SawAungMarch 13, 20131min029
    ကလင်းးးးးးးးးးးးးးးးးကလင်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး နှိုးစက်ကထွက်လာတဲ့အသံ။ ဖွင့်မရတဲ့မျက်လုံးအစုံကိုမဖွင့်ဘဲ လက်နဲ့စမ်းကာပိတ်လိုက်တယ်။ ကျွန်မသိနေ တယ်။ ဒီနေ့ ကျွန်မနောက်မကျဘူး။ ဒီနေ့တနင်္ဂနွေနေ့လေ အလောတကြီး ကမန်းကတန်း ပြေးလွှားရုံးကန်ရတဲ့ ရသတ္တပတ်အားလုံးရဲ့ ပင်ပန်းသမျှအချိန်တွေ သည်မနက်လေးတင်ပဲ အားယူရတာ မဟုတ်လား။ မြန်မာနိုင်ငံက ပုပ္ပလိဂ ဝန်းထမ်းတွေအတွက်တော့ တနင်္ဂနွေဆိုတာ ရသတ္တပတ်အားလုံးရဲ့ အပန်းဖြေရက်လည်းဟုတ်သလို နေ့တိုင်းလိုလို အလျှင်စလိုချက်ပြုတ်ကာ ရုံးအမီပြေးရတဲ့နေ့တွေကြောင့် ကိုယ်စားချင်တာလေး ချတ်ပြုတ်စားရတဲ့ နေဆိုလည်းမမှား ဘူးလေ။ ကျွန်မတို့လို တစ်ကိုယ်တည်းသမားတွေအတွက်တော့ နံနက်လင်းဝေလီဝေလင်းလေးဟာ ပင်ပန်းသမျှတွေရဲ့ အကောင်းဆုံးအနားယူချိန်မဟုတ်လား။ နှိုးစက်ကိုပိတ် ခေါင်းအုံးပေါ်ကို ဆက်လက်ထိုးအိပ်လိုက်တာပါပဲ။ ဒီနေ့က တနင်္ဂနွေနေ့လေ။   ဗိုက်ကတစ်ချက်ဆန္ဒပြလာတာနဲ့ နာရီလှမ်းကြည့်မိတော့ (၁၀)နာရီခွဲ။ သွားတိုက်၊ မျက်နှာသစ် ဆံပင်ကိုဖြီးလိမ်း ပြီးမနက်စာဗိုက်ဖြည့်ဖို့ အပြင်ကိုခြေလှမ်းဦးတည်ပြီ။ လွန်ခဲ့တဲ့ (၁၀)နှစ် တနင်္ဂနွေနေ့ မေမေရှိစဉ် […]


SawAungFebruary 19, 20131min03
ကျွန်တော်ဟာ သီးသန့်ကမ္ဘာလေးထဲမှာ နေထိုင်သူတစ်ယောက်ပါ အဲသည်နေ့က သူရောက်လာတယ် ပန်းနုရောင်တွေအပြည့်နဲ့ပေါ့ အဲသည်အချိန် လေပြေတွေက ဖြေးဖြေးလေးတိုက်ခတ်တယ် ပန်းနုရောင်တွေ သွန်းချလိုက်ပါ ကျွန်တော်တောင်းဆိုနေတယ် သူ့နှုတ်ခမ်းအစွန်းစ ကွေးညွှတ်တဲ့အပြုံးတစ်ခုနဲ့ ကျွန်တော် အရူးအမူးပဲ။ ဖြူဖွဖွ နှင်းမှုန်တွေလွှမ်းခြုံပေးပါ အေးစိမ့်တဲ့အထိအတွေ့နဲ့ ကျွန်တော်သူ့ကို အနမ်းအချို့ပြန်ပေးချင်ပါရဲ့ သူလက်ခံနိုင်ပါစေ သူ့နှုတ်ခမ်းမှာ ချယ်ရီတွေချိုမြလို့ ကျွန်တော့်ဆီ ဆင်းသက်ကျရောက်ပါစေ။ ကျွန်တော့်လက်ဖဝါးမှာ အပြာရောင်အလင်းမှုန်တွေဆင်းသက်လို့ သူ့ကိုတစ်ချက်မောကြည့်မိတယ် ဖြူလွှလွှဆိုတာထက် တကယ့်ဖြူလွှလွှ နှစ်ကိုယ်ကြားက လေပြေတွေဟာအတိုင်းအဆမရှိ …………………………………….. …………………………………….. နံရံမှာနားရှိသလို ကျွန်တော့်ရင်ဘတ်မှာ အာရုံခံကိရိယာရှိတယ် သူ့မှာရော…………………………..။ နီးစပ်လာတဲ့ ဝတ်မှုန်တွေကြားမှာ ကျွန်တော်သေငယ်ဇောနဲ့ ကူးခတ်ရသလိုပဲ သူ့လက်ဖျားမှာ မီးပြတိုက်လိုအလင်းရောင်တွေ ရောက်တော့မယ်…….ရောက်ခါနီးနေပြီ သူ့ဘက်က အလင်းရောင်ပြပြကျွန်တော်တွေ့မိလိုက်ရဲ့ လေပြေ…….တစ်ဆင့်…….လေပြင်း…… လေပြင်း…….တစ်ဆင့်……မုန်တိုင်း…….. ကျွန်တော့်လည်ချောင်းကတစ်ဆင့် ပင့်သက်ကိုရှိုက်လိုက်တယ်… သူ့ရဲ့အပြုံးတစ်ချက်…… အပြုံးတစ်ဝက်……. အပြုံးတစ်စက်……. […]


SawAungJanuary 19, 20131min04
ဒီနေ့ အရင်နေ့နှင့်မတူ ညနေစောင့်အချိန် တိမ်များထူထပ်လို့နေသည်။ အိမ်အပြန်ဝယ်စရာရှိသည်နှင့် ရုံးကိုခွင့်တောင်း ကာ နာရီအနည်းငယ်စော၍ ဆင်းလာခဲ့မိသည်။ ပြီးခဲ့သည့်တနင်္ဂနွေညမှ ပြန်ရောက်သော ကျိုက်ထီးရိုးဘုရားဖူးခရီး ကြောင့်လည်း အလွန်ပင်ပန်းသည်မို့ အိမ်တွင်စောစောပြန်နားမည်ဟု ဆုံးဖြတ်ကာ ရုံးမှစောဆင်းလာခြင်းဖြစ်၏။ ကျိုက်ထီးရိုးခရီးကို သူငယ်ချင်းများနှင့်အတူ ခြေလျင်တက်ခဲ့ရသည်ကတစ်ကြောင်း၊ ရေတံခွန်ဆိုသည့်နေရာအား မမောနိုင်မပန်းနိုင် သွားခဲ့ရသည်ကတစ်ကြောင်းမို့ အိမ်ရောက်သည်နှင့်မည်သို့မျှ မလှုပ်နိုင်အောင်ဖြစ်နေတော့သည်။ ရုံးကိုတစ်ရက်လောက် နားချင်သော်လည်း ခွင့်ယူသောရက်များနှင့် သူဌေးမျက်နှာပျက်မည်စိုးရိမ်သောကြောင့် ရုံးတက်ရ သော်လည်း လူကတော်တော်လေး ပင်ပန်းနေသည်။ ညနေစောင်းလာသည်နှင့်အေးလာသောကြောင့် ညောင်းညာမှုဒဏ် များက တဆစ်ဆစ်နှင့်ကိုက်လာတော့၏။ အိမ်စောစောပြန်နားမှဟုတွေးကာ ရုံးမှထွက်လာခဲ့တော့သည်။   အမှန်ဆိုလျှင် ခရီးပန်းလာသောပင်ပန်းမှုထက် လမ်းခရီးတွင်ကြုံခဲ့ရသော အဖြစ်အပျက်တစ်ခုကို မမေ့နိုင်သောကြောင့် စိတ်မကောင်းဖြစ်ရသည်က ပိုသည်ဟု ကျွန်မထင်မိသည်။ ယခုလိုညနေစောင်း တိမ်တွေခပ်အုံ့အုံ့ခပ်မှိုင်းမှိုင်းများနှင့် မျောချင်ရာမျောနေသည်ကို ကြည့်ပြီးရင်ထဲမှပို၍ပင်မကောင်းဖြစ်သွားမိသည်။ ကျွန်မနှုတ်ဖျားမှ စကားတစ်ခွန်းတိုးတိုး ညင်သာစွာထွက်ကျလာမိ၏။ […]


SawAungDecember 27, 20121min04
မျောလွင့်နေတဲ့ အိပ်မက်တွေထဲ….. ကူးခတ်လူးလွန့် လာရင်းးးးးးးးးးးးးးး ကြယ်တွေဟာ တဖျတ်ဖျတ်တုန်ခါလို့ အို……………..ဘုရားသခင်……. တိမ်တွေပေါ် အရုပ်ရေးဖို့ စူပါဖောင်တိန် တစ်ချောင်းလောက်ပေးသနားပါ ညို့မှိုင်းမှိုင်းကောင်းကင်ဟာ အဖြူရောင်စာရွက်လောက်မရိုးသားတော့ဘူး ငါးရိုးစူးတဲ့မြို့ပြညတွေထဲမှာ ရင်ဘတ်ထဲကစိုက်ခင်းတစ်ခုနဲ့ ကျွန်တော်အသက်ရှင်နေရတယ် ဟုတ်ကဲ့………ကျွန်တော်အောက်ဆီဂျင်လိုနေတယ်။ ငွားစွင့်တဲ့ ပန်းပွင့်တွေအတွက် မြေဆီလွှာတွေ စတေးခဲ့တယ် ခန့်ညားတဲ့မြို့ပြတွေအတွက် ဘယ်သူတွေစတေးခဲ့သလဲ………..။ ဟင့်အင်း…..သူတို့က ဖန်လှောင်အိမ်တွေပိုင်ဆိုင်တယ်။ ကျွန်တော်လက်နဲ့ သစ်ပင်စိုက်ထာတယ် တိမ်ညိုတွေကင်းတဲ့နေ့မှာ ဘုရားသခင်ဆီက ဖောင်တိန်မရလည်းနေပါစေ ကျွန်တော့်သစ်ခက်တွေနဲ့  အရုပ်ရေးကြည့်မယ်။ …………… ရင်နှင့်ရင်း၍ အောင်မိုးသူ 2012 ခရစ္စမတ်နေ့ 11း15 PM


SawAungDecember 19, 20121min03
“နာရီစင်ကြီးရယ်**********မကြာမီဆိုညည်းတော့မယ်******သီချင်းကြားထဲ နှစ်သစ်ကိုရောက်မယ်**** ဒီမှာကိုယ် တစ်ယောက်တည်း******နှင်းများတဖွဲဖွဲကျနေ ဒီညလေးကိုငေးမာကြည့်နေတုန်း…….” ကျွန်တော်ဖြတ်လျှောက်သွားတဲ့ လမ်းမတစ်လျှောက်မှာ အလွမ်းနှစ်ကူးဆိုတဲ့ သီချင်းသံလေးတွေ ညံစီလို့။ အောက် စွပ်ကျယ်တစ်ထပ်နဲ့အပေါ်က ခေါင်းစွပ်(Hoody)ကို ကျွန်တော်ဝတ်ထားတယ်။ ရန်ကုန်ဆောင်းလား သိပ်မအေးဘူး။ နှင်းကျလားဆိုတော့ သိပ်မကျဘူး။ မြူတွေလောက်ပဲတွေ့ရတတ်တဲ့ ရန်ကုန်ဆောင်းရယ်။ ဒီညလား ဒီညက နှစ်သစ်ကူး (New Year) ညလေ။ ဒါကြောင့် လမ်းတိုင်းလမ်းတိုင်းလိုလို လူစည်ကားနေတာ။ နှစ်သစ်ကို ကြိုကြတော့မယ် လူငယ် လူကြီူး အစုံအလင်ပါပဲ။ ကျွန်တော်လည်း လူငယ်မို့ နယူးရီးယားညကိုကြိုဖို့ သူငယ်ချင်းအိမ်ကိုထွက်လာမိတယ်။ လက်ကနာရီကိုကြည့်လိုက်တော့ ဆယ်နာရီနဲ့မိနစ်သုံးဆယ်။ ချမ်းစိမ့်စိမ့်ရာသီကြောင့် လက်နှစ်ဖက်ကို ဘောင်းဘီအိတ် ထဲ ထည့်ပြီးလမ်းလျှောက်လာမိတယ်။ ကျွန်တော့်နှုတ်မှလည်း ထိုသီချင်းကို ညည်းနေရင်း လမ်းလျှောက်နေမိတယ်။ “လူတွေအားလုံးသိပ်ပျော်တယ်**********ဒီလိုနှစ်သစ်ရောက်ရင်ကွယ်****ပျော်စရာသီချင်းသံများနဲ့***မင်းပျော် နေတာ့မယ်****ငွေရောင်လကကောင်းကင်ထက်***ကိုကြည့်ရင်းငိုချင်တယ်***နှစ်သစ်ရောက်ရင်ပြန်ခဲ့မယ်** ခုတော့ကိုယ့်ကိုမေ့ပြီကွယ်****” တိုးတိုးလေးညည်းနေတဲ့ကြားထဲ အေးစိမ့်တဲ့လေတစ်ချက်အဝေ့ကြောင့် ကျွန်တော်မျက်ဝန်းတွေထဲမှာ […]


SawAungDecember 19, 20121min02
…………………. ……………………………   ဖေဖေဟာ တံတိုင်းတစ်ခုဆို သားဟာ တံတိုင်းကိုမှီ ရှင်သန်ရတဲ့ အုတ်ကပ်ပင်လေးတစ်ခုပါ ဖေဖေ…………။   ဖေဖေမပါတဲ့ ရေဆန်လမ်းတွေမှာ ပဲ့ကိုင်မပါခဲ့ဘူး ဖေဖေ   မှီတွယ်ရာ မဟုတ်ပေမယ့် ခိုဝင်စရာတော့ ရင်ခွင်တစ်ခုရှိချင်တယ် ဖေဖေ   အခုတော……………. အားမာန်နဲ့ကမ်းကပ်တဲ့ရေလှိုင်းက ခိုဝင်စရာ ကျောက်ဆောင်မရှိခဲ့ဘူး ဖေဖေ…………….။   အသက်ကိုကြမ်းကြမ်းရှူ မျက်စိကိုတစ်ချက်မှိတ်လို့………….. …………………………………………. ………………………………………………. ရင်ထဲက တစ်ဆို့နေတဲ့ နာမတစ်ခုကို သား…..ဖွင့်ဟထုတ်ကြည့်တယ်………… …………………………………………… ဖေ…………………………ဖေ…………။   …………………   ရင်နှင့်ရင်း၍ အောင်မိုးသူ 19122012


SawAungDecember 7, 20121min012
ကော်ဖီတွေတောင်အေးကုန်ပြီ။ မနက်ကအလောတကြီးအိမ်ကထွက်လာပြီး မသောက်ဖြစ်ခဲ့တဲ့ကော်ဖီက ခုတော့ အေးစက်နေပြီ။ ဒီနေ့ ဘုရားကိုစောစောထွက်ရမယ်ဆိုတာသိရက်နဲ့ ကျွန်မမထနိုင်ခဲ့ပေ။ ခုချိန် မောင်သာရှိရင် ဆိုသည့်အတွေးက ကျွန်မဦးနှောက်ထဲကိုရောက်ရောက်လာတယ်။ ချက်ချင်းပင်အတွေးကိုဖျောက်ကာ ကော်ဖီခွက်ကို ကောက်ကိုင်လိုက်မိတယ်။ အိမ်အပြင်မှာတော့ မိုးကဖျောက်စိပ်ကျကာ အေးစိမ့်စိမ့်ဖြစ်နေတယ်။ တက္ကစီပေါ်မှ ခပ်မြန်မြန်ဆင်းလာလို့ပဲ မိုးစက်တွေ စွတ်စိုစိုက လူတစ်ကိုယ်လုံးချမ်းကာနေတော့တယ်။ ရေနွေးကိုဆူအောင်တည်ထား ရင်း ခပ်စိုစိုဖြစ်နေတဲ့ ဆံပင်တွေကို သုတ်နေလိုက်တယ်။ မိုးအေးအေးဆိုရင် ကော်ဖီဆိမ့်သက်သက်တစ်ခွက်ကတော့ ကျွန်မဖျော်သောက်နေကြလေ။ ကော်ဖီမှုန့် ၊ Creamer ၊ သကြားတွေကို စိတ်ကြိုက်ထည့်ပြီး ကော်ဖီပူပူတစ်ခွက်ကို သောက်နေရင်း မောင့်ကိုပြန်ပြောင်းသတိရမိတယ်။   “ယွန်းကကော်ဖီ သိပ်ကြိုက်တယ်ပေါ့” သွားထပ်လေးပေါ်အောင် ရီရင်းမေးတဲ့မောင့်ကို ကျွန်မခေါင်းတစ်ချက်ပဲ ညိတ်ပြလိုက်တယ်။ အကြောင်းအရာတစ်ခုခုကု အစွဲအလန်ကြီးတဲ့ မောင့်ရဲ့စိတ်ကို စတွေ့ကတည်းက ကျွန်မ ရိပ်မိနေခဲ့တယ်လေ။ ကျွန်မလိုပဲ မောင်လည်းကော်ဖီသိပ်ကြိုက်တဲ့ […]


SawAungDecember 4, 20121min01
ကျွန်တော်သည် အတိတ်ကိုပိုင်ဆိုင်ခဲ့သည်။ ကျွန်တော်သည် အတိတ်ကိုပိုင်ချင်ပါသေးသည်။ အတိတ်သည် ကျွန်တော့် အား တိုးတက်မှုများစွာပေးခဲ့သည်။ နွေးထွေးမှုများစွာပေးခဲ့သည်။ မေတ္တာဓာတ်များစွာပေးခဲ့သည်။ တစ်ခါတစ်ရံ မွန်းကြပ်မှုများစွာလည်းပေးပြန်သည်။ အမှန်တကယ်တွင် အတိတ်သည်ကျွန်တော့်အနားတွင် မရှိမဖြစ်လိုအပ်ခဲ့သည်။ အတိတ်ကို အတိတ်မှာထားခဲ့ဆိုသည့်စကားအတိုင်း ကျွန်တော်သည် အတိတ်ကိုမထားခဲ့နိုင်ချေ။ ကျွန်တော်တတ်နိုင် သည်မှာ အတိတ်အားငေးမောကြည့်နိုင်ရုံသာ ကြည့်ခွင့်ရတော့၏။ အတိတ်သည် ကျွန်တော့်ရှေ့တွင်ပင် တဖြည်းဖြည်း ပါးပါးလျကာ ပျောက်ကွယ်သွားတော့မည်။ ကျွန်တော့်အား ပျောက်ကွယ်သွားမည့်ဆဲဆဲအထိ အတိတ်၏သံယောဇဉ်များ သည် အမျှင်တန်းလေးများသဖွယ် ကပ်ငြိကာကျန်နေခဲ့သေးသည်။ သေချာသည့်အရာတစ်ခုမှာ အတိတ်တွင် ကျွန်တော်၏ နောင်တများစွာ စုပုံကာ ကျန်ရစ်ခဲ့လိမ့်မည်။ ဒီနေ့ အတိတ်သည် ကျွန်တော်နှင့်အတူရှိမနေတော့ချေ။ လက်ရှိကျွန်တော့်လက်ထဲရှိ ပစ္စုပ္ပန်ကိုသာကျွန်တော်ပိုင်ဆိုင် တော့သည်။ ကျွန်တော့်တွင် ပစ္စုပ္ပန်များစွာရှိသည်။ ယခင်အတိတ်တုန်းကလည်း ပစ္စုပ္ပုန်များစွာရှိခဲ့ဖူးသည်။ ယခုအခါ ထိုပစ္စုပ္ပန်များသည် ကျွန်တော်၏လေလွင့်စိတ်ကြောင့် နောင်တများဖြင့်ပြည့်နှက်နေသော အတိတ်များဖြစ်သွားခဲ့သည်။ […]


SawAungDecember 3, 20121min02
ကြမ်းရှရှ အေးမြမြနဲ့ ရင်ခွင်မှာလမသာခဲ့ဘူး ညင်သာစွာ တိုးတိတ်တိတ်နဲ့ အရောင်မစုံတော့တဲ့ ညနေခင်းတွေ တိမ်တွေမှာ အရုပ်ရေးထားမယ် မင်းလာရင် ကြိုလင့်ရအောင်။ အဖျားခတ်တုန်ခါမှုတွေက ရင်ခွင်ကိုဗြောင်းဆန်စေတာ မင်းသိမလား မင်းဘက်က အတောင်တစ်ချက်ခတ်ရုံ ငါ့ဘက်မှာက မုန်တိုင်းထန်နေတယ် တိမ်တွေအရောင်မပြောင်းသေးဘူး။ နောက်ဆုံးမှ ထွက်ကျလာတာ Just a kidding နောက်မဆုတ်ဖြစ်တဲ့ ခြေတစ်လှမ်းက ရှေ့လည်းဆက်မတိုးနိုင် စကားတစ်ခွန်းနဲ့တင် တိမ်တွေပေါ်က အရုပ်လေးတွေမရှိတော့ဘူး။ ဝေဝေဝါးတဲ့ ဘဝမှာ ခပ်ထန်ထန်နဲ့ဖြတ်သန်းသွားတဲ့ ဘာသာစကားတစ်ခုက တိမ်တွေကိုအရောင်ပြောင်းပစ်တယ် လက်မခံနိုင်တဲ့ သီအိုရီတစ်ခုကို အရှုံးပေးလိုက်ရတယ် တိမ်တွေအရောင်ပြောင်းတဲ့နေအထိ ဆက်စောင့်နေမယ်။ ဖြူစင်တဲ့ တိမ်ဂွမ်းစိုင်တွေပေါ်မှာ အရုပ်ရေးချင်တယ်……………..။ ******************** အောင်မိုးသူ နိုဝင်ဘာ ၂၈ရက် ၂၀၁၂ခုနှစ် နေ့လည် ၁၂နာရီ ၁၉မိနစ်


SawAungDecember 1, 20121min05
ဟော့်….ကြယ်ကလေးကြွေသွားပြီ……. အမြန်ဆုတောင်းဦးမှ မေမေနေကောင်းပါစေ မေမေသမီးဆီ အမြန်ပြန်လာနိုင် ပါစေ……………………………………။ “ရွှေစင်ရေ စာလာကျက်လေ နင်ဟာလေစားဖို့ အိပ်ဖို့ ဆော့ဖို့ပဲ စာလာကျက်” ဆူပြီ…ကြီးကြီးတို့က အမြဲတမ်းဆူဖို့ပဲ ပြန်ပြောရင်လည်း သမီးကိုရိုင်းတယ်ပြောမယ်။ ခဏခဏနားထဲကို ဆူတဲ့အသံတွေ ရောက်လာတော့လည်း တစ်ခါတစ်လေ သမီးလည်းမခံနိုင်တော့ဘူးလေ အဲသည်တော့ ပြန်ပြောမိတာပေါ့။ ဘယ်လိုပဲ ဖြစ်ဖြစ် စာကျက်ဖို့ စာအုပ်တော့ကိုင်ရမှာပဲ။ ဖွားဖွားကလည်း သမီးစာကျက်နေတာ ထိုင်ကြည့်နေတယ်။ အသံမထွက်ရင် ဆူမယ်ဆိုတာချည်းပဲ….။ “ရွှေစင် စာကျက်လေ… ဘာလုပ်နေတာလဲ  ဝက်မ စားဖို့ပဲသိတယ် စာကျတော့ မကျက်ဘူး” “အဖွားကလည်း ဒီမှာကျက်နေတယ်လေ” “ငါ့ကို ပြန်မပြောနဲ့ ရိုက်လိုက်မယ် စာပဲကျက်”   ပြောလိုက်ရင် ရိုက်မယ်ဆိုတာကြီး ပြန်ပြောမိတော့ သမီးပဲအဆူခံရတယ်။ ကြီးကြီးနဲ့ သူ့ရဲ့သမီးစကားပြောနေတာကြည့် တော့လည်း သမီးလည်း မေမေ့ကိုသတိရလာတယ်။ […]


SawAungOctober 31, 20121min03
ဇာတ်ရုံရဲ့ ထရံကြို ထရံကြားက နေပြောက်ကလေးတွေက ကျွန်မမျက်နှာကို လာရောက်ထိုးမှပဲ… နေ့လည်တောင်ရောက်ပြီလို့ ကျွန်မသိလိုက်သည်။ အိပ်ချင်မူးတူးဖြင့် ခြင်ထောင်ထဲတွင် ကျွန်မငုတ်တုတ်ထိုင်လိုက်သည်။ သည်အချိန်ဆိုလျှင် ကျွန်မတို့ဇာတ်ရုံထဲတွင် အလုပ်တွေရှုပ်နေကြပြီ။ ညလုံးပေါက် အလုပ်လုပ်ထားသောသူများ အိပ်ရာထချိန်သည် နေ့လည်ဆိုသည်မှာ မဆန်ုးပေ။ သွားတိုက် ၊ မျက်နှာသစ်ဖို့ ရေခွက်ကိုယူရင်း အဖေနဲ့အမေ ဘယ်ရောက်နေလဲဟု တွေးနေမိသည်။ “ဘကြီး……ထွန်း… အဖေနဲ့အမေဘယ်သွားလဲရှင့်..” “ဈေးခဏသွားတယ်ကွယ့်…. နင့်ညီမနဲ့မောင်အတွက် ပိုက်ဆံသွားပို့တယ်ဆိုးလားပဲ…” “အော်…” ဘကြီးထွန်းပြောမှပဲ… ညီမလေးနဲ့မောင်လေးကို ကျွန်မသွားသတိရမိသည်။ မတွေ့ရတာ ခြောက်လလောက်တောင်ရှိတော့မယ်။ အိပ်ရာထထချင်း သည်အကြောင်းစဉ်းစားလိုက်မှ ကျွန်မရင်ထဲ ပြည့်ကျပ်ကျပ်ကြီး ဖြစ်လာမိသည်………………။ *************************** ကျွန်မမိသားစုမှာ ကျွန်မအကြီးဆုံးလေ……။ အဖေနဲ့အမေကတော့… ဇာတ်အဖွဲ့တစ်ခုမှာ အမေကထမင်းချက် ၊ အဖေကတော့ ဇာတ်အဖွဲ့က မီးထိုး…….. ဇာတ်အဖွဲ့ကြီးသွားရာ မြန်မာပြည်အနှံ့ကို လိုက်ရတယ်။ […]


SawAungOctober 15, 20121min03
ဝရုန်းသုန်းကားမဆန်တဲ့ လေပြေအချို့ ကျွန်တော့ခန္ဓာကိုယ်အား ဖြတ်သန်းကာ တိုက်ခတ်သွားကြသည်။ ညိုမှောင်ရီတဲ့ ရာသီဥတုက အရှိန်ယူကာသည်းကာမည်းကာ ရွာတော့မယောင် အင်းလျားကန်ဘောင်ပေါ်တွင်ရပ်ကာ ကန်ရေပြင်ဘက် မျက်နှာမူလျှက် ကျွန်တော်မလှုပ်မယှက်။ လက်ထဲတင်းတင်းစေ့ကာ ဆုပ်ကိုင်ထားတဲ့ ကြယ်သီးလေးတစ်လုံးကို ဖြန့်ကာ ကြည့်လိုက်မိ၏။ ကျွန်တော့်မျက်ဝန်းမှ မျက်ရည်စများက တိုင်ပင်မကိုက်ပဲ လက်ထဲသို့ကျရောက်သွားသည်။ လေပြင်း တစ်ချက်တစ်ချက် ထပ်ကာထပ်ကာတိုက်ခတ်လာ၏။ လေနှင့်အတူ မိုးစက်မိုးပေါက်တစ်ဖျောက်ဖျောက်ဖြင့် ကန်ရေပြင်နှင့် ကန်ဘောင်တစ်လျှောက် ကတ္တရာလမ်းမအပေါ် သည်းကာမည်းကာကျရောက်လာသည်။ မိုးစက်များ ရိုက်ခတ်မှုနှင့်အတူ ခန္ဓာကိုယ်တစ်ခုလုံး ရွှဲစိုကာနေပေမယ့်လည်း ပြန်မလှည့်တော့သည့် ခြေထောက်များကို ကျွန်တော်ပြန်လည် ကျိန်ဆဲ မိလိုက်၏။ *********************************************** “ရော့……..” “ဘာတုန်းဟ….” “ကြည့်လေ…ဘာလဲလို့…” “ကြယ်သီးလေ… အဲဒါငါဘာလုပ်ရမှာတုန်း မွန်မွန်…” ကျွန်တော်မေးလိုက်သောစကာတစ်ခွန်းကို မျက်စောင်းတစ်ချက်ထိုးကာ “နင့်ကို..ပေးတာဟဲ့…။ ဒီမှာ ငါ့အကျီ င်္ရဲ့ ဒုတိယကြယ်သီးတစ်လုံးပြုတ်သွားတာ အဲဒါနင်သိမ်းထားလိုက်တော့..” […]


SawAungOctober 9, 20121min05
တဆစ်ဆစ်နာကျင်နေတဲ့နေရာကို တဖန်ပြန်ပြီးလက်နဲ့စမ်းကြည့်တယ်……။ အို….နာကျင်နေတာတောင် တဒိတ်ဒိတ်ခုန်နေတုန်းပါလား…………..။ အရှိန်ပြင်းပြင်းနဲ့ထိခဲ့မိတဲ့ရင်ခွင်အစုံက…. အမှတ်မရှိခုန်နေတုန်းပဲ……။ ဒီနေရာလေးမှာ.. ဒီနေရာမှာပဲ…… ချေမွခံခဲ့ရတဲ့ဘဝ…………………. စာနာနိုင်ရင် တစ်ချက်လောက်တော့ လှည့်ကြည့်သင့်ပါတယ်….။ ရူးသွပ်ခဲ့တဲ့ အချစ်တစ်ခုအတွက်…. မိုက်မဲနေဆဲဖြစ်တဲ့.. နှလုံးသားတစ်စုံရယ်…။ အမှတ်မရှိသေးတဲ့ ဦးနှောက်တစ်စုံရယ်….။ ရက်တွေ…လတွေ…နှစ်တွေ…. ဘယ်လောက်ကြာပြီလဲ……. မမှတ်မိတော့ဘူး…..။ ဘုမသိ..ဘမသိတော့ မဟုတ်ဘူး..။ အမှတ်မရှိ….. အစမရှိ… အဆုံးမရှိ…. မှောင်မိုက်ခြင်း နှလုံးသားလမ်းမတွေပေါ်မှာ…. အမှတ်တမဲ့ဖြစ်ဖြစ်…. တမင်တကာဖြစ်ဖြစ်.. တွေ့ဆုံခဲ့ရင်.. ခိုးခိုးကြည့်မိနေတုန်းပဲ….။ ******** အောင်မိုးသူ