ကလင်းးးးးးးးးးးးးးးးးကလင်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး နှိုးစက်ကထွက်လာတဲ့အသံ။ ဖွင့်မရတဲ့မျက်လုံးအစုံကိုမဖွင့်ဘဲ လက်နဲ့စမ်းကာပိတ်လိုက်တယ်။ ကျွန်မသိနေ တယ်။ ဒီနေ့ ကျွန်မနောက်မကျဘူး။ ဒီနေ့တနင်္ဂနွေနေ့လေ အလောတကြီး ကမန်းကတန်း ပြေးလွှားရုံးကန်ရတဲ့ ရသတ္တပတ်အားလုံးရဲ့ ပင်ပန်းသမျှအချိန်တွေ သည်မနက်လေးတင်ပဲ အားယူရတာ မဟုတ်လား။ မြန်မာနိုင်ငံက ပုပ္ပလိဂ ဝန်းထမ်းတွေအတွက်တော့ တနင်္ဂနွေဆိုတာ ရသတ္တပတ်အားလုံးရဲ့ အပန်းဖြေရက်လည်းဟုတ်သလို နေ့တိုင်းလိုလို အလျှင်စလိုချက်ပြုတ်ကာ ရုံးအမီပြေးရတဲ့နေ့တွေကြောင့် ကိုယ်စားချင်တာလေး ချတ်ပြုတ်စားရတဲ့ နေဆိုလည်းမမှား ဘူးလေ။ ကျွန်မတို့လို တစ်ကိုယ်တည်းသမားတွေအတွက်တော့ နံနက်လင်းဝေလီဝေလင်းလေးဟာ ပင်ပန်းသမျှတွေရဲ့ အကောင်းဆုံးအနားယူချိန်မဟုတ်လား။ နှိုးစက်ကိုပိတ် ခေါင်းအုံးပေါ်ကို ဆက်လက်ထိုးအိပ်လိုက်တာပါပဲ။ ဒီနေ့က တနင်္ဂနွေနေ့လေ။ ဗိုက်ကတစ်ချက်ဆန္ဒပြလာတာနဲ့ နာရီလှမ်းကြည့်မိတော့ (၁၀)နာရီခွဲ။ သွားတိုက်၊ မျက်နှာသစ် ဆံပင်ကိုဖြီးလိမ်း ပြီးမနက်စာဗိုက်ဖြည့်ဖို့ အပြင်ကိုခြေလှမ်းဦးတည်ပြီ။ လွန်ခဲ့တဲ့ (၁၀)နှစ် တနင်္ဂနွေနေ့ မေမေရှိစဉ် […]
