NoCal ၏မြန်မာရူပဗေဒဘွဲ့ရများ ပြန်လည်တွေ့ဆုံမိတ်ဆုံစားပွဲ

kaiJanuary 17, 20101min00

ဒီဇင်ဘာ၅၊၂၀၀၉
ဒီဇင်ဘာ၅၊၂၀၀၉ ညနေ ၅နာရီခွဲ မှ ၉နာရီခွဲထိ မြောက်ပိုင်းကယ်လီဖိုးနီးယား Cupertino DeAnzaကောလိပ်တွင်မြန်မာရူပဗေဒမိသားစု ပြန်လည်တွေ့ဆုံမိတ်ဆုံစားပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရသည်။
မိတ်ဆုံစားပွဲသို့၁၉၇၃ခု မှ ၁၉၉၂ခု အတွင်း ရူပဗေဒအဓိက ဘာသာဖြင့်အောင်မြင်ခဲ့ကြသော ဘွဲ့ရမောင်မယ်များ အပါအဝင်မိသားစုနှင့် မိတ်ဆွေများ စုစုပေါင်း ၁၀ဝ ကျော်တက်ရောက်ခဲ့ကြ၍ကနေဒါမှ ဒေါက်တာ မောင်မောင်ကြီးမေရီလန်းမှ ဒေါ်ခင်ဆွေဉီး နှင့် အယ်အေမှရူပဗေဒ ဆရာများဖြစ်ကြသော ဉီးတင်ထက်စိန်၊ဒေါက်တာတင်မောင်အေး၊ ဉီးသိန်းလှိုင်တို့လည်းတက်ရောက်ခဲ့ကြသည်။ အခမ်းအနားအစီအစဉ်အရ ကနေဒါမှတက်ရောက်လာသောဒေါက်တာ မောင်မောင်ကြီးမှ အဖွင့်ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားကာ ကိုခင်ဇော် မှ  မြန်မာရူပဗေဒမိသားစုအသင်း အဖွဲ့အစည်းဖြစ်ပေါ်လာပုံအကျဉ်းချုပ်နှင့် အသင်းလှုပ်ရှားမှုများကို ရှင်းလင်းတင်ပြသွားခဲ့ကြောင်းသတင်းရရှိသည်။
ထို့နောက် ကွယ်လွန်သွားလေသူ ပါမောက္ခဒေါက်တာ စိုးမြင့်ဝင်း နှင့် ဆရာမဒေါ်မေစုတို့အား တမိနစ်ခန့်ငြိမ်သက်၍ဂါဝရြုပကြပါသည်။ ဆက်လက်ပြီး ဘွဲ့ရကျောင်းသူ၊ကျောင်းသားများ အမှတ်တရ စုပေါင်းဓါတ်ပုံရိုက်ကြပါသည်။
ဓါတ်ပုံရိုက်အပြီး မြန်မာရူပဗေဒအသင်းမှတည်ခင်းဧည့်ခံသောညစာကို မြိန်ရှက်စွာသုံးဆောင်ကြပါသည်။ ညစာသုံးဆောင်အပြီး ရူပဗေဒမိသားစု၏ ကိတ်မုန့်ကြီးကိုခွဲပြီးတပျော်တပါးစားသုံးကာ၊ ကာလာအိုကေသီချင်းများသီဆိုကာ မြန်မာရူပဗေဒမိသားစု ပြန်လည်တွေ့ဆုံမိတ်ဆုံစားပွဲကို ည၉နာရီခွဲတွင် ပျော်ရွှင်စွာကျင်းပပြီးစီးခဲ့ပါသည်။

Leave a Reply

Your email address will not be published.