စိတ်တိုခဲ့ရသော စာတစ်ကြောင်း

သမ္မတကြီး မိန့်ခွန်းပြောတဲ့နေ့ကပေါ့။

သမ္မတကြီးရဲ့ မိန့်ခွန်းကို နားမထောင်ရခင်အချိန်လေးမှာ ကျွန်မ တော်တော်လေး စိတ်တိုခဲ့ရပါတယ်။

 

သမ္မတကြီးမိန့်ခွန်းပြောမယ့်အကြောင်းကို ရုပ်သံလိုင်းမှာ စာတန်းထိုးပါတယ်။ အဲဒီစာတန်းကြောင့်ပဲ ကျွန်မစိတ်တိုခဲ့ရတာပါ။ အားလုံးမှတ်မိကြမယ် ထင်ပါတယ်။

 

”နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် ပတ်သက်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ မိန့်ခွန်း”

 

စာတန်းထိုးတဲ့အချိန်မှာ လိုက်ဖတ်နေမိတဲ့ကျွန်မ ဘာကိုဆိုလိုမှန်း အစက နားမလည်ခဲ့ပါဘူး။ နောက်နှစ်ခါ ထပ်ဖတ်မိတော့မှ သမ္မတကြီးက နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနဲ့ ပတ်သက်တဲ့ မိန့်ခွန်းကို ပြောမယ်ဆိုတာ သဘောပေါက်လိုက်တယ်။

 

လုံးဝမဖြစ်သင့်တဲ့ အမှားကြီးတစ်ခုပါ။ ကျွန်မမှတ်မိသလောက်ဆိုရင် မြန်မာသဒ္ဒါအထားအသို ဆိုတာကို ဆယ်တန်းမှာ အသေအချာသင်ခဲ့ရပါတယ်။ မြန်မာစာ မြန်မာစကား အစီအစဉ်မှာလည်း ပါခဲ့ပါတယ်။ နိုင်ငံပိုင် ရုပ်သံလိုင်းတစ်ခုအနေနဲ့ မမှားသင့်တဲ့ အမှားတစ်ခုလို့လည်း ထင်ပါတယ်။

 

“ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ပတ်သက်သည့်မိန့်ခွန်း” ဆိုရင် အဆင်ပြေမယ်ထင်ပါတယ်။

 

အဲဒီနေ့ကတော့ ကိုရီးယားကားက စာတန်းကို ကွယ်နေတဲ့ အဲဒီစာကြောင်းရဲ့ အမှားကြီးကြောင့် နောက်ဆုံးမှာ တီဗီကို ပိတ်ပစ်ခဲ့ရတဲ့ အထိကို စိတ်တိုခဲ့ရပါတယ်။

16 comments

  • amatmin

    June 15, 2012 at 10:28 am

    ပြန်ကြားရေး ဌာနမှားချက်တွေကတော့ ကုလားအသုံးအနှုန်းက နေစလိုက်တာ..
    လိုက်ပြင်လို့ကို မဆုံးတော့ဘူးရယ်..
    ဒေါ်မွန်မွန် စိတ်တိုတာတော့ ကိုရီးယားကားကို ကွယ်နေလို့ ထင်ပ .. 😛
    ဒါနဲ့ သတ်ပုံအဖွဲ့ကြီး ဖျက်သိမ်းလိုက်ပီလို့ ဘယ်သူပြောလဲ ဟင်င်. 🙂

    Reply

    • ရွာစားကျော်

      June 15, 2012 at 11:26 am

      ရခိုင်ပြည်နယ်အစိုးရက လုပ်တဲ့သတင်းစာ ရှင်းလင်းပွဲမှာလည်း
      မွတ်စလင်အိမ်..လို့ သုံးထားပြန်ဘီ
      ဘယ်လိုအသံထွက်အုံးမလဲ မသိဘူး ဟူးးး

      Reply

      • မွန်မွန်

        June 15, 2012 at 11:34 am

        တမင်တကာပဲ သုံးထားတာလား… တစ်သက်လုံး ဒီလိုပဲခေါ်လာတာ ဆိုတဲ့ အချိုးမျိုးနဲ့ပြောတာလား…သတိမထားမိဘဲ ထွက်သွားတဲ့ စာလုံးလားတော့ မပြောတတ်တော့ပါဘူး…

        အဲဒီ အစ္စလာမ်နဲ့ မွတ်စလင် နဲ့ ဘာကွာလို့တုန်း… အစ္စလာမ်ကိုးကွယ်တဲ့သူကို မွတ်စလင်လို့ခေါ်တာမဟုတ်ဘူးလား..သိတော့ဝူး…

        Reply

  • memeseku

    June 15, 2012 at 10:42 am

    ဟီးဟီး ဟုတ်တယ်… ဒါတွေကတော့များပါပြီ… စိတ်ထဲသိပ်မထားပါနဲ…

    Reply

  • မွန်မွန်

    June 15, 2012 at 10:43 am

    ဟုတ်ပါ့..ကိုရီးယားကားကို ကွယ်ရတဲ့ကြားထဲ ဖတ်ရတဲ့စာကမှ မမှားသင့်တဲ့အမှားကြီးနဲ့ မှားနေတော့ နှစ်ထပ်ကွမ်းစိတ်တိုရတာပေါ့… 🙂

    Reply

  • မောင်ပေ

    June 15, 2012 at 10:47 am

    အကိုကြီးမှားတာကို သည်းခံတော်မူဘာ နှမငယ်
    စကားမစပ်…
    အူးကြောင် နဲ့အုဗိုက်တို့ကို သတိထားကွယ့်

    Reply

  • စိန်ဗိုက်ဗိုက်

    June 15, 2012 at 11:40 am

    သတ်ပုံအပြင် စကားလုံးအသုံးအနှုန်းပါ လိုက်ပြင်နေပြီထင်ပါ့..
    တစ်ဆင့်ပြီး တစ်ဆင့် တိုးပြီး တာဝန်ထမ်းဆောင်နိုင်တာ ဝမ်းသာပါရဲ့

    Reply

  • etone

    June 15, 2012 at 11:55 am

    အားပါးပါး …… သိမ်းငှက်ကို စူးထက်တဲ့ မျက်လုံးတွေနဲ့ … ဂေဇက် CJ ပီသပါပေတယ် ။

    အရေးပေါ် ကြော်ငြာချက်တွေက .. အချိန်နဲ့ တပြေးညီထုတ်လွှင့်နေရတာ ဖြစ်တာကြောင့် …
    တာဝန်ခံအယ်ဒီတာ … အမြန်လုပ်ရင်း … သဒါ္ဒအထားသို မတတ်တာဖြစ်နိုင်ပါတယ် ။
    စာတန်းထိုးသွားတာတောင် …သတိမထားလိုက်မိတဲ့ လူတွေလည်း ရှိမှာပါ … ။
    အဲ့လူတွေထဲ … ကျွန်မလည်း ပါတယ် … တီဗွီမှ မကြည့်ဖြစ်တာကိုး .. ဟိ 😀

    တီဗွီနဲ့ အပြိုင် ကြော်ငြာတွေများလို့ ကျွန်မလည်း စိတ်တိုဖူးပေမယ့် … တီဗွီတော့ပိတ်မပစ်ခဲ့ဘူး …. ဟီး .. ကိုရီးယားကားဆို တန်းတန်းစွဲမို့ ….. သူမှ မပြရင် ကြည့်မရတော့ဘူးလေ … ။

    Reply

  • မွန်မွန်

    June 15, 2012 at 1:06 pm

    အစ်မရယ်..အဲဒီနေ့ကဆို မြန်မာ့အသံကလေ ကိုရီးယားကားက စာတန်းကို လုံးဝ ပိတ်ပြီးတော့ကို စာတန်းထိုးတာ…MRTV 4 ကမှ အနောက်ကစာကို မြင်နေရသေးတယ်…နောက်ခံ အကြည်လေးဆိုတော့… သည်းခံပြီးနေတော့လည်း ရေးထားတဲ့စာက အဓိပ္ပါယ်နားလည်ဖို့တောင် ခက်တဲ့အရေးအသားဆိုတော့…ပိတ်လိုက်မှကို ဖြစ်တော့မှာ…

    သူတို့တွေမှားတာ တော်တော်များနေပြီ..သတင်းကြေညာတာတွေမှာရော..နောက်တစ်ခါကျမှ စာနဲ့ရေးပြီးတော့ကို မှတ်ထားဦးမယ်…

    နောက်တစ်ခါ မြန်မာစာ မြန်မာစကားကို လွှင့်မယ်ဆိုရင် သူတို့ဝန်ထမ်းတွေနဲ့ ရိုက်ပါလို့..အဲဒါမှ တစ်ခါတည်း သိသွားအောင်လို့… 🙂

    Reply

  • mayjuly

    June 15, 2012 at 1:33 pm

    မှားတဲ့အခါလည်း..မ မှန် နိုင်ဘူးပေါ့ကွယ် … 😀

    Reply

  • awra-cho

    June 15, 2012 at 4:56 pm

    ဗမာ ကိုမြန်မာ လိုပြောဖို့ အသည်းအသန် လုပ်နေရတာနဲ့၊ တာဝန်ခံမှုတို့ တာဝန်ယူမှုတို့ လုပ်နေရတာနဲ့ မှားသွားတာပါ၊ သူတို့ကတော့ တာဝန်ယူစရာမ လိုဘူးလေ။ အုပဒေ အထက်မှာ နေတယ်။ ဒါဗျဲ

    Reply

  • zenn

    June 15, 2012 at 11:14 pm

    ..မြန်မာ ပြည်မှာ ..
    စိတ်လေး လျှော ့ပါခင်ဗျာ..
    ဖြစ်နိုင်ရင် တရား နဲ ့သာဖြေပါ..
    အဲလောက် စိတ် မကြီး ပါနဲ ့… 🙂

    Reply

  • nature

    June 16, 2012 at 8:50 am

    တရာနဲ့သာဖြေပါ…အဲ …တရားနဲ့သာဖြေပါမွန်မွန်ရယ်။ ကျွန်တော်ကမြန်မာစာ မော်ဒရေးရှင်းနဲ့အောင်ခဲ့လို့ပါ။ 🙂
    ကျွန်တော်ကတော့ ၁ဝနဲ့ဖြေလိုက်ပြီ။
    မွန်မွန်စာဖတ်ပြီးမှအောက်ပါကွန်မန့်ကို ပြင်ဆင် ရေးသားလိုက်ပါတယ်။ မှန်ပါသလားဆရာမ ။ 🙂

    …..(ဒီအဖွဲ့ကြီးကြောင့် ရေရှည်မှာ စာလုံးပေါင်းသတ်ပုံနဲ့ပတ်သက်ပြီး ရွာထဲမှာ အမှားတဖြည်းဖြည်း ကင်းပြီးမှန် ကန်လာမယ်လို့ထင်မြင်မိပါကြောင်း။)….
    ကို
    …..(ရွာထဲမှာ ဒီအဖွဲ့ကြီးကြောင့် ရေရှည်မှာ စာလုံးပေါင်းသတ်ပုံနဲ့ပတ်သက်ပြီး အမှားတဖြည်းဖြည်း ကင်းပြီးမှန် ကန်လာမယ်လို့ထင်မြင်မိပါကြောင်း။)….
    လို့ပြင်ဆင်ရေးသားလိုက်ပါကြောင်း။ 🙂

    Reply

    • မွန်မွန်

      June 16, 2012 at 9:59 am

      ဒီအဖွဲ့ကြီးကြောင့် ရွာထဲမှာ စာလုံးပေါင်းသတ်ပုံနဲ့ ပတ်သက်ပြီး ရေရှည်မှာ အမှားတဖြည်းဖြည်းကင်းပြီး မှန်ကန်လာမယ်လို့ ထင်မြင်မိပါကြောင်း…
      🙂

      Reply

  • မန်းလေးဂေဇက် မြန်မာစာသတ်ပုံစစ်ဆေးရေးအဖွဲ့ တွင်
    မွန်မွန်အား အတွင်းရေးမှူးအဖြစ်ခန့်ထားလိုက်ပါကြောင်း

    ပုံ
    မမ
    ဥက္ကဌချုပ်ကြီး

    Reply

  • cum min

    June 16, 2012 at 10:18 am

    ဒါမှ မွန်မွန်ကွ…သတိထား..လာဖမ်းနေမယ်…ရဲဘော်..

    Reply

Leave a Reply

Your email address will not be published.