မိုးတွေဟာ မှောင်းလို့ မည်းလို့ ထစ်ချုပ်မိုးနဲ့ ပြန်ကာသွားတယ်။ ချိန်းချိန်းပြီး မရွာခဲ့ဘူး အဲသည် သည်းကြီး မည်းကြီးကို စောင့်နေခဲ့သူတစ်ယောက်။ အချစ်တစ်ခုဟာ တစ်ပါးသူရဲ့လက်အောက်မှာ ပြားပြားဝပ်လို့ အသက်ငင်နေတယ်။ အမှန်တော့ (၁)ဖြစ်နေတဲ့ကောင်က သူ့ရှေ့မှာ (၀)ရှိနေတာ မမြင်ခဲ့ဘူး။ ဒုတိယဟာ အကောင်းဆုံးအရှုံးသမား ဟုတ်တယ် သိပ်ကိုသနားစရာကောင်းတယ် သနားတာကိုလည်း ခံချင်တဲ့ကောင်မဟုတ်ဘူး လက်တစ်ဖက်ကမ်းလင့်ဖို့ နောက်ထပ်လက်တစ်ဖက်လိုတယ် လက်တစ်ကမ်းနောက်ကျကျန်ခဲ့တဲ့ အရာတွေဟာ ဒုတိယဆိုတဲ့ ဂုဏ်ပုဒ်တစ်ခုနဲ့ပြီးဆုံးကာသွားတယ်။ ဒုတိယဆိုတာလည်း အနုပညာတစ်ခုပါပဲ သူဟာသိမ်သိမ်မွေ့မွေ့နဲ့ အဆုံးသတ်ရှာတယ်။ ကြီးကြီးကျယ်ကျယ်စကားလုံးတွေ သူ့နှုတ်ကဘယ်တော့မှမထွက်ရှာဘူး ကြီးကြီးကျယ်ကျယ်စကားကို ကြီးကြီးကျယ်ကျယ်တွေပဲသုံးကြတယ်။ နောက်ဆုံးမှာ အနုပညာဟာ အချစ်လိုပဲ တစ်ယောက်တည်း ခမ်းနားစွာ အဆုံးသတ်ရှာတယ်။ […]
