ဖွံ့ဖြိုးရေးနှင့် လူငယ့်စွမ်းအား(ဖတ်မိသမျှဝေငှလိုက်ပါတယ်)

zaylayJune 22, 20101min00

ဖွံ့ဖြိုးရေးနှင့် လူငယ့်စွမ်းအား

့ဖြိုးတိုးတက်မှုဆိုတာ “အရာအားလုံး တိုးတက်ကောင်းမွန်မှုဆက်လက်ဖြစ်ပေါ်နေသောအခြေအနေတစ်ရပ်“ လိုဆိုနိုင်ပါတယ်။ ဖွံ့ဖြိုးတိုး တက်မှုဆိုတာ ပိုပြီးကြီးထွားလာမှု၊ ပိုပြီးကျယ်ပြန့်လာမှု၊ ပိုပြီးရင့်ကျက်လာမှု ပြီးတော့ တိုးတက်မှုကိုရှေးရှူ့တဲ့ အပြောင်းအလဲလို့ဆိုပါတယ်။

လူ့အဖွဲ့စည်းတွေ၊ လူ့ယဉ်ကျေးမှုတွေဟာ အပြောင်းအလဲကိုအလိုရှိကြတယ်။ တိုးတက်တဲ့အပြောင်းအလဲပေါ့။ အပြောင်းအလဲက ဘာခြားနား သလဲဆိုရင် တရွေ့ရွေ့ တဖြည်းဖြည်းပြောင်းလဲခြင်းနဲ့ တဟုန်ထိုးပြောင်းလဲခြင်း တနည်းပြောရရင် အရှိန်အဟုန်ဖြင့်ပြောင်းလဲခြင်း ဆိုတဲ့ အချက်ပဲခြားတာဖြစ်ပါတယ်။( evolution and revolution)

ဒါပေမဲ့ တစ်ခုတော့သတိပြုဖို့လိုတယ်။ ဖွံ့ဖြိုးတိုးတက်မှုဆိုတာဖြစ်စဉ်တစ်ခုဖြစ်တယ်။( Development is a process, not product) ထုတ်ကုန်တစ်ခုမဟုတ်ဘူးဆိုတဲ့အချက်ပါပဲ

ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံလိုအပ်ချက်သုံးရပ်(Three basic needs for the development)ရှိတယ်လို့တို့တော့ ယုံကြည်တယ်။ အဲဒါတွေကတော့-

1. Character(အကျင့်စာရိတ)
2. Discipline(စည်းကမ်း)
3. Endeavour(ဝီရိယ) တို့ပဲဖြစ်ပါတယ်။

Character ဆိုတာ လူ့အဖွဲ့အစည်းတိုင်းက အလေးအနက်ထားရတဲ့ အရေးကြီးဆုံးအရည်အသွေးတစ်ရပ်ပဲဖြစ်ပါတယ်။
မြတ်စွာဘုရားအဆုံးအမ(စိတ်ပိုင်းဆိုင်ရာမြင့်မြတ်စင်ကြယ်မှုသင်ကြားချက်များ)ကိုခံယူနေတဲ့ တို့တွေရဲ့လူ့အဖွဲ့ အစည်းမှာ တောင်မပြောနဲ့ ရုပ်ပိုင်းဆိုင်ရာကို အလေးထားတဲ့ အနောက်တိုင်းလူ့အဖွဲ့အစည်းမှာတောင် characterကို အလေးအနက်ထားကြတယ်။ ဂျေ အာ မီးလား ဆိုတဲ့ပညာရှင်တစ်ယောက်က characterနဲ့ပတ်သက်လို့ဘယ်လိုဖွင့်ဆို ထားသလဲဆိုရင် –
“ သုသ၁န်မှာ မြှုပ်နှံစဉ်အခါက အမြှပ်မခံဘဲ ငိုကြွေးပူဆွေးနေသူတွေနဲ့အတူ ပြန်လည်လိုက်ပါလာတဲ့အရာကတော့ သေသူရဲ့ character ပါပဲ။ အဲဒါကိုတော့ ဘယ်လိုမှ မြှုပ်နှံလိုမရဘူး´´ လို့ဆိုတာပါ

အဲ.. ရိုးသားဖြောင့်မတ်မှု၊ ဖြူစင်မှုဆိုတဲ့ characterဆုံးရှူံးသွားရင်တော့ ရာနှုန်းပြည့်ဆုံးရှူံးသွားပြီလိုဆိုတယ်။ character ဆုံးရှူံးနေတဲ့သူဟာ စင်စစ်တော့ သူ့လက်ထဲမှာ ဘာမှမကျန်တော့ဘူ။ သူ့မှာ ရဲရင့်မှုတွေလည်းမရှိနိုင်တော့ဘူး။ လက်ရှိမှာရော နောက်အနာဂတ် အဆုံးစွန်ပြောရရင် နောင်ဘဝတွေမှာပါ ဆိုးကျိုးတွေခံစားရလိမ့်မယ်။ ဒါသဘာဝတရားကြီးရဲ့ နိယာမ This is the universal truth တစ်ခုပဲမဟုတ်လား။

ဒါကြောင့် ဖွံ့ဖြိုးတိုးတက်မှုတွေကို ဖော်ဆောင်မဲ့လူငယ်တွေအနေနဲ့ external development ကိုမလုပ်ခင် internal development လို့ဆိုတဲ့ မိမိကိုယ်မိမိအရင်ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့လိုတယ်မဟုတ်လား။

သူများကို ပေး ချင်ရင် ကိုယ့်ဆီမှာ အရင် ရှိ ထားနှင့်ရမယ်။
သူများကို ပြောင်းလဲ စေချင်ရင် ကိုယ်က အရင်ပြောင်းထားနှင့်ပြီးဖြစ်ရမယ်။

Indian national Leader – Gandi ကြီးပြောတဲ့စကားတစ်ခွန်းနဲ့နိဂုံးချုပ်ချင်ပါတယ်။
“ လူတွေဟာ လောကကြီးကိုတော့ပြောင်းလဲချင်တယ်။ မိမိကိုယ်မိမိတော့ ပြောင်းလဲအောင်မလုပ်နိုင်ဘူး´´ တဲ့။ အတိအကျ တော့ဟုတ်ချင်မှဟုတ်မယ်။ ဆိုလိုတာကတော့ လောကကြီးကိုပြောင်းလဲချင်ရင် မိမိကိုယ်မိမိအရင်ပြောင်းလဲအောင်လုပ်ပါ လို့ဆိုတာပဲဖြစ်ပါတယ်။

လူငယ်တွေအနေနဲ့ တိုးတက်မှုကိုရှေးရှူ့တဲ့ အပြုသဘောဆောင်တဲ့ (positive internal development)အရင်ဆုံးလေ့လာ သင်ယူဆောင်ရွက်သင့်ကြောင်းဆွေးနွေးလိုက်ရပါတယ်။

တစ်လောကတောင် ကမ္ဘာ့ဘဏ်က ပညာရှင်တစ်ယောက်လာတုံးကပြောသွားတယ်။ မြန်မာနိုင်ငံဖွံ့ဖြိုးတိုး တက်ဖို့ဆိုရင် ကျေးလက်ဒေသ တနည်းအားဖြင့် တောင်သူလယ်သမားတွေ အသိအမြင်ကျယ်လာအောင် လုပ်ပေးဖို့လိုတယ်။ သူတို့တွေဖွံ့ဖြိုးတိုးတက်အောင်လုပ်နိုင်ရင် နိုင်ငံတိုးတက်သွားမယ်လို့ဆိုတယ်။
ထိုင်းမှာ ဝန်ကြီးချုပ်ဟောင်း(ပြသ၁နာတက်နေတဲ့)သက်ဆင် တောင်ဒီအချက်ကိုသဘောပေါက်ပြီး
အကောင်အထည်ဖော်နိုင်လို့ ထိုင်းနိုင်ငံဟာ ဖွံ့ဖြိုးမှု အဆင့်တစ်ဆင့်ကို တက်လှမ်းသွားနိုင်တာလို့ ပညာရှင်တွေက သုံးသပ်ကြတယ်။
တို့တတွေရဲ့ အမိနိုင်ငံဟာ အဝိဉာဏကသယံဇာလို့ဆိုတဲ့ ရေမြေသဘာဝသယံဇာတတွေကြွယ်ဝတယ်။ သဝိဉာဏကသယံဇာတလို့ဆိုတဲ့ လူ့စွမ်းအားရင်းမြစ်(Human Resources)တွေလည်းကြွယ်ဝတယ်။ ပြီးတော့ မှန်ကန်တဲ့ဖွံ့ဖြိုးတိုးတက်မှုကို လမ်းညွှန်ပေးမယ့် သဘောတရားရေး(Ideology)ဆိုရင်လည်း အကောင်းဆုံးလမ်းညွှန်သဘောတရားတွေရှိနေတယ်။ ပေါင်းစည်းပေးနိုင်ဖို့ပဲလိုတယ်။ အသိအမြင် သဘောထားခံယူချက်တွေ မြင့်မားဖို့ပဲလိုတယ်။ political awareness ရှိဖို့ပဲလိုတယ်။

နယ်ကလူငယ်တွေ အသိအမြင်ဖွင့်ပေးဖို့အတွက် အသုံးပြုသင့်ဆုံး သူတို့လက်ထဲကို ထည့်ပေးသင့်ဆုံးကတော့ အခုလိုမျိုးတို့တတွေဆွေးနွေးနိုင်တဲ့ technical knowledge တွေပါ။ တနည်းအားဖြင့် Information Technology hardware, software တွေသူတို့အလှမ်းမီမီအသုံးပြုနိုင်ဖို့ လိုအပ်တယ်လို့ တို့တော့ထင်တယ်။ ဒီနေ့ အိနိ္ဒယကလူငယ်တွေဟာ IT ကပေးတဲ့အခွင့်အလန်းကို အသုံးချပြီး ဖွံ့ဖြိုးပြီး နိုင်ငံတွေရဲ့နည်းပညာအဆင့်အတန်းကို ပခုံးချင်းယှဉ်နေကြပြီ။
တို့နိုင်ငံကလူငယ်တွေ(နယ်ဖြစ်ဖြစ်၊မြို့ပြဖြစ်ဖြစ်)ကရော ဘာမလုပ်နိုင်စရာရှိသလဲ… နော။

ဒီနေ့လူတော်တော်များများက ဆွဲဆောင်မှုအားကောင်းလာတဲ့
ရုပ်ဝတ္ထုပစ္စည်းတွေအပေါ်မှာပဲအာရုံကျက်စားနေကြတာ ပကတိအရှိတရားပဲဖြစ်ပါတယ်။ ဒါပေမဲ့
ဒီလိုဖြစ်တာကို အပြစ်တင်လို့မရဘူး၊ သဘာဝကိုး။ လူတွေမှာ six senses (ဆဋ္ဌမအာရုံ ကိုမဆိုလိုပါ-အာရုံခြောက်ပါး မျက်စေ့၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်)ဆိုတဲ့ အာရုံခံစားမှုနေရာခြောက်နေရာရှိတော့
ဒီနေရာတွေမှာ အာရုံတွေအမြဲတမ်းခံစားနေရဖို့က လူသားတွေရဲ့ အဓိကအကျဆုံးအလုပ်ပဲလေ။
ဒီ့အတွက်ပဲ လူသားတွေအားလုံးကြိုးစားအားထုတ်မှုကို လုပ်နေကြရတာ။

အရေးကြီးတာက ဒီခြောက်နေရာအာရုံခံစားမှုတွေကိုခံစားတဲ့နေရာမှာ `တန်ဆေ၊ လွန်ဘေး´ ဆိုတဲ့အတိုင်း
ခံစားမှုလွန်ကဲတာမျိုးမဖြစ်အောင် mind control or self-control or “POSITIVE INTERNAL DEVELOPMENT” ဆိုတာကို ကျင့်သုံးဖို့ဆိုတဲ့အချက်ပါ။ ဒါပေမဲ့ ဒီနေ့ကမ္ဘာကြီးမှာ ဖွံ့ဖြိုးတိုးတက်မှုဆိုတာ
ကို ရုပ်ဝတ္ထုပစ္စည်းနဲ့ပိုင်း စံ သတ်မှတ်ထားကြတော့ ဒါဟာ ခေတ်ကာလရဲ့ အမြီးအမောက်မတည့်မှုတစ်ခုလို့
ဆိုရမလာပဲ။
ဥပမာပေါ့ အခု ခရီးသည်ပို့ဆောင်ရေးယာဉ်တွေမှာ (ခေတ်အလျောက်တိုးတက်မှုအရ) တီဗွီတွေ
တပ်ဆင်ပြီး ခရီးသွားလူထုကို ဖျော်ဖြေမှုပေးလာတယ်။ အကောင်းလည်းပါတယ်၊ အဆိုးလည်းပါတယ်။
အရင် ဒါမျိုးတွေမရှိတုံးက ဘတ်စ်ကားစီးရင်း စာဖတ်တဲ့သူ၊ ဘုရားစာရွတ်တဲ့သူတွေရှိတယ်။ အခု အဲဒီ တီဗွီ
တွေရဲ့ ဆွဲဆောင်မှုကြောင့် အာရုံခံစားမှုနောက်ကို လိုက်ပါစီးမျောနေတဲ့သူတွေများလာတယ်။ လူ့စိတ်ဆိုတာ ရေလိုပဲ၊ `ဆည်´ရတာသာခက်တာ။ လွတ်ပေးလိုက်ရင် `ဝေါ´ကနဲ မြင့်ရာကနေ အနိမ့်ကို သွားတာ။
ခေတ်က စိတ်ကို လွတ်ပေးချင်စရာ ဆွဲဆောင်မှုတွေက များမှ များပဲနော်…။

ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးချင်တဲ့သူတွေဟာ စိတ်ကို လွတ်ပေးလို့မရဘူးမဟုတ်လား။ ထိန်းချုပ် မှုတွေကို တတ်နိုင်သမျှ အလေ့အကျင့် များများလုပ်ရမယ်။ မိမိကိုယ်မိမိ ထိန်းချုပ်နိုင်အောင်၊ မိမိကိုယ်မိမိ စီမံခန့်ခွဲ နိုင်အောင်၊ မိမိကိုယ်မိမိ ဦးဆောင်နိုင်အောင် လုပ်ရမယ်။ ဒီလိုလုပ်ခြင်းသည် မြင့်မားတဲ့၊ မြင့်မြတ်တဲ့ဘဝ ကို ရရှိနိုင်တယ်လို့ ပညာရှိများက သင်ကြားပါတယ်။

မှန်ပါတယ်။ အခြားသူတွေ၊ အခြားအရာတွေပေါ်မှာ ဘယ်လောက်ပဲအနိုင်ရရ၊ မိမိကိုယ်မိမိ မနိုင်ဘူးဆိုရင် သူဟာတစ်ချက်မဟုတ်တစ်ချက်မှာ ကျရှူံးမှုကို ရင်ဆိုင်ကြုံတွေ့ရမှာဖြစ်ပါတယ်။
ဒါကြောင့် “POSITIVE INTERNAL DEVELOPMENT”လို့ဆိုတဲ့ မိမိတို့ရဲ့စိတ်ပိုင်းဆိုင်ရာတိုးတက်ဖွံ့ဖြိုးမှု ကို အရင်တည်ဆောက်ကြပါစို့လား…။

Leave a Reply

Your email address will not be published.