မြန်မာပြည်နာဂစ်နဲ့မတူတာက ငလျှင်ဖြစ်တာမို ့ပြိုကျပျက်စီးတွေကြားမှာ ပိတ်မိသူရော၊ ထိခိုက်ဒဏ်ရာရသူရောက များနေတာပါ။ ဒဏ်ရာတွေနဲ့ ဟေတီ ဖြစ်လို ့နေတာမို ့ကိုယ်ချင်းစာကြတဲ့ မြန်မာတွေက လှူကြဖို ့လုပ်တဲ့ပွဲဖြစ်ပါတယ်။ ပေးပို ့လာသူက Thawng No […]


kaiFebruary 2, 20101min00
အမေရိကမှ မြန်မာပန်းချီဆရာများ၏ အနုပညာလက်ရာများကို နယူးယောက် မြို့Open Center တွင် ဖေဖေါ်ဝါရီ ၆ မှ ၉ ရက် အထိပြသမည်ဟုသတင်းရရှိသည်။ သတင်းအသေးစိတ်ကို မသိရသေးသော်လည်း ဦးဝင်းဖေ၏ လက်ရာကို ဖိတ်စာအနေအသုံးပြုထားသဖြင့် ဦးဝင်းဖေ ပါမည် ထင်ရပါသည်။ ဖိတ်စာပေးပို ့လာသူမှာ မခက်မာ ဖြစ်သဖြင့် ပန်းချီ သန်းဌေးမောင် လည်းပါမည်လည်းထင်ပါသည်။ မည်သည့်အိုင်ဒီယာနှင် ဖိတ်စာတွင် ပန်းချီဆရာများအမည် မပြထားသည်မသိရသော်လည်း အထူးစံ များပါမည်မှာသေခြာပါသည်။ Ideas & Ideals ဆိုထားသည် မဟုတ်ပါလား..။အရင်နှစ်များက လန်ဒန်မှ ပန်းချီထိန်လင်းလည်း လာရောက်ပြပွဲလုပ်လေ့ရှိပြီး ယခုပွဲတွင် ပါမပါ မသိရသေးပါ။ ဝင်ကြေးမှာ အခမဲ့ဖြစ်ပြီး မြန်မာ့လက်ရာတို့ကို သွားရောက်ကြည့်ရှုသင့်သည်။


kaiFebruary 1, 20101min00
၅၂ နှစ်မြောက်ဂရမ်မီပွဲ ဗမာတွေလည်းသွားတက်ပါတယ်။ တိတိကျကျ ပြောရရင် အမေရိက ရောက်နေတဲ့ ထူးအယ်လင်း၊ ကဗျာဘွဲ့မှုး၊ ဆုန်သင်းပါရ်တို့သွားတက်တယ် သတင်းရတာပါ။ သူတို့အကြောင်းအသေးစိတ်ကိုတော့ သတင်းစာထဲ ပါနိုင်အောင်ကြိုးစားပါမယ်။ အဲဒီပွဲမှာ မိုက်ကယ်ဂျက်ဆင်ရဲ့ သားနဲ့သမီး (တူလည်းမတူ) ၂ယောက်သိသိသာသာကြီးကို သတိထားမိပါတယ်။ လက်မောင်းအနီပါတ်ကလေးတွေနဲ့လေ။ နောက် ..ဘီယော့စ်က ဂျေးဇီး ကို Husband လို့သုံးလိုက်တာလည်း ကြားတွေ့လိုက်ရပါတယ်။ ဆိုတော့…. ဆင်ဂယ်လေဒီ ..သီချင်းရှင်…ဘယ်လိုကဘယ်လို ၂၀၀၈ ကထဲကရထားတဲ့ယောကျင်္ား အမည် အခုမှ ထအော်သလဲပေါ့..။ ထားပါတော့… ဂရမ်မီညမှာ ဘီယော့စ် က ၆ဆု၊ တေလာဆွစ်က ၄ ခုနဲ့အိမ်ပြန်ပါတယ်။ ကျုပ်က အိမ်ကနေ တီဗီထိုင်ကြည့်တာပါ။