ဒီကဗျာကို ဒီနေရာမှာတင်သတ်ပစ်လိုက်တယ်

SawAungOctober 7, 20131min014

မွတ်သိပ်စွာ ငိုကြွေးပြီးနောက်မှာ
ချုပ်နှောင်ထားခြင်းတွေ ကွယ်ပျောက်သွားတယ်
ဒါဟာ နင်းခြေခံလိုက်ရတဲ့ တေလေတစ်ကောင်ရဲ့တမ်းချင်း။

အားလုံးဟာ အစီအစဉ်အလိုက်ပါပဲ
ပိတ်ကားနောက်ကွယ်က ဖလင်အပိုင်းအစတွေက
ကုလားဖန်ထိုးခံလိုက်ရတာ ဘယ်သူမှမသိလိုက်ဘူး။

တေလေတစ်ကောင်ထက် ပညာရှင်တွေက ပိုရက်စက်တတ်ကြတယ်
တန်ဖိုး နဲ့ တန်ဘိုးကိုတေ့ ပညာရှင်တွေခွဲခြားမသိသွားရှာဘူး
ပိတ်ကားနောက်က ဖလင်တွေက အပိုင်းပိုင်းအစစနဲ့ ကျိုးပျက်လို့။

တန်ဖိုးမရှိပေမယ့် တန်ဘိုးရှိချင်ခဲ့တာ
အခုတော့ အဲသည်တန်ဘိုးတွေက ကြွေကျလို့
အခက်နဲ့အလက်နဲ့ဝေချင်နေခဲ့တာ
အခုတော့ အားလုံးမီးမြိုက်ခံခဲ့ရတာ။

ညိုမှိုင်းတဲ့တိမ်စိုင်တွေမှာ အဖြူရောင်မိုးသားမျှင်တွေရှိတယ်
လူတိုင်းမှာ အဖြူရောင်မိုးသားမျှင်တွေရှိတယ်
တစ်ဘဝမှ တစ်ခါတော့ ညိုမှိုင်းဖူးကြမှာပါ။

ပူလောခြင်းတွေထဲမှာတောင် အရိပ်တစ်ခုတော့ရှိရမယ်
တစ်ခါတစ်ရံ ပူလောင်တာတော့ အဆန်းမလုပ်တာအကောင်းဆုံးပဲ
မုန်တိုင်းပြီးရင် လေပြေတော့ လာမှာပါ
နည်းနည်းတော့ အချိန်စောင့်ပေါ့။

ချောင်ထဲမှာ ငြိမ်းချမ်းစွာထိုင်နေသူကပြောတယ်
သူ့မှာ ဂုဏ် ငွေ ပကာသန ရေလိုက်ငါးလိုက် တစ်ခုမှမရှိဘူးတဲ့
တစ်ခါတစ်ခါ လောကကြီးက ဆဲဆိုချင်လောက်အောင်ကို
မတရားမှုတွေပြည့်နေတယ်။

လူတွေက အပေါ်ယံအလွှာကို သိပ်ချစ်ကြတာ
ဒဏ်ရာတွေသိပ်နက်လာတော့ အရိုင်းအစိုင်းဆန်တာမဆန်းပါဘူး

ဆိုရခက်တဲ့ ဂဏန်းသချင်္ာအလီတွေဟာ
ဆိုရလွယ်တဲ့ အလီတွေထက် လူသိနည်းတာ မဆန်းပါဘူး
ဆန်းတာက အလွယ်ကြိုက်တဲ့လူတွေ။

စာသားတွေ ဆိုရိုးတွေစကားတွေ အများကြီးထဲက
နောက်ဆုံးရေပန်အစားဆုံး စကားလုံးက
……………………………..
………………………………..
သေခြင်းတရားဆိုတာ အားလုံးသိနှင့်နေပြီးသားပဲ
ဒီနေရာမှာပဲ ဒီကဗျာကို ကျတော်အသေသတ်လိုက်တယ်။

ရင်နှင့်ရင်း၍
အောင်မိုးသူ
စက်တင်ဘာ (၅)ရက် ၂၀၁၃ခုနှစ်
နံနက် ၁ဝး၁၂မိနစ်

14 comments

  • မဟာရာဇာ အံစာတုံး

    October 7, 2013 at 12:47 pm

    ဟုတ်တယ် …
    ကျနော့်မှာလည်း အဖြူရောင် မိုးသားမျှင်တွေရှိတယ် …
    အခါခါ ညိုလို့လည်း မှိုင်းခဲ့ဖူးတယ် ….

    အားပေးသွားပါတယ် ကိုအောင်မိုးသူရေ …

    Reply

    • aung moethu

      October 7, 2013 at 2:08 pm

      ကျေးဇူးပါ ကိုအံစာ း))

      Reply

      • alinsett

        October 7, 2013 at 2:24 pm

        ကအောင်မိုးသူက
        ကဗျာဆရာ ဖြစ်နေဘီ
        ကဗျာ လှလှလေးလည်း ရေးလိုက်ဘီ
        ဟိုတလောကလည်း တွေ့လိုက်တယ်
        တံတားဖြူမှာ
        ကအောင်မိုးသူမှ ကအောင်မိုးသူ အစစ်

        ======

        ကဗျာ နာမည်ပေးထားတာကို အလွန်သဘောကျသွားပါတယ်

        Reply

        • aung moethu

          October 7, 2013 at 3:10 pm

          အယ်လ် အဲ့ဒါ လှမ်းမခေါ်ဘူး…… (စိမ်းကာတာပေါ့ ခိခိ)

        • alinsett

          October 7, 2013 at 5:30 pm

          လှမ်းခေါ်ဖို ့အခွင့် မသာ ခဲ့ဘူး
          ကျွန်တော်က ဘတ်စ်ကားပေါ်မှာ

  • kyeemite

    October 7, 2013 at 1:39 pm

    ဆိုရခက်တဲ့ ဂဏန်းသချင်္ာအလီတွေဟာ
    ဆိုရလွယ်တဲ့ အလီတွေထက် လူသိနည်းတာ မဆန်းပါဘူး
    ဆန်းတာက အလွယ်ကြိုက်တဲ့လူတွေ။

    တန်ဖိုးဆိုတာ လူသိနည်းတာများတာနဲ့
    မတိုင်းပါဘူးလေ..ကြိုက်သဗျာ :hint:

    Reply

    • aung moethu

      October 7, 2013 at 2:09 pm

      မအားလပ်လို့ စာတွေမရေးဖြစ်တာပါ ခုပြန်လည်ရေးနေပါတယ်ဗျ

      Reply

  • black chaw

    October 7, 2013 at 2:09 pm

    ကဗျာ အကြောင်းသိတ်တော့ နားမလည်ဘူးဗျာ…။
    ဖတ်ပြီး…အထင်ကြီးစိတ်ဝင်မိတာနဲ့…
    ကွန်းမန့်ဝင်ရေးဖြစ်ပါတယ်…။
    ဟုတ်ကဲ့…
    သနားတတ်ရင် မျက်စိမှိတ်ထားပါ…
    ဒီနေရာမှာပဲ…
    ဒီကွန်းမန့်ကို
    ကျွန်တော် အသေသတ်လိုက်ပါတယ်…။
    ချစ်ခင်လေးစားတဲ့…
    ဘလက်ချော…။

    Reply

    • aung moethu

      October 7, 2013 at 2:11 pm

      :O ဖြည်းဖြည်းသာသာလုပ်ဗျ… ဖတ်သွားတာကိုပဲ ကျေးဇူးတင်ပါတယ်။

      Reply

  • kai

    October 7, 2013 at 3:28 pm

    တကယ်တော့ ကုလားဖန်ထိုးလိုက်တာ
    တရုတ်ကြီးသိ.. ညှိလိုက်တယ်တဲ့ဗျ
    ညှိလိုက်သမို့ ရိလိုက်လာတဲ့ လူနေမှုတွေ
    တတိတိပြိုကျနေချိန်မှာ
    ကျုပ်လည်း…
    ဒီကဗျာကို (မြန်မြန်ပဲ) သတ်ပစ်လိုက်တယ်။ ။

    Reply

  • TNA

    October 7, 2013 at 3:51 pm

    အားလုံးသတ်နေကြပါလား။ အဲဒါဆိုရင်တော့ ကျွန်မလဲကိုယ့်ကွန်မင့်ကိုယ် ဒီမှာပဲမြန်မြန်သတ်မှဖြစ်တော့ မယ်ထင်ပါရဲ့။

    Reply

  • လင်း ထက်

    October 7, 2013 at 5:07 pm

    ကဗျာဖတ်ရင်းနဲ…နောက်ဆုံးလဲရောက်ရော..မျက်မှန်း..မည်းကြီးနဲ.လန်.ထှာအေ…ဟီး…နောက်တာနော်

    Reply

    • aung moethu

      October 9, 2013 at 1:22 pm

      ပုံကြီးက ဘာလို့ကြီးနေလည်း မသိဘူး… ဟီးး

      Reply

  • ကျော်စွာခေါင်

    October 8, 2013 at 5:03 am

    ကိုအောင်မိုးသူ
    ရင်နဲ ့ခံစားရေးပါတယ်လို ့ထုတ်မပြောတောင် သိလိုက်ရပါတယ်ဗျာ…
    အနက်ရှိုင်းဆုံးထိ နှိုက်ယူ ခံစားထားတာဘဲ..
    စကားလုံးတွေ အရမ်းကို ကြိုက်တယ်ဗျာ…
    ကဗျာတွေ ဆက်ရေးပါဦး

    Reply

Leave a Reply

Your email address will not be published.