ကျွန်တော်နဲ့ဖောဝပ်မေးလ် – ၄

သူဌေး— “ဘာ… ခွင့်တစ်ရက်ယူချင်တယ် ဟုတ်လား?

တစ်နှစ်မှာ(၃၆၅)ရက် အလုပ်လုပ်လို့ရတယ်။ တစ်နှစ်မှာ(၅၂)ပတ်ရှိတဲ့အထဲ တစ်ပတ်မှာ(၂)ရက် မင်းအနားရတော့ (၂၆၁)ရက်ပဲ မင်းအလုပ်ချိန်ကျန်တယ်။ တစ်ရက်မှာ (၁၆)နာရီ မင်းအလုပ်မလုပ်ဘူး။ တစ်ရက်(၁၆)နာရီနဲ့ တစ်နှစ်မှာ ရက်(၁၇ဝ)နုတ်တော့ မင်းအလုပ်ချိန်က (၉၁)ရက်ပဲကျန်တယ်။ တစ်ရက်ကို မိနစ်(၃ဝ) မင်းကော်ဖီသောက်တယ်။ ဒီလိုနဲ့ (၄၆)ရက်နုတ်လိုက်တော့ မင်းအလုပ်ချိန်က (၂၂)ရက်ပဲကျန်တယ်။ တစ်နှစ်မှာ (၂)ရက်လောက် မင်း ဆေးခွင့်ယူသေးတယ်။ ဒီလိုဆိုတော့ မင်းအလုပ်ချိန်က (၂ဝ)ရက်ပဲကျန်တယ်။ တစ်နှစ်မှာ အထိမ်းအမှတ်ပွဲ၊ ရုံးပိတ်ရက်တွေက (၅)ရက်လောက်ရှိတယ်။ ဒါနဲ့ အလုပ်ချိန်က (၁၅)ရက်ပဲကျန်တယ်။ ကုမ္ပဏီက တစ်နှစ်မှာခွင့်(၁၄)ရက် သတ်မှတ်ပေးထားတယ်။ နောက်ဆုံးတော့ မင်းအလုပ်ချိန်က (၁)ရက်ပဲကျန်တယ်။ ဒါနဲ့များ မင်းက ခွင့်တစ်ရက်ယူချင်သေးတယ်။ ဟုတ်လား?”

သူဌေး

3 comments

  • susunosuki

    April 18, 2010 at 4:48 pm

    က ျွန်တော်တို့ ရုံးမှာလည်း ဒီမေးကို new letter မှာတင်လိုက်တာ
    လူတိုင်းက စိတ်ပျက်ပျက်နဲ့ ရယ်ကြတယ်
    ကျွန်တော်တို့ က HR ကို ငွေပြန်သွင်းရမှာကို တော့ကြောက်တာပေါ့

    Reply

  • moethiha

    May 21, 2010 at 5:11 am

    တစ်ချို့ရုံးတွေကျတော့ ၁မိနစ်နောက်ကျရင်ဘယ်လောက်ဆိုပြီးတော့ကောက်ကျတယ်အဲ့လိုဆိုရင်တော့်ဒုက္ခပဲနော်

    Reply

  • zuugyi

    June 22, 2010 at 5:05 am

    ကျွန်တော်အလုပ်တစ်ခုမှာဖြစ်ဖူးတယ်… အလုပ်ကို ၅ မိနစ်နောက်ကျလို့ ၁၀၀ဝ ဖြတ်မယ်တဲ့…. ဒါနဲ့ကျွန်တော်လဲပြောလိုက်တယ်…. ၁ဝ မိနစ် အချိန်ပိုလုပ်ပေးရင် ၅၀ဝ ပေးမလားလို့… အဲ့ဒါမျိုးကျတော့… ေ-ာက်သူဌေးတွေက ပါးစပ်ပိတ်နေကြတယ်လေ…

    Reply

Leave a Reply

Your email address will not be published.