SawAungJanuary 28, 20161min08
အခုတလော ယူကျုကနေ သီချင်းအဟောင်းလေးတွေ ဒေါင်းလုတ် လုပ်နေမိတယ်။ သီချင်းအဟောင်းတွေကော ဗားရှင်းအသစ်တွေကောပေါ့။ အဲသည်လို ရှာရင်း ရတနာမြေ ဆိုတဲ့ သီချင်းလေးကို ကြယ်ကလေးတွေရဲ့ မိုးကောင်းကင် ကလေးသီဆိုပြိုင်ပွဲက ဆုရကလေးတွေ ဆိုထားတဲ့ သီချင်းလေးကို တွေ့မိလိုက်တယ်။   သီချင်းလေး အဓိပ္ပာယ်ကောင်းလိုက်တာ တေးရေးဆရာအောင်နိုင်စန်း ရေးသားထားတာပါ။ အရင်ကနားထောင်ဖူးပေမယ့် ဗားရှင်းအသစ်လေးရယ် ကလေးတွေရဲ့ သီဆိုအားကောင်းမှုရယ် သီချင်းလေး နားထောင် အသည်းတွေကွဲမိပြန်ပါရော။   ရတနာမြေဆိုတဲ့ သီချင်းလေးကအတိုင်း ကိုယ့်နိုင်ငံကြီးဟာ အဲ့လိုမဟုတ်တော့ဘူးဆိုတာ တွေးရင်း တွေးရင်း……..။   https://www.youtube.com/watch?v=ch64KCBfI9A   လေးစားစွာဖြင့် အောင်မိုးသူ


“မပိတ်စကောင်း ပိတ်စကောင်း ”     ပြီးခဲ့တဲ့ ငါး ရက်လောက်က ကျနော် မန်းလေးက နေမူဆယ်ကို အလုပ်နဲ့သွားဘို့ဖြစ်လာပါတယ်။ ဒါနဲ့ဘဲ လမ်းခရီးအကြောင်းစုံစမ်းတော့ ဟိုရက်ကတော့ လမ်းတွေပိတ်နေတယ်လို့ အခုရက်တော့ လမ်းနည်းနည်းပွင့်ပြီလို ့ သတင်းကြားရပါတယ်။ မသွားမဖြစ်ခရီးဆိုတော့လည်း လမ်းတွေပိတ်တယ်ဆိုပေမယ့်လည်း ကားငှားပြီးသွားဖြစ်ခဲ့ပါတယ်။ မနက် ရနာရီလောက်မှာ လာကြိုတဲ့ကားနဲ့ မူဆယ် မန်းလေးခရီး ကို စတင်ခဲ့ပါတယ်။ ပြင်ဦးလွင် ရောက်တော့ မနက် ရှစ်နာရီကျော်ကျော်။ မနက်စာ စား ဘို့ ခဏသာနားပြီး ခရီးဆက်ခဲ့ပါတယ်။ ဝက်ဝံကိုလွန်ပြီး မကြာခင်မှာဘဲ ဆောင်းတွင်းကြီးမှာ မိုးတွေ ရွာလာပါတော့တယ်။ မိုးကသဲလဲ မသဲ ခပ်ဖွဲဖွဲ ဆိုတော့ ကားကို ဖြည်းဖြည်းဘဲမောင်းလို့ရပါတယ်။ အဲဒီနေ့က အဆင်းကားဆက်ပြတ်နေတော့ “လမ်း ပိတ်နေပြန်ပြီ ထင်တာဘဲ […]


ဂ်စ္စူJanuary 26, 20161min017
လေစိမ်းများ အလွန်တိုက်သည်။ အနွေးထည်ဝတ်လည်း မနွေးနိုင်ပါ။ စိမ့်စိမ့်တုန်အောင်ချမ်းပါသည်။ အားလုံးစောင်ခြုံကွေးနေကြသည်။ ရေမချိုးတာ နှစ်ရက်ရှိလေပြီ။ ချိုးတယ်ပြောသူ ဂျီးထူလို့ဖြစ်ပါသည်။ ကျနော်မှန်တာပြောပါမည်။ ရေမချိုးတာသုံးရက်ရှိပြီ။ သစ္စာမှန်၍ထီပေါက်မည်ဖြစ်ပါသည်။


“အဲဒီကား အရမ်းကောင်းတာ။ ကြည့် ကြည့်ပါ။ တကယ်ပြောတာနော်။”   ကိုင်း..ဒါဆို စပွိုင်းမပါတော့ဘူး။ အဲဒီလို တုံးတိတိကြီးကျတော့လည်း ဘယ်သူက စိတ်ဝင်စားမှာလဲ။ ငယ်ငယ်က ဖတ်ဖူးတဲ့ ရွှေသွေးတစ် စောင်မှာ စိန်မျောက်မျောက်က ရုပ်ရှင်လက်မှတ်ဝယ်ဖို့ နောက်ဆုံးက တန်းမစီချင်တာနဲ့ ရုပ်ရှင်ဇာတ်လမ်းကို မဟုတ်က ဟုတ်က လျှောက် ပြောပြီး လူတွေ ထွက်သွားအောင် လုပ်တာ ဖတ်ဖူးတယ်။ ကိုယ်ကတော့ သူများ ပြောပြလေ ပိုကြည့်ချင်လေပဲ။ သို့သော် စပွိုင်း မဖြစ်အောင်တော့ ကြိုးစားရေးပါမယ်။   ဒီဇာတ်ကားကို ရုံတင်သွားတာတောင် ကြာလှပေါ့။ ကြည့်လည်း ကြည့် ဖူးကြမှာပါ။ ကိုယ်ကြိုက်တဲ့ကားမို့လို့ ညွှန်းရပါဦးမယ်။ မကြည့်ရသေး သူများအတွက်ပေါ့။   Sicario ဆိုတာ လက်တင်စကား၊ ရောမ စကားကနေဆင်းသက်လာ တာတဲ့။ […]


Tawwin PanJanuary 25, 20161min03
  Melomap ကနေ ခေါ်ထားတဲ့ အလုပ်လေးတွေပါ။ စိတ်ဝင်စားတဲ့သူများ လျှောက်လို့ရအောင် တင်ပေးလိုက်ပါတယ်နော်။ Online ကနေလည်း အလုပ်လှမ်းလျှောက်လို့ရပါပြီ။ Positions Data Mining/Machine Learning Engineer 1 Senior Android Developer 1 Senior iOS Developer 1 Product Manager 1    


alinsettJanuary 25, 20163min018
                                      ============================ A သူသည် A ဆိုသော အမည်ဖြင့် Bank ကြီးတစ်ခု၏ မန်နေဂျာချုပ်တာဝန် ထမ်းဆောင်နေသည်။ အလုပ် အင်မတန်များသော သူ့ကို သည်နေ့မနက် တွေ့ခွင့်မှ မရလျှင် ဘဏ်ကို မီးရှို့ပြာချပစ်တော့မလို အသည်းအသန်ဖြစ်နေသော အမျိုးသမီးတစ်ယောက် ဘဏ်ထဲရောက်နေကြောင်း သတင်းလာပို့သောအခါ… သူ…အလွန်တရာ စိတ်ရှုပ်သွားပါသည်။ သို့သော် ထိုအမျိုးသမီးသည် အရေးကြီးသော အကြောင်းကိစ္စတစ်ခုခု ရှိ၍သာ ဤမျှတောင်းဆိုသမှု ပြုခြင်းဖြစ်မည်ဟု တွေးမိပြီး… သူ…ထိုအမျိုးသမီးနှင့် တွေ့ဆုံဖို့ လက်ခံလိုက်သည်။ ————————— […]


သုံးဆယ့်သုံး ဆိုလို့ နှစ်လုံးဂဏန်း မထင်ပါနဲ့။ ထုံးစံအတိုင်း ကြည့်မိတဲ့ ရုပ်ရှင်လေး ညွှန်းချင်တာရယ်။ ချီလီနိုင်ငံ က ကြေးနီ နဲ့ရွှေ ထွက်ပါတယ်။ အတာကမာ ကန္တာရထဲက ဆန်ဟိုဆေး မိုင်းတွင်းမှာ ရွှေ နဲ့ ကြေးနီ တူးလာတာ နှစ်တရာ့နှစ်ဆယ် ရှိခဲ့တာပေါ့။ ၂၀၁ဝ ခုနှစ် ဩဂုတ်လ ၅ ရက်နေ့မှာ အဲဒီမိုင်းတွင်း ပြိုကျပါ လေရော။ မိုင်းတွင်းက လုံခြုံမှုမရှိတာကို ကုမ္ပဏီ တာဝန်ရှိသူများကလစ်လျူရှုခဲ့ ပုံရပါတယ်။ မိုင်းပြိုတော့ အဲဒီအထဲမှာ မိုင်းတွင်းလုပ်သား သုံးဆယ့်သုံးယောက် ပိတ်မိသွားပါတော့တယ်။ မြေအောက် ပေ ၂၃၀ဝ လောက်က ဘေးလွတ်ရာ အခန်းကလေးမှာ အစာရေစာ နည်းနည်းလေးနဲ့ အဲဒီ လူ သုံးဆယ့်သုံးယောက် အတိဒုက္ခ ရောက်ကြရတာပဲ။ မြေပေါ်မှာတော့ […]


kaiJanuary 24, 20161min022
မြန်မာနိုင်ငံမှာ မြန်မာစာကို နိုင်ငံခြားဘာသာတရပ်အနေနဲ့ သင်ကြားရေးကိစ္စဆွေးနွေးနေကြတယ်လို့ ကြားရပါတယ်။မြန်မာဂေဇက်မှာလဲ အမေရိကားမှာ မြန်မာစာသင်ကြားသူဆရာတစ်ဦးနဲ့ မြန်မာဂေဇက်အယ်ဒီတာတို့ ဆွေးနွေးခန်းကို မကြာခင်ကပင်ဖတ်လိုက်ရပါတယ်။ ကျနော်ဟာ မြန်မာနိုင်ငံမှာတုန်းကလဲ နိုင်ငံ ခြားသားကိုမြန်မာစာသင်ကြားပေးဖူးပါတယ်။ အမေရိကားရောက်မှလဲ အမေရိကန်များကို မြန်မာစာသင်ကြားပေးဖူးပါတယ်။ ဒါ့အပြင် မြန်မာစာသင်ရိုးအဖွဲ့မှာလဲ အလုပ် လုပ်ခဲ့ဖူးပါတယ်။ဒါပေမယ့် မြန်မာစာခေတ်မှီတဲ့သင်ကြားနည်းကို အသေအချာသင်သိသလားဆိုရင် မသိဘူးလို့ဘဲ ဝန်ခံရပါမယ်။ခုရေးမှာက အတွေ့အကြုံကိုရေး မှာပါ။ ကျနော်မကြာခင်ကပဲ မြန်မာပြည်ကို အလည်အပတ်ပြန်သွားခဲ့တော့ မိုးမခရဲ့အစီအစဉ်နဲ့ မြန်မာစာပေဆွေးနွေးပွဲတရပ်ကို လုပ်ဖြစ်ခဲ့ပါတယ်။မြန်မာစာ ဆရာကြီးများဖြစ်ကြတဲ့ ဦးဇော်မြင့် (ဇော်ဇော်အောင်)နဲ့ ဂုဏ်ထူးဦးသိန်းနိုင်တို့လဲ ပါဝင်ကြပါတယ်။ မြန်မာစာသင်ကြားရေးခေတ်မီဖို့လိုအပ်ကြောင်းဆွေးနွေးဖြစ်ပါ တယ်။မြန်မာစာသင်ကြားရာမှာ အခြေခံပညာမှာပဲဖြစ်ဖြစ်၊ တက္ကသိုလ်မှာပဲဖြစ်ဖြစ် အဓိကအားဖြင့်တော့ စကားပြေပြန်တာနဲ့ ရှေးရိုးစနစ်အတိုင်း ဂုဏ်၊ရသ၊အလင်္ကာ နည်းနဲ့ဝေဖန်တာလောက်ပဲရှိပါတယ်။အထူးသဖြင့် ဘာသာစကားလေ့လာရေးမှာ ခေတ်နောက်ကျကျန်နေရစ်ပါတယ်။ မြန်မာဘာသာစကားကိုရော၊ တိုင်းရင်းသား ဘာသာစကားကိုရော ဘာသာသိပ္ပံနည်းကျလေ့လာရေးနဲ့ သင်ကြားရေးမလုပ်နိုင်သေးပါဘူး။ မြန်မာစာသင်ကြားရေးခေတ်မမီတာဟာ […]


ko sixJanuary 23, 20161min07
၁၂ ရာသီလုံး ခဲနေခဲ့ရ အနာဟောင်းတစ်လုံးက မီးသင့်ကျောက်လို မာမာကျောကျော မြက်တောထဲမှာ အရွက်တွေ အထပ်လိုက်ပြတ်နေတဲ့ သစ်တစ်ပင်ဟာ အမြဲစိမ်းတောထက် ပိုပြီး စိမ်းလို့။ ငှက်တစ်သောင်းလား။ နားသည်လား မနားသည်လား မမှတ်မိ။ မိုးတိမ်တွေကတော့ အသွင်ပြောင်းသွားတဲ့ ငယ်ချစ်ဆီမှာ သစ္စာတွေ အမြစ်တွယ်နေတုန်း။ ၁၁ ဂဏန်းပဲ မြေပုံပေါ် တစ်လှည့်စီ စောင့်ရှောက်နေတယ်။ ကိုစစ်


alinsettJanuary 23, 20161min08
                                  အခုတလော… အမှောင်မိုးစက်တွေ ခပ်စပ်စပ်လေး ရွာချတတ်လို့…. ကိုယ်ပေါ်ကအလင်းတွေကို မကြာခဏ သပ်ချပေးနေရတယ်။   သိပ်တော့ မခက်ပါဘူး။ တစ်ခြမ်းပဲရှိတဲ့ လမင်းကို ငါးမျှားချိတ်နဲ့ လှမ်းဆွဲရသလောက်ပေါ့… မိ ပါတယ်… တချိန်မှာ လွတ်ထွက်သွားဖို့အတွက် ဆိုပါတော့…။   —————————————————————-   Jan 23- 2016