မြန်မာမှ ဟေတီသို့ …အလှူအတွက်ပွဲ

kaiFebruary 2, 20101min00

ခေါင်းစဉ်ကို ဟေတီသို့ လို ့ရည်ညွှန်းထားတော့ အံ့ဩကြမှာပေါ့။
ဟုတ်ပါတယ်။ မြန်မာတွေ ဟေတီက ငလျှင်ဒုက္ခသည်တွေကို ကိုယ်ချင်းစာပြီး ငွေလှူမလို ့လုပ်တဲ့ပွဲပါတဲ့။
ဝါရှင်တန် ဒီစီမှာ….
ကဗျာဘွဲ့မှုး၊ မီးမီးခဲ၊ ထူးအယ်လင်း၊ ထွန်းထွန်၊ ရတနာဦးတို ့နဲ့ လုပ်တဲ့ပွဲပါ။ ဝင်ကြေးမရှိအခမဲ့ဖြစ်ပြီး ဟေတီအတွက် အလှူငွေကောက်မှာပါ။
သီချင်းလည်းနားထောင်ရင်၊ အဆိုတော်တွေလည်း ကြည့်ရင်း၊ ကုသိုလ်ရအောင် အလှူလည်းလုပ်ရင်းပေါ့။

တကယ်တော့ ဟေတီဟာ အနောက်နိုင်ငံတွေထဲပါပေမဲ့ အင်မတန် ဆင်းရဲတဲ့ကျွန်းနိုင်ငံလေးပါ။
အဲဒီမှာမှ ငလျှင်လှုပ်တာမို ့တော်တော်ဒုက္ခရောက်ကြရရှာတာပါ။ မြန်မာပြည်နာဂစ်နဲ့မတူတာက ငလျှင်ဖြစ်တာမို ့ပြိုကျပျက်စီးတွေကြားမှာ ပိတ်မိသူရော၊ ထိခိုက်ဒဏ်ရာရသူရောက များနေတာပါ။
ဒဏ်ရာတွေနဲ့ ဟေတီ ဖြစ်လို ့နေတာမို ့ကိုယ်ချင်းစာကြတဲ့ မြန်မာတွေက လှူကြဖို ့လုပ်တဲ့ပွဲဖြစ်ပါတယ်။

ပေးပို ့လာသူက Thawng No ဖြစ်ပြီး အခုအသင်းတော်ဟာ ပွဲကောင်းပွဲဆန်းတွေလုပ်တယ်လို ့သတိတရမှတ်ဖူးတာပါပဲ။
အေးချမ်းမေကို  အမေရိကမှာ ပထမဆုံးပြန်လည်ခေါ်ထုတ်ခဲ့တဲ့ ချပ်ချ် ဖြစ်ပါတယ်..။
အောက်မှာ ဆက်သွယ်ဖို့လိပ်စာပါ။

ပွဲလုပ်မဲ့နေ့က“ ဖေဖေါ်ဝါရီ ၁၃” မှာ…..

Thawng No
Chairman
Calvary Burmese Church
755 Eight Street
NW Washington DC 20001
http://www.cbc-dc.com/haiti

Leave a Reply

Your email address will not be published.